ေမာ္ရင္ဟိုေၾကာင့္ မန္ယူကိုေျပာင္းဖုိ႔ပယ္ခ်ခဲ့ဖူးတဲ့ ပူလီဆစ္

photo-daily mail

photo-gettyimages

ခ်ဲလ္ဆီးၾကယ္ပြင့္ပူလီဆစ္ဟာ ေမာ္ရင္ဟုိေၾကာင့္ မန္ယူကိုေျပာင္းဖုိ႔ပယ္ခ်ခဲ့ဖူးတယ္လုိ႔ အဲဒီအေမရိကန္သားရဲ႕နည္းျပေဟာင္းတစ္ေယာက္က ဖြင့္ဟေျပာၾကားလိုက္ပါတယ္။ အသက္ ၂၀ အရြယ္ေတာင္ပံကစားသမားပူလီဆစ္ဟာ ဒီေႏြရာသီအေျပာင္းအေရႊ႕ေရာက္မွ ပရီးမီးယားလိဂ္ကိုေရာက္လာတာျဖစ္ေပမယ့္ ၿပီးခဲ့တဲ့ဇန္န၀ါရီလကတည္းက ေျပာင္းေရႊ႕ေၾကးေပါင္ ၅၈ သန္းနဲ႔ ခ်ဲလ္ဆီးကို ေျပာင္းဖို႔ သေဘာတူထားၿပီးသားပါ။ ဒါေပမဲ့ ပူလီဆစ္ဟာ ေမာ္ရင္ဟိုရွိစဥ္ကတည္းက ပရီးမီးယားလိဂ္ကို ပိုေစာေရာက္ႏိုင္မယ့္အေျခအေနရွိခဲ့တာပါ။

photo-AP

အဂၤလန္ေအာက္တန္းအသင္းငယ္ေလးတစ္သင္းျဖစ္တဲ့ ဘရက္ကေလေတာင္းမွာ ပူလီဆစ္ အသက္ ၇ ႏွစ္အရြယ္လာကစားတုန္းက သူ႔ကိုနည္းျပခဲ့တဲ့ေရာ္ဘင္ေ၀ၚလ္ကာက”ကၽြန္ေတာ္က ခ်ဲလ္ဆီးပရိသတ္တစ္ေယာက္ပါ။ သူတို႔ကိုအားေပးရငး္နဲ႔ လန္ဒန္မွာႀကီးျပင္းလာခဲ့တာပါ။ ၿပီးခဲ့တဲ့ႏွစ္က ေဒ့ါမန္ကို ကၽြန္ေတာ္ေရာက္ေတာ့ ပရီးမီးယားလိဂ္မလာဘူးလား သူ႔ကိုေမးတဲ့အခါ ေမာ္ရင္ဟိုေၾကာင့္ မန္ယူကို သူမသြားခဲ့ဘူးလို႔ ေျပာပါတယ္။ သူ႔အေဖက ေမာ္ရင္ဟိုကိုမႀကိဳက္ဘူးေလ။ ဘာေၾကာင့္လဲဆိုေတာ့ ေမာ္ရင္ဟိုက လူငယ္ေတြကို မျမွင့္တင္ေပးဘူးေလ။ အဲဒါနဲ႔လန္ဒန္ကိုဘယ္လိုေနလဲလို႔ သူ႔ကိုေမးခဲ့ပါတယ္။ ခ်ဲလ္ဆီးကို သူေရာက္လာလို႔ ၀မ္းေျမာက္ရပါတယ္”လို႔ ဖြင့္ဟေျပာၾကားခဲ့တာပါ။

photo-gettyimages

ေမာ္ရင္ဟိုဟာ ၿပီးခဲ့တဲ့ႏွစ္ဒီဇင္ဘာတုန္းက မန္ယူကေန ထုတ္ပယ္ျခင္းခံခဲ့ရၿပီး သူ႔ေနရာမွာ ဆုိးလ္ရွားက အစား၀င္ခဲ့တာပါ။ ဆုိးလ္ရွားေရာက္လာမွ မန္ယူအသင္းမွာ လူငယ္ေတြပိုဦးစားေပးလာပါတယ္။ ပူလီဆစ္ကေတာ့ အေျပာင္းအေရႊ႕ပိတ္ပင္ခံထားရမႈေၾကာင့္ ဒီေႏြရာသီအေျပာင္းအေရႊ႕မွာ ခ်ဲလ္ဆီးရဲ႕တစ္ဦးတည္းေသာနာမည္ႀကီးေခၚယူမႈျဖစ္ခဲ့တပါ။ သူဟာ ဟာဇတ္ေနရာ အစား၀င္တဲ့သူအျဖစ္ ရႈျမင္ခံထားရၿပီး မန္ယူ၊လက္စတာတို႔နဲ႔ပြဲေတြမွာ ခ်ဲလ္ဆီးအတြက္ ကစားေပးထားပါတယ္။

[Unicode]

ချဲလ်ဆီးကြယ်ပွင့်ပူလီဆစ်ဟာ မော်ရင်ဟိုကြောင့် မန်ယူကိုပြောင်းဖို့ပယ်ချခဲ့ဖူးတယ်လို့ အဲဒီအမေရိကန်သားရဲ့နည်းပြဟောင်းတစ်ယောက်က ဖွင့်ဟပြောကြားလိုက်ပါတယ်။ အသက် ၂၀ အရွယ်တောင်ပံကစားသမားပူလီဆစ်ဟာ ဒီနွေရာသီအပြောင်းအရွှေ့ရောက်မှ ပရီးမီးယားလိဂ်ကိုရောက်လာတာဖြစ်ပေမယ့် ပြီးခဲ့တဲ့ဇန်နဝါရီလကတည်းက ပြောင်းရွှေ့ကြေးပေါင် ၅၈ သန်းနဲ့ ချဲလ်ဆီးကို ပြောင်းဖို့ သဘောတူထားပြီးသားပါ။ ဒါပေမဲ့ ပူလီဆစ်ဟာ မော်ရင်ဟိုရှိစဉ်ကတည်းက ပရီးမီးယားလိဂ်ကို ပိုစောရောက်နိုင်မယ့်အခြေအနေရှိခဲ့တာပါ။

အင်္ဂလန်အောက်တန်းအသင်းငယ်လေးတစ်သင်းဖြစ်တဲ့ ဘရက်ကလေတောင်းမှာ ပူလီဆစ် အသက် ၇ နှစ်အရွယ်လာကစားတုန်းက သူ့ကိုနည်းပြခဲ့တဲ့ရော်ဘင်ဝေါ်လ်ကာက”ကျွန်တော်က ချဲလ်ဆီးပရိသတ်တစ်ယောက်ပါ။ သူတို့ကိုအားပေးရင်းနဲ့ လန်ဒန်မှာကြီးပြင်းလာခဲ့တာပါ။ ပြီးခဲ့တဲ့နှစ်က ဒေ့ါမန်ကို ကျွန်တော်ရောက်တော့ ပရီးမီးယားလိဂ်မလာဘူးလား သူ့ကိုမေးတဲ့အခါ မော်ရင်ဟိုကြောင့် မန်ယူကို သူမသွားခဲ့ဘူးလို့ ပြောပါတယ်။ သူ့အဖေက မော်ရင်ဟိုကိုမကြိုက်ဘူးလေ။ ဘာကြောင့်လဲဆိုတော့ မော်ရင်ဟိုက လူငယ်တွေကို မမြှင့်တင်ပေးဘူးလေ။ အဲဒါနဲ့လန်ဒန်ကိုဘယ်လိုနေလဲလို့ သူ့ကိုမေးခဲ့ပါတယ်။ ချဲလ်ဆီးကို သူရောက်လာလို့ ဝမ်းမြောက်ရပါတယ်”လို့ ဖွင့်ဟပြောကြားခဲ့တာပါ။

မော်ရင်ဟိုဟာ ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာတုန်းက မန်ယူကနေ ထုတ်ပယ်ခြင်းခံခဲ့ရပြီး သူ့နေရာမှာ ဆိုးလ်ရှားက အစားဝင်ခဲ့တာပါ။ ဆိုးလ်ရှားရောက်လာမှ မန်ယူအသင်းမှာ လူငယ်တွေပိုဦးစားပေးလာပါတယ်။ ပူလီဆစ်ကတော့ အပြောင်းအရွှေ့ပိတ်ပင်ခံထားရမှုကြောင့် ဒီနွေရာသီအပြောင်းအရွှေ့မှာ ချဲလ်ဆီးရဲ့တစ်ဦးတည်းသောနာမည်ကြီးခေါ်ယူမှုဖြစ်ခဲ့တပါ။ သူဟာ ဟာဇတ်နေရာ အစားဝင်တဲ့သူအဖြစ် ရှုမြင်ခံထားရပြီး မန်ယူ၊လက်စတာတို့နဲ့ပွဲတွေမှာ ချဲလ်ဆီးအတွက် ကစားပေးထားပါတယ်။