ေပါ့ဂ္ဘာ ဘက္ကဖိအားေပးေနလို႔ ေပါင္သန္း ၁၈၀ ရရင္ေရာင္းမယ္လို႔ မန္ယူေစ်းသတ္မွတ္

မန္ယူအသင္းဟာ ကြင္းလယ္လူေပါ့ဂ္ဘာကို ေရာင္းဖို႔အစီအစဥ္မရွိေပမယ္႔ ကစားသမားနဲ႔ သူ႔ေအးဂ်င့္ဘက္က အသင္းကေနထြက္ဖို႔ ဖိအားေပးေနလို႔ ေပါင္သန္း ၁၈၀ ေရာင္းမယ္ဆိုၿပီး ေစ်းသတ္မွတ္လိုက္တယ္လို႔ သတင္းတစ္ရပ္မွာ ေဖာ္ျပသြားပါတယ္။

မန္ယူဟာအေစာပိုင္းမွာ ေပါ့ဂ္ဘာရဲ႕တန္ေၾကးကိုေပါင္သန္း ၁၅၀ သတ္မွတ္ခဲ့ေပမယ္႔ သူကေရာေအးဂ်င့္ရြိဳင္အိုလာကပါ ထြက္ခြာခြင့္ရဖို႔ ဖိအားေပးေနလုိ႔ ေပါင္သန္း ၁၈၀ ရရင္ေရာင္းမယ္ဆိုၿပီး သတ္မွတ္လိုက္တာျဖစ္ပါတယ္။ ျပင္သစ္လက္ေရြးစင္ေပါ့ဂ္ဘာဟာ မန္ယူနဲ႔ စာခ်ဳပ္သက္တမ္း ၃ ႏွစ္က်န္ေနေသးလို႔ မန္ယူအေနနဲ႔သူ႔ကိုေရာင္းဖို႔ ဘာမွအေလာသုံးဆယ္လုပ္ဖို႔ မလိုအပ္ေသးပါဘူး။

ဒါေပမယ္႔ ဖိအားရွိလာလို႔ အခုလိုေစ်းသတ္မွတ္လိုက္တာျဖစ္ၿပီး ေပါင္သန္း ၁၈၀ ဆိုတဲ႔တန္ေၾကးဟာ ေပါ့ဂ္ဘာကိုေခၚယူခဲ့စဥ္ကေစ်းရဲ႕ႏွစ္္ဆေက်ာ္ျဖစ္ပါတယ္။ မန္ယူဟာ ၂၀၁၆ ကဂ်ဴ ဗင္တပ္ကေန ေပါ့ဂ္ဘာကိုေပါင္ ၈၉ သန္းနဲ႔ေခၚယူခဲ့တာျဖစ္ပါတယ္။

ေပါ့ဂ္ဘာဟာ ၿပီးခဲ့တဲ႔လက သူ႔ရဲ႕အာရွခရီးစဥ္အတြင္းမွာ မန္ယူကထြက္ခြာလိုတယ္လို႔ ေျပာခဲ့သလို ရြိဳင္အိုလာကလည္း မန္ယူကေနေပါ့ဂ္ဘာထြက္ခြာႏိုင္ေရး လုပ္ေဆာင္ေနတယ္လို႔ မၾကာေသးခင္အတည္ျပဳထားပါတယ္။ ဒါေၾကာင့္ သူ႔ကို အသင္းပရိသတ္ေတြကလည္း မေက်မနပ္ျဖစ္ေနၾကတာျဖစ္ပါတယ္။

မန္ယူနည္းျပ ဆိုးလ္ရွားကေတာ႔ သူတို႔ဟာဘ႑ာေရးအင္အားေကာင္းမြန္ေနတဲ႔အတြက္ ေပါ့ဂ္ဘာကိုေရာင္းခ်ဖို႔မလိုသလို မန္ယူဆိုတာကလည္း ကစားသမားေတြကိုေရာင္းခ်တဲ႔အသင္းမဟုတ္ဖူးလို႔ ၿပီးခဲ့တဲ႔ရက္ပိုင္းကေျပာၾကားသြားခဲ့ပါတယ္။

Unicode

ပေါ့ဂ်ဘာ ဘက်ကဖိအားပေးနေလို့ ပေါင်သန်း ၁၈၀ ရရင်ရောင်းမယ်လို့ မန်ယူဈေးသတ်မှတ်
မန်ယူအသင်းဟာ ကွင်းလယ်လူပေါ့ဂ်ဘာကို ရောင်းဖို့အစီအစဉ်မရှိပေမယ့် ကစားသမားနဲ့ သူ့အေးဂျင့်ဘက်က အသင်းကနေထွက်ဖို့ ဖိအားပေးနေလို့ ပေါင်သန်း ၁၈၀ ရောင်းမယ်ဆိုပြီး ဈေးသတ်မှတ်လိုက်တယ်လို့ သတင်းတစ်ရပ်မှာ ဖော်ပြသွားပါတယ်။

မန်ယူဟာအစောပိုင်းမှာ ပေါ့ဂ်ဘာရဲ့တန်ကြေးကိုပေါင်သန်း ၁၅၀ သတ်မှတ်ခဲ့ပေမယ့် သူကရောအေးဂျင့်ရွိုင်အိုလာကပါ ထွက်ခွာခွင့်ရဖို့ ဖိအားပေးနေလို့ ပေါင်သန်း ၁၈၀ ရရင်ရောင်းမယ်ဆိုပြီး သတ်မှတ်လိုက်တာဖြစ်ပါတယ်။ ပြင်သစ်လက်ရွေးစင်ပေါ့ဂ်ဘာဟာ မန်ယူနဲ့ စာချုပ်သက်တမ်း ၃ နှစ်ကျန်နေသေးလို့ မန်ယူအနေနဲ့သူ့ကိုရောင်းဖို့ ဘာမှအလောသုံးဆယ်လုပ်ဖို့ မလိုအပ်သေးပါဘူး။

ဒါပေမယ့် ဖိအားရှိလာလို့ အခုလိုဈေးသတ်မှတ်လိုက်တာဖြစ်ပြီး ပေါင်သန်း ၁၈၀ ဆိုတဲ့တန်ကြေးဟာ ပေါ့ဂ်ဘာကိုခေါ်ယူခဲ့စဉ်ကဈေးရဲ့နှစ်ဆကျော်ဖြစ်ပါတယ်။ မန်ယူဟာ ၂၀၁၆ ကဂျူ ဗင်တပ်ကနေ ပေါ့ဂ်ဘာကိုပေါင် ၈၉ သန်းနဲ့ခေါ်ယူခဲ့တာဖြစ်ပါတယ်။

ပေါ့ဂ်ဘာဟာ ပြီးခဲ့တဲ့လက သူ့ရဲ့အာရှခရီးစဉ်အတွင်းမှာ မန်ယူကထွက်ခွာလိုတယ်လို့ ပြောခဲ့သလို ရွိုင်အိုလာကလည်း မန်ယူကနေပေါ့ဂ်ဘာထွက်ခွာနိုင်ရေး လုပ်ဆောင်နေတယ်လို့ မကြာသေးခင်အတည်ပြုထားပါတယ်။ ဒါကြောင့် သူ့ကို အသင်းပရိသတ်တွေကလည်း မကျေမနပ်ဖြစ်နေကြတာဖြစ်ပါတယ်။

မန်ယူနည်းပြ ဆိုးလ်ရှားကတော့ သူတို့ဟာဘဏ္ဍာရေးအင်အားကောင်းမွန်နေတဲ့အတွက် ပေါ့ဂ်ဘာကိုရောင်းချဖို့မလိုသလို မန်ယူဆိုတာကလည်း ကစားသမားတွေကိုရောင်းချတဲ့အသင်းမဟုတ်ဖူးလို့ ပြီးခဲ့တဲ့ရက်ပိုင်းကပြောကြားသွားခဲ့ပါတယ်။