ပေါ့ဂ်ဘာကို ပေါင်သန်း ၃၀ လျှော့ပေးပြီးပေါင်သန်း ၁၅၀ ရရင်ရောင်းချဖို့ မန်ယူဆုံးဖြတ်

Photo- Internet
Photo- Internet

မန်ယူအသင်းဟာ ပြင်သစ်လက်ရွေးစင်ကွင်းလယ်လူ ပေါ့ဂ်ဘာအတွက်အရင်သတ်မှတ်ထားတဲ့ဈေးနူန်းထက်ပေါင်သန်း ၃၀ လျှော့ပေးပြီးလာမယ့်နွေရာသီမှာ ပေါင်သန်း ၁၅၀ ရရင်ရောင်းချဖို့ ဆုံးဖြတ်လိုက်တယ်လို့ သတင်းတစ်ရပ်မှာဖော်ပြသွားပါတယ်။

နည်းပြဆိုးလ်ရှားဟာ ပေါ့ဂ်ဘာကိုတည်ပြီးအသင်းကိုတည်ဆောက်ဖို့ ပြင်ဆင်ထားတဲ့အတွက်ပြီးခဲ့တဲ့နွေရာသီဈေးကွက်ထဲမှာ သူ့အတွက်ကမ်းလှမ်းမှုတွေမှန်သမျှကိုပယ်ချခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမယ့်လက်ရှိမှာ ဘရူနိုဖာနန်ဒက်စ်ကိုခေါ်ယူထားတဲ့အပြင် ပေါ့ဂ်ဘာကလည်း ဒဏ်ရာပြဿ     နာဆက်လက်ကြုံတွေ့နေလို့ ရောင်းချဖို့စီစဉ်လိုက်တာလို့လည်း ဆိုပါတယ်။

Photo- Internet

ဒါကြောင့်လည်း အရင်ကပေါ့ဂ်ဘာကိုရောင်းဖို့ ငြင်းပယ်ထားတဲ့ မန်ယူတာဝန်ရှိသူတွေဟာ ကစားသမားကိုရောင်းချဖို့အချိန်တန်ပြီလို့ ယူဆပြီးအသင်းနဲ့လမ်းခွဲလိုတဲ့ ပေါ့ဂ်ဘာရဲ့ဆန္ဒကိုဖြည့်ဆည်းပေးဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ ပေါ့ဂ်ဘာဟာ ဟာမန်ယူမှာဆက်မနေလိုတော့တဲ့အတွက် အသင်းအပေါ်ဆိုးကျိုးဖြစ်စေမှုကို ရောင်းချခြင်းအားဖြင့် အဆုံးသတ်နိုင်မယ်လို့လည်း တာဝန်ရှိသူတွေကယုံကြည်နေတာပါ။

Photo- Internet

မန်ယူဟာပြီးခဲ့တဲ့နွေရာသီတုန်းက ပေါ့ဂ်ဘာအတွက်ပြောင်းရွှေ့ကြေးကိုပေါင်သန်း ၁၈၀ သတ်မှတ်ခဲ့ပေမယ့်လည်း လက်ရှိမှာတော့ ပေါင်သန်း ၁၅၀ ရရင်ရောင်းဖို့ စီစဉ်ထားပါတယ်။ မန်ယူဟာ ၂၀၁၆ သြဂုတ်လကပေါ့ဂ်ဘာကိုဂျူ ဗင်တပ်ဆီကနေစုစုပေါင်းတန်ကြေးပေါင်သန်း ၁၀၀ နဲ့ဝယ်ယူထားတာဖြစ်ပြီး လက်ရှိမှာတစ်ပတ်လစာပေါင် ၂၉၀၀၀၀ အထိပေးချေနေရတာဖြစ်ပါတယ်။

Photo- Internet

အသက် ၂၆ နှစ်ရှိပြီဖြစ်တဲ့ ပေါ့ဂ်ဘာဟာ မန်ယူနဲ့ ၅ နှစ်စာချုပ်လက်မှတ်ရေးထိုးထားသူဖြစ်ပြီး ဒီရာသီမှာဒဏ်ရာပြဿ     နာတွေကြောင့် အသင်းအတွက် ၈ ပွဲသာကစားရသေးသူဖြစ်ပါတယ်။ သူဟာပြီးခဲ့တဲ့နွေရာသီတုန်းက မန်ယူကနေထွက်ခွာလိုတယ်လို့ လူသိရှင်ကြားပြောကြားထားသူလည်းဖြစ်ပါတယ်။

Photo- Internet

Zawgyi

ေပါ့ဂ္ဘာကို ေပါင္သန္း ၃၀ ေလွ်ာ႔ေပးၿပီးေပါင္သန္း ၁၅၀ ရရင္ေရာင္းခ်ဖို႔ မန္ယူဆုံးျဖတ္

မန္ယူအသင္းဟာ ျပင္သစ္လက္ေရြးစင္ကြင္းလယ္လူ ေပါ့ဂ္ဘာအတြက္အရင္သတ္မွတ္ထားတဲ႔ေစ်းႏူန္းထက္ေပါင္သန္း ၃၀ ေလွ်ာ႔ေပးၿပီးလာမယ္႔ေႏြရာသီမွာ ေပါင္သန္း ၁၅၀ ရရင္ေရာင္းခ်ဖို႔ ဆုံးျဖတ္လိုက္တယ္လို႔ သတင္းတစ္ရပ္မွာေဖာ္ျပသြားပါတယ္။

နည္းျပဆိုးလ္ရွားဟာ ေပါ့ဂ္ဘာကိုတည္ၿပီးအသင္းကိုတည္ေဆာက္ဖို႔ ျပင္ဆင္ထားတဲ႔အတြက္ၿပီးခဲ့တဲ႔ေႏြရာသီေစ်းကြက္ထဲမွာ သူ႔အတြက္ကမ္းလွမ္းမႈေတြမွန္သမွ်ကိုပယ္ခ်ခဲ့ၿပီးျဖစ္ပါတယ္။ ဒါေပမယ္႔လက္ရွိမွာ ဘရူႏိုဖာနန္ဒက္စ္ကိုေခၚယူထားတဲ႔အျပင္ ေပါ့ဂ္ဘာကလည္း ဒဏ္ရာျပႆ     နာဆက္လက္ႀကံဳေတြ႔ေနလို႔ ေရာင္းခ်ဖို႔စီစဥ္လိုက္တာလို႔လည္း ဆိုပါတယ္။

ဒါေၾကာင့္လည္း အရင္ကေပါ့ဂ္ဘာကိုေရာင္းဖို႔ ျငင္းပယ္ထားတဲ႔ မန္ယူတာ၀န္ရွိသူေတြဟာ ကစားသမားကိုေရာင္းခ်ဖို႔အခ်ိန္တန္ၿပီလို႔ ယူဆၿပီးအသင္းနဲ႔လမ္းခြဲလိုတဲ႔ ေပါ့ဂ္ဘာရဲ႕ဆႏၵကိုျဖည့္ဆည္းေပးဖို႔ ဆုံးျဖတ္လိုက္တာျဖစ္ပါတယ္။ ေပါ့ဂ္ဘာဟာ ဟာမန္ယူမွာဆက္မေနလိုေတာ႔တဲ႔အတြက္ အသင္းအေပၚဆိုးက်ဳိးျဖစ္ေစမႈကို ေရာင္းခ်ျခင္းအားျဖင့္ အဆုံးသတ္ႏိုင္မယ္လို႔လည္း တာ၀န္ရွိသူေတြကယုံၾကည္ေနတာပါ။

မန္ယူဟာၿပီးခဲ့တဲ႔ေႏြရာသီတုန္းက ေပါ့ဂ္ဘာအတြက္ေျပာင္းေရႊ႕ေၾကးကိုေပါင္သန္း ၁၈၀ သတ္မွတ္ခဲ့ေပမယ္႔လည္း လက္ရွိမွာေတာ႔ ေပါင္သန္း ၁၅၀ ရရင္ေရာင္းဖို႔ စီစဥ္ထားပါတယ္။ မန္ယူဟာ ၂၀၁၆ ၾသဂုတ္လကေပါ့ဂ္ဘာကိုဂ်ဴ ဗင္တပ္ဆီကေနစုစုေပါင္းတန္ေၾကးေပါင္သန္း ၁၀၀ နဲ႔၀ယ္ယူထားတာျဖစ္ၿပီး လက္ရွိမွာတစ္ပတ္လစာေပါင္ ၂၉၀၀၀၀ အထိေပးေခ်ေနရတာျဖစ္ပါတယ္။

အသက္ ၂၆ ႏွစ္ရွိၿပီျဖစ္တဲ႔ ေပါ့ဂ္ဘာဟာ မန္ယူနဲ႔ ၅ ႏွစ္စာခ်ဳပ္လက္မွတ္ေရးထိုးထားသူျဖစ္ၿပီး ဒီရာသီမွာဒဏ္ရာျပႆ     နာေတြေၾကာင့္ အသင္းအတြက္ ၈ ပြဲသာကစားရေသးသူျဖစ္ပါတယ္။ သူဟာၿပီးခဲ့တဲ႔ေႏြရာသီတုန္းက မန္ယူကေနထြက္ခြာလိုတယ္လို႔ လူသိရွင္ၾကားေျပာၾကားထားသူလည္းျဖစ္ပါတယ္။