ေဘာလုံးပြဲေတြကို ခ်စ္ျမတ္ႏုိးရတဲ့အေၾကာင္းေလး ေျပာခ်င္လုိ႔ပါ… အီဗရာရဲ႕ကိုယ္တုိင္ေျပာဘ၀ပုံျပင္မ်ား (အပိုင္း ၂)

Photo Credit

Photo Credit

အဲဒီမွာ စၿပီးစဥ္းစားမိတာက ဒီအေျခအေနမွာ အေကာင္းျမင္တဲ့စိတ္ ဘာလို႔မထားႏိုင္ရမွာလဲဆိုတဲ့ ခံစားခ်က္ပါ။ တကယ္လို႔ ကိုယ္ကသာ တစ္ခုခုကို ယံုယံုၾကည္ၾကည္နဲ႔လုပ္မယ္ဆိုရင္ တကယ္လည္း ျဖစ္လာႏိုင္ပါတယ္။ ဥပမာတစ္ခုေလာက္ ေပးခ်င္ပါတယ္။ ကြ်န္ေတာ္ေက်ာင္းစတတ္တဲ့အခ်ိန္မွာ ႀကီးလာရင္ ကိုယ္ျဖစ္ခ်င္တဲ့ဟာကို ေျပာရပါတယ္။ အဲဒီမွာ အတန္းေဖာ္အမ်ားစုက ေရွ႕ေနေတြ၊ ဆရာဝန္ေတြျဖစ္ခ်င္တယ္လို႔ ေျပာခဲ့ပါတယ္။ ကြ်န္ေတာ္ကေတာ့ ေဘာလံုးသမားျဖစ္ခ်င္တယ္လို႔ပဲေရးခဲ့ပါတယ္။

Photo Credit

အဲဒီေတာ့ ဆရာကလည္း အခန္းေရွ႕မွာ ကြ်န္ေတာ့္ကို ေမးပါတယ္။ ”ပက္ထရစ္ေရ ဒီလိုျဖစ္လာလိမ့္မယ္လို႔ မင္းတကယ္ပဲထင္သလား။ အခန္းထဲမွာရွိတဲ့ ကေလး ၃၀ဝ ထဲမွာ မင္းတစ္ေယာက္ပဲ ေဘာလံုးသမားျဖစ္ခ်င္ေနတာ”ဆိုၿပီး ေမးခဲ့တာပါ။ ကြ်န္ေတာ္ကလည္း အမွန္ပဲဆရာလို႔ ျပန္ေႁပာခဲ့ပါတယ္။ အားလံုးလည္း ရယ္ခဲ့ပါတယ္။ ႏွစ္နည္းနည္းၾကာတဲ့အထိ ဆရာ့စကားက မွန္ေနခဲ့ပါတယ္။ ကြ်န္ေတာ္ဟာ ပံုမွန္အဆင့္ေလာက္မွာ ေဘာလံုးကစားခဲ့ေပမယ့္ ဘာကမ္းလွမ္းမႈမွ လက္ခံမရရွိခဲ့ပါဘူး။

Photo Credit

ဒါေပမဲ့ ကြ်န္ေတာ့္အသက္ ၁၇ ႏွစ္အရြယ္ ၁၉၉၈ ခုႏွစ္မွာ သူငယ္ခ်င္းေတြနဲ႔အတူ ဖူဆယ္ပြဲကစားေနတုန္းမွာ လူတစ္ေယာက္က လာေမးပါတယ္။ တိုရီႏိုအသင္းမွာ ေျခစြမ္းအစမ္းသပ္ခံမလားဆိုၿပီးေတာ့ေပါ့။ အဲဒီဘဲနဲ႔ပတ္သက္ၿပီး ကြ်န္ေတာ္သိတဲ့တစ္ခုတည္းေသာအေၾကာင္းအရာကေတာ့ ပဲရစ္မွာ သူစားေသာက္ဆိုင္တစ္ဆိုင္ ပိုင္ဆိုင္တယ္ဆိုတဲ့ အခ်က္တစ္ခုတည္းပါပဲ။သူ႕ကို ကြ်န္ေတာ္ယံုၾကည္သင့္သလား။ ေနာက္ဆံုးေတာ့ အစမ္းသပ္ခံမယ္ဆိုၿပီး အေျဖေပးလိုက္ပါတယ္။ ေနာက္ေန႔မွာလာေခၚမယ္လို႔ သူကေျပာပါတယ္။ သူလာေခၚမွာမဟုတ္ဘူးဆိုတဲ့အေတြးေတြနဲ႔ပဲ ကြ်န္ေတာ္အိမ္ျပန္သြားခဲ့တယ္။ ေနာက္တစ္ေန႔မွာေတာ့ သူလာေခၚပါတယ္။ သူနဲ႔အတူ တူရင္ကို သြားခဲ့ပါတယ္။

Photo Credit

ေျခစြမ္းအစမ္းသပ္ခံၿပီးတဲ့ေနာက္ တိုရီႏိုအသင္းက ကြ်န္ေတာ့္ကို စာခ်ဳပ္ခ်ဳပ္ဆိုဖို႔ မကမ္းလွမ္းခဲ့ေပမယ့္ အီတလီတတိယတန္း စစၥလီအေျခစိုက္ကလပ္အသင္းတစ္သင္းျဖစ္တဲ့ မာဆယ္လာက ဒါ႐ိုက္တာတစ္ဦး ကြ်န္ေတာ့္ကိုေတြ႕သြားပါတယ္။ သူတို႔အသင္းမွာ ကစားႏိုင္မလားဆိုၿပီး အဲဒီဒါ႐ိုက္တာက ကမ္းလွမ္းပါတယ္။ ကြ်န္ေတာ္လည္း ေခါင္းၿငိမ့္အေျဖေပးလိုက္ တာေပါ့။စစၥလီကြ်န္းက အဲဒီအသင္းငယ္ေလးဟာ ကြ်န္ေတာ့္အတြက္ ေကာင္းကင္တံခါးဖြင့္ေပးမယ့္အသင္းျဖစ္တယ္ဆိုတဲ့ အေတြးေတြနဲ႔အတူ ကြ်န္ေတာ္လည္း ပဲရစ္ကို ျပန္ေရာက္လာပါတယ္။

Photo Credit

ၿပီးေတာ့ အီတလီႏိုင္ငံအေနာက္ပိုင္းရွိ ကြ်န္ေတာ့္အသင္းေဖာ္သစ္ေတြ ေလ့က်င့္ခန္းဆင္းေနတဲ့ရြာေလးမွာ ပထမဆံုးအႀကိမ္ေတြ႕ရမယ့္အျဖစ္ကိုလည္း ႀကိဳတင္ရင္ခုန္ေနခဲ့ပါတယ္။ ေျပာရရင္ ကြ်န္ေတာ္ဟာ ႏိုင္ငံျခားကို တစ္ခါမွ တစ္ေယာက္တည္းမသြားဖူးပါဘူး။ ၿပီးေတာ့အီတလီစကားလည္း မေျပာတတ္ဘူးေလ။ အိမ္ကေနထြက္ေတာ့ လက္ထဲမွာ ဘာပစၥည္းမွမပါေပမယ့္ ကြ်န္ေတာ့္အိမ္ဖုန္းနံပါတ္ေရးထားတဲ့ စာရြက္ပဲယူလာခဲ့ပါတယ္။ အိမ္ကေန မီလန္ၿမိဳ႕ကို ရထားနဲ႔သြားခဲ့ရပါတယ္။ မီလန္ကေနတစ္ဆင့္ ေတာေတာင္ေတြဝန္းရံေနတဲ့ အဲဒီရြာေလးကို ေနာက္တစ္ဆင့္ ရထားစီးသြားရမွာပါ။ မီလန္ၿမိဳ႕ရွိ ဘူတာထဲမွာရွိေနတုန္း စာေတြေျပာင္းေျပာင္းေနတဲ့ စခရင္အႀကီးႀကီးကို ေတြ႕လိုက္ရပါတယ္။ ေျပာရရင္ ႐ုပ္ရွင္႐ံုထဲ ေရာက္သြားသလိုပါပဲ။ ကြ်န္ေတာ္ဟာ အဲဒီစခရင္ႀကီးေတြကိုၾကည့္လိုက္ လက္ထဲမွာရွိတဲ့ ကိုယ့္လက္မွတ္ေလးကို ၾကည့္လိုက္နဲ႔ ဘယ္ရထားစီးရမလဲဆိုၿပီး စစ္ရတာလည္း အေမာပါပဲ။

Photo Credit

အဲဒီေနာက္ လူတစ္ေယာက္ ကြ်န္ေတာ့္နားေရာက္လာတယ္။ သူနဲ႔ပတ္သက္လို႔ ကြ်န္ေတာ္ေျပာႏိုင္တဲ့ တစ္ခုတည္းေသာအခ်က္ကေတာ့ သူဟာ ဆီနီေဂါသားျဖစ္တယ္ဆိုတာပါပဲ။ ၿပီးေတာ့ သူ႕မ်က္လံုးတစ္ဖက္ကလည္း မျမင္ရဘူး။ ”ေဟး ဘရားသား။ ဘယ္လိုျဖစ္ေနလို႔လဲ။ သူငယ္ခ်င္းကိုၾကည့္ရတာ တစ္ခုခုဝမ္းနည္းေနသလိုပဲေနာ္”လို႔ သူက ေမးလာပါတယ္။ ကြ်န္ေတာ္ကလည္း ”ဟုတ္တယ္။ ဘယ္သြားရမွန္းမသိျဖစ္ေနလို႔ပါ”လို႔ ေျပာၿပီး လက္ထဲမွာရွိတဲ့ ရထားလက္မွတ္ကိုပါ တစ္ခါတည္းႁပလိုက္ပါတယ္။

Photo Credit

Unicode

ဘောလုံးပွဲတွေကို ချစ်မြတ်နိုးရတဲ့အကြောင်းလေး ပြောချင်လို့ပါ…
အီဗရာရဲ့ကိုယ်တိုင်ပြောဘဝပုံပြင်များ (အပိုင်း ၂)

အဲဒီမှာ စပြီးစဉ်းစားမိတာက ဒီအခြေအနေမှာ အကောင်းမြင်တဲ့စိတ် ဘာလို့မထားနိုင်ရမှာလဲဆိုတဲ့ ခံစားချက်ပါ။ တကယ်လို့ ကိုယ်ကသာ တစ်ခုခုကို ယုံယုံကြည်ကြည်နဲ့လုပ်မယ်ဆိုရင် တကယ်လည်း ဖြစ်လာနိုင်ပါတယ်။ ဥပမာတစ်ခုလောက် ပေးချင်ပါတယ်။ ကျွန်တော်ကျောင်းစတတ်တဲ့အချိန်မှာ ကြီးလာရင် ကိုယ်ဖြစ်ချင်တဲ့ဟာကို ပြောရပါတယ်။ အဲဒီမှာ အတန်းဖော်အများစုက ရှေ့နေတွေ၊ ဆရာဝန်တွေဖြစ်ချင်တယ်လို့ ပြောခဲ့ပါတယ်။ ကျွန်တော်ကတော့ ဘောလုံးသမားဖြစ်ချင်တယ်လို့ပဲရေးခဲ့ပါတယ်။
အဲဒီတော့ ဆရာကလည်း အခန်းရှေ့မှာ ကျွန်တော့်ကို မေးပါတယ်။ ”ပက်ထရစ်ရေ ဒီလိုဖြစ်လာလိမ့်မယ်လို့ မင်းတကယ်ပဲထင်သလား။ အခန်းထဲမှာရှိတဲ့ ကလေး ၃၀ဝ ထဲမှာ မင်းတစ်ယောက်ပဲ ဘောလုံးသမားဖြစ်ချင်နေတာ”ဆိုပြီး မေးခဲ့တာပါ။ ကျွန်တော်ကလည်း အမှန်ပဲဆရာလို့ ပြန်ပြောခဲ့ပါတယ်။ အားလုံးလည်း ရယ်ခဲ့ပါတယ်။ နှစ်နည်းနည်းကြာတဲ့အထိ ဆရာ့စကားက မှန်နေခဲ့ပါတယ်။ ကျွန်တော်ဟာ ပုံမှန်အဆင့်လောက်မှာ ဘောလုံးကစားခဲ့ပေမယ့် ဘာကမ်းလှမ်းမှုမှ လက်ခံမရရှိခဲ့ပါဘူး။
ဒါပေမဲ့ ကျွန်တော့်အသက် ၁၇ နှစ်အရွယ် ၁၉၉၈ ခုနှစ်မှာ သူငယ်ချင်းတွေနဲ့အတူ ဖူဆယ်ပွဲကစားနေတုန်းမှာ လူတစ်ယောက်က လာမေးပါတယ်။ တိုရီနိုအသင်းမှာ ခြေစွမ်းအစမ်းသပ်ခံမလားဆိုပြီးတော့ပေါ့။ အဲဒီဘဲနဲ့ပတ်သက်ပြီး ကျွန်တော်သိတဲ့တစ်ခုတည်းသောအကြောင်းအရာကတော့ ပဲရစ်မှာ သူစားသောက်ဆိုင်တစ်ဆိုင် ပိုင်ဆိုင်တယ်ဆိုတဲ့ အချက်တစ်ခုတည်းပါပဲ။
သူ့ကို ကျွန်တော်ယုံကြည်သင့်သလား။ နောက်ဆုံးတော့ အစမ်းသပ်ခံမယ်ဆိုပြီး အဖြေပေးလိုက်ပါတယ်။ နောက်နေ့မှာလာခေါ်မယ်လို့ သူကပြောပါတယ်။ သူလာခေါ်မှာမဟုတ်ဘူးဆိုတဲ့အတွေးတွေနဲ့ပဲ ကျွန်တော်အိမ်ပြန်သွားခဲ့တယ်။ နောက်တစ်နေ့မှာတော့ သူလာခေါ်ပါတယ်။ သူနဲ့အတူ တူရင်ကို သွားခဲ့ပါတယ်။
ခြေစွမ်းအစမ်းသပ်ခံပြီးတဲ့နောက် တိုရီနိုအသင်းက ကျွန်တော့်ကို စာချုပ်ချုပ်ဆိုဖို့ မကမ်းလှမ်းခဲ့ပေမယ့် အီတလီတတိယတန်း စစ္စလီအခြေစိုက်ကလပ်အသင်းတစ်သင်းဖြစ်တဲ့ မာဆယ်လာက ဒါရိုက်တာတစ်ဦး ကျွန်တော့်ကိုတွေ့သွားပါတယ်။ သူတို့အသင်းမှာ ကစားနိုင်မလားဆိုပြီး အဲဒီဒါရိုက်တာက ကမ်းလှမ်းပါတယ်။ ကျွန်တော်လည်း ခေါင်းငြိမ့်အဖြေပေးလိုက် တာပေါ့။
စစ္စလီကျွန်းက အဲဒီအသင်းငယ်လေးဟာ ကျွန်တော့်အတွက် ကောင်းကင်တံခါးဖွင့်ပေးမယ့်အသင်းဖြစ်တယ်ဆိုတဲ့ အတွေးတွေနဲ့အတူ ကျွန်တော်လည်း ပဲရစ်ကို ပြန်ရောက်လာပါတယ်။
ပြီးတော့ အီတလီနိုင်ငံအနောက်ပိုင်းရှိ ကျွန်တော့်အသင်းဖော်သစ်တွေ လေ့ကျင့်ခန်းဆင်းနေတဲ့ရွာလေးမှာ ပထမဆုံးအကြိမ်တွေ့ရမယ့်အဖြစ်ကိုလည်း ကြိုတင်ရင်ခုန်နေခဲ့ပါတယ်။ ပြောရရင် ကျွန်တော်ဟာ နိုင်ငံခြားကို တစ်ခါမှ တစ်ယောက်တည်းမသွားဖူးပါဘူး။ ပြီးတော့အီတလီစကားလည်း မပြောတတ်ဘူးလေ။ အိမ်ကနေထွက်တော့ လက်ထဲမှာ ဘာပစ္စည်းမှမပါပေမယ့် ကျွန်တော့်အိမ်ဖုန်းနံပါတ်ရေးထားတဲ့ စာရွက်ပဲယူလာခဲ့ပါတယ်။
အိမ်ကနေ မီလန်မြို့ကို ရထားနဲ့သွားခဲ့ရပါတယ်။ မီလန်ကနေတစ်ဆင့် တောတောင်တွေဝန်းရံနေတဲ့ အဲဒီရွာလေးကို နောက်တစ်ဆင့် ရထားစီးသွားရမှာပါ။ မီလန်မြို့ရှိ ဘူတာထဲမှာရှိနေတုန်း စာတွေပြောင်းပြောင်းနေတဲ့ စခရင်အကြီးကြီးကို တွေ့လိုက်ရပါတယ်။ ပြောရရင် ရုပ်ရှင်ရုံထဲ ရောက်သွားသလိုပါပဲ။ ကျွန်တော်ဟာ အဲဒီစခရင်ကြီးတွေကိုကြည့်လိုက် လက်ထဲမှာရှိတဲ့ ကိုယ့်လက်မှတ်လေးကို ကြည့်လိုက်နဲ့ ဘယ်ရထားစီးရမလဲဆိုပြီး စစ်ရတာလည်း အမောပါပဲ။
အဲဒီနောက် လူတစ်ယောက် ကျွန်တော့်နားရောက်လာတယ်။ သူနဲ့ပတ်သက်လို့ ကျွန်တော်ပြောနိုင်တဲ့ တစ်ခုတည်းသောအချက်ကတော့ သူဟာ ဆီနီဂေါသားဖြစ်တယ်ဆိုတာပါပဲ။ ပြီးတော့ သူ့မျက်လုံးတစ်ဖက်ကလည်း မမြင်ရဘူး။ ”ဟေး ဘရားသား။ ဘယ်လိုဖြစ်နေလို့လဲ။ သူငယ်ချင်းကိုကြည့်ရတာ တစ်ခုခုဝမ်းနည်းနေသလိုပဲနော်”လို့ သူက မေးလာပါတယ်။ ကျွန်တော်ကလည်း ”ဟုတ်တယ်။ ဘယ်သွားရမှန်းမသိဖြစ်နေလို့ပါ”လို့ ပြောပြီး လက်ထဲမှာရှိတဲ့ ရထားလက်မှတ်ကိုပါ တစ်ခါတည်းပြလိုက်ပါတယ်။