ေမာ္ရင္ညိဳေၾကာင့္သာ ခ်ဲလ္ဆီးဂႏၳ၀င္ျဖစ္ေနရျခင္းလုိ႔ ဒေရာ့ဘာ ဖြင့္ဟ

Photo Credit

Photo Credit ; PA

ခ်ဲလ္ဆီးပရိသတ္ေတြအတြက္ ေမာ္ရင္ညိဳက ေနာက္ပိုင္းႏွစ္ေတြမွာ သူရဲေကာင္းတစ္ဦးမဟုတ္ႏိုင္တာမွန္ေပမယ့္ ယေန႔ခ်ဲလ္ဆီးသမုိင္းမွာ တိုက္စစ္မွဴးေဟာင္း ဒေရာ့ဘာရယ္လုိ႔ျဖစ္တည္ေနတာက သူ႕ေၾကာင့္ျဖစ္ၿပီး ဒီအေၾကာင္းကို ကာယကံရွင္ျဖစ္သူက ဖြင့္ဟလာတာျဖစ္ပါတယ္။ ခ်ဲလ္ဆီးပရိသတ္ေတြအားလုံး အျမင္တူခ်င္မွတူႏိုင္မွာျဖစ္ေပမယ့္ အသင္းရဲ႕ေအာင္ျမင္မႈေတြမွာ အဓိကက်သူက ေမာ္ရင္ညိဳျဖစ္ၿပီး အသင္းေအာင္ျမင္မႈရရွိခဲ့ျခင္းျဖစ္တဲ့ ေဖာင္ေဒးရွင္းခ်ခဲ့သူျဖစ္ကာ သူ႕လက္ထက္မွာ ခ်ဲလ္ဆီးက အသင္းသမုိင္းတစ္ေလွ်ာက္ ပထမဆုံးပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္လာတာပါ။

Photo Credit

ေမာ္ရင္ညိဳဟာ လန္ဒန္အေနာက္ပိုင္းမွာ ပီတာခ်က္၊ တယ္ရီ၊ လမ္းပတ္၊ ဒေရာ့ဘာတုိ႔နဲ႔အတူ အႏိုင္ယူဖို႔ ခက္ခဲတဲ့အသင္းတစ္သင္းကို ေအာင္ျမင္စြာတည္ေဆာက္ႏိုင္ခဲ့ၿပီး ဒေရာ့ဘာကလည္း အသင္းနဲ႔အတူ ၂ႀကိမ္လက္တြဲခဲ့ဖူးကာ အထူးသျဖင့္ ၂၀၁၂ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ ေနာက္က်ေခ်ပဂိုးသြင္းယူႏိုင္ခဲ့သလုိ ပင္နယ္တီအဆုံးအျဖတ္မွာလည္း သူ႕ရဲ႕ပင္နယ္တီကန္သြင္းခ်က္က အသင္းအတြက္ ခ်န္ပီယံအျဖစ္ ေရးထုိးေစႏိုင္ခဲ့ပါတယ္။

Photo Credit

အိုင္ဗရီကို႔စ္လက္ေရြးစင္ ဒေရာ့ဘာဟာ အသက္ ၄၀အရြယ္ေရာက္မွ ပေရာ္ဖက္ရွင္နယ္ကစားသမားဘ၀ကေန အနားယူခဲ့တာျဖစ္ၿပီး အဂၤလန္ကို စတင္ေရာက္ရွိလုိ႔ တစ္ႏွစ္အၾကာမွာပဲ အသင္းေဟာင္းမာေဆးလ္ကို ျပန္ေျပာင္းဖို႔ အေတာ္ေလးနီးစပ္ခဲ့ကာ ေမာ္ရင္ညိဳရဲ႕ေျပာစကားေတြေၾကာင့္သာ ဆက္ကစားမယ္ဆုိတဲ့ဆုံးျဖတ္ခ်က္ခ်မွတ္ႏိုင္ခဲ့တာျဖစ္ေၾကာင္း ဆုိပါတယ္။ ”ခ်ဲလ္ဆီးကစးသမားဘ၀ ပထမရာသီအၿပီးမွာေတာ့ ကၽြန္ေတာ္လည္း ကိုယ္သက္ေသာင့္သက္သာရွိတဲ့ေနရာကို ရွာေဖြခဲ့ပါတယ္။ အဲဒီအခ်ိန္မွာ မာေဆးလ္ကလည္း တုိက္စစ္မွဴးတစ္ဦးပဲရွိေတာ့ ကၽြန္ေတာ္လည္း ျပန္ေျပာင္းဖို႔ လုပ္ခဲ့ပါတယ္”

Photo Credit

”အဲဒီေနာက္ ေမာ္ရင္ညိဳက ကၽြန္ေတာ္နဲ႔အသင္းသားေတြ အေတာ္ေလးစိတ္၀င္စားစရာျဖစ္ခဲ့တဲ့အေၾကာင္းေတြ ေျပာခဲ့ပါတယ္။ သူေျပာတဲ့အတုိင္း ျပန္ေျပာမယ္ေနာ္။ ”တကယ္လု႔ိ မင္းသာ ဘုရင္တစ္ပါးတည္းျဖစ္ခ်င္တယ္ဆုိရင္ ကစားခြင့္ရဖို႔ လြယ္လြန္းတဲ့အသင္းဆီ သြားပါ။ အဲဒီေနရာ ျပန္သြားပါ။ ဒါေပမဲ့ ဒီမွာ(ခ်ဲလ္ဆီး)ေတာ့ ဘုရင္က ၂၂ပါးအထိရွိပါတယ္။ ဒီေတာ့ ဒါကိုလည္း မင္းလက္ခံရမယ္။ အတူတူအလုပ္လုပ္ၾကမယ္။ ဒီလုိမွမဟုတ္ရင္ မင္းလာခဲ့တ့ဲေနရာကို ျပန္သြားၿပီး အားလုံးက မင္းေနာက္မွာပဲရွိေနမယ့္ ဘုရင္တစ္ပါးအျဖစ္နဲ႔ေပါ့”ဆုိၿပီး ေျပာတာပါ။ ကၽြန္ေတာ္လည္း သူေျပာခ်င္တာကို နားလည္ပါတယ္”

Photo Credit ; Getty Images

”ကၽြန္ေတာ့္အတြက္ေတာ့ အဲဒါက ကၽြန္ေတာ္ေမွ်ာ္လင့္ထားတဲ့ စိန္ေခၚမႈတစ္ခုျဖစ္ၿပီး အဲဒီစိန္ေခၚမႈမ်ိဳးကို မာေဆးလ္မွာ ကၽြန္ေတာ္ လုပ္ခဲ့ၿပီးပါၿပီ။ အခုေတာ့ ကၽြန္ေတာ္ဟာ ဗဟိုေနာက္ခံကေတာင္ တစ္ရာသီ ၁၀ဂိုး၊ ၁၅ဂိုးသြင္းႏိုင္တဲ့အသင္းမွာ ေရာက္ေနတာပါ။ ကၽြန္ေတာ္လည္း ကိုယ္တုိးတက္ဖုိ႔လုိေနၿပီလု႔ိ သိနားလည္ခဲ့ပါတယ္။ အဲဒီအတြက္ေၾကာင့္ပဲ ယေန႔ဒေရာ့ဘာအျဖစ္ ရပ္တည္ႏိုင္ခဲ့တာပါ”လုိ႔ ဒေရာ့ဘာက ရွင္းလင္းေျပာဆုိသြားပါတယ္။

Photo Credit ; Getty Images

ဒေရာ့ဘာဟာ ခ်ဲလ္ဆီးကစားသမားဘ၀ပထမဆုံးပရီးမီးယားလိဂ္ရာသီမွာ ၁၀ဂိုးပဲသြင္းႏိုင္ခဲ့ေပမယ့္ ခ်ဲလ္ဆီးအသင္း အမွတ္ေပးခ်န္ပီယံျဖစ္ေစဖို႔ ကူညီေပးႏိုင္ခဲ့ပါတယ္။ သူဟာ ခ်ဲလ္ဆီးနဲ႔အတူ ပရီးမီးယားလိဂ္ခ်န္ပီယံ ၄ႀကိမ္၊ ခ်န္ပီယံလိဂ္ဖလား ၁ႀကိမ္နဲ႔ အက္ဖ္ေအဖလား ၄ႀကိမ္အပါအ၀င္ ေအာင္ျမင္မႈအမ်ားအျပားရယူႏိုင္ခဲ့ပါတယ္။

Photo Credit

Unicode

မော်ရင်ညိုကြောင့်သာ ချဲလ်ဆီးဂန္ထဝင်ဖြစ်နေရခြင်းလို့ ဒရော့ဘာ ဖွင့်ဟ

ချဲလ်ဆီးပရိသတ်တွေအတွက် မော်ရင်ညိုက နောက်ပိုင်းနှစ်တွေမှာ သူရဲကောင်းတစ်ဦးမဟုတ်နိုင်တာမှန်ပေမယ့် ယနေ့ချဲလ်ဆီးသမိုင်းမှာ တိုက်စစ်မှူးဟောင်း ဒရော့ဘာရယ်လို့ဖြစ်တည်နေတာက သူ့ကြောင့်ဖြစ်ပြီး ဒီအကြောင်းကို ကာယကံရှင်ဖြစ်သူက ဖွင့်ဟလာတာဖြစ်ပါတယ်။ ချဲလ်ဆီးပရိသတ်တွေအားလုံး အမြင်တူချင်မှတူနိုင်မှာဖြစ်ပေမယ့် အသင်းရဲ့အောင်မြင်မှုတွေမှာ အဓိကကျသူက မော်ရင်ညိုဖြစ်ပြီး အသင်းအောင်မြင်မှုရရှိခဲ့ခြင်းဖြစ်တဲ့ ဖောင်ဒေးရှင်းချခဲ့သူဖြစ်ကာ သူ့လက်ထက်မှာ ချဲလ်ဆီးက အသင်းသမိုင်းတစ်လျှောက် ပထမဆုံးပရီးမီးယားလိဂ်ချန်ပီယံဖြစ်လာတာပါ။
မော်ရင်ညိုဟာ လန်ဒန်အနောက်ပိုင်းမှာ ပီတာချက်၊ တယ်ရီ၊ လမ်းပတ်၊ ဒရော့ဘာတို့နဲ့အတူ အနိုင်ယူဖို့ ခက်ခဲတဲ့အသင်းတစ်သင်းကို အောင်မြင်စွာတည်ဆောက်နိုင်ခဲ့ပြီး ဒရော့ဘာကလည်း အသင်းနဲ့အတူ ၂ကြိမ်လက်တွဲခဲ့ဖူးကာ အထူးသဖြင့် ၂၀၁၂ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ နောက်ကျချေပဂိုးသွင်းယူနိုင်ခဲ့သလို ပင်နယ်တီအဆုံးအဖြတ်မှာလည်း သူ့ရဲ့ပင်နယ်တီကန်သွင်းချက်က အသင်းအတွက် ချန်ပီယံအဖြစ် ရေးထိုးစေနိုင်ခဲ့ပါတယ်။
အိုင်ဗရီကို့စ်လက်ရွေးစင် ဒရော့ဘာဟာ အသက် ၄၀အရွယ်ရောက်မှ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကနေ အနားယူခဲ့တာဖြစ်ပြီး အင်္ဂလန်ကို စတင်ရောက်ရှိလို့ တစ်နှစ်အကြာမှာပဲ အသင်းဟောင်းမာဆေးလ်ကို ပြန်ပြောင်းဖို့ အတော်လေးနီးစပ်ခဲ့ကာ မော်ရင်ညိုရဲ့ပြောစကားတွေကြောင့်သာ ဆက်ကစားမယ်ဆိုတဲ့ဆုံးဖြတ်ချက်ချမှတ်နိုင်ခဲ့တာဖြစ်ကြောင်း ဆိုပါတယ်။ ”ချဲလ်ဆီးကစးသမားဘ၀ ပထမရာသီအပြီးမှာတော့ ကျွန်တော်လည်း ကိုယ်သက်သောင့်သက်သာရှိတဲ့နေရာကို ရှာဖွေခဲ့ပါတယ်။ အဲဒီအချိန်မှာ မာဆေးလ်ကလည်း တိုက်စစ်မှူးတစ်ဦးပဲရှိတော့ ကျွန်တော်လည်း ပြန်ပြောင်းဖို့ လုပ်ခဲ့ပါတယ်”
”အဲဒီနောက် မော်ရင်ညိုက ကျွန်တော်နဲ့အသင်းသားတွေ အတော်လေးစိတ်ဝင်စားစရာဖြစ်ခဲ့တဲ့အကြောင်းတွေ ပြောခဲ့ပါတယ်။ သူပြောတဲ့အတိုင်း ပြန်ပြောမယ်နော်။ ”တကယ်လု့ိ မင်းသာ ဘုရင်တစ်ပါးတည်းဖြစ်ချင်တယ်ဆိုရင် ကစားခွင့်ရဖို့ လွယ်လွန်းတဲ့အသင်းဆီ သွားပါ။ အဲဒီနေရာ ပြန်သွားပါ။ ဒါပေမဲ့ ဒီမှာ(ချဲလ်ဆီး)တော့ ဘုရင်က ၂၂ပါးအထိရှိပါတယ်။ ဒီတော့ ဒါကိုလည်း မင်းလက်ခံရမယ်။ အတူတူအလုပ်လုပ်ကြမယ်။ ဒီလိုမှမဟုတ်ရင် မင်းလာခဲ့တဲ့နေရာကို ပြန်သွားပြီး အားလုံးက မင်းနောက်မှာပဲရှိနေမယ့် ဘုရင်တစ်ပါးအဖြစ်နဲ့ပေါ့”ဆိုပြီး ပြောတာပါ။ ကျွန်တော်လည်း သူပြောချင်တာကို နားလည်ပါတယ်”
”ကျွန်တော့်အတွက်တော့ အဲဒါက ကျွန်တော်မျှော်လင့်ထားတဲ့ စိန်ခေါ်မှုတစ်ခုဖြစ်ပြီး အဲဒီစိန်ခေါ်မှုမျိုးကို မာဆေးလ်မှာ ကျွန်တော် လုပ်ခဲ့ပြီးပါပြီ။ အခုတော့ ကျွန်တော်ဟာ ဗဟိုနောက်ခံကတောင် တစ်ရာသီ ၁၀ဂိုး၊ ၁၅ဂိုးသွင်းနိုင်တဲ့အသင်းမှာ ရောက်နေတာပါ။ ကျွန်တော်လည်း ကိုယ်တိုးတက်ဖို့လိုနေပြီလု့ိ သိနားလည်ခဲ့ပါတယ်။ အဲဒီအတွက်ကြောင့်ပဲ ယနေ့ဒရော့ဘာအဖြစ် ရပ်တည်နိုင်ခဲ့တာပါ”လို့ ဒရော့ဘာက ရှင်းလင်းပြောဆိုသွားပါတယ်။
ဒရော့ဘာဟာ ချဲလ်ဆီးကစားသမားဘဝပထမဆုံးပရီးမီးယားလိဂ်ရာသီမှာ ၁၀ဂိုးပဲသွင်းနိုင်ခဲ့ပေမယ့် ချဲလ်ဆီးအသင်း အမှတ်ပေးချန်ပီယံဖြစ်စေဖို့ ကူညီပေးနိုင်ခဲ့ပါတယ်။ သူဟာ ချဲလ်ဆီးနဲ့အတူ ပရီးမီးယားလိဂ်ချန်ပီယံ ၄ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၁ကြိမ်နဲ့ အက်ဖ်အေဖလား ၄ကြိမ်အပါအဝင် အောင်မြင်မှုအများအပြားရယူနိုင်ခဲ့ပါတယ်။