ေနမာကို Ballon d’Or ဆုရွင္အျဖစ္ ျမင္ေတြ႕ရလိမ့္မယ္လုိ႔ ဟာရဲရား ေဟာကိန္းထုတ္လုိက္ၿပီ

Photo Credit

Photo Credit

ယခုရာသီမွာ အထူးေျခစြမ္းျပေနတဲ့ပီအက္စ္ဂ်ီအသင္းတုိက္စစ္မွဴးေနမာအေနနဲ႔ တစ္ေန႔ေန႔မွာ ဂုဏ္သိကၡာအႀကီးမားဆုံးတစ္ဦးခ်င္းဆုျဖစ္တဲ့ Ballon d’Or ဆုရရွိလိမ့္မယ္လို႔ အသင္းကစားေဖာ္သစ္ အန္ဒါဟာရဲရားက ခ်ီးက်ဴးလုိက္ပါတယ္။

Photo Credit

ဘရာဇီးလက္ေရြးစင္ေနမာဟာ ယခုရာသီအတြင္း ဒုတိယေျမာက္ပြဲအျဖစ္ တနဂၤေႏြေန႔က လီယြန္ကို ၀-၁ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့လိဂ္အေ၀းကြင္းပဲြမွာ ၂ပြဲဆက္ေနာက္က်အႏုိင္ဂိုးသြင္းယူမႈအျဖစ္ ၃မွတ္တန္ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။

Photo Credit း Reuters

ေနမာဟာ ၿပီးခဲ့တဲ့ေႏြရာသီအတြင္း အသင္းေဟာင္းဘာစီလုိနာကို ျပန္လည္ေျပာင္းေရႊ႕ဖို႔ သတင္းေတြက်ယ္ျပန္႔စြာထြက္ေပၚခဲ့ၿပီး ပီအက္စ္ဂ်ီအသင္းပရိသတ္ေတြနဲ႔ ဆက္ဆံေရးအဆင္မေျပျဖစ္ေစမယ့္စကားေတြ ေျပာခဲ့ေပမယ့္ အသင္းနဲ႔အတူ ဆက္ကစားခဲ့ၿပီးေနာက္ အခုလိုေျခစြမ္းျပေနတာျဖစ္ပါတယ္။

Photo Credit

ၿပီးခဲ့တဲ့ဇူလုိင္လက ယူႏုိက္တက္ကေန အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေရာက္ရွိလာခ့ဲတဲ့ စပိန္ႏိုင္ငံသား ဟာရဲရားက ေနမာဟာ အနာဂတ္ Ballon d’Or ဆုရွင္ေလာင္းျဖစ္တယ္လုိ႔ ယုံၾကည္ေနပါတယ္။ ”ေနမာနဲ႔တြဲကစားခြင့္ရဖို႔ ေပ်ာ္ရႊင္မိပါတယ္။ သူ႕အေျပာင္းအေရႊ႕ကိစၥေတြနဲ႔ပတ္သက္လုိ႔လည္း ကၽြန္ေတာ္ဘာမွေျပာမွာမဟုတ္ပါဘူး”

Photo Credit

”အခုေတာ့ ကၽြန္ေတာ္တုိ႔နဲ႔အတူ ေနမာရွိေနပါၿပီ။ သူဟာ အံ့အားသင့္စရာေကာင္းတဲ့ကစားသမားျဖစ္ၿပီး Ballon d’Or ဆုလည္း ရရွိႏိုင္ပါတယ္။ ဒီရာသီလား၊ ၁ ႏွစ္အတြင္းလား၊ ၂ႏွစ္အတြင္းလားဆုိတာပဲ မသိတာပါ။ တစ္ရာသီလုံး ဒီလုိပုံစံနဲ႔ သူဆက္ကစားႏုိင္ဖို႔လည္း ကၽြန္ေတာ္ ေမွ်ာ္လင့္ပါတယ္”လုိ႔ ဟာရဲရားက ေျပာၾကားသြားပါတယ္။

Photo Credit

ပီအက္စ္ဂ်ီဟာ လီယြန္ကို အႏုိင္ရခဲ့လုိ႔ ရာသီမစခင္ အသင္းရဲ႕အနီးကပ္ဆုံးၿပိဳင္ဘက္အျဖစ္ သတ္မွတ္ခံခဲ့ရတ့ဲ အဆင့္ ၉ေနရာက လီယြန္ကို ၇မွတ္အထိျဖတ္ထားႏိုင္ၿပီး အန္ဂါးစ္နဲ႔ ႏိုက္စ္တုိ႔ကို ၃မွတ္ျဖတ္ကာ အမွတ္ေပးဇယားကို ဦးေဆာင္ေနပါတယ္။

Photo Credit

ဒါေပမဲ့ ဟာရဲရားကေတာ့ အမွတ္ေပးခ်န္ပီယံဆုက ပီအက္စ္ဂ်ီလက္ထဲ ေရာက္ႏွင့္ေနၿပီးသားဆုိတဲ့ခန္႔မွန္းမႈေတြကို ပယ္ခ်သြားပါတယ္။ ”အခုမွရာသီစတာ ၆ပြဲပဲရွိပါေသးတယ္။ ၿပိဳင္ဘက္တုိင္းကို ေလးစားမႈအျပည့္နဲ႔ယွဥ္ၿပိဳင္သြားမွာျဖစ္ၿပီး ရန္းနက္စ္၊ အန္ဂါးစ္နဲ႔ မာေဆးလ္တုိ႔လည္းရွိပါေသးတယ္”လုိ႔ ဟာရဲရားက ေျပာပါတယ္။

 

Photo Credit ; AFP

Unicode

နေမာကို Ballon d’Or ဆုရှင်အဖြစ် မြင်တွေ့ရလိမ့်မယ်လို့ ဟာရဲရား ဟောကိန်းထုတ်လိုက်ပြီ

ယခုရာသီမှာ အထူးခြေစွမ်းပြနေတဲ့ပီအက်စ်ဂျီအသင်းတိုက်စစ်မှူးနေမာအနေနဲ့ တစ်နေ့နေ့မှာ ဂုဏ်သိက္ခာအကြီးမားဆုံးတစ်ဦးချင်းဆုဖြစ်တဲ့ Ballon d’Or ဆုရရှိလိမ့်မယ်လို့ အသင်းကစားဖော်သစ် အန်ဒါဟာရဲရားက ချီးကျူးလိုက်ပါတယ်။
ဘရာဇီးလက်ရွေးစင်နေမာဟာ ယခုရာသီအတွင်း ဒုတိယမြောက်ပွဲအဖြစ် တနင်္ဂနွေနေ့က လီယွန်ကို ဝ-၁ ဂိုးနဲ့အနိုင်ရခဲ့တဲ့လိဂ်အဝေးကွင်းပွဲမှာ ၂ပွဲဆက်နောက်ကျအနိုင်ဂိုးသွင်းယူမှုအဖြစ် ၃မှတ်တန်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
နေမာဟာ ပြီးခဲ့တဲ့နွေရာသီအတွင်း အသင်းဟောင်းဘာစီလိုနာကို ပြန်လည်ပြောင်းရွှေ့ဖို့ သတင်းတွေကျယ်ပြန့်စွာထွက်ပေါ်ခဲ့ပြီး ပီအက်စ်ဂျီအသင်းပရိသတ်တွေနဲ့ ဆက်ဆံရေးအဆင်မပြေဖြစ်စေမယ့်စကားတွေ ပြောခဲ့ပေမယ့် အသင်းနဲ့အတူ ဆက်ကစားခဲ့ပြီးနောက် အခုလိုခြေစွမ်းပြနေတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ဇူလိုင်လက ယူနိုက်တက်ကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တဲ့ စပိန်နိုင်ငံသား ဟာရဲရားက နေမာဟာ အနာဂတ် Ballon d’Or ဆုရှင်လောင်းဖြစ်တယ်လို့ ယုံကြည်နေပါတယ်။ ”နေမာနဲ့တွဲကစားခွင့်ရဖို့ ပျော်ရွှင်မိပါတယ်။ သူ့အပြောင်းအရွှေ့ကိစ္စတွေနဲ့ပတ်သက်လို့လည်း ကျွန်တော်ဘာမှပြောမှာမဟုတ်ပါဘူး”
”အခုတော့ ကျွန်တော်တို့နဲ့အတူ နေမာရှိနေပါပြီ။ သူဟာ အံ့အားသင့်စရာကောင်းတဲ့ကစားသမားဖြစ်ပြီး Ballon d’Or ဆုလည်း ရရှိနိုင်ပါတယ်။ ဒီရာသီလား၊ ၁ နှစ်အတွင်းလား၊ ၂နှစ်အတွင်းလားဆိုတာပဲ မသိတာပါ။ တစ်ရာသီလုံး ဒီလိုပုံစံနဲ့ သူဆက်ကစားနိုင်ဖို့လည်း ကျွန်တော် မျှော်လင့်ပါတယ်”လို့ ဟာရဲရားက ပြောကြားသွားပါတယ်။
ပီအက်စ်ဂျီဟာ လီယွန်ကို အနိုင်ရခဲ့လို့ ရာသီမစခင် အသင်းရဲ့အနီးကပ်ဆုံးပြိုင်ဘက်အဖြစ် သတ်မှတ်ခံခဲ့ရတဲ့ အဆင့် ၉နေရာက လီယွန်ကို ၇မှတ်အထိဖြတ်ထားနိုင်ပြီး အန်ဂါးစ်နဲ့ နိုက်စ်တို့ကို ၃မှတ်ဖြတ်ကာ အမှတ်ပေးဇယားကို ဦးဆောင်နေပါတယ်။
ဒါပေမဲ့ ဟာရဲရားကတော့ အမှတ်ပေးချန်ပီယံဆုက ပီအက်စ်ဂျီလက်ထဲ ရောက်နှင့်နေပြီးသားဆိုတဲ့ခန့်မှန်းမှုတွေကို ပယ်ချသွားပါတယ်။ ”အခုမှရာသီစတာ ၆ပွဲပဲရှိပါသေးတယ်။ ပြိုင်ဘက်တိုင်းကို လေးစားမှုအပြည့်နဲ့ယှဉ်ပြိုင်သွားမှာဖြစ်ပြီး ရန်းနက်စ်၊ အန်ဂါးစ်နဲ့ မာဆေးလ်တို့လည်းရှိပါသေးတယ်”လို့ ဟာရဲရားက ပြောပါတယ်။