ေရာမၿမိဳ႕ကို တစ္ေန႔တည္းနဲ႔တည္ေဆာက္တာမဟုတ္လုိ႔ စိတ္ရွည္ဖုိ႔ ဆုိးလ္ရွားေတာင္းဆို

photo-reuters

photo-AP

မန္ယူကို ျပန္လည္တည္ေဆာက္ေရးလုပ္ငန္းစဥ္ကို ဆက္လက္လုပ္ေဆာင္ေနတာေၾကာင့္ စိတ္ရွည္ေပးၾကဖုိ႔ နည္းျပဆိုးလ္ရွားက ေတာင္းဆုိလုိက္ပါတယ္။ ဆုိးလ္ရွားရဲ႕အသင္းဟာ ဒီရာသီပရီးမီးယားလိဂ္အဖြင့္ ၆ ပြဲမွာ ၈ မွတ္သာ ရယူႏိုင္ခဲ့လို႔ စုိးရိမ္ဖြယ္ရာသီတစ္ရပ္နဲ႔ ႀကဳံေတြ႕ေနရတာပါ။ ဒ့ါအျပင္ မန္ယူဟာ ပရီးမီးယားလိဂ္မွာ ဗုိလ္မစြဲႏုိင္ေတာ့တာ ၂၀၁၃ ကတည္းက ျဖစ္ပါတယ္။ ယာယီနည္းျပအျဖစ္ ကနဦးခန္႔အပ္ခံခဲ့ရၿပီး အၿမဲတမ္းနည္းျပျဖစ္လာခဲ့တဲ့ဆိုးလ္ရွားက သူ႔အေနနဲ႔ မန္ယူကို လမ္းေၾကာင္းမွန္ေပၚျပန္ေရာက္ေအာင္ တစ္ညတည္းနဲ႔လုပ္ေဆာင္ႏုိင္မွာ မဟုတ္ေၾကာင္း ေျပာၾကားခဲ့တာပါ။

photo-gettyimages

”မႏွစ္က ကၽြန္ေတာ္တုိ႔ႀကဳံေတြ႕ခဲ့ရတဲ့ အေျခအေနနဲ႔ မတူပါဘူး။ အဲဒီတုန္းက စိတ္ပိုင္းဆုိင္ရာအရကို အားနည္းခဲ့တာပါ။ ကၽြန္ေတာ္တို႔အတြက္ကေတာ့ ဖြဲ႔ၿဖိဳးမႈအသစ္တစ္ခု၊အသင္းသစ္တစ္ခုကို တည္ေဆာက္ႏိုင္ေရးအတြက္ကိုပဲ အာရုံစိုက္ထားပါတယ္။ အဲဒါဟာ ကၽြန္ေတာ္ေမွ်ာ္လင့္ခဲ့တဲ့အလုပ္လားဆိုရင္ ဟုတ္တယ္လုိ႔ပဲ ေျပာရမွာပါ။ အလ်င္အျမန္ေျဖရွင္ႏိုင္မယ့္အလုပ္ျဖစ္လိမ့္မယ္လုိ႔ ကၽြန္ေတာ္တစ္ခါမွ မေျပာခဲ့ဖူးပါဘူး။ တစ္ဆင့္ခ်င္းစီပဲ သြားရမွာပါ။ ကၽြန္ေတာ္တို႔အတြက္ ခလုကန္သင္းအခ်ိဳ႕ရွိခဲ့တယ္ဆုိတာ  ဟုတ္ပါတယ္။ ေရာမၿမိဳ႕ေတာင္မွ တစ္ေန႔တည္းတည္ေဆာက္ခ့ဲတာမွ မဟုတ္တာ။ ကၽြန္ေတာ္တုိ႔မွာ အခ်ိန္လုိအပ္ပါတယ္။ ေကာင္ေလးေတြရဲ႕စိတ္ပိုင္းဆုိင္ရာကေတာ့ ေကာငး္ပါတယ္။ ကစားသမားေတြၾကား နားမည္မႈနဲ႔ဆက္ဆံေရးတုိးတက္ေစဖို႔နဲ႔ ကၽြန္ေတာ္တို႔လိုခ်င္တဲ့ကစားပုံစတိုင္ျဖစ္လာေရးကို ဆက္လုပ္ေနရမွာပါ”လို႔ ဆိုးလ္ရွားက sky sports ရုပ္သံကို ေျပာၾကားခဲ့တာပါ။

photo-gettyimages

ဒါ့အျပင္ ဆုိးလ္ရွားက ၂၁ ႏွစ္အရြယ္ ကစားသမားသစ္ေတြျဖစ္ၾကတဲ့ ဘစ္ဆာကာနဲ႔ ဒန္နီရယ္ဂ်ိမ္းစ္တုိ႔ဟာ ႏွစ္ေပါင္းမ်ားစြာၾကာေအာင္ မန္ယူအတြက္ အေရးပါမယ့္သူေတြျဖစ္လိမ့္မယ္လို႔ ယုံၾကည္ေနပါတယ္။ ေနာက္ၿပီး မက္ဂြိဳင္းယားဟာလည္း အဓိကက်လိမ့္မယ္လုိ႔ သူက ယူဆေနပါတယ္။ မန္ယူဟာ ဆုိးလ္ရွားလက္ထက္ ၿပိဳင္ပြဲအရပ္ရပ္ ၃၇ ပြဲမွာ ၁၉ ပြဲႏုိင္၊ ၇ ပြဲသေရနဲ႔ ၁၁ ပြဲရႈံးထားလို႔ အႏိုင္ရာခုိင္ႏႈန္းက ၅၁.၄ ရာခုိင္ႏႈန္းသာ ရွိထားပါတယ္။ အဂၤလန္လိဂ္ဖလားမွာ ေရာ့ခ်္ေဒးကို ေက်ာ္ျဖတ္ဖို႔ ပင္နယ္တီအဆုံးအျဖတ္လုိအပ္ခဲ့ၿပီးေနာက္ မန္ယူဟာ တနလၤာညမွာ ပရီးမီးယားလိဂ္ပြဲစဥ္အျဖစ္ အာဆင္နယ္ကို ဧည့္ခံကစားရမွာပါ။

[Unicode]

မန်ယူကို ပြန်လည်တည်ဆောက်ရေးလုပ်ငန်းစဉ်ကို ဆက်လက်လုပ်ဆောင်နေတာကြောင့် စိတ်ရှည်ပေးကြဖို့ နည်းပြဆိုးလ်ရှားက တောင်းဆိုလိုက်ပါတယ်။ ဆိုးလ်ရှားရဲ့အသင်းဟာ ဒီရာသီပရီးမီးယားလိဂ်အဖွင့် ၆ ပွဲမှာ ၈ မှတ်သာ ရယူနိုင်ခဲ့လို့ စိုးရိမ်ဖွယ်ရာသီတစ်ရပ်နဲ့ ကြုံတွေ့နေရတာပါ။ ဒ့ါအပြင် မန်ယူဟာ ပရီးမီးယားလိဂ်မှာ ဗိုလ်မစွဲနိုင်တော့တာ ၂၀၁၃ ကတည်းက ဖြစ်ပါတယ်။ ယာယီနည်းပြအဖြစ် ကနဦးခန့်အပ်ခံခဲ့ရပြီး အမြဲတမ်းနည်းပြဖြစ်လာခဲ့တဲ့ဆိုးလ်ရှားက သူ့အနေနဲ့ မန်ယူကို လမ်းကြောင်းမှန်ပေါ်ပြန်ရောက်အောင် တစ်ညတည်းနဲ့လုပ်ဆောင်နိုင်မှာ မဟုတ်ကြောင်း ပြောကြားခဲ့တာပါ။

”မနှစ်က ကျွန်တော်တို့ကြုံတွေ့ခဲ့ရတဲ့ အခြေအနေနဲ့ မတူပါဘူး။ အဲဒီတုန်းက စိတ်ပိုင်းဆိုင်ရာအရကို အားနည်းခဲ့တာပါ။ ကျွန်တော်တို့အတွက်ကတော့ ဖွဲ့ဖြိုးမှုအသစ်တစ်ခု၊အသင်းသစ်တစ်ခုကို တည်ဆောက်နိုင်ရေးအတွက်ကိုပဲ အာရုံစိုက်ထားပါတယ်။ အဲဒါဟာ ကျွန်တော်မျှော်လင့်ခဲ့တဲ့အလုပ်လားဆိုရင် ဟုတ်တယ်လို့ပဲ ပြောရမှာပါ။ အလျင်အမြန်ဖြေရှင်နိုင်မယ့်အလုပ်ဖြစ်လိမ့်မယ်လို့ ကျွန်တော်တစ်ခါမှ မပြောခဲ့ဖူးပါဘူး။ တစ်ဆင့်ချင်းစီပဲ သွားရမှာပါ။ ကျွန်တော်တို့အတွက် ခလုကန်သင်းအချို့ရှိခဲ့တယ်ဆိုတာ  ဟုတ်ပါတယ်။ ရောမမြို့တောင်မှ တစ်နေ့တည်းတည်ဆောက်ခဲ့တာမှ မဟုတ်တာ။ ကျွန်တော်တို့မှာ အချိန်လိုအပ်ပါတယ်။ ကောင်လေးတွေရဲ့စိတ်ပိုင်းဆိုင်ရာကတော့ ကောင်းပါတယ်။ ကစားသမားတွေကြား နားမည်မှုနဲ့ဆက်ဆံရေးတိုးတက်စေဖို့နဲ့ ကျွန်တော်တို့လိုချင်တဲ့ကစားပုံစတိုင်ဖြစ်လာရေးကို ဆက်လုပ်နေရမှာပါ”လို့ ဆိုးလ်ရှားက sky sports ရုပ်သံကို ပြောကြားခဲ့တာပါ။

ဒါ့အပြင် ဆိုးလ်ရှားက ၂၁ နှစ်အရွယ် ကစားသမားသစ်တွေဖြစ်ကြတဲ့ ဘစ်ဆာကာနဲ့ ဒန်နီရယ်ဂျိမ်းစ်တို့ဟာ နှစ်ပေါင်းများစွာကြာအောင် မန်ယူအတွက် အရေးပါမယ့်သူတွေဖြစ်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။ နောက်ပြီး မက်ဂွိုင်းယားဟာလည်း အဓိကကျလိမ့်မယ်လို့ သူက ယူဆနေပါတယ်။ မန်ယူဟာ ဆိုးလ်ရှားလက်ထက် ပြိုင်ပွဲအရပ်ရပ် ၃၇ ပွဲမှာ ၁၉ ပွဲနိုင်၊ ၇ ပွဲသရေနဲ့ ၁၁ ပွဲရှုံးထားလို့ အနိုင်ရာခိုင်နှုန်းက ၅၁.၄ ရာခိုင်နှုန်းသာ ရှိထားပါတယ်။ အင်္ဂလန်လိဂ်ဖလားမှာ ရော့ချ်ဒေးကို ကျော်ဖြတ်ဖို့ ပင်နယ်တီအဆုံးအဖြတ်လိုအပ်ခဲ့ပြီးနောက် မန်ယူဟာ တနင်္လာညမှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အာဆင်နယ်ကို ဧည့်ခံကစားရမှာပါ။