ေနာက္ဆုံးေတာ့ လုိင္လီေတာင္ပံကစားသမားပီပီကို ေပါင္ ၇၂သန္းနဲ႔ အာဆင္နယ္ေခၚယူႏိုင္ခဲ့ၿပီ

Photo Credit

Photo Credit ; Getty Images

အာဆင္နယ္အသင္းဟာ ေနာက္ဆုံးမွာေတာ့ လိုင္လီအသင္းေတာင္ပံကစားသမား နီကိုလပ္စ္ပီပီကို ကလပ္စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကး ေပါင္ ၇၂သန္းနဲ႔ ေခၚယူႏုိင္ခဲ့ၿပီျဖစ္ၿပီး သူ႕ကို ၅ႏွစ္စာခ်ဳပ္ခ်ဳပ္ဆုိခ့ဲပါတယ္။ အာဆင္နယ္အသင္းဟာ သူတုိ႔ရဲ႕အေျပာင္းအေရႊ႕ဘက္ဂ်က္အရ လိုင္လီအသင္းကုိ ေပါင္သန္း ၂၀ ခ်က္ခ်င္းေပးေခ်ရမွာျဖစ္ၿပီး က်န္ ေပါင္ ၅၂သန္းကိုေတာ့ ၅ႏွစ္အတြင္း အရစ္က်ေပးေခ်ရမွာျဖစ္ပါတယ္။

Photo Credit ; Getty Images

အသက္ ၂၄ႏွစ္အရြယ္ရွိ အုိင္ဗရီကို႔စ္လက္ေရြးစင္ ပီပီဟာ ၿပီးခဲ့တဲ့ရာသီက လုိင္လီအသင္းအတြက္ ၿပိဳင္ပြဲစုံ ၄၁ပြဲမွာ ၂၃ဂုိးသြင္းယူႏိုင္ခဲ့ၿပီးေနာက္ အာဆင္နယ္အသင္းရဲ႕ယခုေႏြရာသီ အဓိကပစ္မွတ္ျဖစ္လာခ့ဲတာျဖစ္ၿပီး လိဂ္မွာ ၂၂ဂိုးအထိသြင္းယူႏိုင္ခဲ့တာေၾကာင့္ ပီအက္စ္ဂ်ီအသင္းတုိက္စစ္မွဴး ဘာေပၿပီးေနာက္ လီဂူး-၁ရဲ႕ဒုတိယဂိုးသြင္းအမ်ားဆုံးကစားသမားျဖစ္ခဲ့ပါတယ္။ အာဆင္နယ္အသင္းမွာ ေက်ာနံပါတ္ ၁၉အက်ႌ၀တ္ဆင္ကစားမယ့္ ပီပီက ”ကၽြန္ေတာ့္အတြက္ လြယ္ကူတဲ့ခဲ့တာမဟုတ္လုိ႔ ဒီကိုေရာက္လာတာ အရမ္းကိုစိတ္လႈပ္ရွားရပါတယ္”

Photo Credit ; Getty Images

”ကၽြန္ေတာ္ဟာ အေ၀းႀကီးကေန လာခဲ့ရတာျဖစ္ၿပီး ႐ုန္းကန္ခဲ့ရတာေတြလည္း အမ်ားႀကီးပါ။ ဒီေတာ့ အခုလိုႀကီးက်ယ္တဲ့အသင္းရဲ႕အစိတ္အပိုင္းတစ္ရပ္ျဖစ္ခြင့္ရရွိတာက ကၽြန္ေတာ့္အတြက္ ႀကီးမားတဲ့ျပန္ရမႈပါ။ အာဆင္နယ္က ကၽြန္ေတာ့္အတြက္ မွန္ကန္တဲ့ေရြးခ်ယ္မႈျဖစ္လိမ့္မယ္လုိ႔ ယုံၾကည္ပါတယ္”လုိ႔ ေျပာၾကားခဲ့ပါတယ္။ အာဆင္နယ္အသင္းနည္းျပအမ္မရီကလည္း ”ပီပီဟာ အရည္အေသြးအျပည့္ရွိသူျဖစ္ၿပီး ဥေရာပထိပ္တန္အသင္းအမ်ားစုရဲ႕ပစ္မွတ္ျဖစ္ခဲ့ပါတယ္။ အရည္အေသြးျမင့္ ကမၻာ့အဆင့္မီေတာင္ပံကစားသမားတစ္ဦးေခၚယူႏိုင္ေရးက ဒီေႏြရာသီ ကၽြန္ေတာ္တု႔ိရဲ႕အဓိကပစ္မွတ္ျဖစ္ခဲ့ၿပီး သူ႕ကို ေခၚယူႏိုင္လုိ႔ ေပ်ာ္ရႊင္မိပါတယ္”လုိ႔ ေျပာပါတယ္။

Photo Credit ; Getty Images

ပီပီဟာ ေနာက္ထပ္အာဖရိကသားတစ္ေယာက္ျဖစ္တဲ့ တုိက္စစ္မွဴး အူဘာမီယန္းရဲ႕စံခ်ိန္ကို ေက်ာ္ျဖတ္ႏိုင္ခဲ့တာျဖစ္ၿပီး အာဆင္နယ္အသင္းဟာ ၂၀၁၈ ဇန္န၀ါရီလက ေဒါ့မြန္အသင္းကေန အူဘာမီယန္းကို ေပါင္ ၅၆သန္းနဲ႔ ေခၚယူခဲ့စဥ္က ကလပ္စံခ်ိန္တင္ျဖစ္ခဲ့ပါတယ္။ အမ္မရီအေနနဲ႔ ပီပီကို ေခၚယူႏုိင္ခဲ့ၿပီးေနာက္ ခံစစ္ပိုင္းေတာင့္တင္းဖုိ႔အတြက္ အာ႐ုံအျပည့္စုိက္ႏိုင္ေတာ့မွာျဖစ္ၿပီး ဆဲလ္တစ္ဘယ္ေနာက္ခံလူ တီယာေနးကို ေပါင္ ၂၅သန္းနဲ႔ေခၚယူႏိုင္ဖုိ႔ နီးစပ္ေနပါတယ္။

Photo Credit ; Getty Images

Unicode

နောက်ဆုံးတော့ လိုင်လီတောင်ပံကစားသမားပီပီကို ပေါင် ၇၂သန်းနဲ့ အာဆင်နယ်ခေါ်ယူနိုင်ခဲ့ပြီ

အာဆင်နယ်အသင်းဟာ နောက်ဆုံးမှာတော့ လိုင်လီအသင်းတောင်ပံကစားသမား နီကိုလပ်စ်ပီပီကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၇၂သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပြီဖြစ်ပြီး သူ့ကို ၅နှစ်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ သူတို့ရဲ့အပြောင်းအရွှေ့ဘက်ဂျက်အရ လိုင်လီအသင်းကို ပေါင်သန်း ၂၀ ချက်ချင်းပေးချေရမှာဖြစ်ပြီး ကျန် ပေါင် ၅၂သန်းကိုတော့ ၅နှစ်အတွင်း အရစ်ကျပေးချေရမှာဖြစ်ပါတယ်။
အသက် ၂၄နှစ်အရွယ်ရှိ အိုင်ဗရီကို့စ်လက်ရွေးစင် ပီပီဟာ ပြီးခဲ့တဲ့ရာသီက လိုင်လီအသင်းအတွက် ပြိုင်ပွဲစုံ ၄၁ပွဲမှာ ၂၃ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် အာဆင်နယ်အသင်းရဲ့ယခုနွေရာသီ အဓိကပစ်မှတ်ဖြစ်လာခဲ့တာဖြစ်ပြီး လိဂ်မှာ ၂၂ဂိုးအထိသွင်းယူနိုင်ခဲ့တာကြောင့် ပီအက်စ်ဂျီအသင်းတိုက်စစ်မှူး ဘာပေပြီးနောက် လီဂူး-၁ရဲ့ဒုတိယဂိုးသွင်းအများဆုံးကစားသမားဖြစ်ခဲ့ပါတယ်။ အာဆင်နယ်အသင်းမှာ ကျောနံပါတ် ၁၉အင်္ကျီဝတ်ဆင်ကစားမယ့် ပီပီက ”ကျွန်တော့်အတွက် လွယ်ကူတဲ့ခဲ့တာမဟုတ်လို့ ဒီကိုရောက်လာတာ အရမ်းကိုစိတ်လှုပ်ရှားရပါတယ်”
”ကျွန်တော်ဟာ အဝေးကြီးကနေ လာခဲ့ရတာဖြစ်ပြီး ရုန်းကန်ခဲ့ရတာတွေလည်း အများကြီးပါ။ ဒီတော့ အခုလိုကြီးကျယ်တဲ့အသင်းရဲ့အစိတ်အပိုင်းတစ်ရပ်ဖြစ်ခွင့်ရရှိတာက ကျွန်တော့်အတွက် ကြီးမားတဲ့ပြန်ရမှုပါ။ အာဆင်နယ်က ကျွန်တော့်အတွက် မှန်ကန်တဲ့ရွေးချယ်မှုဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။ အာဆင်နယ်အသင်းနည်းပြအမ်မရီကလည်း ”ပီပီဟာ အရည်အသွေးအပြည့်ရှိသူဖြစ်ပြီး ဥရောပထိပ်တန်အသင်းအများစုရဲ့ပစ်မှတ်ဖြစ်ခဲ့ပါတယ်။ အရည်အသွေးမြင့် ကမ္ဘာ့အဆင့်မီတောင်ပံကစားသမားတစ်ဦးခေါ်ယူနိုင်ရေးက ဒီနွေရာသီ ကျွန်တော်တု့ိရဲ့အဓိကပစ်မှတ်ဖြစ်ခဲ့ပြီး သူ့ကို ခေါ်ယူနိုင်လို့ ပျော်ရွှင်မိပါတယ်”လို့ ပြောပါတယ်။
ပီပီဟာ နောက်ထပ်အာဖရိကသားတစ်ယောက်ဖြစ်တဲ့ တိုက်စစ်မှူး အူဘာမီယန်းရဲ့စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပြီး အာဆင်နယ်အသင်းဟာ ၂၀၁၈ ဇန်နဝါရီလက ဒေါ့မွန်အသင်းကနေ အူဘာမီယန်းကို ပေါင် ၅၆သန်းနဲ့ ခေါ်ယူခဲ့စဉ်က ကလပ်စံချိန်တင်ဖြစ်ခဲ့ပါတယ်။ အမ်မရီအနေနဲ့ ပီပီကို ခေါ်ယူနိုင်ခဲ့ပြီးနောက် ခံစစ်ပိုင်းတောင့်တင်းဖို့အတွက် အာရုံအပြည့်စိုက်နိုင်တော့မှာဖြစ်ပြီး ဆဲလ်တစ်ဘယ်နောက်ခံလူ တီယာနေးကို ပေါင် ၂၅သန်းနဲ့ခေါ်ယူနိုင်ဖို့ နီးစပ်နေပါတယ်။