ေနမာကို အငွားနဲ႔ေခၚဖို႔ ပီအက္စ္ဂ်ီကမ္းလွမ္းခဲ့ေပမယ့္ ယူႏုိက္တက္ ပယ္ခ်ခဲ့ဟုဆို

Photo Credit ; Getty Images

Photo Credit ; Getty Images

စပိန္အားကစားသတင္းစာ Sport ရဲ႕ေရးသားေဖာ္ျပခ်က္အရ ပီအက္စ္ဂ်ီအသင္းဟာ ယခုေႏြရာသီကာလအတြင္း တုိက္စစ္မွဴးေနမာကို အငွားနဲ႔လက္လႊတ္ခံဖို႔ ယူႏုိက္တက္အသင္းထံ ကမ္းလွမ္းခဲ့ၿပီး အသင္းနဲ႔အဆင္မေျပျဖစ္ေနတဲ့ ေနမာအတြက္ ေစာေစာစီးစီးအေျဖထြက္လာဖို႔ ႀကိဳးစားခဲ့ေပမယ့္ အုိးထရက္ဖုိ႔ဒ္အေျခစုိက္အသင္းက နာမည္ႀကီးကစားသမားတစ္ဦးကို အငွားနဲ႔ေခၚယူခြင့္ရမယ့္အခြင့္အေရးကို ပယ္ခ်ခဲ့ေၾကာင္း သိရပါတယ္။

Photo Credit ; Getty Images / AFP

ဘရာဇီးလက္ေရြးစင္ ေနမာဟာ ၿပီးခဲ့တဲ့ ၂၀၁၇ ေႏြရာသီက ဘာစီလုိနာကေန ပီအက္စ္ဂ်ီကို ေရာက္ရွိလာခဲ့သူျဖစ္ၿပီး အသင္းေဟာင္းဘာစီလုိနာကို ျပန္လည္ေျပာင္းေရႊ႕လုိေနတာ အားလုံးသိထားေပမယ့္ ပီအက္စ္ဂ်ီကလည္း တျခားအသင္းေတြရဲ႕စိတ္၀င္စားမႈကို ႀကိဳဆိုခဲ့ပါတယ္။

Photo Credit ; Getty Images

အဲဒီသတင္းစာကပဲ ေနမာကို ေခၚယူဖုိ႔ ဘာစီလုိနာရဲ႕ခါးသီးၿပိဳင္ဘက္ ရီးရဲလ္နဲ႔ နည္းျပသစ္ဆာရီရဲ႕ ဂ်ဴဗင္တပ္စ္အသင္းတုိ႔ကပါ စိတ္၀င္စားေနတယ္လုိ႔ ေရးသားေဖာ္ျပခဲ့ၿပီး ကစားသမားက ဘုတ္အဖြဲ႕နဲ႔ ဆက္ဆံေရးအဆင္မေျပျဖစ္ခဲ့ၿပီးေနာက္ ပဲရစ္ကေန ထြက္ခြာဖို႔ စုိင္းျပင္းေနသလို ပီအက္စ္ဂ်ီကလည္း အဲဒီျပႆနာကို အလ်င္ျမန္ဆုံးေျဖရွင္းဖို႔ ဆႏၵရွိေနပါတယ္။

Photo Credit

ဒါေပမဲ့ ပီအက္စ္ဂ်ီအသင္းဟာ ေနမာကို အငွားနဲ႔ ကနဦးေခၚယူဖုိ႔အတြက္ ဘာစီလုိနာအစား ယူႏုိက္တက္ကုိပဲ ကမ္းလွမ္းခဲ့တာျဖစ္ၿပီး ႏူးကမ့္အေျခစိုက္အသင္းကို ျပန္ေရာင္းဖို႔ သူတုိ႔သတ္မွတ္ထားတဲ့ေျပာင္းေရႊ႕ေၾကးရမွ လက္သင့္ခံဖြယ္ရွိေနပါတယ္။

Photo Credit ; Offside

ဘာစီလုိနာကို ျပန္လည္ေျပာင္းေရႊ႕လုိတဲ့ အသက္ ၂၇ႏွစ္အရြယ္ရွိ ေနမာရဲ႕အိပ္မက္က အဆုံးသတ္မသြားေသးေပမယ့္ ဘာစီလုိနာက အသင္းရွိ ကြင္းလယ္လူေကာ္တင္ညိဳ၊ ေတာင္ပံတုိက္စစ္မွဴး ဒမ္ဘီလီတို႔နဲ႔ ကမ္းလွမ္းထားမႈကေတာ့ ပီအက္စ္ဂ်ီအသင္းကို မစြဲေဆာင္ႏိုင္ေသးပါဘူး။

Photo Credit ; Getty Images

ဘာစီလုိနာက လက္ရွိအေနအထားအရ ေနမာကို ေခၚယူေရးမွာ ေငြသားခ်ည္းသက္သက္ မသုံးစြဲႏိုင္သလုိ ရာသီသစ္မစတင္ခင္ အသင္းရဲ႕လူစာရင္း ဟန္ခ်က္မွ်တဖို႔လည္း လိုအပ္ေနၿပီး နည္းျပဗယ္လ္ဗာဒီက ရာကီတစ္ကုိ အသင္းမွာ ဆက္ထိန္းထားလုိေပမယ့္ အသင္းတာ၀န္ရွိသူေတြကေတာ့ အဲဒီခ႐ိုေအးရွားလက္ေရြးစင္ကိုလည္း အလုိက္ေပးကမ္းလွမ္းဖို႔ အသင့္ရွိေနပါတယ္။

Photo Credit ; Getty Images

ျပင္သစ္နဲ႔ စပိန္ေဘာလုံးေလာကရဲ႕ေႏြရာသီအေျပာင္းအေရႊ႕ေစ်းကြက္က စက္တင္ဘာလအေစာပိုင္းအထိ ပိတ္သိမ္းဦးမွာမဟုတ္ရာ သူတုိ႔ရဲ႕သုံးပြင့္ဆုိင္အေျပာင္းအေရႊ႕ပုံျပင္ေတြက ဒီထက္အရွိန္ပုိျပင္းထန္လာႏိုင္ၿပီး ေနမာဟာ ၂၀၁၇ ေႏြရာသီက ကမၻာ့စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကး ယူ႐ို ၂၂၂သန္းနဲ႔ ပီအက္စ္ဂ်ီထံ ေရာက္ရွိလာကာ အသင္းအတြက္ ၃၇ပြဲမွာ ၃၄ဂုိးသြင္းယူေပးႏိုင္ခဲ့ပါတယ္။

Photo Credit ; Getty Images / Goal

Unicode

နေမာကို အငှားနဲ့ခေါ်ဖို့ ပီအက်စ်ဂျီကမ်းလှမ်းခဲ့ပေမယ့် ယူနိုက်တက် ပယ်ချခဲ့ဟုဆို

စပိန်အားကစားသတင်းစာ Sport ရဲ့ရေးသားဖော်ပြချက်အရ ပီအက်စ်ဂျီအသင်းဟာ ယခုနွေရာသီကာလအတွင်း တိုက်စစ်မှူးနေမာကို အငှားနဲ့လက်လွှတ်ခံဖို့ ယူနိုက်တက်အသင်းထံ ကမ်းလှမ်းခဲ့ပြီး အသင်းနဲ့အဆင်မပြေဖြစ်နေတဲ့ နေမာအတွက် စောစောစီးစီးအဖြေထွက်လာဖို့ ကြိုးစားခဲ့ပေမယ့် အိုးထရက်ဖို့ဒ်အခြေစိုက်အသင်းက နာမည်ကြီးကစားသမားတစ်ဦးကို အငှားနဲ့ခေါ်ယူခွင့်ရမယ့်အခွင့်အရေးကို ပယ်ချခဲ့ကြောင်း သိရပါတယ်။
ဘရာဇီးလက်ရွေးစင် နေမာဟာ ပြီးခဲ့တဲ့ ၂၀၁၇ နွေရာသီက ဘာစီလိုနာကနေ ပီအက်စ်ဂျီကို ရောက်ရှိလာခဲ့သူဖြစ်ပြီး အသင်းဟောင်းဘာစီလိုနာကို ပြန်လည်ပြောင်းရွှေ့လိုနေတာ အားလုံးသိထားပေမယ့် ပီအက်စ်ဂျီကလည်း တခြားအသင်းတွေရဲ့စိတ်ဝင်စားမှုကို ကြိုဆိုခဲ့ပါတယ်။
အဲဒီသတင်းစာကပဲ နေမာကို ခေါ်ယူဖို့ ဘာစီလိုနာရဲ့ခါးသီးပြိုင်ဘက် ရီးရဲလ်နဲ့ နည်းပြသစ်ဆာရီရဲ့ ဂျူဗင်တပ်စ်အသင်းတို့ကပါ စိတ်ဝင်စားနေတယ်လို့ ရေးသားဖော်ပြခဲ့ပြီး ကစားသမားက ဘုတ်အဖွဲ့နဲ့ ဆက်ဆံရေးအဆင်မပြေဖြစ်ခဲ့ပြီးနောက် ပဲရစ်ကနေ ထွက်ခွာဖို့ စိုင်းပြင်းနေသလို ပီအက်စ်ဂျီကလည်း အဲဒီပြဿနာကို အလျင်မြန်ဆုံးဖြေရှင်းဖို့ ဆန္ဒရှိနေပါတယ်။
ဒါပေမဲ့ ပီအက်စ်ဂျီအသင်းဟာ နေမာကို အငှားနဲ့ ကနဦးခေါ်ယူဖို့အတွက် ဘာစီလိုနာအစား ယူနိုက်တက်ကိုပဲ ကမ်းလှမ်းခဲ့တာဖြစ်ပြီး နူးကမ့်အခြေစိုက်အသင်းကို ပြန်ရောင်းဖို့ သူတို့သတ်မှတ်ထားတဲ့ပြောင်းရွှေ့ကြေးရမှ လက်သင့်ခံဖွယ်ရှိနေပါတယ်။
ဘာစီလိုနာကို ပြန်လည်ပြောင်းရွှေ့လိုတဲ့ အသက် ၂၇နှစ်အရွယ်ရှိ နေမာရဲ့အိပ်မက်က အဆုံးသတ်မသွားသေးပေမယ့် ဘာစီလိုနာက အသင်းရှိ ကွင်းလယ်လူကော်တင်ညို၊ တောင်ပံတိုက်စစ်မှူး ဒမ်ဘီလီတို့နဲ့ ကမ်းလှမ်းထားမှုကတော့ ပီအက်စ်ဂျီအသင်းကို မစွဲဆောင်နိုင်သေးပါဘူး။
ဘာစီလိုနာက လက်ရှိအနေအထားအရ နေမာကို ခေါ်ယူရေးမှာ ငွေသားချည်းသက်သက် မသုံးစွဲနိုင်သလို ရာသီသစ်မစတင်ခင် အသင်းရဲ့လူစာရင်း ဟန်ချက်မျှတဖို့လည်း လိုအပ်နေပြီး နည်းပြဗယ်လ်ဗာဒီက ရာကီတစ်ကို အသင်းမှာ ဆက်ထိန်းထားလိုပေမယ့် အသင်းတာဝန်ရှိသူတွေကတော့ အဲဒီခရိုအေးရှားလက်ရွေးစင်ကိုလည်း အလိုက်ပေးကမ်းလှမ်းဖို့ အသင့်ရှိနေပါတယ်။
ပြင်သစ်နဲ့ စပိန်ဘောလုံးလောကရဲ့နွေရာသီအပြောင်းအရွှေ့ဈေးကွက်က စက်တင်ဘာလအစောပိုင်းအထိ ပိတ်သိမ်းဦးမှာမဟုတ်ရာ သူတို့ရဲ့သုံးပွင့်ဆိုင်အပြောင်းအရွှေ့ပုံပြင်တွေက ဒီထက်အရှိန်ပိုပြင်းထန်လာနိုင်ပြီး နေမာဟာ ၂၀၁၇ နွေရာသီက ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို ၂၂၂သန်းနဲ့ ပီအက်စ်ဂျီထံ ရောက်ရှိလာကာ အသင်းအတွက် ၃၇ပွဲမှာ ၃၄ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။