ေမတၱာလက္ေဆာင္ရထားတဲ့ေအာ္ဒီကားေတြ ျပန္ေပးရေတာ့မယ့္ ဘာစီလုိနာအသင္းသားမ်ား

Photo Credit ; Getty Images

Photo Credit ; Getty Images

ဂ်ာမနီကားထုတ္လုပ္ေရးကုမၸဏီ ေအာ္ဒီဟာ ဘာစီလုိနာအသင္းနဲ႔စပြန္ဆာစာခ်ဳပ္သက္တမ္းကုန္ဆုံးသြားၿပီးေနာက္ ေမတၱာလက္ေဆာင္ေပးထားတဲ့ကားေတြ ျပန္ေပးဖို႔ ဘာစီလုိနာအသင္းသားေတြထံ ေတာင္းဆုိခဲ့ေၾကာင္း သိရပါတယ္။ ဘာစီလုိနာအသင္းနဲ႔ေအာ္ဒီတုိ႔ ယမန္ႏွစ္က စပြန္ဆာစာခ်ဳပ္ခ်ဳပ္ဆုိခဲ့ၿပီးေနာက္ အသင္းေခါင္းေဆာင္ မက္ဆီအပါအ၀င္ အသင္းသားေတြဟာ ေအာ္ဒီရဲ႕တန္ဖုိးႀကီးကားေတြ ေမတၱာလက္ေဆာင္ ရရွိခဲ့တာျဖစ္ၿပီး မက္ဆီက ေပါင္ ၁၃၀၀၀၀ ၀န္းက်င္တန္ေၾကးရွိတဲ့ ေအာ္ဒီ RS 6 Advant ကားကို ေရြးခ်ယ္ခဲ့သလို ကြင္းလယ္လူရာကီတစ္ကလည္း ေပါင္ ၆၅၀၀၀ တန္ ေအာ္ဒီ Q7 ကားကို ေရြးခ်ယ္ခဲ့ပါတယ္။

Photo Credit ; Getty Images

ဒါေပမဲ့ ဇြန္လ ၃၀ရက္ေန႔က ေအာ္ဒီနဲ႔ဘာစီလုိနာတုိ႔ရဲ႕စပြန္ဆာစာခ်ဳပ္သက္တမ္းကုန္ဆုံးသြားၿပီးေနာက္ ေအာ္ဒီကုမၸဏီက ကားေတြ ျပန္ေပးဖို႔ ေတာင္းဆုိခဲ့တာျဖစ္ေၾကာင္း AS သတင္းစာက ေရးသားေဖာ္ျပခဲ့ပါတယ္။ ေအာ္ဒီကုမၸဏီက ရက္သတၱပတ္ ၃ပတ္အတြင္း ကားေတြ ျပန္ေပးဖုိ႔ အခ်ိန္ေပးခဲ့ၿပီး ဘာစီလုိနာအသင္းသားေတြက အဲဒီကားေတြကို ေန႔စဥ္သုံးစြဲကာ အထူးသျဖင့္ ေလ့က်င့္ေရးကြင္းကုိ လာရင္ အဲဒီေမတၱာလက္ေဆာင္ကားေတြ စီးလာတာမ်ားပါတယ္။

Photo Credit ; Getty Images

ဒါက ဘာစီလုိနာအသင္းနဲ႔ ေအာ္ဒီတုိ႔ရဲ႕ ၁၃ႏွစ္ၾကာလက္တြဲလာမႈ အဆုံးသတ္သြားတာျဖစ္ၿပီး ေအာ္ဒီကားကုမၸဏီက ရီးရဲလ္၊ ဘုိင္ယန္ျမဴးနစ္တုိ႔နဲ႔လည္း စပြန္ဆာစာခ်ဳပ္ေတြ ခ်ဳပ္ဆိုထားပါတယ္။ အဲဒီကာလအတြင္း ကစားသမားေတြဟာ ရာသီတုိင္းမွာ ေအာ္ဒီရဲ႕တန္ဖုိးႀကီးကားသစ္ေတြ လက္ေဆာင္ရရွိၿပီး ေအာ္ဒီက ကစားသမားေတြစီးနင္းၿပီးသားကားေတြကို အေဟာင္းေစ်းကြက္မွာ ျပန္လည္ေရာင္းခ်ပါတယ္။

Photo Credit ; Getty Images

ဘာစီလုိနာအသင္းသားေတြအနက္ ကြင္းလယ္လူ ဘူးစ္ကြက္က တန္ဖုိးအႀကီးဆုံးေအာ္ဒီကားကို ေရြးခ်ယ္ခဲ့ၿပီး သူ႕ရဲ႕ေအာ္ဒီ R8 Coupe V10 Plus ကားက ေပါင္ ၁၉၂၀၀၀ တန္ေၾကးရွိပါတယ္။

Photo Credit ; Getty Images

Unicode

မေတ္တာလက်ဆောင်ရထားတဲ့အော်ဒီကားတွေ ပြန်ပေးရတော့မယ့် ဘာစီလိုနာအသင်းသားများ

ဂျာမနီကားထုတ်လုပ်ရေးကုမ္ပဏီ အော်ဒီဟာ ဘာစီလိုနာအသင်းနဲ့စပွန်ဆာစာချုပ်သက်တမ်းကုန်ဆုံးသွားပြီးနောက် မေတ္တာလက်ဆောင်ပေးထားတဲ့ကားတွေ ပြန်ပေးဖို့ ဘာစီလိုနာအသင်းသားတွေထံ တောင်းဆိုခဲ့ကြောင်း သိရပါတယ်။ ဘာစီလိုနာအသင်းနဲ့အော်ဒီတို့ ယမန်နှစ်က စပွန်ဆာစာချုပ်ချုပ်ဆိုခဲ့ပြီးနောက် အသင်းခေါင်းဆောင် မက်ဆီအပါအဝင် အသင်းသားတွေဟာ အော်ဒီရဲ့တန်ဖိုးကြီးကားတွေ မေတ္တာလက်ဆောင် ရရှိခဲ့တာဖြစ်ပြီး မက်ဆီက ပေါင် ၁၃၀၀၀၀ ဝန်းကျင်တန်ကြေးရှိတဲ့ အော်ဒီ RS 6 Advant ကားကို ရွေးချယ်ခဲ့သလို ကွင်းလယ်လူရာကီတစ်ကလည်း ပေါင် ၆၅၀၀၀ တန် အော်ဒီ Q7 ကားကို ရွေးချယ်ခဲ့ပါတယ်။
ဒါပေမဲ့ ဇွန်လ ၃၀ရက်နေ့က အော်ဒီနဲ့ဘာစီလိုနာတို့ရဲ့စပွန်ဆာစာချုပ်သက်တမ်းကုန်ဆုံးသွားပြီးနောက် အော်ဒီကုမ္ပဏီက ကားတွေ ပြန်ပေးဖို့ တောင်းဆိုခဲ့တာဖြစ်ကြောင်း AS သတင်းစာက ရေးသားဖော်ပြခဲ့ပါတယ်။ အော်ဒီကုမ္ပဏီက ရက်သတ္တပတ် ၃ပတ်အတွင်း ကားတွေ ပြန်ပေးဖို့ အချိန်ပေးခဲ့ပြီး ဘာစီလိုနာအသင်းသားတွေက အဲဒီကားတွေကို နေ့စဉ်သုံးစွဲကာ အထူးသဖြင့် လေ့ကျင့်ရေးကွင်းကို လာရင် အဲဒီမေတ္တာလက်ဆောင်ကားတွေ စီးလာတာများပါတယ်။
ဒါက ဘာစီလိုနာအသင်းနဲ့ အော်ဒီတို့ရဲ့ ၁၃နှစ်ကြာလက်တွဲလာမှု အဆုံးသတ်သွားတာဖြစ်ပြီး အော်ဒီကားကုမ္ပဏီက ရီးရဲလ်၊ ဘိုင်ယန်မြူးနစ်တို့နဲ့လည်း စပွန်ဆာစာချုပ်တွေ ချုပ်ဆိုထားပါတယ်။ အဲဒီကာလအတွင်း ကစားသမားတွေဟာ ရာသီတိုင်းမှာ အော်ဒီရဲ့တန်ဖိုးကြီးကားသစ်တွေ လက်ဆောင်ရရှိပြီး အော်ဒီက ကစားသမားတွေစီးနင်းပြီးသားကားတွေကို အဟောင်းဈေးကွက်မှာ ပြန်လည်ရောင်းချပါတယ်။
ဘာစီလိုနာအသင်းသားတွေအနက် ကွင်းလယ်လူ ဘူးစ်ကွက်က တန်ဖိုးအကြီးဆုံးအော်ဒီကားကို ရွေးချယ်ခဲ့ပြီး သူ့ရဲ့အော်ဒီ R8 Coupe V10 Plus ကားက ပေါင် ၁၉၂၀၀၀ တန်ကြေးရှိပါတယ်။