ေဒါ့မန္ေနာက္ခံလူ ဒီယယ္လုိကုိ ေခၚယူေတာ့မယ့္ ပီအက္စ္ဂ်ီ

ပီအက္စ္ဂ်ီအသင္းဟာ ေဒါ့မန္ေနာက္ခံလူဒီယယ္လုိကုိ ေျပာင္းေရႊ႕ေၾကးယူရို 32 သန္းနဲ႔ ေခၚယူႏုိင္ေတာ့မွာျဖစ္ၿပီး အခုရက္သတၱပတ္အတြင္းမွာပဲ စာခ်ဳပ္ကုိ အၿပီးသတ္မွာျဖစ္တယ္လုိ႔ ျပင္သစ္သတင္းစာေတြက အခုိင္အမာေဖာ္ျပခဲ့ၾကပါတယ္။

Photo Credit: Getty Images

အသက္ 23 ႏွစ္အရြယ္ ဗဟိုခံစစ္မွဴး ဒီယယ္လုိဟာ ပေရာ္ဖက္ရွင္နယ္ကစားသမားဘ၀ကို 2014 ခုႏွစ္က ပီအက္စ္ဂ်ီရဲ႕ၿပိဳင္ဘက္ မုိနာကိုအသင္းနဲ႔အတူစတင္ခဲ့တာျဖစ္ၿပီး 2017-18 ရာသီက ဘြန္ဒက္လီဂါကလပ္ မိန္႔ဇ္ကို 5 ႏွစ္စာခ်ဳပ္နဲ႔ေျပာင္းေရႊ႕ခဲ့ပါတယ္။ ဂ်ာမန္ေျမကိုေရာက္ေရာက္ခ်င္းမွာပဲ ဒီယယ္လုိဟာ မိန္႔ဇ္အတြက္ အဓိကခံစစ္မွဴးတစ္ဦးအျဖစ္ အေကာင္းဆံုးေျခစြမ္းျပႏုိင္ခဲ့တာေၾကာင့္ တစ္ရာသီအၾကာမွာပဲ ေဒါ့မန္ကုိ ယူရို 28 သန္းနဲ႔ေရာက္ရွိသြားခဲ့သူပါ။

Photo Credit: Getty Images

သူဟာ ၿပီးခဲ့တဲ့ရာသီက ေဒါ့မန္အတြက္ ၿပိဳင္ပြဲအရပ္ရပ္ 32 ပြဲကစားကာေျခစြမ္းျပႏုိင္ခဲ့တာေၾကာင့္ မန္ယူအပါအ၀င္ ပရီးမီးယားလိဂ္ကလပ္တခ်ဳိ႕နဲ႔လည္း သတင္းေတြထြက္ေပၚခဲ့ေသးတာပါ။ ျပင္သစ္ ယူ-16 ကေန ယူ-21 အထိ အဆင့္ဆင့္ပါ၀င္ကစားခဲ့တဲ့ ဒီယယ္လုိဟာ လက္ေရြးစင္အသင္းရဲ႕အနာဂတ္ၾကယ္ပြင့္အျဖစ္လည္း သတ္မွတ္ခံထားရတာပါ။ သတင္းေတြအရေတာ့ ပီအက္စ္ဂ်ီဟာ ဒီယယ္လုိအတြက္ ေျပာင္းေရႊ႕ေၾကးယူရို 32 သန္းေပးေခ်ကာ 5 ႏွစ္စာခ်ဳပ္ခ်ဳပ္ဆုိသြားမယ္လုိ႔ သိရပါတယ္။

Photo Credit: Getty Images

ဒီယယ္လုိဟာ ေဒါ့မန္နဲ႔ကာလရွည္စာခ်ဳပ္ရွိထားေပမယ့္ ပီအက္စ္ဂ်ီနဲ႔သတင္းေတြထြက္ေပၚလာခ်ိန္ကတည္းက ပဲရစ္ကလပ္ဆီသြားေရာက္လုိတဲ့ သူ႕ရဲ႕ဆႏၵကိုဖြင့္ဟ၀န္ခံထားခဲ့တာပါ။ ၿပီးခဲ့တဲ့တစ္ပတ္က ျပဳလုပ္ခဲ့တဲ့ ျပင္သစ္နာမည္ႀကီး L’Equipe နဲ႔အင္တာဗ်ဴးမွာ ဒီယယ္လုိက ”ဥေရာပမွာကစားေနတဲ့ လူငယ္တစ္ဦးက ပီအက္စ္ဂ်ီရဲ႕စီမံကိန္းေတြက စိတ္၀င္စားဖုိ႔မေကာင္းဘူးလုိ႔ေျပာရင္ ယံုႏုိင္စရာမရွိျဖစ္သြားပါလိမ့္မယ္”လုိ႔ ေျပာၾကားခဲ့ပါေသးတယ္။ ပီအက္စ္ဂ်ီဟာ ဒီေႏြရာသီအတြင္း ဟာရဲရား၊ ဆာရာဘီယာနဲ႔ ေအဂ်က္ဇ္ေနာက္ခံလူဘိတ္ကာတုိ႔အျပင္ ခ်ဲလ္ဆီးလူငယ္ဂိုးသမားမာဆင္ဘူလ္ကာတုိ႔ကိုေခၚယူထားပါတယ္။

(Unicode)

ဒေါ့မန်နောက်ခံလူ ဒီယယ်လိုကို ခေါ်ယူတော့မယ့် ပီအက်စ်ဂျီ

ပီအက်စ်ဂျီအသင်းဟာ ဒေါ့မန်နောက်ခံလူဒီယယ်လိုကို ပြောင်းရွှေ့ကြေးယူရို 32 သန်းနဲ့ ခေါ်ယူနိုင်တော့မှာဖြစ်ပြီး အခုရက်သတ္တပတ်အတွင်းမှာပဲ စာချုပ်ကို အပြီးသတ်မှာဖြစ်တယ်လို့ ပြင်သစ်သတင်းစာတွေက အခိုင်အမာဖော်ပြခဲ့ကြပါတယ်။

အသက် 23 နှစ်အရွယ် ဗဟိုခံစစ်မှူး ဒီယယ်လိုဟာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို 2014 ခုနှစ်က ပီအက်စ်ဂျီရဲ့ပြိုင်ဘက် မိုနာကိုအသင်းနဲ့အတူစတင်ခဲ့တာဖြစ်ပြီး 2017-18 ရာသီက ဘွန်ဒက်လီဂါကလပ် မိန့်ဇ်ကို 5 နှစ်စာချုပ်နဲ့ပြောင်းရွှေ့ခဲ့ပါတယ်။ ဂျာမန်မြေကိုရောက်ရောက်ချင်းမှာပဲ ဒီယယ်လိုဟာ မိန့်ဇ်အတွက် အဓိကခံစစ်မှူးတစ်ဦးအဖြစ် အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့တာကြောင့် တစ်ရာသီအကြာမှာပဲ ဒေါ့မန်ကို ယူရို 28 သန်းနဲ့ရောက်ရှိသွားခဲ့သူပါ။

သူဟာ ပြီးခဲ့တဲ့ရာသီက ဒေါ့မန်အတွက် ပြိုင်ပွဲအရပ်ရပ် 32 ပွဲကစားကာခြေစွမ်းပြနိုင်ခဲ့တာကြောင့် မန်ယူအပါအဝင် ပရီးမီးယားလိဂ်ကလပ်တချို့နဲ့လည်း သတင်းတွေထွက်ပေါ်ခဲ့သေးတာပါ။ ပြင်သစ် ယူ-16 ကနေ ယူ-21 အထိ အဆင့်ဆင့်ပါဝင်ကစားခဲ့တဲ့ ဒီယယ်လိုဟာ လက်ရွေးစင်အသင်းရဲ့အနာဂတ်ကြယ်ပွင့်အဖြစ်လည်း သတ်မှတ်ခံထားရတာပါ။ သတင်းတွေအရတော့ ပီအက်စ်ဂျီဟာ ဒီယယ်လိုအတွက် ပြောင်းရွှေ့ကြေးယူရို 32 သန်းပေးချေကာ 5 နှစ်စာချုပ်ချုပ်ဆိုသွားမယ်လို့ သိရပါတယ်။

ဒီယယ်လိုဟာ ဒေါ့မန်နဲ့ကာလရှည်စာချုပ်ရှိထားပေမယ့် ပီအက်စ်ဂျီနဲ့သတင်းတွေထွက်ပေါ်လာချိန်ကတည်းက ပဲရစ်ကလပ်ဆီသွားရောက်လိုတဲ့ သူ့ရဲ့ဆန္ဒကိုဖွင့်ဟဝန်ခံထားခဲ့တာပါ။ ပြီးခဲ့တဲ့တစ်ပတ်က ပြုလုပ်ခဲ့တဲ့ ပြင်သစ်နာမည်ကြီး L’Equipe နဲ့အင်တာဗျူးမှာ ဒီယယ်လိုက ”ဥရောပမှာကစားနေတဲ့ လူငယ်တစ်ဦးက ပီအက်စ်ဂျီရဲ့စီမံကိန်းတွေက စိတ်ဝင်စားဖို့မကောင်းဘူးလို့ပြောရင် ယုံနိုင်စရာမရှိဖြစ်သွားပါလိမ့်မယ်”လို့ ပြောကြားခဲ့ပါသေးတယ်။ ပီအက်စ်ဂျီဟာ ဒီနွေရာသီအတွင်း ဟာရဲရား၊ ဆာရာဘီယာနဲ့ အေဂျက်ဇ်နောက်ခံလူဘိတ်ကာတို့အပြင် ချဲလ်ဆီးလူငယ်ဂိုးသမားမာဆင်ဘူလ်ကာတို့ကိုခေါ်ယူထားပါတယ်။