Photo Credit
Photo Credit ; PA
Photo Credit
Photo Credit
Photo Credit
သူ့ရဲ့အေးဂျင့်ဖြစ်သူဆပ်ဖ် ရူဘီက လီဗာပူးအားကစားဒါရိုက်တာမိုက်ကယ်အက်ဝက်ဒ်ကို ပြင်းပြင်းထန်ထန် ဝေဖန်တဲ့စာသားတွေနဲ့ ဒန်ကန်က ပြန်လာမှာမဟုတ်တော့ဘူးလို့ တွစ်တာမှာ တင်ခဲ့ပါတယ်။
Photo Credit
Photo Credit
Photo Credit
Photo Credit
”ဒီအခြေအနေတွေ ဖြစ်လာတာ အက်ဝက်ဒ်က သူ့ကို လျစ်လျူရှုထားတာရယ် အက်ဝက်ဒ်ရဲ့ပင်ကိုယ် ခေါင်းမာတဲ့စိတ်ကြောင့်ပဲ၊ နောက်ထပ် လူငယ်ကစားသမားတွေ ဒီလိုထပ်မဖြစ်ပါစေနဲ့လို့ ကျွန်တော်ဆုတောင်းပါတယ်”လို့ ဆပ်ဖ်ရူဘီက စာသားအရှည်ကြီးရေးကာ တွစ်တာမှာ တင်ခဲ့တာပါ။
Photo Credit
Photo Credit
Unicode
ဘော်ဘီဒန်ကန်ရဲ့အေးဂျင့်ဖြစ်သူက စွပ်စွဲပြောဆိုမှုတွေကြောင့် မခံမရပ်နိုင်ဖြစ်နေတဲ့ ကာရေဂါ
လီဗာပူးအသင်းဂန္ထဝင်နောက်ခံလူ ဂျေမီကာရေဂါက လူငယ်ကစားသမား ဘော်ဒီဒန်ကန်ကို အသင်းက ထွက်ခွာခွင့်မပေးလို့ဆိုပြီး တွစ်တာမှာ အသင်းက အဆိုပါလူငယ်ကစားသမားကို ကြီးနိုင်ငယ်ညှဉ်းလုပ်နေသလို စိတ်ဓာတ်ပိုင်းဖျက်ဆီးခံနေရတယ်လို့ တိုက်ခိုက်ခဲ့တဲ့ သူ့အေးဂျင့်ဖြစ်သူကို ဒေါသတကြီးပြန်လည်တုံ့ပြန်ခဲ့ပြီးနောက် သူတို့နှစ်ယောက် တွစ်တာမှာ အပြန်အလှန်အငြင်းပွားခဲ့ကြပါတယ်။
အသက် ၁၈ နှစ်အရွယ် ဒန်ကန်ဟာ အသင်းဂန္ထဝင်ကစားသမား စတီဗင်ဂျရတ်ရဲ့ညီတစ်ဝမ်းကွဲဖြစ်ကာ နည်းပြဂျာဂင် ကလော့ပ်ရဲ့ပထမပွဲထွက် လူစာရင်းမှာ မပါဝင်ရသေးခင် အသင်းကနေ ထွက်ခွာလိုနေတာ ဖြစ်ပါတယ်။
ဒန်ကန်ကို ဖီအိုရင်းတီးနားအသင်းက အငှားနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပြီး အပြီးသတ်ခေါ်ယူဖို့လည်း အလားအလာရှိခဲ့ပေမယ့် လီဗာပူးအသင်းက စီးရီးအေကလပ်အသင်းရဲ့ကမ်းလှမ်းမှု ၂ ခုလုံးကို ပယ်ချခဲ့ပါတယ်။
ရလဒ်အနေနဲ့ကတော့ နီးစပ်သူတွေရဲ့အဆိုအရ ဒန်ကန်ဟာ သူ့အခန်းကို ပြန်မလာတာ ၄ ရက်ရှိပြီဖြစ်ပြီး ယူ ၂၃ ပွဲစဉ်အဖြစ် ဆောက်သမ်တန်အသင်းနဲ့ပွဲစဉ်မှာလည်း စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကြောင့် မပါဝင်ခဲ့ဘူးလို့ သိရပါတယ်။
သူ့ရဲ့အေးဂျင့်ဖြစ်သူဆပ်ဖ် ရူဘီက လီဗာပူးအားကစားဒါရိုက်တာမိုက်ကယ်အက်ဝက်ဒ်ကို ပြင်းပြင်းထန်ထန် ဝေဖန်တဲ့စာသားတွေနဲ့ ဒန်ကန်က ပြန်လာမှာမဟုတ်တေ့ာဘူးလို့ တွစ်တာမှာ တင်ခဲ့ပါတယ်။
ထိုစာသားတွေက”ပြီးခဲ့ဲ့တဲ့ ရက်သတ္တပတ်တွေမှာ ဒန်ကန်ဟာ လီဗာပူးအသင်းနဲ့ အနာဂတ်အတွက် နောင်တရနေပါတယ်။ ပြီးခဲ့တဲ့ရာသီကုန် လအနည်းငယ်က ဒန်ကန်က အသင်းရဲ့အကယ်ဒမီနည်းပြအဲလက်အင်ဂယ်သော်ပီနဲ့ တွေ့ဆုံခဲ့ပါသေးတယ်။ ဒန်ကန်မှာ အကြောင်းရင်းတွေများစွာရှှိနေပြီး လီဗာပူးမှာ မပျော်ရွှင်တာကို အဲလက်စ်ကသတိထားမိခဲ့ပါတယ်”
”ဒန်ကန်ကို အသင်းကထွက်ခွာနိုင်ဖို့ ကမ်းလှမ်းမှုတွေနဲ့ ချိတ်ဆက်ပေးခဲ့ပါတယ်။ ပထမအသင်းမှာ ပွဲထွက်ကစားတဲ့ အတွေ့အကြုံလုံးဝမရှိတဲ့ ကစားသမားတစ်ဦးကို ဘယ်အသင်းကမှ ပြီးခဲ့တဲ့ နွေရာသီကလို ပေါင် ၂၀၀၀၀၀တန် ကမ်းလှမ်းမှုမျိုးနဲ့ ကမ်းလှမ်းမှာမဟုတ်ဘူး၊ ဒန်ကန်အတွက် ကာလရှည် အငှားကစားဖို့နဲ့ ကမ်းလှမ်းမှုတွေ နွေရာသီကရှိခဲ့ပါတယ်”
”ပေါင် ၁.၅ သန်းအထက်နဲ့ အပြီးသတ်ဝယ်ယူကြဖို့လည်း အလားအလာရှိခဲ့တယ်။ ဒန်ကန်က လီဗာပူးအသင်းပွဲထွက်လူစာရင်းမှာ ဘယ်တော့မှ ကစားရမှာမဟုတ်သလို လီဗာပူးကိုလည်း ပြန်လာချင်မှာမဟုတ်ဘူး၊ ဒါကိုမိုက်ကယ်အက်ဝက်ဒ်က အတိအကျ သိပေမယ့် ဒီအပြောင်းအရွှေ့ ဖြစ်မြောက်ဖို့ ခွင့်မပြုပေးခဲ့ဘူး၊ အခုတော့ ဒန်ကန်က အခန်းထဲကနေ အပြင်မထွက်တာ ၄ရက်တောင်ရှိနေပြီ”
”ဒီအခြေအနေတွေ ဖြစ်လာတာ အက်ဝက်ဒ်က သူ့ကို လျစ်လျူရှုထားတာရယ် အက်ဝက်ဒ်ရဲ့ပင်ကိုယ် ခေါင်းမာတဲ့စိတ်ကြောင့်ပဲ၊ နောက်ထပ် လူငယ်ကစားသမားတွေ ဒီလိုထပ်မဖြစ်ပါစေနဲ့လို့ ကျွန်တေ်ာဆုတောင်းပါတယ်”လို့ ဆပ်ဖ်ရူဘီက စာသားအရှည်ကြီးရေးကာ တွစ်တာမှာ တင်ခဲ့တာပါ။
လီဗာပူးဂန္ထဝင် ဂျေမီကာရေဂါကတေ့ာ ရူဘီတင်ခဲ့တဲ့ စာသားတွေကြောင့် မခံမရပ်နိုင်ဖြစ်ကာ ဒေါသတွေ ထွက်ခဲ့ပါတယ်။ ဒန်ကန်ဟာ ပြီးခဲ့တဲ့နွေရာသီက မန်စီးတီးကနေ လီဗာပူးကို ပေါင် ၂သိန်းနဲ့ ရောက်ရှိလာခဲ့သူဖြစ်ပြီး ရာသီကြိုခြေစမ်းပွဲအဖြစ် ဒွန်ကက်စတာကို အနိုင်ရခဲ့တဲ့ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။