ဘေးလ်ကို ပုံတူကူးတယ်ဆိုပြီး ပရိသတ်တွေဟာသလုပ်နေကြတဲ့ စီရော်နယ်ဒိုရဲ့ဆံပင်ပုံစံအသစ်

photo-gettyimages

photo-gettyimages

ဆောင်းခိုပြီး ဂျူဗင်တပ်နဲ့လေ့ကျင့်ခန်းပြန်ဆင်းတော့ စီရော်နယ်ဒိုတစ်ယောက် ဆံပင်ပုံစံအသစ်နဲ့ ဖြစ်နေပါတယ်။ နှစ်သစ်အတွက် ကေအသစ်ပြောင်းလိုက်သလားလို့တောင် ထင်ရပါတယ်။ ဒါပေမဲ့ ခေါင်းအလယ်က ဆံပင်စုလေးကို ကြိုးနဲ့စည်းထားတာကြောင့် ဆိုရှယ်မီဒီယာထက်မှာ ရီးရဲလ်အသင်းဖော်ဟောင်းဂါရတ်ဘေးလ်ကို ပုံတူကူးတယ်ဆိုပြီး ပရိသတ်တွေက စီရော်နယ်ဒိုကို ဟာသလုပ်နေကြပါတယ်။

photo-gettyimages

ပရိသတ်တစ်ယောက်က”စီရော်နယ်ဒိုက အခုမှ ဘေးလ်နဲ့တူသွားတာ”လို့ ဆိုရှယ်မီဒီယာပေါ်မှာ မှတ်ချက်ပြုခဲ့ပါတယ်။ နောက်ထပ်ပရိသတ်တစ်ယောက်ကလည်း ”စီရော်နယ်ဒိုဟာ ဘေးလ်ပုံစံအတိုင်း လိုက်လုပ်ထားတယ်”လို့ ဆိုပါတယ်။ နောက်တစ်ယောက်ကလည်း ”ဘေးလ်နဲ့တူလို့ရတယ်။ ဘေးလ်လိုတော့ အဆုံးမသတ်ပါနဲ့”လို့ ပြောပါတယ်။

photo-gettyimages

ဆံပင်ကို ဒီပုံစံမပြောင်းခင်တုန်းက စီရော်နယ်ဒိုဟာ ကွင်းထဲမှာ ဘီးကုပ်တပ်ထားတဲ့ ဆံပင်ပုံစံနဲ့ ကစားခဲ့ပါသေးတယ်။ ဘယ်နေရာရောက်ရောက် အားပေးကြတဲ့ များလှစွာတဲ့ပရိသတ်အင်အားထုကြောင့်လည်း စီရော်နယ်ဒိုရဲ့ဆံပင်ပုံစံပြောင်းသွားတာကအစ အခုချိန်မှာ သတင်းဖြစ်နေတာပါ။ သူဟာ ဆိုရှယ်မီဒီယာပေါ်မှာ ပရိသတ်အများစုအားကစားသမားလည်း ဖြစ်ပါတယ်။

[Zawgyi]

ေဘးလ္ကို ပုံတူကူးတယ္ဆိုၿပီး ပရိသတ္ေတြဟာသလုပ္ေနၾကတဲ့ စီေရာ္နယ္ဒိုရဲ႕ဆံပင္ပုံစံအသစ္

ေဆာင္းခိုၿပီး ဂ်ဴဗင္တပ္နဲ႔ေလ့က်င့္ခန္းျပန္ဆင္းေတာ့ စီေရာ္နယ္ဒိုတစ္ေယာက္ ဆံပင္ပုံစံအသစ္နဲ႔ ျဖစ္ေနပါတယ္။ ႏွစ္သစ္အတြက္ ေကအသစ္ေျပာင္းလုိက္သလားလို႔ေတာင္ ထင္ရပါတယ္။ ဒါေပမဲ့ ေခါင္းအလယ္က ဆံပင္စုေလးကို ႀကိဳးနဲ႔စည္းထားတာေၾကာင့္ ဆုိရွယ္မီဒီယာထက္မွာ ရီးရဲလ္အသင္းေဖာ္ေဟာင္းဂါရတ္ေဘးလ္ကို ပုံတူကူးတယ္ဆုိၿပီး ပရိသတ္ေတြက စီေရာ္နယ္ဒိုကို ဟာသလုပ္ေနၾကပါတယ္။

ပရိသတ္တစ္ေယာက္က”စီေရာ္နယ္ဒိုက အခုမွ ေဘးလ္နဲ႔တူသြားတာ”လုိ႔ ဆိုရွယ္မီဒီယာေပၚမွာ မွတ္ခ်က္ျပဳခဲ့ပါတယ္။ ေနာက္ထပ္ပရိသတ္တစ္ေယာက္ကလည္း ”စီေရာ္နယ္ဒိုဟာ ေဘးလ္ပုံစံအတိုင္း လိုက္လုပ္ထားတယ္”လို႔ ဆုိပါတယ္။ ေနာက္တစ္ေယာက္ကလည္း ”ေဘးလ္နဲ႔တူလုိ႔ရတယ္။ ေဘးလ္လုိေတာ့ အဆုံးမသတ္ပါနဲ႔”လုိ႔ ေျပာပါတယ္။

ဆံပင္ကို ဒီပုံစံမေျပာငး္ခင္တုန္းက စီေရာ္နယ္ဒုိဟာ ကြင္းထဲမွာ ဘီးကုပ္တပ္ထားတဲ့ ဆံပင္ပုံစံနဲ႔ ကစားခဲ့ပါေသးတယ္။ ဘယ္ေနရာေရာက္ေရာက္ အားေပးၾကတဲ့ မ်ားလွစြာတဲ့ပရိသတ္အင္အားထုေၾကာင့္လည္း စီေရာ္နယ္ဒိုရဲ႕ဆံပင္ပုံစံေျပာင္းသြားတာကအစ အခုခ်ိန္မွာ သတင္းျဖစ္ေနတာပါ။ သူဟာ ဆုိရွယ္မီဒီယာေပၚမွာ ပရိသတ္အမ်ားစုအားကစားသမားလည္း ျဖစ္ပါတယ္။