ေနာက္ဆုံး ၉ ရာသီမွာ စီေရာ္နယ္ဒုိထက္ Man of the Match အႀကိမ္ရာေက်ာ္ပိုမ်ားတဲ့မက္ဆီ

မက္ဆီနဲ႔ စီေရာ္နယ္ဒို ဘယ္သူပိုေကာင္းတယ္ဆိုတာနဲ႔ ပတ္သက္လို႔ အဖက္ဖက္ကေန ကိန္းဂဏန္းအခ်က္အလက္နဲ႔ ေဖာ္ျပေနၾကတဲ့ သတင္းေတြက တစ္ေန႔နဲ႔တစ္ေန႔ မရိုးလွပါဘူး။ အခုေနာက္ဆုံးတစ္ခုကိုေတာ့ Sportbible ဆုိတဲ့ အားကစား၀က္ဘ္ဆိုဒ္က ေဖာ္ျပလာတာပါ။ သူတုိ႔ရဲ႕ေဖာ္ျပခ်က္အရ ဘာစီလိုနာတုိက္စစ္မႈးမက္ဆီဟာ ၂၀၁၀-၁၁ ရာသီကတည္းက တစ္ပြဲခ်င္းအေကာင္းဆုံးကစားသမားဆု (Man of the Match)ေပါင္း ၂၂၅ ႀကိမ္ေတာင္ရရွိခဲ့တယ္လို႔ သိရပါတယ္။ ပိုၿပီးအံ့ၾသစရာေကာင္းတာက အဲဒီေနရာမွာ မက္ဆီဟာ သူ႔ရဲ႕ခါးသီးၿပိဳင္ဘက္ျဖစ္တဲ့ စီေရာ္နယ္ဒိုထက္ေအာင္ အႀကိမ္ ၁၀၀ ေက်ာ္ပိုမ်ားေနတာပါ။

photo-gettyimages

အဲဒီေနာက္ဆုံး ၉ ရာသီမွာ စီေရာ္နယ္ဒိုကေတာ့ တစ္ပြဲခ်င္းအေကာင္းဆုံးကစားသမားဆု (Man of the Match) ၁၂၅ ႀကိမ္သာရရွိခဲ့ပါတယ္။ ဒါေပမဲ့ စီေရာ္နယ္ဒိုဟာ အဲဒီကာလအတြင္းမွာ မက္ဆီၿပီးရင္ Man of the Match အႀကိမ္အမ်ားဆုံးရခဲ့သူျဖစ္ၿပီး သူ႔ရဲ႕ေအာက္ တတိယေနရာမွာ ရွိေနသူကေတာ့ ရီးရဲလ္မက္ဒရစ္ၾကယ္ပြင့္သစ္အီဒင္ဟာဇတ္ျဖစ္ပါတယ္။ ဟာဇတ္ကေတာ့ သူ႔ရဲ႕တဖိတ္ဖိတ္ေတာက္ခဲ့တဲ့ ပရီးမီးယားလိဂ္ကစားသမားဘ၀မွာ Man of the Match ၉၃ ႀကိမ္ရရွိခဲ့ပါတယ္။ အီဘရာဟီဗုိဗစ္၊ေနမာနဲ႔ဆြာရက္ဇ္တို႔ဟာလည္း အဲဒီေနရာမွာ ထိပ္ဆုံး ၅ ဦးစာရင္း၀င္ခဲ့ၾကပါတယ္။ မုိဗစ္က ၈၉ ႀကိမ္ျဖစ္ၿပီး ေနမာနဲ႔ဆြာရက္ဇ္တို႔ကေတာ့ ၆၅ ႀကိမ္စီပါ။

photo-gettyimages

လက္ရွိမွာလည္း ဂုဏ္သိကၡာႀကီးျမင့္တဲ့ ကမာၻ႔အေကာင္းဆုံးကစားသမားဆုျဖစ္တဲ့ Ballond’Or ဆုအတြက္ ေရပန္းစားမႈမွာ မက္ဆီဟာ ထိပ္ဆုံးနားရွိေနတာပါ။ ဂိုး ၅၀ ေက်ာ္သြင္းခဲ့တဲ့ ရာသီတစ္ခုကိုျဖတ္သန္းခဲ့ေပမယ့္ ခ်န္ပီယံလိဂ္၊စပိန္ဘုရင့္ဖလားနဲ႔ကိုပါအေမရိကတို႔မွာ ဗိုလ္စြဲႏိုင္ျခင္းမရွိလို႔သာ မက္ဆီဟာ ေရပန္းစားမႈမွာ လီဗာပူးေနာက္ခံလူဗန္ဒစ္ဂ်္ကို အနည္းငယ္မမီျဖစ္ေနတာပါ။ စီေရာ္နယ္ဒိုကေတာ့ ဒီႏွစ္ထဲမွာ ကလပ္၊ႏိုင္ငံတို႔နဲ႔ ဖလား ၃ လုံးရခဲ့ေပမယ့္ Ballond’Or ဆုအတြက္ ေရပန္းစားမႈမွာေတာ့ သိပ္ထင္ထားခံရျခင္းမရွိပါဘူး။

[Unicode]

မက်ဆီနဲ့ စီရော်နယ်ဒို ဘယ်သူပိုကောင်းတယ်ဆိုတာနဲ့ ပတ်သက်လို့ အဖက်ဖက်ကနေ ကိန်းဂဏန်းအချက်အလက်နဲ့ ဖော်ပြနေကြတဲ့ သတင်းတွေက တစ်နေ့နဲ့တစ်နေ့ မရိုးလှပါဘူး။ အခုနောက်ဆုံးတစ်ခုကိုတော့ Sportbible ဆိုတဲ့ အားကစားဝက်ဘ်ဆိုဒ်က ဖော်ပြလာတာပါ။ သူတို့ရဲ့ဖော်ပြချက်အရ ဘာစီလိုနာတိုက်စစ်မှုးမက်ဆီဟာ ၂၀၁၀-၁၁ ရာသီကတည်းက တစ်ပွဲချင်းအကောင်းဆုံးကစားသမားဆု (Man of the Match)ပေါင်း ၂၂၅ ကြိမ်တောင်ရရှိခဲ့တယ်လို့ သိရပါတယ်။ ပိုပြီးအံ့သြစရာကောင်းတာက အဲဒီနေရာမှာ မက်ဆီဟာ သူ့ရဲ့ခါးသီးပြိုင်ဘက်ဖြစ်တဲ့ စီရော်နယ်ဒိုထက်အောင် အကြိမ် ၁၀၀ ကျော်ပိုများနေတာပါ။

အဲဒီနောက်ဆုံး ၉ ရာသီမှာ စီရော်နယ်ဒိုကတော့ တစ်ပွဲချင်းအကောင်းဆုံးကစားသမားဆု (Man of the Match) ၁၂၅ ကြိမ်သာရရှိခဲ့ပါတယ်။ ဒါပေမဲ့ စီရော်နယ်ဒိုဟာ အဲဒီကာလအတွင်းမှာ မက်ဆီပြီးရင် Man of the Match အကြိမ်အများဆုံးရခဲ့သူဖြစ်ပြီး ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်သစ်အီဒင်ဟာဇတ်ဖြစ်ပါတယ်။ ဟာဇတ်ကတော့ သူ့ရဲ့တဖိတ်ဖိတ်တောက်ခဲ့တဲ့ ပရီးမီးယားလိဂ်ကစားသမားဘဝမှာ Man of the Match ၉၃ ကြိမ်ရရှိခဲ့ပါတယ်။ အီဘရာဟီဗိုဗစ်၊နေမာနဲ့ဆွာရက်ဇ်တို့ဟာလည်း အဲဒီနေရာမှာ ထိပ်ဆုံး ၅ ဦးစာရင်းဝင်ခဲ့ကြပါတယ်။ မိုဗစ်က ၈၉ ကြိမ်ဖြစ်ပြီး နေမာနဲ့ဆွာရက်ဇ်တို့ကတော့ ၆၅ ကြိမ်စီပါ။

လက်ရှိမှာလည်း ဂုဏ်သိက္ခာကြီးမြင့်တဲ့ ကမ္ဘာ့အကောင်းဆုံးကစားသမားဆုဖြစ်တဲ့ Ballond’Or ဆုအတွက် ရေပန်းစားမှုမှာ မက်ဆီဟာ ထိပ်ဆုံးနားရှိနေတာပါ။ ဂိုး ၅၀ ကျော်သွင်းခဲ့တဲ့ ရာသီတစ်ခုကိုဖြတ်သန်းခဲ့ပေမယ့် ချန်ပီယံလိဂ်၊စပိန်ဘုရင့်ဖလားနဲ့ကိုပါအမေရိကတို့မှာ ဗိုလ်စွဲနိုင်ခြင်းမရှိလို့သာ မက်ဆီဟာ ရေပန်းစားမှုမှာ လီဗာပူးနောက်ခံလူဗန်ဒစ်ဂျ်ကို အနည်းငယ်မမီဖြစ်နေတာပါ။ စီရော်နယ်ဒိုကတော့ ဒီနှစ်ထဲမှာ ကလပ်၊နိုင်ငံတို့နဲ့ ဖလား ၃ လုံးရခဲ့ပေမယ့် Ballond’Or ဆုအတွက် ရေပန်းစားမှုမှာတော့ သိပ်ထင်ထားခံရခြင်းမရှိပါဘူး။