နောက်ဆုံးတော့ open play ကနေ အာဆင်နယ်အတွက် ပီပီဂိုးသွင်းနိုင်ခဲ့ပြီ

photo-sportbible

photo-gettyimages

အားလုံးသိကြတဲ့အတိုင်း နီကိုလက်စ်ပီပီရဲ့အာဆင်နယ်ကစားသမားဘဝဟာ တာထွက်မကောင်းခဲ့ပါဘူး။ သူဟာ အသင်းသစ်မှာ ဂိုးပေါက်ပျောက်နေတာလည်း အတော်ကြာနေပါပြီ။ အရင်က အာဆင်နယ်အတွက် ဂိုးသွင်းပေးခဲ့ဖူးပေမယ့် တည်ကန်ဘောတွေဖြစ်တဲ့ ဖရီးကစ်နဲ့ပင်နယ်တီတို့ကနေပါ။ ဒါကြောင့်လည်း ပေးရတဲ့ဈေးနဲ့မထိုက်တန်ဘူးဆိုပြီး အတော်လေးကို ဝေဖန်ခံခဲ့ရပါတယ်။

photo-gettyimages

ဒါပေမဲ့ ပြီးခဲ့တဲ့တနင်္လာည ဝက်စ်ဟမ်းနဲ့လန်ဒန်ဒါဘီပွဲစဉ်မှာတော့ အဲဒီအိုင်ဗရီကို့စ်တောင်ပံတိုက်စစ်ကစားသမားဟာ အာဆင်နယ်အတွက် သူ့ရဲ့ကာလရှည်ဂိုးပေါက်ပျောက်နေမှုကို အဆုံးသတ်နိုင်ခဲ့သလို အာဆင်နယ်အတွက် open play ကနေလည်း ပထမဆုံးဂိုးသွင်းနိုင်ခဲ့ပါတယ်။ အူဘာမီယန်ပေးတဲ့ဘောလုံးကို ပြိုင်ဘက်ပင်နယ်တီဧရိယာထဲမှာ လက်ခံရယူပြီး တစ်ချက်ခေါက်ကာ သူအားသန်တဲ့ဘယ်ခြေနဲ့ လှလှပပဝေ့ဝိုက်ကန်သွင်းခဲ့တာပါ။ ၁-၁ ဖြစ်နေချိန် အာဆင်နယ်အတွက် ပြန်လည်ဦးဆောင်နိုင်စေမယ့် ဒုတိယဂိုးကို သွင်းပေးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

photo-whoscored

ပီပီဟာ ဝက်စ်ဟမ်းနဲ့ပွဲမတိုင်ခင် အရင်က အာဆင်နယ်အတွက် ဂိုးသွင်းပေးခဲ့ဖူးပေမယ့် တည်ကန်ဘောတွေကချည်း ဖြစ်ပြီး ရာသီအစောပိုင်း အက်စ်တွန်ဗီလာနဲ့ပွဲက ပင်နယ်တီဂိုးနဲ့ ဂွီမာရေးစ်နဲ့ ယူရိုပါလိဂ်ပွဲက ဖရီးကစ် ၂ ဂိုးတို့ဖြစ်ပါတယ်။ မနေ့ည ဝက်စ်ဟမ်းနဲ့ပွဲမှာတော့ ပီပီဟာ သွင်းဂိုးတစ်ဂိုးနဲ့အတူ လိမ်ခေါက်နိုင်မှုအများဆုံးလည်း လုပ်နိုင်ခဲ့ကာ အဲဒီပွဲရဲ့Man of the Match ဆုကိုလည်း ရခဲ့ပါတယ်။

[Zawgyi]

ေနာက္ဆုံးေတာ့ open play ကေန အာဆင္နယ္အတြက္ ပီပီဂိုးသြင္းႏိုင္ခဲ့ၿပီ

အားလုံးသိၾကတဲ့အတိုင္း နီကိုလက္စ္ပီပီရဲ႕အာဆင္နယ္ကစားသမားဘ၀ဟာ တာထြက္မေကာင္းခဲ့ပါဘူး။ သူဟာ အသင္းသစ္မွာ ဂိုးေပါက္ေပ်ာက္ေနတာလည္း အေတာ္ၾကာေနပါၿပီ။ အရင္က အာဆင္နယ္အတြက္ ဂိုးသြင္းေပးခဲ့ဖူးေပမယ့္ တည္ကန္ေဘာေတြျဖစ္တဲ့ ဖရီးကစ္နဲ႔ပင္နယ္တီတို႔ကေနပါ။ ဒါေၾကာင့္လည္း ေပးရတဲ့ေစ်းနဲ႔မထိုက္တန္ဘူးဆုိၿပီး အေတာ္ေလးကို ေ၀ဖန္ခံခဲ့ရပါတယ္။

ဒါေပမဲ့ ၿပီးခဲ့တဲ့တနလၤာည ၀က္စ္ဟမ္းနဲ႔လန္ဒန္ဒါဘီပြဲစဥ္မွာေတာ့ အဲဒီအုိင္ဗရီကို႔စ္ေတာင္ပံတိုက္စစ္ကစားသမားဟာ အာဆင္နယ္အတြက္ သူ႔ရဲ႕ကာလရွည္ဂိုးေပါက္ေပ်ာက္ေနမႈကို အဆုံးသတ္ႏိုင္ခဲ့သလုိ အာဆင္နယ္အတြက္ open play ကေနလည္း ပထမဆုံးဂိုးသြင္းႏိုင္ခဲ့ပါတယ္။ အူဘာမီယန္ေပးတဲ့ေဘာလုံးကို ၿပိဳင္ဘက္ပင္နယ္တီဧရိယာထဲမွာ လက္ခံရယူၿပီး တစ္ခ်က္ေခါက္ကာ သူအားသန္တဲ့ဘယ္ေျခနဲ႔ လွလွပပေ၀့၀ိုက္ကန္သြင္းခဲ့တာပါ။ ၁-၁ ျဖစ္ေနခ်ိန္္ အာဆင္နယ္အတြက္ ျပန္လည္ဦးေဆာင္ႏိုင္ေစမယ့္ ဒုတိယဂိုးကို သြင္းေပးႏိုင္ခဲ့တာလည္း ျဖစ္ပါတယ္။

ပီပီဟာ ၀က္စ္ဟမ္းနဲ႔ပြဲမတိုင္ခင္ အရင္က အာဆင္နယ္အတြက္ ဂိုးသြင္းေပးခဲ့ဖူးေပမယ့္ တည္ကန္ေဘာေတြကခ်ည္း ျဖစ္ၿပီး ရာသီအေစာပိုင္း အက္စ္တြန္ဗီလာနဲ႔ပြဲက ပင္နယ္တီဂိုးနဲ႔ ဂြီမာေရးစ္နဲ႔ ယူရိုပါလိဂ္ပြဲက ဖရီးကစ္ ၂ ဂိုးတို႔ျဖစ္ပါတယ္။ မေန႔ည ၀က္စ္ဟမ္းနဲ႔ပြဲမွာေတာ့ ပီပီဟာ သြင္းဂိုးတစ္ဂိုးနဲ႔အတူ လိမ္ေခါက္ႏိုင္မႈအမ်ားဆုံးလည္း လုပ္ႏိုင္ခဲ့ကာ အဲဒီပြဲရဲ႕Man of the Match ဆုကိုလည္း ရခဲ့ပါတယ္။