
Photo Credit
Photo Credit
ခ်န္ပီယံလိဂ္လက္ရွိခ်န္ပီယံ လီဗာပူးရဲ႕သရဖူကာကြယ္ေရးပထမဆုံးပြဲကေတာ့ မလွမပျဖစ္သြားခဲ့ရၿပီး ေနပယ္မွာ အိမ္ရွင္နာပိုလီအသင္းကို ေနာက္က်ဂိုးေတြေၾကာင့္ ဂုိးျပတ္အေရးနိမ့္သြားခဲ့ရပါတယ္။
Photo Credit
နည္းျပအန္ဆေလာ့တီဦးေဆာင္တဲ့ နာပိုလီအသင္းဟာ ၿပီးခဲ့တဲ့ရာသီခ်န္ပီယံလိဂ္အုပ္စုအဆင့္ပြဲစဥ္တုန္းကလည္း အခုလိုအိမ္ကြင္းမွာ လီဗာပူးကို ၁-၀ ဂိုးနဲ႔အႏိုင္ရရွိခဲ့ၿပီး ဒီပြဲမွာေတာ့ မာတန္းစ္ရဲ႕ပင္နယ္တီသြင္းဂိုး၊ လူစား၀င္တုိက္စစ္မွဴး ေလာ္ရန္ေတးရဲ႕ေနာက္က်သြင္းဂိုးေတြေၾကာင့္ ထပ္မံအႏိုင္ရရွိခဲ့ပါတယ္။
Photo Credit
လီဗာပူးဟာ ၿပီးခဲ့တဲ့ရာသီကလည္း ခ်န္ပီယံလိဂ္အုပ္စုအဆင့္ကေန ႐ံႈးထြက္အဆင့္တက္ေရာက္ဖို႔ ေနာက္ဆုံးအခ်ိန္အထိ႐ုန္းကန္ခဲ့ရၿပီး ဒီႏွစ္မွာလည္း အဖြင့္ပြဲ႐ံႈးနိမ့္မႈနဲ႔အတူ က်န္ပြဲေတြမွာ ရလဒ္ေကာင္းရယူႏိုင္ဖို႔ လိုအပ္သြားပါတယ္။
Photo Credit
နာပိုလီဟာ အေစာပိုင္းမွာ ဂိုးသြင္းႏိုင္ခဲ့ေပမယ့္ ေဖဘီယန္႐ုဇ္ရဲ႕ထိုးေဖာက္မႈကို လီဗာပူးဂိုးသမား အက္ဒရီယန္ လွလွပပ ၂ဆင့္ကာကြယ္ရာကေန ျပန္ထြက္လာတာကို တုိက္စစ္မွဴး လိုဇာႏို ပိတ္သြင္းခဲ့ေပမယ့္ လူကၽြံေဘာျဖစ္ေနခဲ့ပါတယ္။
Photo Credit
ပြဲခ်ိန္မိနစ္ ၂၀မွာ လီဗာပူးအသင္း အခြင့္အေရးရခဲ့ၿပီး မာေနးရဲ႕ကန္သြင္းခ်က္ကို နာပိုလီဂုိးသမား မီရက္ကာကြယ္ႏုိင္ခဲ့ပါတယ္။ ၿပီးခဲ့တဲ့ရာသီက ေနပယ္မွာ ဂိုးေပါက္တည့္မႈတစ္ႀကိမ္မွမရွိခဲ့တဲ့လီဗာပူးအတြက္ ဒီပြဲရဲ႕ပထမဆုံးဂုိးေပါက္တည့္မႈလည္းျဖစ္ပါတယ္။
Photo Credit
သိပ္မၾကာခင္ လီဗာပူးအသင္း ဦးေဆာင္ဂိုးရဖို႔ နီးစပ္ခဲ့ေပမယ့္ မီလ္နာရဲ႕တိက်တဲ့ေထာင့္ျဖတ္ေဘာကေန လီဗာပူးအတြက္ ပြဲ ၂၀၀ျပည့္အျဖစ္ ပါ၀င္ကစားခဲ့တဲ့ ဖာမီႏို ေခါင္းတိုက္သြင္းေပမယ့္ ဂိုးေပါက္နဲ႔လြဲေခ်ာ္သြားပါတယ္။
Photo Credit
ဒုတိယပိုင္းမွာ လီဗာပူးက ပိုမိုဖိအားေပးႏိုင္ခဲ့ၿပီး နာပိုလီခံစစ္အတြဲျဖစ္တဲ့ ကူလီဘာလီနဲ႔ မာႏိုလက္စ္တုိ႔ရဲ႕အမွားေတြကေန အခြင့္အေရးေတြရခဲ့ေပမယ့္ နာပုိလီဂိုးသမား မီရက္ကာကြယ္ႏိုင္ခဲ့သလို တစ္ဘက္မွာလည္း မာတန္းစ္ရဲ႕အပိုင္ပိတ္သြင္းမႈကို အက္ဒရီယန္ ကာကြယ္သြားတာကလည္း အံ့အားသင့္စရာျဖစ္ခဲ့ပါတယ္။
Photo Credit
ဒါေပမဲ့ ပြဲခ်ိန္ ၈၂မိနစ္မွာေတာ့ ဂုိးဧရိယာထဲမွာ ကယ္လီဂၽြန္ကို ေရာဘတ္ဆန္ တားဆီးပုံၾကမ္းတမ္းတယ္ဆုိၿပီး ဒိုင္က ပင္နယ္တီေပးခဲ့ရကာ VAR ျပန္ၾကည့္ၿပီး အတည္ျပဳခဲ့ပါတယ္။ ဒီပင္နယ္တီကို မာတန္းစ္က အပိုင္ကန္သြင္းကာ နာပိုလီအတြက္ ဦးေဆာင္ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။
Photo Credit
ဒါ့အျပင္ ပြဲၿပီးခါနီးမွာ လီဗာပူးေနာက္ခံလူ ဗန္ဒုိက္ရဲ႕မမွားသင့္တဲ့အမွားကေန စပါးတုိက္စစ္မွဴးေဟာင္း ေလာ္ရန္ေတးက ေအးေဆးကန္သြင္းယူႏိုင္ခဲ့လို႔ နာပိုလီအသင္း အဆုံးသတ္ဂုိးရရွိသြားခဲ့ပါတယ္။
Photo Credit
Unicode
နေပယ်မှာ ကျဆုံးခဲ့ရပြန်တဲ့ လီဗာပူး
ချန်ပီယံလိဂ်လက်ရှိချန်ပီယံ လီဗာပူးရဲ့သရဖူကာကွယ်ရေးပထမဆုံးပွဲကတော့ မလှမပဖြစ်သွားခဲ့ရပြီး နေပယ်မှာ အိမ်ရှင်နာပိုလီအသင်းကို နောက်ကျဂိုးတွေကြောင့် ဂိုးပြတ်အရေးနိမ့်သွားခဲ့ရပါတယ်။
နည်းပြအန်ဆလော့တီဦးဆောင်တဲ့ နာပိုလီအသင်းဟာ ပြီးခဲ့တဲ့ရာသီချန်ပီယံလိဂ်အုပ်စုအဆင့်ပွဲစဉ်တုန်းကလည်း အခုလိုအိမ်ကွင်းမှာ လီဗာပူးကို ၁-၀ ဂိုးနဲ့အနိုင်ရရှိခဲ့ပြီး ဒီပွဲမှာတော့ မာတန်းစ်ရဲ့ပင်နယ်တီသွင်းဂိုး၊ လူစားဝင်တိုက်စစ်မှူး လော်ရန်တေးရဲ့နောက်ကျသွင်းဂိုးတွေကြောင့် ထပ်မံအနိုင်ရရှိခဲ့ပါတယ်။
လီဗာပူးဟာ ပြီးခဲ့တဲ့ရာသီကလည်း ချန်ပီယံလိဂ်အုပ်စုအဆင့်ကနေ ရှုံးထွက်အဆင့်တက်ရောက်ဖို့ နောက်ဆုံးအချိန်အထိရုန်းကန်ခဲ့ရပြီး ဒီနှစ်မှာလည်း အဖွင့်ပွဲရှုံးနိမ့်မှုနဲ့အတူ ကျန်ပွဲတွေမှာ ရလဒ်ကောင်းရယူနိုင်ဖို့ လိုအပ်သွားပါတယ်။
နာပိုလီဟာ အစောပိုင်းမှာ ဂိုးသွင်းနိုင်ခဲ့ပေမယ့် ဖေဘီယန်ရုဇ်ရဲ့ထိုးဖောက်မှုကို လီဗာပူးဂိုးသမား အက်ဒရီယန် လှလှပပ ၂ဆင့်ကာကွယ်ရာကနေ ပြန်ထွက်လာတာကို တိုက်စစ်မှူး လိုဇာနို ပိတ်သွင်းခဲ့ပေမယ့် လူကျွံဘောဖြစ်နေခဲ့ပါတယ်။
ပွဲချိန်မိနစ် ၂၀မှာ လီဗာပူးအသင်း အခွင့်အရေးရခဲ့ပြီး မာနေးရဲ့ကန်သွင်းချက်ကို နာပိုလီဂိုးသမား မီရက်ကာကွယ်နိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီက နေပယ်မှာ ဂိုးပေါက်တည့်မှုတစ်ကြိမ်မှမရှိခဲ့တဲ့လီဗာပူးအတွက် ဒီပွဲရဲ့ပထမဆုံးဂိုးပေါက်တည့်မှုလည်းဖြစ်ပါတယ်။
သိပ်မကြာခင် လီဗာပူးအသင်း ဦးဆောင်ဂိုးရဖို့ နီးစပ်ခဲ့ပေမယ့် မီလ်နာရဲ့တိကျတဲ့ထောင့်ဖြတ်ဘောကနေ လီဗာပူးအတွက် ပွဲ ၂၀၀ပြည့်အဖြစ် ပါဝင်ကစားခဲ့တဲ့ ဖာမီနို ခေါင်းတိုက်သွင်းပေမယ့် ဂိုးပေါက်နဲ့လွဲချော်သွားပါတယ်။
ဒုတိယပိုင်းမှာ လီဗာပူးက ပိုမိုဖိအားပေးနိုင်ခဲ့ပြီး နာပိုလီခံစစ်အတွဲဖြစ်တဲ့ ကူလီဘာလီနဲ့ မာနိုလက်စ်တို့ရဲ့အမှားတွေကနေ အခွင့်အရေးတွေရခဲ့ပေမယ့် နာပိုလီဂိုးသမား မီရက်ကာကွယ်နိုင်ခဲ့သလို တစ်ဘက်မှာလည်း မာတန်းစ်ရဲ့အပိုင်ပိတ်သွင်းမှုကို အက်ဒရီယန် ကာကွယ်သွားတာကလည်း အံ့အားသင့်စရာဖြစ်ခဲ့ပါတယ်။
ဒါပေမဲ့ ပွဲချိန် ၈၂မိနစ်မှာတော့ ဂိုးဧရိယာထဲမှာ ကယ်လီဂျွန်ကို ရောဘတ်ဆန် တားဆီးပုံကြမ်းတမ်းတယ်ဆိုပြီး ဒိုင်က ပင်နယ်တီပေးခဲ့ရကာ VAR ပြန်ကြည့်ပြီး အတည်ပြုခဲ့ပါတယ်။ ဒီပင်နယ်တီကို မာတန်းစ်က အပိုင်ကန်သွင်းကာ နာပိုလီအတွက် ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
ဒါ့အပြင် ပွဲပြီးခါနီးမှာ လီဗာပူးနောက်ခံလူ ဗန်ဒိုက်ရဲ့မမှားသင့်တဲ့အမှားကနေ စပါးတိုက်စစ်မှူးဟောင်း လော်ရန်တေးက အေးဆေးကန်သွင်းယူနိုင်ခဲ့လို့ နာပိုလီအသင်း အဆုံးသတ်ဂိုးရရှိသွားခဲ့ပါတယ်။