ေတာ္၀င္ေနမာမျဖစ္ေစဖုိ႔ တားဆီးေနတဲ့ ခလုတ္ကန္သင္းမ်ား

Photo Credit

Photo Credit

ၿပီးခဲ့တ့ဲေသာၾကာေန႔က ယူႏိုက္တက္အသင္းကြင္းလယ္လူ ေပါ့ဂ္ဘာကို ေခၚယူေရး ရီးရဲလ္ရမက္ဒရစ္အသင္းရဲ႕ႀကိဳးစားမႈ အဆင္မေျပျဖစ္ခဲ့ရလုိ႔ ေတာ္၀င္ပရိသတ္ေတြ စိတ္ပ်က္လက္ပ်က္ျဖစ္ခဲ့ရပါတယ္။ အဲဒီအခ်ိန္မွာ မက္ဒရစ္အေျခစိုက္အားကစားသတင္းစာေတြက ပီအက္စ္ဂ်ီတုိက္စစ္မွဴး ေနမာကို ေခၚယူဖုိ႔ႀကိဳးစားေနတဲ့ ရီးရဲလ္အသင္းအေၾကာင္းေတြခ်ည္းပဲ ေရးသားေဖာ္ျပခဲ့ပါတယ္။

Photo Credit

ဒါက အာ႐ုံလႊဲတဲ့နည္းစနစ္လား…ဒါမွမဟုတ္ ၿပိဳင္ဘက္ဘာစီလုိနာအသင္း ေနမာအတြက္ ေစ်းပိုေပးရေအာင္ တမင္တကာမ်ား ကစားေနတာလား။ သိပ္ကိုစဥ္းစားစရာေကာင္းတဲ့ေမးခြန္းေတြျဖစ္ပါတယ္။ Daily Mail သတင္းစာက လက္ရွိကမၻာ့ေျပာင္းေရႊ႕ေၾကးအမ်ားဆုံးကစားသမား ေနမာကို ရီးရဲလ္မက္ဒရစ္အသင္း ေခၚယူေရးမွာ အဓိကအတားအဆီးျဖစ္လာႏိုင္တဲ့အခ်က္ေတြကို ေရးသားေဖာ္ျပခဲ့ပါတယ္။

Photo Credit ; Getty Images

သူတုိ႔ဆီမွာ တကယ္ပဲပိုက္ဆံေတြရွိရဲ႕လား
၂၀၁၇ ၾသဂုတ္လက ဘာစီလုိနာအသင္းကေန ေပါင္ ၁၉၈သန္းနဲ႔ ပီအက္စ္ဂ်ီကို ေရာက္ရွိလာခဲ့တဲ့ ေနမာဟာ ျပင္သစ္မွာ အခြန္ေဆာင္အၿပီး တစ္ႏွစ္လုပ္ခလစာ ယူ႐ို ၃၅သန္းရရွိေနပါတယ္။ စပိန္ႏိုင္ငံရဲ႕အခြန္ဥပေဒအရ ၀င္ေငြရဲ႕ ၄၃ရာခုိင္ႏႈန္းကို အခြန္ေဆာင္ရမွာျဖစ္လုိ႔ ရီးရဲလ္အေနနဲ႔ ေနမာရဲ႕လုပ္ခလစာအတြက္ တစ္ရာသီမွာ အသားတင္ယူ႐ိုသန္း ၇၀နီးပါး သုံးစြဲရမွာျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ သူတုိ႔ဆီမွာ အဲဒီေလာက္ေငြေၾကးမရွိေသးပါဘူး။

Photo Credit ; Getty Images / AFP

ၿပီးေတာ့ ရီးရဲလ္ဟာ ေနမာအတြက္ ပီအက္စ္ဂ်ီအသင္းကို ေျပာင္းေရႊ႕ေၾကးလည္း ေပးေခ်ရဦးမွာျဖစ္ပါတယ္။ အသင္း ၂သင္းၾကား ဆက္ဆံေရးအေျခအေနေပၚမွာလည္း အေျပာင္းအေရႊ႕က မူတည္ေနၿပီး ပီအက္စ္ဂ်ီနဲ႔ဘာစီလုိနာ ဆက္ဆံေရးထက္ ရီးရဲလ္နဲ႔ပီအက္စ္ဂ်ီၾကား ဆက္ဆံေရးက ပိုေကာင္းေနတာလည္း ေသခ်ာပါတယ္။ ဒါေပမဲ့ ေနမာဟာ အခုခ်ိန္အထိ ပီအက္စ္ဂ်ီအသင္းပိုင္ရွင္ ကာတာစီးပြားေရးလုပ္ငန္းအုပ္စုရဲ႕အနာဂတ္စီမံကိန္းမွာ ပါ၀င္ေနဆဲျဖစ္ပါတယ္။

Photo Credit ; AP

ပီအက္စ္ဂ်ီအသင္းက ေနမာအတြက္ သူ႕အသင္းေဟာင္း ဘာစီလုိနာကေန ယူ႐ိုသန္း ၁၈၀ ေတာင္းဆုိထားၿပီး ရီးရဲလ္ဆုိရင္လည္း အဲဒီပမာဏပဲေပးေခ်ရမွာျဖစ္ပါတယ္။ ကစားသမားအလုိက္ေပးကမ္းလွမ္းရင္ ေျပာင္းေရႊ႕ေၾကးနည္းပါးသြားႏုိင္ေပမယ့္ ပီအက္စ္ဂ်ီက အလုိက္ေပးကမ္းလွမ္းမႈမွာ တုိက္စစ္ကစားသမားေတြထက္ ကြင္းလယ္လူေတြနဲ႔ ဂိုးသမားေတြကိုပဲ ပိုမိုစိတ္၀င္စားပါတယ္။ ဒီအတြက္ေၾကာင့္ ရီးရဲလ္လည္း ဂါရတ္ေဘးလ္နဲ႔ ဂ်ိမ္းစ္႐ိုဒရီဂြက္ဇ္တုိ႔ကို အလုိက္ေပးကမ္းလွမ္းရင္ အဆင္ေျပႏုိင္မွာမဟုတ္ပါဘူး။ ဂိုးသမားေကလာနာဗက္စ္ဆုိရင္ေတာ့ ပီအက္စ္ဂ်ီအသင္း စိတ္၀င္စားလာႏုိင္ပါတယ္။ အဲဒီလုိဆုိရင္ေတာင္ ရီးရဲလ္အတြက္ ႀကီးမားတဲ့ရင္းႏွီးျမႇဳပ္ႏွံမႈျဖစ္ေနဆဲျဖစ္ႏိုင္ၿပီး ေပါ့ဂ္ဘာအတြက္ ေျပာင္းေရႊ႕ေၾကးရွာရခက္ေနတဲ့ရီးရဲလ္အတြက္ အခက္ေတြ႕လာႏိုင္ပါတယ္။

Photo Credit ; Reuters

ဘာစီလုိနာအေပၚ ေနမာရဲ႕သေဘာထား
ေနမာဟာ ဘာစီလုိနာအသင္းမွာ ကစားခဲ့တဲ့အခ်ိန္ကာလေတြကို အၿမဲတမ္းသတိတရနဲ႔ ဖြင့္ေျပာေလ့ရွိၿပီး အခုလိုပီအက္စ္ဂ်ီအသင္းနဲ႔ ဆက္ဆံေရးအဆင္မေျပျဖစ္ေနခ်ိန္မွာေတာင္ သူ႕ရဲ႕အေကာင္းဆုံးျဖစ္ရပ္ကို ဖြင့္ေျပာခဲ့ပါတယ္။ ဒါက အသင္းေဟာင္းဘာစီလုိနာနဲ႔အတူ လက္ရွိကလပ္ ပီအက္စ္ဂ်ီအသင္းကို အံ့အားသင့္ဖြယ္ေက်ာ္ျဖတ္ႏိုင္ခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲျဖစ္ၿပီး ဒီအတြက္ေၾကာင့္လည္း ဘာစီလုိနာအေပၚ သူ႕ရဲ႕အေလးထားမႈ ဘယ္ေလာက္မ်ားလဲဆုိတာ ခန္႔မွန္းႏိုင္ပါတယ္။

Photo Credit ; Getty Images

ေနာက္ၿပီး ၂၀၁၅ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ဘာစီလိုနာအသင္းနဲ႔အတူ ဆုဖလားကိုင္ေျမႇာက္ႏိုင္ခဲ့တာကိုလည္း သူ႕ကိုယ္မွာ တစ္သက္လုံးအမွတ္ရေနေစဖို႔ တက္တူးေရးထိုးထားပါတယ္။ လက္ရွိဘာစီလုိနာအသင္းရဲ႕စီနီယာကစားသမားေတြျဖစ္တဲ့ အသင္းေခါင္းေဆာင္ မက္ဆီ၊ တုိက္စစ္မွဴး ဆြာရက္ဇ္၊ ေနာက္ခံလူ ပီေကးတုိ႔နဲ႔ ခင္မင္ရင္းႏွီးတဲ့အေၾကာင္းလည္း တစ္ခါမွလွ်ိဳ႕၀ွက္ထားျခင္းမရွိဘဲ အခါအခြင့္သင့္ရင္သင့္သလုိ ဖြင့္ေျပာေလ့ရွိပါတယ္။

Photo Credit ; Getty Images

တကယ္လို႔မ်ား အယ္လ္ကလပ္စီကိုပြဲမွာသာ ဘာစီလုိနာဘက္ကို ရီးရဲလ္အသင္းသားအျဖစ္ ေနမာ ဂိုးသြင္းႏိုင္ခဲ့ရင္ သူေအာင္ပြဲခံပါ့မလားဆုိတာလည္း ေမးခြန္းထုတ္ခ်င္စရာျဖစ္ေနပါတယ္။ ဘရာဇီးတိုက္စစ္မွဴးေရာ္နယ္ဒိုနဲ႔ ေပၚတူဂီေတာင္ပံကစားသမား ဖီဂိုတုိ႔က ႏွစ္သင္းစလုံးမွာ ကစားခဲ့ဖူးသူေတြျဖစ္ၿပီး ဖီဂုိဆိုရင္ ဘာစီလုိနာကေန ရီးရဲလ္ကို တုိက္႐ိုက္ေျပာင္းေရႊ႕လာခဲ့တာပါ။ ရီးရဲလ္ပရိသတ္ေတြဟာ လူမႈမီဒီယာမွာ နည္းျပဇီဒန္းနဲ႔ ေနမာတုိ႔ တြဲ႐ိုက္ထားတဲ့ဓာတ္ပုံ ျမင္ေတြ႕ခဲ့ေပမယ့္ သူ႕ရဲ႕သစၥာရွိမႈ ဘယ္အသင္းအေပၚ ရွိေနလဲဆိုတဲ့သံသယေမးခြန္းေတြ ေမးလာႏိုင္ပါတယ္။

Photo Credit ; PA

ေအအက္စ္သတင္းစာက ၿပီးခဲ့တဲ့ေသာၾကာေန႔မွာ ေနမာရဲ႕အေျပာင္းအေရႊ႕နဲ႔ပတ္သက္လုိ႔ ရီးရဲလ္ပရိသတ္ေတြရဲ႕သေဘာထားကို ေမးျမန္းခဲ့ပါတယ္။ အဲဒီမွာ ပရိသတ္ ၉၀၀၀၀ ေက်ာ္က မေခၚဖို႔ မဲေပးခဲ့ၿပီး ရာခုိင္ႏႈန္းအားျဖင့္ေတာ့ ၅၉ ရာခုိင္ႏႈန္းရိွပါတယ္။ ၿပီးေတာ့ အဲဒီပုိ႔စ္ေအာက္က Comments အမ်ားစုမွာလည္း ေနမာကို မေခၚယူဖုိ႔ ရီးရဲလ္ပရိသတ္အမ်ားစုက ျပင္းျပင္းထန္ထန္ေရးသားေတာင္းဆုိခဲ့ၾကပါတယ္။ ”ဒိုင္ဗင္ေနမာကို ဗင္နီစီးယပ္စ္၊ ႐ိုဒရီဂိုရယ္ တျခားလူငယ္ကစားသမားေလးေတြနဲ႔ခပ္ေ၀းေ၀းမွာ ထားေပးပါရီးရဲလ္။ ဒါဆုိရင္ ပိုေကာင္းပါလိမ့္မယ္”လုိ႔ ပရိသတ္တစ္ေယာက္က ေရးသားခဲ့သလို ေနာက္တစ္ေယာက္ကလည္း ေနမာေရာက္လာရင္ တစ္ရာသီစာလက္မွတ္ေရာင္းခ်ရမႈ နည္းသြားႏိုင္တယ္လုိ႔ သတိေပးခဲ့ပါတယ္။

က်န္အသင္းသားေတြအေပၚ ႐ိုက္ခတ္မႈရွိလာႏိုင္
ေနမာရဲ႕စိတ္ႀကိဳက္ကစားတဲ့ေနရာက ဘယ္ေတာင္ပံျဖစ္ၿပီး လက္ရွိအခ်ိန္ ရီးရဲလ္မွာ ၄-၃-၃ ပုံစံကစားရင္ ဟာဇက္က အဲဒီေနရာမွာ ကစားပါတယ္။ တကယ္လုိ႔ ေနမာသာ ေရာက္လာခဲ့ရင္ သူတုိ႔ႏွစ္ေယာက္ထဲက တစ္ေယာက္ေယာက္ေတာ့ ကုိယ့္စိတ္ႀကိဳက္ေနရာကေန ေျပာင္းကစားရမွာျဖစ္ပါတယ္။ ေနာက္ထပ္စုိးရိမ္စရာေကာင္းတာက လုပ္ခလစာျပႆနာျဖစ္ၿပီး တျခားကစားသမားေတြရဲ႕စိတ္ထဲ အနည္းအမ်ားကြာျခားမႈအတြက္ ခံစားရလာႏိုင္ပါတယ္။

Photo Credit ; Getty Images

တကယ္လုိ႔ ေနမာသာ ေရာက္လာခဲ့ရင္ ရီးရဲလ္မွာ သူရမယ့္လုပ္ခလစာက လက္ရွိရီးရဲလ္အသင္းသားေတြအနက္ အမ်ားဆုံးကစားသမားရဲ႕လုပ္ခလစာထက္ ၂ဆပိုမ်ားသြားမွာျဖစ္ပါတယ္။ ဒီပမာဏက ေရာ္နယ္ဒိုနဲ႔မက္ဆီတုိ႔ေလာက္ပဲ ထုိက္တန္တယ္လုိ႔ ပရိသတ္ေတြကလည္း ယူဆေနပါတယ္။ ေရာ္နယ္ဒိုဆုိရင္ အဲဒီေလာက္လုပ္ခလစာေတာင္းဆုိတာ မေပးလုိ႔ အသင္းကေန ထြက္ခြာသြားတာျဖစ္ၿပီး အဲဒီပမာဏအတုိင္း ေနမာကို ေပးေခ်ရင္ ရီးရဲလ္ပရိသတ္ေတြ လက္သင့္ခံႏိုင္မွာမဟုတ္တာလည္း ေသခ်ာပါတယ္။

Photo Credit ; Getty Images

ဇီဒန္းရဲ႕တု႔ံျပန္မႈ
ရီးရဲလ္နည္းျပဇီဒန္းကေတာ့ box-to-box ကြင္းလယ္လူျဖစ္တဲ့ ေပါ့ဂ္ဘာကိုပဲ ေခၚယူေပးဖို႔ ေတာင္းဆုိခဲ့ပါတယ္။ အဲဒီအစား ဇီဒန္းအေနနဲ႔ ေနာက္ဆုံး ၂ရာသီအတြင္း ဒဏ္ရာမၾကာခဏရရွိေနသလို ကလပ္နဲ႔ႏိုင္ငံလက္ေရြးစင္အသင္းတုိ႔အတြက္ စုိးရိမ္စိတ္ေတြ၀င္ေစတဲ့တုိက္စစ္မွဴးတစ္ဦးကို အသုံးျပဳရဖြယ္ရွိေနပါတယ္။ ေနမာဟာ ပီအက္စ္ဂ်ီကစားသမားဘ၀ ပထမဆုံးရာသီမွာပဲ ေျခေခ်ာင္း႐ိုးဒဏ္ရာရရွိခဲ့သလုိ ဒုတိယေျမာက္ရာသီမွာလည္း အဲဒီဒဏ္ရာပဲ ထပ္ရခ့ဲပါတယ္။ အခုေနာက္ဆုံးရရွိတဲ့ေျခေခ်ာင္း႐ိုးက်ိဳးဒဏ္ရာကိုေတာ့ သူက ခြဲစိတ္ကုသမႈမခံယူခဲ့ဘဲ ၃လၾကာအနားယူခ့ဲရပါတယ္။ ေနမာကိုေခၚယူလိုက္ရင္ သူႀကံ့ခုိင္မႈျပည့္၀ေနတဲ့အခ်ိန္ ဂုိးေတြမသြင္းႏုိင္မွာကို စိတ္ပူစရာမလုိေပမယ့္ ဒဏ္ရာမၾကာခဏရေနတဲ့အျပင္ ဇီဒန္းေခၚယူခ်င္တဲ့ကစားသမားလည္းမဟုတ္ပါဘူး။

Photo Credit ; Getty Images

ဘာေပ
ရီးရဲလ္မက္ဒရစ္ဟာ လာမယ့္ ၁ႏွစ္၊ ၂ႏွစ္အတြင္းမွာ ပီအက္စ္ဂ်ီတုိက္စစ္မွဴးဘာေပကို ေခၚယူႏိုင္ဖို႔ ႀကိဳတင္စီစဥ္ထားပါတယ္။ တကယ္လုိ႔ အဲဒီလုိေခၚယူမယ္ဆုိရင္လည္း ကမၻာ့စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးသုံးစြဲရမွာေသခ်ာေနၿပီး စံခ်ိန္တင္လုပ္ခလစာလည္း ေပးေခ်ရဖို႔မ်ားေနပါတယ္။ တကယ္လုိ႔ ေနမာကိုသာ မက္ေမာဖြယ္ေျပာင္းေရႊ႕ေၾကး၊ လုပ္ခလစာတုိ႔ ေပးၿပီး ေခၚယူခဲ့ရင္ ဘာေပကို ေခၚယူႏိုင္ေရးအတြက္ ဘ႑ာေရးဆုိင္ရာအရ ပိုမိုခက္ခဲသြားမွာေသခ်ာပါတယ္။

Photo Credit ; Getty Images

Unicode

တော်ဝင်နေမာမဖြစ်စေဖို့ တားဆီးနေတဲ့ ခလုတ်ကန်သင်းများ

ပြီးခဲ့တဲ့သောကြာနေ့က ယူနိုက်တက်အသင်းကွင်းလယ်လူ ပေါ့ဂ်ဘာကို ခေါ်ယူရေး ရီးရဲလ်ရမက်ဒရစ်အသင်းရဲ့ကြိုးစားမှု အဆင်မပြေဖြစ်ခဲ့ရလို့ တော်ဝင်ပရိသတ်တွေ စိတ်ပျက်လက်ပျက်ဖြစ်ခဲ့ရပါတယ်။ အဲဒီအချိန်မှာ မက်ဒရစ်အခြေစိုက်အားကစားသတင်းစာတွေက ပီအက်စ်ဂျီတိုက်စစ်မှူး နေမာကို ခေါ်ယူဖို့ကြိုးစားနေတဲ့ ရီးရဲလ်အသင်းအကြောင်းတွေချည်းပဲ ရေးသားဖော်ပြခဲ့ပါတယ်။
ဒါက အာရုံလွှဲတဲ့နည်းစနစ်လား…ဒါမှမဟုတ် ပြိုင်ဘက်ဘာစီလိုနာအသင်း နေမာအတွက် ဈေးပိုပေးရအောင် တမင်တကာများ ကစားနေတာလား။ သိပ်ကိုစဉ်းစားစရာကောင်းတဲ့မေးခွန်းတွေဖြစ်ပါတယ်။ Daily Mail သတင်းစာက လက်ရှိကမ္ဘာ့ပြောင်းရွှေ့ကြေးအများဆုံးကစားသမား နေမာကို ရီးရဲလ်မက်ဒရစ်အသင်း ခေါ်ယူရေးမှာ အဓိကအတားအဆီးဖြစ်လာနိုင်တဲ့အချက်တွေကို ရေးသားဖော်ပြခဲ့ပါတယ်။

သူတို့ဆီမှာ တကယ်ပဲပိုက်ဆံတွေရှိရဲ့လား
၂၀၁၇ သြဂုတ်လက ဘာစီလိုနာအသင်းကနေ ပေါင် ၁၉၈သန်းနဲ့ ပီအက်စ်ဂျီကို ရောက်ရှိလာခဲ့တဲ့ နေမာဟာ ပြင်သစ်မှာ အခွန်ဆောင်အပြီး တစ်နှစ်လုပ်ခလစာ ယူရို ၃၅သန်းရရှိနေပါတယ်။ စပိန်နိုင်ငံရဲ့အခွန်ဥပဒေအရ ဝင်ငွေရဲ့ ၄၃ရာခိုင်နှုန်းကို အခွန်ဆောင်ရမှာဖြစ်လို့ ရီးရဲလ်အနေနဲ့ နေမာရဲ့လုပ်ခလစာအတွက် တစ်ရာသီမှာ အသားတင်ယူရိုသန်း ၇၀နီးပါး သုံးစွဲရမှာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ သူတို့ဆီမှာ အဲဒီလောက်ငွေကြေးမရှိသေးပါဘူး။
ပြီးတော့ ရီးရဲလ်ဟာ နေမာအတွက် ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့ကြေးလည်း ပေးချေရဦးမှာဖြစ်ပါတယ်။ အသင်း ၂သင်းကြား ဆက်ဆံရေးအခြေအနေပေါ်မှာလည်း အပြောင်းအရွှေ့က မူတည်နေပြီး ပီအက်စ်ဂျီနဲ့ဘာစီလိုနာ ဆက်ဆံရေးထက် ရီးရဲလ်နဲ့ပီအက်စ်ဂျီကြား ဆက်ဆံရေးက ပိုကောင်းနေတာလည်း သေချာပါတယ်။ ဒါပေမဲ့ နေမာဟာ အခုချိန်အထိ ပီအက်စ်ဂျီအသင်းပိုင်ရှင် ကာတာစီးပွားရေးလုပ်ငန်းအုပ်စုရဲ့အနာဂတ်စီမံကိန်းမှာ ပါဝင်နေဆဲဖြစ်ပါတယ်။
ပီအက်စ်ဂျီအသင်းက နေမာအတွက် သူ့အသင်းဟောင်း ဘာစီလိုနာကနေ ယူရိုသန်း ၁၈၀ တောင်းဆိုထားပြီး ရီးရဲလ်ဆိုရင်လည်း အဲဒီပမာဏပဲပေးချေရမှာဖြစ်ပါတယ်။ ကစားသမားအလိုက်ပေးကမ်းလှမ်းရင် ပြောင်းရွှေ့ကြေးနည်းပါးသွားနိုင်ပေမယ့် ပီအက်စ်ဂျီက အလိုက်ပေးကမ်းလှမ်းမှုမှာ တိုက်စစ်ကစားသမားတွေထက် ကွင်းလယ်လူတွေနဲ့ ဂိုးသမားတွေကိုပဲ ပိုမိုစိတ်ဝင်စားပါတယ်။ ဒီအတွက်ကြောင့် ရီးရဲလ်လည်း ဂါရတ်ဘေးလ်နဲ့ ဂျိမ်းစ်ရိုဒရီဂွက်ဇ်တို့ကို အလိုက်ပေးကမ်းလှမ်းရင် အဆင်ပြေနိုင်မှာမဟုတ်ပါဘူး။ ဂိုးသမားကေလာနာဗက်စ်ဆိုရင်တော့ ပီအက်စ်ဂျီအသင်း စိတ်ဝင်စားလာနိုင်ပါတယ်။ အဲဒီလိုဆိုရင်တောင် ရီးရဲလ်အတွက် ကြီးမားတဲ့ရင်းနှီးမြှုပ်နှံမှုဖြစ်နေဆဲဖြစ်နိုင်ပြီး ပေါ့ဂ်ဘာအတွက် ပြောင်းရွှေ့ကြေးရှာရခက်နေတဲ့ရီးရဲလ်အတွက် အခက်တွေ့လာနိုင်ပါတယ်။

ဘာစီလိုနာအပေါ် နေမာရဲ့သဘောထား
နေမာဟာ ဘာစီလိုနာအသင်းမှာ ကစားခဲ့တဲ့အချိန်ကာလတွေကို အမြဲတမ်းသတိတရနဲ့ ဖွင့်ပြောလေ့ရှိပြီး အခုလိုပီအက်စ်ဂျီအသင်းနဲ့ ဆက်ဆံရေးအဆင်မပြေဖြစ်နေချိန်မှာတောင် သူ့ရဲ့အကောင်းဆုံးဖြစ်ရပ်ကို ဖွင့်ပြောခဲ့ပါတယ်။ ဒါက အသင်းဟောင်းဘာစီလိုနာနဲ့အတူ လက်ရှိကလပ် ပီအက်စ်ဂျီအသင်းကို အံ့အားသင့်ဖွယ်ကျော်ဖြတ်နိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲဖြစ်ပြီး ဒီအတွက်ကြောင့်လည်း ဘာစီလိုနာအပေါ် သူ့ရဲ့အလေးထားမှု ဘယ်လောက်များလဲဆိုတာ ခန့်မှန်းနိုင်ပါတယ်။
နောက်ပြီး ၂၀၁၅ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဘာစီလိုနာအသင်းနဲ့အတူ ဆုဖလားကိုင်မြှောက်နိုင်ခဲ့တာကိုလည်း သူ့ကိုယ်မှာ တစ်သက်လုံးအမှတ်ရနေစေဖို့ တက်တူးရေးထိုးထားပါတယ်။ လက်ရှိဘာစီလိုနာအသင်းရဲ့စီနီယာကစားသမားတွေဖြစ်တဲ့ အသင်းခေါင်းဆောင် မက်ဆီ၊ တိုက်စစ်မှူး ဆွာရက်ဇ်၊ နောက်ခံလူ ပီကေးတို့နဲ့ ခင်မင်ရင်းနှီးတဲ့အကြောင်းလည်း တစ်ခါမှလျှို့ဝှက်ထားခြင်းမရှိဘဲ အခါအခွင့်သင့်ရင်သင့်သလို ဖွင့်ပြောလေ့ရှိပါတယ်။
တကယ်လို့များ အယ်လ်ကလပ်စီကိုပွဲမှာသာ ဘာစီလိုနာဘက်ကို ရီးရဲလ်အသင်းသားအဖြစ် နေမာ ဂိုးသွင်းနိုင်ခဲ့ရင် သူအောင်ပွဲခံပါ့မလားဆိုတာလည်း မေးခွန်းထုတ်ချင်စရာဖြစ်နေပါတယ်။ ဘရာဇီးတိုက်စစ်မှူးရော်နယ်ဒိုနဲ့ ပေါ်တူဂီတောင်ပံကစားသမား ဖီဂိုတို့က နှစ်သင်းစလုံးမှာ ကစားခဲ့ဖူးသူတွေဖြစ်ပြီး ဖီဂိုဆိုရင် ဘာစီလိုနာကနေ ရီးရဲလ်ကို တိုက်ရိုက်ပြောင်းရွှေ့လာခဲ့တာပါ။ ရီးရဲလ်ပရိသတ်တွေဟာ လူမှုမီဒီယာမှာ နည်းပြဇီဒန်းနဲ့ နေမာတို့ တွဲရိုက်ထားတဲ့ဓာတ်ပုံ မြင်တွေ့ခဲ့ပေမယ့် သူ့ရဲ့သစ္စာရှိမှု ဘယ်အသင်းအပေါ် ရှိနေလဲဆိုတဲ့သံသယမေးခွန်းတွေ မေးလာနိုင်ပါတယ်။
အေအက်စ်သတင်းစာက ပြီးခဲ့တဲ့သောကြာနေ့မှာ နေမာရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်လို့ ရီးရဲလ်ပရိသတ်တွေရဲ့သဘောထားကို မေးမြန်းခဲ့ပါတယ်။ အဲဒီမှာ ပရိသတ် ၉၀၀၀၀ ကျော်က မခေါ်ဖို့ မဲပေးခဲ့ပြီး ရာခိုင်နှုန်းအားဖြင့်တော့ ၅၉ ရာခိုင်နှုန်းရှိပါတယ်။ ပြီးတော့ အဲဒီပို့စ်အောက်က Comments အများစုမှာလည်း နေမာကို မခေါ်ယူဖို့ ရီးရဲလ်ပရိသတ်အများစုက ပြင်းပြင်းထန်ထန်ရေးသားတောင်းဆိုခဲ့ကြပါတယ်။ ”ဒိုင်ဗင်နေမာကို ဗင်နီစီးယပ်စ်၊ ရိုဒရီဂိုရယ် တခြားလူငယ်ကစားသမားလေးတွေနဲ့ခပ်ဝေးဝေးမှာ ထားပေးပါရီးရဲလ်။ ဒါဆိုရင် ပိုကောင်းပါလိမ့်မယ်”လို့ ပရိသတ်တစ်ယောက်က ရေးသားခဲ့သလို နောက်တစ်ယောက်ကလည်း နေမာရောက်လာရင် တစ်ရာသီစာလက်မှတ်ရောင်းချရမှု နည်းသွားနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။

ကျန်အသင်းသားတွေအပေါ် ရိုက်ခတ်မှုရှိလာနိုင်
နေမာရဲ့စိတ်ကြိုက်ကစားတဲ့နေရာက ဘယ်တောင်ပံဖြစ်ပြီး လက်ရှိအချိန် ရီးရဲလ်မှာ ၄-၃-၃ ပုံစံကစားရင် ဟာဇက်က အဲဒီနေရာမှာ ကစားပါတယ်။ တကယ်လို့ နေမာသာ ရောက်လာခဲ့ရင် သူတို့နှစ်ယောက်ထဲက တစ်ယောက်ယောက်တော့ ကိုယ့်စိတ်ကြိုက်နေရာကနေ ပြောင်းကစားရမှာဖြစ်ပါတယ်။ နောက်ထပ်စိုးရိမ်စရာကောင်းတာက လုပ်ခလစာပြဿနာဖြစ်ပြီး တခြားကစားသမားတွေရဲ့စိတ်ထဲ အနည်းအများကွာခြားမှုအတွက် ခံစားရလာနိုင်ပါတယ်။
တကယ်လို့ နေမာသာ ရောက်လာခဲ့ရင် ရီးရဲလ်မှာ သူရမယ့်လုပ်ခလစာက လက်ရှိရီးရဲလ်အသင်းသားတွေအနက် အများဆုံးကစားသမားရဲ့လုပ်ခလစာထက် ၂ဆပိုများသွားမှာဖြစ်ပါတယ်။ ဒီပမာဏက ရော်နယ်ဒိုနဲ့မက်ဆီတို့လောက်ပဲ ထိုက်တန်တယ်လို့ ပရိသတ်တွေကလည်း ယူဆနေပါတယ်။ ရော်နယ်ဒိုဆိုရင် အဲဒီလောက်လုပ်ခလစာတောင်းဆိုတာ မပေးလို့ အသင်းကနေ ထွက်ခွာသွားတာဖြစ်ပြီး အဲဒီပမာဏအတိုင်း နေမာကို ပေးချေရင် ရီးရဲလ်ပရိသတ်တွေ လက်သင့်ခံနိုင်မှာမဟုတ်တာလည်း သေချာပါတယ်။

ဇီဒန်းရဲ့တုံ့ပြန်မှု
ရီးရဲလ်နည်းပြဇီဒန်းကတော့ box-to-box ကွင်းလယ်လူဖြစ်တဲ့ ပေါ့ဂ်ဘာကိုပဲ ခေါ်ယူပေးဖို့ တောင်းဆိုခဲ့ပါတယ်။ အဲဒီအစား ဇီဒန်းအနေနဲ့ နောက်ဆုံး ၂ရာသီအတွင်း ဒဏ်ရာမကြာခဏရရှိနေသလို ကလပ်နဲ့နိုင်ငံလက်ရွေးစင်အသင်းတို့အတွက် စိုးရိမ်စိတ်တွေဝင်စေတဲ့တိုက်စစ်မှူးတစ်ဦးကို အသုံးပြုရဖွယ်ရှိနေပါတယ်။ နေမာဟာ ပီအက်စ်ဂျီကစားသမားဘ၀ ပထမဆုံးရာသီမှာပဲ ခြေချောင်းရိုးဒဏ်ရာရရှိခဲ့သလို ဒုတိယမြောက်ရာသီမှာလည်း အဲဒီဒဏ်ရာပဲ ထပ်ရခဲ့ပါတယ်။ အခုနောက်ဆုံးရရှိတဲ့ခြေချောင်းရိုးကျိုးဒဏ်ရာကိုတော့ သူက ခွဲစိတ်ကုသမှုမခံယူခဲ့ဘဲ ၃လကြာအနားယူခဲ့ရပါတယ်။ နေမာကိုခေါ်ယူလိုက်ရင် သူကြံ့ခိုင်မှုပြည့်ဝနေတဲ့အချိန် ဂိုးတွေမသွင်းနိုင်မှာကို စိတ်ပူစရာမလိုပေမယ့် ဒဏ်ရာမကြာခဏရနေတဲ့အပြင် ဇီဒန်းခေါ်ယူချင်တဲ့ကစားသမားလည်းမဟုတ်ပါဘူး။

ဘာပေ
ရီးရဲလ်မက်ဒရစ်ဟာ လာမယ့် ၁နှစ်၊ ၂နှစ်အတွင်းမှာ ပီအက်စ်ဂျီတိုက်စစ်မှူးဘာပေကို ခေါ်ယူနိုင်ဖို့ ကြိုတင်စီစဉ်ထားပါတယ်။ တကယ်လို့ အဲဒီလိုခေါ်ယူမယ်ဆိုရင်လည်း ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးသုံးစွဲရမှာသေချာနေပြီး စံချိန်တင်လုပ်ခလစာလည်း ပေးချေရဖို့များနေပါတယ်။ တကယ်လို့ နေမာကိုသာ မက်မောဖွယ်ပြောင်းရွှေ့ကြေး၊ လုပ်ခလစာတို့ ပေးပြီး ခေါ်ယူခဲ့ရင် ဘာပေကို ခေါ်ယူနိုင်ရေးအတွက် ဘဏ္ဍာရေးဆိုင်ရာအရ ပိုမိုခက်ခဲသွားမှာသေချာပါတယ်။