ေပါ့ဂ္ဘာကို မန္ယူပရိသတ္ေတြဘာမွမတု႔ံျပန္ၾကဖို႔ ဆိုးလ္ရွားတိုက္တြန္း

ကြင္းလယ္လူ ေပါ့ဂ္ဘာဟာမန္ယူကေနထြက္ဖို႔ စီစဥ္ေနေပမယ္႔လည္း ပရိသတ္ေတြအေနနဲ႔ သူ႔ကိုဘာတု႔ံျပန္မႈမွာမလုပ္ဖို႔ နည္းျပဆိုးလ္ရွားကတိုက္တြန္းလိုက္ပါတယ္။ ေပါ့ဂ္ဘာဟာ မန္ယူကေနထြက္ဖို႔ လူသိရွင္ၾကားေျပာထားတဲ႔အျပင္ သူ႔ေအးဂ်င့္ ရြိဳင္အိုလာကလည္း လက္ရွိအသင္းကေနထြက္ဖုိ႔ စီစဥ္ေနတယ္လို႔ ဆိုထားပါတယ္။

ေပါ့ဂ္ဘာရဲ႕အနာဂတ္မေရမရာျဖစ္ခဲ့တာဟာ အခုဆိုရင္ေႏြရာသီေစ်းကြက္ႏွစ္ခုဆက္တိုက္ရွိေနပါၿပီ။ သူဟာ ၂၀၁၆ ကဂ်ဴ ဗင္တပ္ကေန မန္ယူကိုေပါင္ ၈၉ သန္းနဲ႔ေျပာင္းေရႊ႕လာခဲ့သူျဖစ္ပါတယ္။ မန္ယူတာ၀န္ရွိသူေတြဟာ ေပါ့ဂ္ဘာကိုလက္မလႊတ္ရဖို႔အတြက္ လက္လွမ္းမမီႏိုင္တဲ႔ တန္ေၾကးျဖစ္တဲ႔ ေပါင္သန္း ၁၇၀ အထိေတာင္းဆိုထားလို႔ သူ႔ကိုေခၚယူခ်င္ေနတဲ႔ ရီးရဲလ္မက္ဒရစ္လည္းအခက္ေတြ႔ေနတာပါ။

ဒီျပင္သစ္လက္ေရြးစင္ဟာ အရင္တုန္းကမန္ယူပရိသတ္အခ်ဳိ႕ရဲ႕ေလွာင္ေျပာင္မႈကိုခံခဲ့ရေပမယ္႔ ဒါဟာအနည္းစုသာျဖစ္ၿပီး အမ်ားစုေသာပရိသတ္ကေပါ့ဂ္ဘာကိုဘာမွတု႔ံျပန္မွာမဟုတ္ဖူးလို႔ ဆိုးလ္ရွားကယုံၾကည္ေနပါတယ္။ ဒါ့အျပင္သူက ေပါ့ဂ္ဘာကိုမေလွာင္ေျပာင္ၾကဖို႔လည္းေတာင္းဆိုထားပါတယ္။

ဒါနဲ႔ပတ္သက္လို႔ သတင္းေထာက္ေတြရဲ႕အေမးကို ဆိုးလ္ရွားက”ေပါ့ဂ္ဘာကိုေလွာင္ေျပာင္ၾကမယ္လို႔ မထင္ပါဘူး။ မေလွာင္ဖို႔လည္းက်ြန္ေတာ္တိုက္တြန္းပါတယ္။ ေပါ့ဂ္ဘာဟာအသင္းကိုဘာေတြေပးဆပ္ခဲ့သလဲဆိုတာနဲ႔ ဘယ္လိုေတြေပးဆပ္ႏိုင္စြမ္းရွိသလဲဆိုတာကို ပရိသတ္ေတြသိၾကမယ္လို႔ ထင္ပါတယ္။

သူ႔ကိုေလွာင္တဲ႔ ဆူညံသံေတြေတာ႔ၾကားခဲ့ရတာေပါ့ဗ်ာ။ ဒါေပမယ္႔ ဒါေတြကလည္းအနည္းစုပါဘဲ။ ေပါ့ဂ္ဘာဟာ တစ္ဦးခ်င္းမွာထိပ္တန္းအဆင့္ရွိတဲ႔သူျဖစ္ပါတယ္။ သူရွိေနျခင္းဟာ က်ြန္ေတာ္တို႔အတြက္ဘယ္တုန္းကမွျပႆ     နာမဟုတ္ခဲ့ပါဘူး” လို႔ေျပာသြားပါတယ္။

Unicode

ပေါ့ဂ်ဘာကို မန်ယူပရိသတ်တွေဘာမှမတုံ့ပြန်ကြဖို့ ဆိုးလ်ရှားတိုက်တွန်း
ကွင်းလယ်လူ ပေါ့ဂ်ဘာဟာမန်ယူကနေထွက်ဖို့ စီစဉ်နေပေမယ့်လည်း ပရိသတ်တွေအနေနဲ့ သူ့ကိုဘာတုံ့ပြန်မှုမှာမလုပ်ဖို့ နည်းပြဆိုးလ်ရှားကတိုက်တွန်းလိုက်ပါတယ်။ ပေါ့ဂ်ဘာဟာ မန်ယူကနေထွက်ဖို့ လူသိရှင်ကြားပြောထားတဲ့အပြင် သူ့အေးဂျင့် ရွိုင်အိုလာကလည်း လက်ရှိအသင်းကနေထွက်ဖို့ စီစဉ်နေတယ်လို့ ဆိုထားပါတယ်။

ပေါ့ဂ်ဘာရဲ့အနာဂတ်မရေမရာဖြစ်ခဲ့တာဟာ အခုဆိုရင်နွေရာသီဈေးကွက်နှစ်ခုဆက်တိုက်ရှိနေပါပြီ။ သူဟာ ၂၀၁၆ ကဂျူ ဗင်တပ်ကနေ မန်ယူကိုပေါင် ၈၉ သန်းနဲ့ပြောင်းရွှေ့လာခဲ့သူဖြစ်ပါတယ်။ မန်ယူတာဝန်ရှိသူတွေဟာ ပေါ့ဂ်ဘာကိုလက်မလွှတ်ရဖို့အတွက် လက်လှမ်းမမီနိုင်တဲ့ တန်ကြေးဖြစ်တဲ့ ပေါင်သန်း ၁၇၀ အထိတောင်းဆိုထားလို့ သူ့ကိုခေါ်ယူချင်နေတဲ့ ရီးရဲလ်မက်ဒရစ်လည်းအခက်တွေ့နေတာပါ။

ဒီပြင်သစ်လက်ရွေးစင်ဟာ အရင်တုန်းကမန်ယူပရိသတ်အချို့ရဲ့လှောင်ပြောင်မှုကိုခံခဲ့ရပေမယ့် ဒါဟာအနည်းစုသာဖြစ်ပြီး အများစုသောပရိသတ်ကပေါ့ဂ်ဘာကိုဘာမှတုံ့ပြန်မှာမဟုတ်ဖူးလို့ ဆိုးလ်ရှားကယုံကြည်နေပါတယ်။ ဒါ့အပြင်သူက ပေါ့ဂ်ဘာကိုမလှောင်ပြောင်ကြဖို့လည်းတောင်းဆိုထားပါတယ်။

ဒါနဲ့ပတ်သက်လို့ သတင်းထောက်တွေရဲ့အမေးကို ဆိုးလ်ရှားက”ပေါ့ဂ်ဘာကိုလှောင်ပြောင်ကြမယ်လို့ မထင်ပါဘူး။ မလှောင်ဖို့လည်းကျွန်တော်တိုက်တွန်းပါတယ်။ ပေါ့ဂ်ဘာဟာအသင်းကိုဘာတွေပေးဆပ်ခဲ့သလဲဆိုတာနဲ့ ဘယ်လိုတွေပေးဆပ်နိုင်စွမ်းရှိသလဲဆိုတာကို ပရိသတ်တွေသိကြမယ်လို့ ထင်ပါတယ်။

သူ့ကိုလှောင်တဲ့ ဆူညံသံတွေတော့ကြားခဲ့ရတာပေါ့ဗျာ။ ဒါပေမယ့် ဒါတွေကလည်းအနည်းစုပါဘဲ။ ပေါ့ဂ်ဘာဟာ တစ်ဦးချင်းမှာထိပ်တန်းအဆင့်ရှိတဲ့သူဖြစ်ပါတယ်။ သူရှိနေခြင်းဟာ ကျွန်တော်တို့အတွက်ဘယ်တုန်းကမှပြဿ     နာမဟုတ်ခဲ့ပါဘူး” လို့ပြောသွားပါတယ်။