ေရာ္နယ္ဒိုထက္ သာေနတဲ့မက္ဆီရဲ႕ခ်န္ပီယံလိဂ္စံခ်ိန္တစ္ခု

Photo Credit

Photo Credit ; Sky Sports

ေရာ္နယ္ဒိုဆုိတာ ခ်န္ပီယံလိဂ္အရွင္သခင္လုိ႔ဆုိရေလာက္ေအာင္ ဥေရာပအဆင့္ျမင့္ဆုံးကလပ္အသင္းၿပိဳင္ပြဲနဲ႔ လမိုင္းကပ္သူျဖစ္ၿပီး ခ်န္ပီယံလိဂ္နဲ႔ပတ္သက္လုိ႔ မွတ္တမ္းအမ်ားစုမွာလည္း သူက ဦးေဆာင္သူျဖစ္ေနပါတယ္။ ဒါေပမဲ့ တစ္ေနရာမွာေတာ့ မက္ဆီက သာေနပါတယ္။ ဂ်ဴဗင္တပ္စ္တုိက္စစ္မွဴး ေရာ္နယ္ဒိုဟာ ခ်န္ပီယံလိဂ္မွတ္တမ္းအားလုံးနီးပါးမွာ သူ႕နာမည္ေရးထိုးထားပါတယ္။

Photo Credit ; Sky Sports

အထင္ရွားဆုံးက ၁၂၆ ဂိုးနဲ႔စံခ်ိန္တင္ထားတဲ့ ခ်န္ပီယံလိဂ္ထာ၀ရဂိုးသြင္းဘုရင္မွတ္တမ္းျဖစ္ၿပီး အေရးႀကီးတဲ့ ႐ံႈးထြက္အဆင့္ပြဲေတြမွာလည္း ဂိုးသြင္းအမ်ားဆုံးကစားသမားအျဖစ္ စံခ်ိန္တင္ထားပါတယ္။ ဒါ့အျပင္ သူဟာ အသင္းေဟာင္းေတြျဖစ္တဲ့ ယူႏိုက္တက္၊ ရီးရဲလ္တုိ႔နဲ႔အတူ ခ်န္ပီယံလိဂ္ဖလား ၅ႀကိမ္အထိရရွိထားပါတယ္။

Photo Credit ; Sky Sports

ဒါေပမဲ့ ေရာ္နယ္ဒိုမသိမ္းပိုက္ႏိုင္ေသးတဲ့ခ်န္ပီယံလိဂ္မွတ္တမ္းတခ်ိဳ႕လည္း ရွိေနေသးၿပီး အဲဒီအထဲမွာ တစ္ဂိုးပ်မ္းမွ်မိနစ္အနည္းဆုံးမွတ္တမ္းလည္းပါ၀င္ပါတယ္။ ေရာ္နယ္ဒိုဟာ ခ်န္ပီယံလိဂ္မွာ လက္ရွိအခ်ိန္အထိ တစ္ဂိုးသြင္းယူဖို႔ ၾကာခ်ိန္ပ်မ္းမွ် ၁၁၁ မိနစ္ရွိၿပီး မိနစ္အနည္းဆုံးစာရင္းမွာ စတုတၳေရာက္ေနပါတယ္။ ခ်န္ပီယံလိဂ္မွာ အနိမ့္ဆုံးဂိုး ၂၀သြင္းယူထားသူေတြထဲကေန တြက္ခ်က္ထားတာျဖစ္ၿပီး မက္ဆီက ဂိုးသြင္းအမ်ားဆုံးစာရင္းမွာ ေရာ္နယ္ဒိုကို မယွဥ္ႏိုင္ေသးေပမယ့္ ဒီစာရင္းမွာေတာ့ ထိပ္ဆုံးကေန ရပ္တည္ေနပါတယ္။

Photo Credit

ေရာ္နယ္ဒိုရဲ႕အေရွ႕မွာ မက္ဆီ၊ ဘိုင္ယန္ျမဴးနစ္တုိက္စစ္မွဴးေဟာင္း မာရီယိုဂိုမက္ဇ္၊ ယူႏိုက္တက္နဲ႔ရီးရဲလ္တုိက္စစ္မွဴးေဟာင္း နစၥတယ္႐ြိဳင္းတုိ႔ ရပ္တည္ေနၿပီး မက္ဆီက တစ္ဂိုးသြင္းယူဖို႔ ပ်မ္းမွ် ၉၉မိနစ္ပဲ ၾကာကာ ဂိုမက္ဇ္က ၁၀၂မိနစ္၊ နစၥတယ္႐ြိဳင္းက ၁၀၉ မိနစ္ပဲၾကာပါတယ္။ ဒါေပမဲ့ ၿပီးခဲ့တဲ့ရာသီကေတာ့ ေရာ္နယ္ဒိုေရာ မက္ဆီပါ ခ်န္ပီယံလိဂ္မွာ စိတ္ပ်က္စရာေတြနဲ႔အဆုံးသတ္ခ့ဲရပါတယ္။ ေရာ္နယ္ဒိုရဲ႕ဂ်ဴဗင္တပ္စ္က ကြာတားဖုိင္နယ္မွာ ေအဂ်က္စ္ကို အေရးနိမ့္ခဲ့ရတာျဖစ္သလုိ မက္ဆီရဲ႕ဘာစီလုိနာကလည္း ဆီမီးဖုိင္နယ္အဆင့္မွာ ခ်န္ပီယံေလာင္းလီဗာပူးကို အံ့အားသင့္ဖြယ္ေကာင္းေလာက္ေအာင္ အေရးနိမ့္ခဲ့ရပါတယ္။

Photo Credit ; Getty Images

Unicode

ရော်နယ်ဒိုထက် သာနေတဲ့မက်ဆီရဲ့ချန်ပီယံလိဂ်စံချိန်တစ်ခု

ရော်နယ်ဒိုဆိုတာ ချန်ပီယံလိဂ်အရှင်သခင်လို့ဆိုရလောက်အောင် ဥရောပအဆင့်မြင့်ဆုံးကလပ်အသင်းပြိုင်ပွဲနဲ့ လမိုင်းကပ်သူဖြစ်ပြီး ချန်ပီယံလိဂ်နဲ့ပတ်သက်လို့ မှတ်တမ်းအများစုမှာလည်း သူက ဦးဆောင်သူဖြစ်နေပါတယ်။ ဒါပေမဲ့ တစ်နေရာမှာတော့ မက်ဆီက သာနေပါတယ်။ ဂျူဗင်တပ်စ်တိုက်စစ်မှူး ရော်နယ်ဒိုဟာ ချန်ပီယံလိဂ်မှတ်တမ်းအားလုံးနီးပါးမှာ သူ့နာမည်ရေးထိုးထားပါတယ်။
အထင်ရှားဆုံးက ၁၂၆ ဂိုးနဲ့စံချိန်တင်ထားတဲ့ ချန်ပီယံလိဂ်ထာဝရဂိုးသွင်းဘုရင်မှတ်တမ်းဖြစ်ပြီး အရေးကြီးတဲ့ ရှုံးထွက်အဆင့်ပွဲတွေမှာလည်း ဂိုးသွင်းအများဆုံးကစားသမားအဖြစ် စံချိန်တင်ထားပါတယ်။ ဒါ့အပြင် သူဟာ အသင်းဟောင်းတွေဖြစ်တဲ့ ယူနိုက်တက်၊ ရီးရဲလ်တို့နဲ့အတူ ချန်ပီယံလိဂ်ဖလား ၅ကြိမ်အထိရရှိထားပါတယ်။
ဒါပေမဲ့ ရော်နယ်ဒိုမသိမ်းပိုက်နိုင်သေးတဲ့ချန်ပီယံလိဂ်မှတ်တမ်းတချို့လည်း ရှိနေသေးပြီး အဲဒီအထဲမှာ တစ်ဂိုးပျမ်းမျှမိနစ်အနည်းဆုံးမှတ်တမ်းလည်းပါဝင်ပါတယ်။ ရော်နယ်ဒိုဟာ ချန်ပီယံလိဂ်မှာ လက်ရှိအချိန်အထိ တစ်ဂိုးသွင်းယူဖို့ ကြာချိန်ပျမ်းမျှ ၁၁၁ မိနစ်ရှိပြီး မိနစ်အနည်းဆုံးစာရင်းမှာ စတုတ္ထရောက်နေပါတယ်။ ချန်ပီယံလိဂ်မှာ အနိမ့်ဆုံးဂိုး ၂၀သွင်းယူထားသူတွေထဲကနေ တွက်ချက်ထားတာဖြစ်ပြီး မက်ဆီက ဂိုးသွင်းအများဆုံးစာရင်းမှာ ရော်နယ်ဒိုကို မယှဉ်နိုင်သေးပေမယ့် ဒီစာရင်းမှာတော့ ထိပ်ဆုံးကနေ ရပ်တည်နေပါတယ်။
ရော်နယ်ဒိုရဲ့အရှေ့မှာ မက်ဆီ၊ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူးဟောင်း မာရီယိုဂိုမက်ဇ်၊ ယူနိုက်တက်နဲ့ရီးရဲလ်တိုက်စစ်မှူးဟောင်း နစ္စတယ်ရွိုင်းတို့ ရပ်တည်နေပြီး မက်ဆီက တစ်ဂိုးသွင်းယူဖို့ ပျမ်းမျှ ၉၉မိနစ်ပဲ ကြာကာ ဂိုမက်ဇ်က ၁၀၂မိနစ်၊ နစ္စတယ်ရွိုင်းက ၁၀၉ မိနစ်ပဲကြာပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ရာသီကတော့ ရော်နယ်ဒိုရော မက်ဆီပါ ချန်ပီယံလိဂ်မှာ စိတ်ပျက်စရာတွေနဲ့အဆုံးသတ်ခဲ့ရပါတယ်။ ရော်နယ်ဒိုရဲ့ဂျူဗင်တပ်စ်က ကွာတားဖိုင်နယ်မှာ အေဂျက်စ်ကို အရေးနိမ့်ခဲ့ရတာဖြစ်သလို မက်ဆီရဲ့ဘာစီလိုနာကလည်း ဆီမီးဖိုင်နယ်အဆင့်မှာ ချန်ပီယံလောင်းလီဗာပူးကို အံ့အားသင့်ဖွယ်ကောင်းလောက်အောင် အရေးနိမ့်ခဲ့ရပါတယ်။