ေပါ့ဂ္ဘာအတြက္ ရီးရဲလ္ရဲ႕ ယူ႐ိုသန္း ၂၀၀ ေအာ္ပေရးရွင္း

Photo Credit

Photo Credit

ရီးရဲလ္ဟာ ယူႏိုက္တက္ၾကယ္ပြင့္ေပါ့ဂ္ဘာကို ေခၚယူႏုိင္ဖုိ႔ ရန္ပုံေငြယူ႐ိုသန္း ၂၀၀ရရွိေရးအတြက္ အသင္းရွိနာမည္ႀကီးကစားသမား ၅ဦးအထိ ထုတ္ေရာင္းဖုိ႔ ျပင္ဆင္ေနေၾကာင္း သိရပါတယ္။ ျပင္သစ္လက္ေရြးစင္ေပါ့ဂ္ဘာဟာ ယခုေႏြရာသီအတြင္း ရီးရဲလ္ကို ေျပာင္းေရႊ႕ဖို႔ သတင္းေတြက်ယ္ျပန္႔စြာထြက္ေပၚေနသူျဖစ္ၿပီး စပိန္သတင္းစာ AS ရဲ႕ေဖာ္ျပခ်က္အရ ေပါ့ဂ္ဘာကိုကမ္းလွမ္းႏိုင္ေရးအတြက္ ဂါရတ္ေဘးလ္၊ ဂ်ိမ္းစ္႐ုိဒရီဂြက္ဇ္၊ ဆီဘယ္ေလာ့စ္၊ အစၥကိုနဲ႔ အဆန္စီယုိတုိ႔ကို ထုတ္ေရာင္းဖြယ္ရွိေနေၾကာင္း သိရပါတယ္။

Photo Credit ; Getty Images

မာကာသတင္းစာကလည္း ရီးရဲလ္အေနနဲ႔ ေပါ့ဂ္ဘာကို ကမ္းလွမ္းမႈမျပဳလုပ္ခင္ အသင္းရွိကစားသမားတခ်ိဳ႕ကို မျဖစ္မေနဦးစြာေရာင္းထုတ္ရလိမ့္မယ္လုိ႔ ေဖာ္ျပခဲ့ၿပီး ယူႏုိက္တက္က ကမၻာ့ဖလားဆုရွင္ေပါ့ဂ္ဘာအတြက္ ယူ႐ိုသန္း ၂၀၀(ေပါင္သန္း ၁၈၀)အထိ သတ္မွတ္ထားပါတယ္။ သူတုိ႔ ၅ေယာက္ထဲမွာ ေဘးလ္က ထုတ္ေရာင္းဖို႔ အခက္ဆုံးကစားသမားျဖစ္လာႏိုင္ၿပီး သူကုိယ္တိုင္က အသင္းမွာ ဆက္ကစားမယ္လုိ႔ဆုိထားသလုိ သူ႕ရဲ႕ျမင့္မားတဲ့လုပ္ခလစာကလည္း သူ႕ကိုေခၚယူခ်င္တဲ့အသင္းေတြအတြက္ အဓိကအတားအဆီးျဖစ္ေနပါတယ္။

Photo Credit ; AP

ကိုလံဘီယာအသင္းေခါင္းေဆာင္ ဂ်ိမ္းစ္ကိုေခၚယူဖို႔ အက္သလက္တီကိုနဲ႔နာပိုလီတုိ႔က အျပင္းအထန္ႀကိဳးစားေနသလုိ စပိန္လူငယ္ကြင္းလယ္လူ ဆီဘယ္ေလာ့စ္ကိုလည္း လန္ဒန္ေျမာက္ပိုင္းဒါဘီၿပိဳင္ဘက္ေတြျဖစ္တဲ့ စပါးနဲ႔အာဆင္နယ္တုိ႔က အၿပိဳင္လုိက္ေနပါတယ္။ စပိန္လက္ေရြးစင္ေတြျဖစ္တဲ့ ေတာင္ပံကစားသမားအဆန္စီယိုနဲ႔ ကြင္းလယ္လူအစၥကိုတုိ႔ကေတာ့ အနာဂတ္မေသမခ်ာျဖစ္ေနေပမယ့္ ရာသီသစ္ နည္းျပဇီဒန္းရဲ႕စီမံကိန္းမွာ ပါ၀င္ႏုိင္မလားဆုိတာလည္း အတိအက်မသိရေသးပါဘူး။

Photo Credit ; Getty Images

တစ္ခ်ိန္တည္းမွာပဲ ေအဂ်က္စ္ေနာက္ခံလူ ဒီလစ္ဂ်္ရဲ႕အေျပာင္းအေရႊ႕အတြက္ တူရင္ၿမိဳ႕ကို ေရာက္ရွိေနတဲ့ ေပါ့ဂ္ဘာရဲ႕ေအးဂ်င့္ျဖစ္သူ ႐ိုင္အုိလာက ”ဒီေန႔မွာ ေပါ့ဂ္ဘာက မန္ခ်က္စတာမွာရွိေနၿပီး မနက္ျဖန္အတြက္ဆုိရင္ေတာ့ ကၽြန္ေတာ္လည္းမသိပါဘူး။ ကၽြန္ေတာ္တုိ႔အေနနဲ႔ တစ္ေန႔ခ်င္းစီပဲ လုပ္ေဆာင္သြားမွာျဖစ္ၿပီး စုိးရိမ္ပူပန္ျခင္းမရွိ၊ အလ်င္လုိျခင္းလည္းမရွိပါဘူး”လုိ႔ ေျပာၾကားခဲ့ပါတယ္။

Photo Credit ; Getty Images

Unicode

ပေါ့ဂ်ဘာအတွက် ရီးရဲလ်ရဲ့ ယူရိုသန်း ၂၀၀ အော်ပရေးရှင်း

ရီးရဲလ်ဟာ ယူနိုက်တက်ကြယ်ပွင့်ပေါ့ဂ်ဘာကို ခေါ်ယူနိုင်ဖို့ ရန်ပုံငွေယူရိုသန်း ၂၀၀ရရှိရေးအတွက် အသင်းရှိနာမည်ကြီးကစားသမား ၅ဦးအထိ ထုတ်ရောင်းဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။ ပြင်သစ်လက်ရွေးစင်ပေါ့ဂ်ဘာဟာ ယခုနွေရာသီအတွင်း ရီးရဲလ်ကို ပြောင်းရွှေ့ဖို့ သတင်းတွေကျယ်ပြန့်စွာထွက်ပေါ်နေသူဖြစ်ပြီး စပိန်သတင်းစာ AS ရဲ့ဖော်ပြချက်အရ ပေါ့ဂ်ဘာကိုကမ်းလှမ်းနိုင်ရေးအတွက် ဂါရတ်ဘေးလ်၊ ဂျိမ်းစ်ရိုဒရီဂွက်ဇ်၊ ဆီဘယ်လော့စ်၊ အစ္စကိုနဲ့ အဆန်စီယိုတို့ကို ထုတ်ရောင်းဖွယ်ရှိနေကြောင်း သိရပါတယ်။
မာကာသတင်းစာကလည်း ရီးရဲလ်အနေနဲ့ ပေါ့ဂ်ဘာကို ကမ်းလှမ်းမှုမပြုလုပ်ခင် အသင်းရှိကစားသမားတချို့ကို မဖြစ်မနေဦးစွာရောင်းထုတ်ရလိမ့်မယ်လို့ ဖော်ပြခဲ့ပြီး ယူနိုက်တက်က ကမ္ဘာ့ဖလားဆုရှင်ပေါ့ဂ်ဘာအတွက် ယူရိုသန်း ၂၀၀(ပေါင်သန်း ၁၈၀)အထိ သတ်မှတ်ထားပါတယ်။ သူတို့ ၅ယောက်ထဲမှာ ဘေးလ်က ထုတ်ရောင်းဖို့ အခက်ဆုံးကစားသမားဖြစ်လာနိုင်ပြီး သူကိုယ်တိုင်က အသင်းမှာ ဆက်ကစားမယ်လို့ဆိုထားသလို သူ့ရဲ့မြင့်မားတဲ့လုပ်ခလစာကလည်း သူ့ကိုခေါ်ယူချင်တဲ့အသင်းတွေအတွက် အဓိကအတားအဆီးဖြစ်နေပါတယ်။
ကိုလံဘီယာအသင်းခေါင်းဆောင် ဂျိမ်းစ်ကိုခေါ်ယူဖို့ အက်သလက်တီကိုနဲ့နာပိုလီတို့က အပြင်းအထန်ကြိုးစားနေသလို စပိန်လူငယ်ကွင်းလယ်လူ ဆီဘယ်လော့စ်ကိုလည်း လန်ဒန်မြောက်ပိုင်းဒါဘီပြိုင်ဘက်တွေဖြစ်တဲ့ စပါးနဲ့အာဆင်နယ်တို့က အပြိုင်လိုက်နေပါတယ်။ စပိန်လက်ရွေးစင်တွေဖြစ်တဲ့ တောင်ပံကစားသမားအဆန်စီယိုနဲ့ ကွင်းလယ်လူအစ္စကိုတို့ကတော့ အနာဂတ်မသေမချာဖြစ်နေပေမယ့် ရာသီသစ် နည်းပြဇီဒန်းရဲ့စီမံကိန်းမှာ ပါဝင်နိုင်မလားဆိုတာလည်း အတိအကျမသိရသေးပါဘူး။
တစ်ချိန်တည်းမှာပဲ အေဂျက်စ်နောက်ခံလူ ဒီလစ်ဂျ်ရဲ့အပြောင်းအရွှေ့အတွက် တူရင်မြို့ကို ရောက်ရှိနေတဲ့ ပေါ့ဂ်ဘာရဲ့အေးဂျင့်ဖြစ်သူ ရိုင်အိုလာက ”ဒီနေ့မှာ ပေါ့ဂ်ဘာက မန်ချက်စတာမှာရှိနေပြီး မနက်ဖြန်အတွက်ဆိုရင်တော့ ကျွန်တော်လည်းမသိပါဘူး။ ကျွန်တော်တို့အနေနဲ့ တစ်နေ့ချင်းစီပဲ လုပ်ဆောင်သွားမှာဖြစ်ပြီး စိုးရိမ်ပူပန်ခြင်းမရှိ၊ အလျင်လိုခြင်းလည်းမရှိပါဘူး”လို့ ပြောကြားခဲ့ပါတယ်။