
မန္ယူအသင္းရဲ႕ ကစားသမားႏွစ္ဦးျဖစ္တဲ႔ ေပါ့ဂ္ဘာနဲ႔ လူကာကူတို႔ဟာ အနာဂတ္မေသခ်ာဘူးဆိုတဲ႔ သတင္းေတြထြက္ေနေပမယ္႔ နည္းျပဆိုးလ္ရွားကေတာ႔ သူတို႔ကိုအသင္းမွာေနာက္တစ္ႏွစ္စီထပ္ေနေစလိုေနတယ္လို႔ သိရပါတယ္။
ကြင္းလယ္လူေပါ့ဂ္ဘာကို ရီးရဲလ္မက္ဒရစ္နဲ႔ ဂ်ဴ ဗင္တပ္တို႔ကအလိုရွိေနၿပီး သူကိုယ္တိုင္ကလည္း မန္ယူကေနထြက္ခြာလိုတယ္လို႔ ၀န္ခံစကားဆိုထားပါတယ္။ ဒါေပမယ္႔လည္း ရီးရဲလ္ေရာ ဂ်ဴ ဗင္တပ္ပါ အသုံးစရိတ္ကန္႔သတ္မႈေတြရွိေနလို႔ ေပါ့ဂ္ဘာကို တကယ္ေခၚပါ့မလားဆိုတာ သံသယျဖစ္စရာရွိေနပါတယ္။

ရီးရဲလ္ဟာ ဟာဇတ္ကိုေပါင္သန္း ၁၅၀ နဲ႔ေခၚယူမႈအပါအ၀င္ ဒီေႏြရာသီမွာေပါင္သန္း ၃၀၀ ေက်ာ္သုံးစြဲၿပီးျဖစ္ပါတယ္။ ဂ်ဴ ဗင္တပ္ဆိုရင္လည္း မႏွစ္တုန္းက စီေရာ္နယ္ဒိုကိုေပါင္ ၉၉ သန္းနဲ႔ေခၚယူထားတဲ႔အျပင္ သူ႔အတြက္တစ္ႏွစ္လစာေပါင္ ၇၅ သန္းေလာက္သုံးစြဲေနရတာေၾကာင့္ ေနာက္ထပ္ေပါင္သန္း ၁၀၀ ေက်ာ္သုံးစြဲဖို႔မျဖစ္ႏိုင္ပါဘူး။

ဒါေၾကာင့္ ေပါ့ဂ္ဘာကို ေနာက္တစ္ႏွစ္ဆက္ေနဖို႔ ဆိုးလ္ရွားကတိုက္တြန္းေနၿပီး လာမယ္႔ေႏြရာသီေရာက္မွ ေပါင္သန္း ၁၂၀ နဲ႔ထြက္ခြာခြင့္ေပးဖို႔ စီစဥ္ထားတာျဖစ္ပါတယ္။ လူကာကူ ကိုလည္း အင္တာမီလန္နဲ႔ ဂ်ဴ ဗင္တပ္တို႔ကစိတ္၀င္စားေနေပမယ္႔ ဘ႑ာေရးအရလိုက္မီႏိုင္ျခင္းမရွိလို႔ သူ႔ကိုလည္းတစ္ႏွစ္ဆက္ေနဖို႔ သီးသန္႔ေခၚယူတိုက္တြန္းေနတယ္လို႔လည္း သိရပါတယ္။

ဒါေပမယ္႔လည္း ေပါ့ဂ္ဘာဟာ ရာသီႀကိဳေလ႔က်င့္ခန္းမွာသူသိပ္အဆင္မေျပေၾကာင္းျပသေနတဲ႔အျပင္ သူ႔ေအးဂ်င့္ ရြိဳင္အိုလာကလည္း မန္ယူကေနေပါ့ဂ္ဘာထြက္ခြာဖို႔ လုပ္ေဆာင္ေနတယ္လို႔ ေျပာထားတာေၾကာင့္ ဘယ္သူ႔ကိုဆက္ထိန္းႏိုင္မလဲဆိုတာ ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။

Unicode
ပေါ့ဂ်ဘာနဲ့ လူကာကူကို အနည်းဆုံး နောက်တစ်နှစ်ထပ်နေစေလိုတဲ့ ဆိုးလ်ရှား
မန်ယူအသင်းရဲ့ ကစားသမားနှစ်ဦးဖြစ်တဲ့ ပေါ့ဂ်ဘာနဲ့ လူကာကူတို့ဟာ အနာဂတ်မသေချာဘူးဆိုတဲ့ သတင်းတွေထွက်နေပေမယ့် နည်းပြဆိုးလ်ရှားကတော့ သူတို့ကိုအသင်းမှာနောက်တစ်နှစ်စီထပ်နေစေလိုနေတယ်လို့ သိရပါတယ်။
ကွင်းလယ်လူပေါ့ဂ်ဘာကို ရီးရဲလ်မက်ဒရစ်နဲ့ ဂျူ ဗင်တပ်တို့ကအလိုရှိနေပြီး သူကိုယ်တိုင်ကလည်း မန်ယူကနေထွက်ခွာလိုတယ်လို့ ဝန်ခံစကားဆိုထားပါတယ်။ ဒါပေမယ့်လည်း ရီးရဲလ်ရော ဂျူ ဗင်တပ်ပါ အသုံးစရိတ်ကန့်သတ်မှုတွေရှိနေလို့ ပေါ့ဂ်ဘာကို တကယ်ခေါ်ပါ့မလားဆိုတာ သံသယဖြစ်စရာရှိနေပါတယ်။
ရီးရဲလ်ဟာ ဟာဇတ်ကိုပေါင်သန်း ၁၅၀ နဲ့ခေါ်ယူမှုအပါအဝင် ဒီနွေရာသီမှာပေါင်သန်း ၃၀၀ ကျော်သုံးစွဲပြီးဖြစ်ပါတယ်။ ဂျူ ဗင်တပ်ဆိုရင်လည်း မနှစ်တုန်းက စီရော်နယ်ဒိုကိုပေါင် ၉၉ သန်းနဲ့ခေါ်ယူထားတဲ့အပြင် သူ့အတွက်တစ်နှစ်လစာပေါင် ၇၅ သန်းလောက်သုံးစွဲနေရတာကြောင့် နောက်ထပ်ပေါင်သန်း ၁၀၀ ကျော်သုံးစွဲဖို့မဖြစ်နိုင်ပါဘူး။
ဒါကြောင့် ပေါ့ဂ်ဘာကို နောက်တစ်နှစ်ဆက်နေဖို့ ဆိုးလ်ရှားကတိုက်တွန်းနေပြီး လာမယ့်နွေရာသီရောက်မှ ပေါင်သန်း ၁၂၀ နဲ့ထွက်ခွာခွင့်ပေးဖို့ စီစဉ်ထားတာဖြစ်ပါတယ်။ လူကာကူ ကိုလည်း အင်တာမီလန်နဲ့ ဂျူ ဗင်တပ်တို့ကစိတ်ဝင်စားနေပေမယ့် ဘဏ္ဍာရေးအရလိုက်မီနိုင်ခြင်းမရှိလို့ သူ့ကိုလည်းတစ်နှစ်ဆက်နေဖို့ သီးသန့်ခေါ်ယူတိုက်တွန်းနေတယ်လို့လည်း သိရပါတယ်။
ဒါပေမယ့်လည်း ပေါ့ဂ်ဘာဟာ ရာသီကြိုလေ့ကျင့်ခန်းမှာသူသိပ်အဆင်မပြေကြောင်းပြသနေတဲ့အပြင် သူ့အေးဂျင့် ရွိုင်အိုလာကလည်း မန်ယူကနေပေါ့ဂ်ဘာထွက်ခွာဖို့ လုပ်ဆောင်နေတယ်လို့ ပြောထားတာကြောင့် ဘယ်သူ့ကိုဆက်ထိန်းနိုင်မလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။