ေပါ့ဂ္ဘာကို ကစားသမား ၃ေယာက္နဲ႔ကမ္းလွမ္းဖုိ႔ ဂ်ဴဗင္တပ္စ္ အသင့္ရွိ

Photo Credit

 

Photo Credit ; PA

အီတလီမီဒီယာေတြရဲ႕ေဖာ္ျပခ်က္အရ ယူႏုိက္တက္ကြင္းလယ္လူ ေပါ့ဂ္ဘာရဲ႕အေျပာင္းအေရႊ႕သတင္းေတြက မၿပီးဆုံးေသးဘဲ အခုလည္း ဂ်ဴဗင္တပ္စ္အသင္းက အဆုိပါျပင္သစ္လက္ေရြးစင္ကို ျပန္ေခၚဖုိ႔အတြက္ အသင္းရွိကစားသမား ၃ဦးကို အလဲအထပ္ျပဳလုပ္ကမ္းလွမ္းဖို႔ အသင့္ရွိေနေၾကာင္း သိရပါတယ္။ ေပါ့ဂ္ဘာဟာ ယခုေႏြရာသီအတြင္း အသင္းေျပာင္းေရႊ႕ဖြယ္ရွိတယ္လုိ႔ သတင္းေတြ က်ယ္ျပန္႔စြာထြက္ေပၚေနသူျဖစ္ၿပီး ရီးရဲလ္အျပင္ အသင္းေဟာင္းဂ်ဴဗင္တပ္စ္ကလည္း သူ႕ကို ျပန္လည္ေခၚယူဖုိ႔ လက္မေလွ်ာ့ေသးေၾကာင္း သိရပါတယ္။

 

Photo Credit ; PA

Corriere dello Sport သတင္းစာရဲ႕ေဖာ္ျပခ်က္အရ နည္းျပဆာရီရဲ႕ဂ်ဴဗင္တပ္စ္အသင္းက အသက္ ၂၆ႏွစ္အရြယ္ရွိ ေပါ့ဂ္ဘာအတြက္ ကြင္းလယ္လူ မာတူဒီ၊ ေတာင္ပံကစားသမား ေဒါက္ဂလပ္စ္ေကာ္စတာနဲ႔ ညာေနာက္ခံလူ ကန္ဆယ္လုိတုိ႔ကို အလဲအထပ္ျပဳလုပ္ဖို႔ ကမ္းလွမ္းခဲ့ေၾကာင္း သိရပါတယ္။ ယူႏုိက္တက္က လက္ရွိအခ်ိန္မွာ ေပါ့ဂ္ဘာရဲ႕ေျပာင္းေရႊ႕ေၾကးကို ေပါင္သန္း ၁၆၀ သတ္မွတ္ထားေပမယ့္ ဂ်ဴဗင္တပ္စ္အသင္း ကမ္းလွမ္းမယ့္ကစားသမား ၃ေယာက္က နာမည္ႀကီးေတြျဖစ္လုိ႔ အေျပာင္းအေရႊ႕ျဖစ္ေပၚလာႏိုင္မလားဆိုတာ စိတ္၀င္စားစရာေကာင္းေနပါတယ္။

Photo Credit ; Getty Images

ဂ်ဴဗင္တပ္စ္အသင္းဟာ ၿပီးခဲ့တဲ့ရက္ပိုင္းက ဒီလစ္ဂ်္ကို ေခၚယူထားၿပီး ဒီလစ္ဂ်္ရဲ႕ေအးဂ်င့္ျဖစ္သူ ႐ုိင္အုိလာက ေပ့ါဂ္ဘာရဲ႕ေအးဂ်င့္လည္းျဖစ္ပါတယ္။ ေပါ့ဂ္ဘာနဲ႔ ႐ိုင္အိုလာတုိ႔က ဒီေႏြရာသီမွာ ယူႏုိက္တက္ကေန ေပ့ါဂ္ဘာထြက္ခြာဖို႔ ႀကိဳးစားေနတာျဖစ္ၿပီး ေပါ့ဂ္ဘာကလည္း စိန္ေခၚမႈအသစ္နဲ႔ ရင္ဆုိင္လုိတယ္လုိ႔ ယခုေႏြရာသီအေစာပိုင္းက လူသိရွင္ၾကားဖြင့္ဟထားပါတယ္။

 

Photo Credit ; Getty Images

Unicode

ပေါ့ဂ်ဘာကို ကစားသမား ၃ယောက်နဲ့ကမ်းလှမ်းဖို့ ဂျူဗင်တပ်စ် အသင့်ရှိ

အီတလီမီဒီယာတွေရဲ့ဖော်ပြချက်အရ ယူနိုက်တက်ကွင်းလယ်လူ ပေါ့ဂ်ဘာရဲ့အပြောင်းအရွှေ့သတင်းတွေက မပြီးဆုံးသေးဘဲ အခုလည်း ဂျူဗင်တပ်စ်အသင်းက အဆိုပါပြင်သစ်လက်ရွေးစင်ကို ပြန်ခေါ်ဖို့အတွက် အသင်းရှိကစားသမား ၃ဦးကို အလဲအထပ်ပြုလုပ်ကမ်းလှမ်းဖို့ အသင့်ရှိနေကြောင်း သိရပါတယ်။ ပေါ့ဂ်ဘာဟာ ယခုနွေရာသီအတွင်း အသင်းပြောင်းရွှေ့ဖွယ်ရှိတယ်လို့ သတင်းတွေ ကျယ်ပြန့်စွာထွက်ပေါ်နေသူဖြစ်ပြီး ရီးရဲလ်အပြင် အသင်းဟောင်းဂျူဗင်တပ်စ်ကလည်း သူ့ကို ပြန်လည်ခေါ်ယူဖို့ လက်မလျှော့သေးကြောင်း သိရပါတယ်။
Corriere dello Sport သတင်းစာရဲ့ဖော်ပြချက်အရ နည်းပြဆာရီရဲ့ဂျူဗင်တပ်စ်အသင်းက အသက် ၂၆နှစ်အရွယ်ရှိ ပေါ့ဂ်ဘာအတွက် ကွင်းလယ်လူ မာတူဒီ၊ တောင်ပံကစားသမား ဒေါက်ဂလပ်စ်ကော်စတာနဲ့ ညာနောက်ခံလူ ကန်ဆယ်လိုတို့ကို အလဲအထပ်ပြုလုပ်ဖို့ ကမ်းလှမ်းခဲ့ကြောင်း သိရပါတယ်။ ယူနိုက်တက်က လက်ရှိအချိန်မှာ ပေါ့ဂ်ဘာရဲ့ပြောင်းရွှေ့ကြေးကို ပေါင်သန်း ၁၆၀ သတ်မှတ်ထားပေမယ့် ဂျူဗင်တပ်စ်အသင်း ကမ်းလှမ်းမယ့်ကစားသမား ၃ယောက်က နာမည်ကြီးတွေဖြစ်လို့ အပြောင်းအရွှေ့ဖြစ်ပေါ်လာနိုင်မလားဆိုတာ စိတ်ဝင်စားစရာကောင်းနေပါတယ်။
ဂျူဗင်တပ်စ်အသင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ဒီလစ်ဂျ်ကို ခေါ်ယူထားပြီး ဒီလစ်ဂျ်ရဲ့အေးဂျင့်ဖြစ်သူ ရိုင်အိုလာက ပေ့ါဂ်ဘာရဲ့အေးဂျင့်လည်းဖြစ်ပါတယ်။ ပေါ့ဂ်ဘာနဲ့ ရိုင်အိုလာတို့က ဒီနွေရာသီမှာ ယူနိုက်တက်ကနေ ပေ့ါဂ်ဘာထွက်ခွာဖို့ ကြိုးစားနေတာဖြစ်ပြီး ပေါ့ဂ်ဘာကလည်း စိန်ခေါ်မှုအသစ်နဲ့ ရင်ဆိုင်လိုတယ်လို့ ယခုနွေရာသီအစောပိုင်းက လူသိရှင်ကြားဖွင့်ဟထားပါတယ်။