ေနမာျပန္မေရာက္သေရြ႕ မက္ဆီ စာခ်ဳပ္သစ္ခ်ဳပ္ဆုိမွာမဟုတ္ဘူးလုိ႔ သတင္းထြက္ေပၚ

Photo Credit

Photo Credit ; PA

ဘာစီလုိနာအသင္း ပီအက္စ္ဂ်ီတုိက္စစ္မွဴးေနမာကို ျပန္လည္ေခၚယူေရးႀကိဳးစားေနရာမွာ အသင္းေခါင္းေဆာင္ မက္ဆီက အဓိကေနရာကေန ပါ၀င္ပတ္သက္ေနၿပီး သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ ဘရာဇီးစူပါစတားကို အသင္းက ျပန္လည္မေခၚယူႏုိင္သေရြ႕ မက္ဆီလည္း စာခ်ဳပ္သစ္ခ်ဳပ္ဆုိမွာမဟုတ္ေၾကာင္း သိရပါတယ္။ စပိန္ေဘာလုံးေရးရာကၽြမ္းက်င္သူ ဂေရဟမ္ဟန္တာက မက္ဆီအေနနဲ႔ ေနမာကို ဘာစီလုိနာအသင္း ျပန္လည္ေခၚယူေရးအတြက္ ဦးေဆာင္လႈပ္ရွားေနေၾကာင္းနဲ႔ သူ႕အနာဂတ္က ေနမာရဲ႕အေျပာင္းအေရႊ႕အေပၚ မူတည္ေနေၾကာင္း သိရပါတယ္။

Photo Credit ; PA

အာဂ်င္တီးနားအသင္းေခါင္းေဆာင္ မက္ဆီဟာ လာမယ့္ရာသီခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ေအာင္ျမင္မႈရယူႏိုင္ဖို႔ ဘာပဲေပးဆပ္ရေပးဆပ္ရ အသင့့္ရွိေနၿပီး ဒီလုိေအာင္ျမင္မႈရယူႏိုင္ဖို႔အတြက္ အသင္းဘက္က ႀကီးမားတဲ့အင္အားျဖည့္တင္းမႈေတြျပဳလုပ္ရမယ္လုိ႔လည္း ယုံၾကည္ေနပါတယ္။ ဘာစီလိုနာအသင္းဟာ ယခုေႏြရာသီအတြင္း ေအဂ်က္စ္ကြင္းလယ္လူဒီေဂ်ာင္နဲ႔ အက္သလက္တီကိုတုိက္စစ္မွဴး ဂရစ္ဇ္မန္းတို႔ကို ေခၚယူထားၿပီးျဖစ္ေပမယ့္ မက္ဆီကေတာ့ ေနမာကိုလည္း ေခၚယူႏိုင္လိမ့္မယ္လုိ႔ ေမွ်ာ္လင့္ေနပါတယ္။

Photo Credit

”မက္ဆီက ေနမာကို ျပန္လည္ေခၚယူေရးမွာ အဓိကေနရာကေန ပါ၀င္ေနပါတယ္။ မက္ဆီက ကန္႔လန္႔တုိက္တတ္တဲ့ကစားသမားမ်ိဳးမဟုတ္ဘဲ လူေတြက ဒီလုိအမွားမ်ိဳးေတြနဲ႔သူ႕ကို တံဆပ္ကပ္ေလ့ရွိပါတယ္။ ဒါေပမဲ့ သူက ဘာစီလုိနာမွာ အေရးပါတဲ့ကစားသမားပါ။ အသင္းဥကၠ႒ ဘာတမူကလည္း ေနာက္အက်ဆုံး ၂၀၂၁ မွာ အသင္းဥကၠ႒ရာထူးကေန မထြက္ခြာခင္ မက္ဆီကို စာခ်ဳပ္သစ္ခ်ဳပ္ဆုိခ်င္တယ္လုိ႔ ေျပာထားပါတယ္။ မက္ဆီကေတာ့ ေနမာနဲ႔ ျပန္တြဲကစားလုိေနၿပီး စာခ်ဳပ္သစ္ကိစၥအတြက္ မေဆြးေႏြးခင္ အဲဒီဆႏၵအရင္ျပည့္ခ်င္ေနပါတယ္။ ဆြာရက္ဇ္၊ ေနမာနဲ႔ မက္ဆီတို႔ဟာ ကြဲျပားျခားနားတဲ့ကာ႐ိုက္တာေတြပိုင္ဆိုင္ထားေပမယ့္ ၃ေယာက္သား အရမ္းကိုခင္ပါတယ္”

Photo Credit ; Getty Images

”ကြင္းထဲမွာဆိုရင္လည္း မက္ဆီဟာ သူတို႔နဲ႔တြဲကစားရတာ အရမ္းသေဘာက်ၿပီး ဘာစီလုိနာအသင္း ေနာက္ဆုံးအႀကိမ္တစ္ရာသီအတြင္း ဖလား ၃လုံးရခဲ့တုန္းက တုိက္စစ္မွာ MSN တိုက္စစ္တြဲလုံးပါ။ ဒီအတြက္ေၾကာင့္လည္း မက္ဆီက ခ်န္ပီယံလိဂ္ဖလားရယူခ်င္လုိ႔ ေနမာကို ျပန္ေခၚလုိေနတာျဖစ္ၿပီး ဒီလိုဆိုရင္ သြင္းဂိုးေတြအတြက္ သူတစ္ေယာက္တည္းကိုပဲ အားကိုးစရာမလုိေတာ့မွာလည္း သိေနပါတယ္။ မက္ဆီက သူ႕ကို စာခ်ဳပ္သစ္ခ်ဳပ္ဆိုေစခ်င္ရင္ အရင္ဆုံး ေနမာကို ျပန္ေခၚေပးဖို႔ အသိေပးထားပါတယ္”လုိ႔ ဟန္တာက ေျပာပါတယ္။

Photo Credit ; Getty Images

Unicode

နေမာပြန်မရောက်သရွေ့ မက်ဆီ စာချုပ်သစ်ချုပ်ဆိုမှာမဟုတ်ဘူးလို့ သတင်းထွက်ပေါ်

ဘာစီလိုနာအသင်း ပီအက်စ်ဂျီတိုက်စစ်မှူးနေမာကို ပြန်လည်ခေါ်ယူရေးကြိုးစားနေရာမှာ အသင်းခေါင်းဆောင် မက်ဆီက အဓိကနေရာကနေ ပါဝင်ပတ်သက်နေပြီး သတင်းတွေရဲ့ဖော်ပြချက်အရ ဘရာဇီးစူပါစတားကို အသင်းက ပြန်လည်မခေါ်ယူနိုင်သရွေ့ မက်ဆီလည်း စာချုပ်သစ်ချုပ်ဆိုမှာမဟုတ်ကြောင်း သိရပါတယ်။ စပိန်ဘောလုံးရေးရာကျွမ်းကျင်သူ ဂရေဟမ်ဟန်တာက မက်ဆီအနေနဲ့ နေမာကို ဘာစီလိုနာအသင်း ပြန်လည်ခေါ်ယူရေးအတွက် ဦးဆောင်လှုပ်ရှားနေကြောင်းနဲ့ သူ့အနာဂတ်က နေမာရဲ့အပြောင်းအရွှေ့အပေါ် မူတည်နေကြောင်း သိရပါတယ်။
အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီဟာ လာမယ့်ရာသီချန်ပီယံလိဂ်ပြိုင်ပွဲမှာ အောင်မြင်မှုရယူနိုင်ဖို့ ဘာပဲပေးဆပ်ရပေးဆပ်ရ အသင့်ရှိနေပြီး ဒီလိုအောင်မြင်မှုရယူနိုင်ဖို့အတွက် အသင်းဘက်က ကြီးမားတဲ့အင်အားဖြည့်တင်းမှုတွေပြုလုပ်ရမယ်လို့လည်း ယုံကြည်နေပါတယ်။ ဘာစီလိုနာအသင်းဟာ ယခုနွေရာသီအတွင်း အေဂျက်စ်ကွင်းလယ်လူဒီဂျောင်နဲ့ အက်သလက်တီကိုတိုက်စစ်မှူး ဂရစ်ဇ်မန်းတို့ကို ခေါ်ယူထားပြီးဖြစ်ပေမယ့် မက်ဆီကတော့ နေမာကိုလည်း ခေါ်ယူနိုင်လိမ့်မယ်လို့ မျှော်လင့်နေပါတယ်။
”မက်ဆီက နေမာကို ပြန်လည်ခေါ်ယူရေးမှာ အဓိကနေရာကနေ ပါဝင်နေပါတယ်။ မက်ဆီက ကန့်လန့်တိုက်တတ်တဲ့ကစားသမားမျိုးမဟုတ်ဘဲ လူတွေက ဒီလိုအမှားမျိုးတွေနဲ့သူ့ကို တံဆပ်ကပ်လေ့ရှိပါတယ်။ ဒါပေမဲ့ သူက ဘာစီလိုနာမှာ အရေးပါတဲ့ကစားသမားပါ။ အသင်းဥက္ကဋ္ဌ ဘာတမူကလည်း နောက်အကျဆုံး ၂၀၂၁ မှာ အသင်းဥက္ကဋ္ဌရာထူးကနေ မထွက်ခွာခင် မက်ဆီကို စာချုပ်သစ်ချုပ်ဆိုချင်တယ်လို့ ပြောထားပါတယ်။ မက်ဆီကတော့ နေမာနဲ့ ပြန်တွဲကစားလိုနေပြီး စာချုပ်သစ်ကိစ္စအတွက် မဆွေးနွေးခင် အဲဒီဆန္ဒအရင်ပြည့်ချင်နေပါတယ်။ ဆွာရက်ဇ်၊ နေမာနဲ့ မက်ဆီတို့ဟာ ကွဲပြားခြားနားတဲ့ကာရိုက်တာတွေပိုင်ဆိုင်ထားပေမယ့် ၃ယောက်သား အရမ်းကိုခင်ပါတယ်”
”ကွင်းထဲမှာဆိုရင်လည်း မက်ဆီဟာ သူတို့နဲ့တွဲကစားရတာ အရမ်းသဘောကျပြီး ဘာစီလိုနာအသင်း နောက်ဆုံးအကြိမ်တစ်ရာသီအတွင်း ဖလား ၃လုံးရခဲ့တုန်းက တိုက်စစ်မှာ MSN တိုက်စစ်တွဲလုံးပါ။ ဒီအတွက်ကြောင့်လည်း မက်ဆီက ချန်ပီယံလိဂ်ဖလားရယူချင်လို့ နေမာကို ပြန်ခေါ်လိုနေတာဖြစ်ပြီး ဒီလိုဆိုရင် သွင်းဂိုးတွေအတွက် သူတစ်ယောက်တည်းကိုပဲ အားကိုးစရာမလိုတော့မှာလည်း သိနေပါတယ်။ မက်ဆီက သူ့ကို စာချုပ်သစ်ချုပ်ဆိုစေချင်ရင် အရင်ဆုံး နေမာကို ပြန်ခေါ်ပေးဖို့ အသိပေးထားပါတယ်”လို့ ဟန်တာက ပြောပါတယ်။