ေပၚတူဂီအေကာင္းဆုံးကစားသမားဆုကို စံခ်ိ္န္တင္ ၁၀ ႀကိမ္အျဖစ္ ေရာ္နယ္ဒိုသိမး္ပိုက္

photo-gettyimages

photo-reuters

ဂ်ဴဗင္တပ္တုိက္စစ္မႈးစီေရာ္နယ္ဒိုဟာ ေပၚတူဂီရဲ႕တစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုကို စံခ်ိန္တင္အျဖစ္ ၁၀ ႀကိမ္ေျမာက္ ရရွိသြားပါတယ္။ အသက္ ၃၄ ႏွစ္အရြယ္ စီေရာ္နယ္ဒိုဟာ ၂၀၀၇ ကတည္းက သူ႔တိုင္းျပည္ရဲ႕တစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုကို စုိးမိုးႏိုင္ခဲ့တာပါ။ အဲဒီကတည္းက လက္ရွိအခ်ိန္ထိ ေပၚတူဂီတစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုကို ႏွစ္တိုင္းနီးပါး သိမ္းပိုက္ႏိုင္ခဲ့တာပါ။

photo-fifa

ၾကားထဲမွာ စီေရာ္နယ္ဒုိမရခဲ့တာဆုိလုိ႔ ၂၀၁၀ နဲ႔ ၂၀၁၄ တု႔ိပဲရွိၿပီး အဲဒီႏွစ္ေတြမွာ ဆီမာအိုနဲ႔ ပီပီတို႔က အသီးသီးဆြတ္ခူးခဲ့ၾကတာပါ။ ၿပီးခဲ့တဲ့ရာသီမွာ ဂ်ဴဗင္တပ္နဲ႔အတူ စီးရီးေအခ်န္ပီယံဆုကိုင္ေျမွာက္ႏိုင္ခဲ့တဲ့စီေရာ္နယ္ဒုိဟာ ဒီဆုအတြက္ အက္သလက္တီကိုၾကယ္ပြင့္ဂ်ာအိုဖိလစ္၊ မန္စီးတီးက ဘာနာဒိုေဆးလ္ဗား၊ စပို႔တင္းကြင္းလယ္လူဖာနန္ဒက္စ္၊ ၀ုဗ္ကြင္းလယ္လူနီဗက္စ္တို႔ကို ေက်ာ္ျဖတ္ႏိုင္ခဲ့တာပါ။ စီေရာ္နယ္ဒိုဟာ ယူအီးအက္ဖ္ေအအေကာင္းဆုံးကစားသမားဆုကို လြဲေခာ်္ခဲ့ေပမယ့္ လက္ရွိမွာေတာ့ ဖီဖာက ခ်ီးျမွင့္မယ့္ ကမာၻ႔အေကာင္းဆုံးကစားသမားဆုျဖစ္တဲ့ The Best အတြက္ ေနာက္ဆုံးဆန္ခါတင္ ၃ ဦးစာရင္း၀င္ထားပါတယ္။

photo-AP

ဆုလက္ခံရယူအၿပီးမွာလည္း စီေရာ္နယ္ဒိုက သူ႔အတြက္ ခက္ခဲတဲ့ႏွစ္တစ္ႏွစ္ဆုိတာကို ျပန္ေျပာင္းေျပာခဲ့သလို သူ႔ရဲ႕ကစားသမားဘ၀အေစာပိုင္းေန႔ရက္ေတြအတြက္ အသင္းေဟာင္းစပို႔တင္းကိုလည္း ေလးစားသမႈျပဳခဲ့ပါတယ္။ ”ဆုိရွယ္မီဒီယာ၊စာနယ္ဇင္းေတြနဲ႔ ကမာၻႀကီးဟာ အရမ္းျမန္ၿပီး အရိုင္းဆန္ခဲ့တာပါ။ ပုဂၢိဳလ္ေရးအဆင့္မွာ အရမ္းကိုရႈပ္ေထြးတဲ့ႏွစ္တစ္ႏွစ္လည္း ျဖစ္ခဲ့ပါတယ္။ ခင္ဗ်ားလဲက်သြားေအာင္ ဘယ္သူ႔ကိုမွ ခြင့္မျပဳပါနဲ႔။ ကၽြန္ေတာ္မလုပ္ေပးႏိုင္ေပမယ့္ စပို႔တင္းအသင္းဟာ ဆုေလးတစ္ခုနဲ႔ေတာ့ ထိုက္တန္တယ္လုိ႔ ေျပာခ်င္ပါတယ္။ ေနာက္တစ္ႀကိမ္ေပါ့”လို႔ စီေရာ္နယ္ဒိုက ဆုေပးပြဲမွာ ေျပာသြားခဲ့တာပါ။

[Unicode]

ဂျူဗင်တပ်တိုက်စစ်မှုးစီရော်နယ်ဒိုဟာ ပေါ်တူဂီရဲ့တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို စံချိန်တင်အဖြစ် ၁၀ ကြိမ်မြောက် ရရှိသွားပါတယ်။ အသက် ၃၄ နှစ်အရွယ် စီရော်နယ်ဒိုဟာ ၂၀၀၇ ကတည်းက သူ့တိုင်းပြည်ရဲ့တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို စိုးမိုးနိုင်ခဲ့တာပါ။ အဲဒီကတည်းက လက်ရှိအချိန်ထိ ပေါ်တူဂီတစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို နှစ်တိုင်းနီးပါး သိမ်းပိုက်နိုင်ခဲ့တာပါ။

ကြားထဲမှာ စီရော်နယ်ဒိုမရခဲ့တာဆိုလို့ ၂၀၁၀ နဲ့ ၂၀၁၄ တု့ိပဲရှိပြီး အဲဒီနှစ်တွေမှာ ဆီမာအိုနဲ့ ပီပီတို့က အသီးသီးဆွတ်ခူးခဲ့ကြတာပါ။ ပြီးခဲ့တဲ့ရာသီမှာ ဂျူဗင်တပ်နဲ့အတူ စီးရီးအေချန်ပီယံဆုကိုင်မြှောက်နိုင်ခဲ့တဲ့စီရော်နယ်ဒိုဟာ ဒီဆုအတွက် အက်သလက်တီကိုကြယ်ပွင့်ဂျာအိုဖိလစ်၊ မန်စီးတီးက ဘာနာဒိုဆေးလ်ဗား၊ စပို့တင်းကွင်းလယ်လူဖာနန်ဒက်စ်၊ ဝုဗ်ကွင်းလယ်လူနီဗက်စ်တို့ကို ကျော်ဖြတ်နိုင်ခဲ့တာပါ။ စီရော်နယ်ဒိုဟာ ယူအီးအက်ဖ်အေအကောင်းဆုံးကစားသမားဆုကို လွဲခောျ်ခဲ့ပေမယ့် လက်ရှိမှာတော့ ဖီဖာက ချီးမြှင့်မယ့် ကမ္ဘာ့အကောင်းဆုံးကစားသမားဆုဖြစ်တဲ့ The Best အတွက် နောက်ဆုံးဆန်ခါတင် ၃ ဦးစာရင်းဝင်ထားပါတယ်။

ဆုလက်ခံရယူအပြီးမှာလည်း စီရော်နယ်ဒိုက သူ့အတွက် ခက်ခဲတဲ့နှစ်တစ်နှစ်ဆိုတာကို ပြန်ပြောင်းပြောခဲ့သလို သူ့ရဲ့ကစားသမားဘဝအစောပိုင်းနေ့ရက်တွေအတွက် အသင်းဟောင်းစပို့တင်းကိုလည်း လေးစားသမှုပြုခဲ့ပါတယ်။ ”ဆိုရှယ်မီဒီယာ၊စာနယ်ဇင်းတွေနဲ့ ကမ္ဘာကြီးဟာ အရမ်းမြန်ပြီး အရိုင်းဆန်ခဲ့တာပါ။ ပုဂ္ဂိုလ်ရေးအဆင့်မှာ အရမ်းကိုရှုပ်ထွေးတဲ့နှစ်တစ်နှစ်လည်း ဖြစ်ခဲ့ပါတယ်။ ခင်ဗျားလဲကျသွားအောင် ဘယ်သူ့ကိုမှ ခွင့်မပြုပါနဲ့။ ကျွန်တော်မလုပ်ပေးနိုင်ပေမယ့် စပို့တင်းအသင်းဟာ ဆုလေးတစ်ခုနဲ့တော့ ထိုက်တန်တယ်လို့ ပြောချင်ပါတယ်။ နောက်တစ်ကြိမ်ပေါ့”လို့ စီရော်နယ်ဒိုက ဆုပေးပွဲမှာ ပြောသွားခဲ့တာပါ။