ေတာ့တင္ဟမ္နဲ႔ပြဲအၿပီး အာဆင္နယ္ပရိသတ္ေတြကို ဂ႐ုမစုိက္သလုိ ျပဳလုပ္ခဲ့တဲ့ပီပီ

Photo Credit

Photo Credit

တနဂၤေႏြေန႔က ေတာ့တင္ဟမ္နဲ႔ ၂-၂ ဂိုးသေရက်ခဲ့တဲ့ပြဲစဥ္အၿပီးမွာ အာဆင္နယ္တိုက္စစ္မွဴးနီကိုလပ္စ္ပီပီဟာ ကစားသမားေတြကို ေစာင့္ႀကိဳေနတဲ့ပရိသတ္ေတြကို ဂ႐ုမစိုက္ဘဲ ကားကိုတည့္တည့္ေမာင္းထြက္သြားခဲ့ပါတယ္။

Photo Credit

အဆိုပါပြဲစဥ္မွာ အာဆင္နယ္အသင္းဟာ အဲရစ္ဆန္၊ ဟယ္ရီကိန္းတို႔ရဲ႕ ဦးေဆာင္ဂိုးေတြေၾကာင့္ ၀-၂ ဂိုးနဲ႔ ေတာ့တင္ဟမ္အသင္းရဲ႕ ဦးေဆာင္ျခင္း ခံခဲ့ရေပမယ့္ ပြဲမၿပီးဆံုးခင္ လာကာဇက္နဲ႔ အူဘာမီယန္းတို႔က ေခ်ပဂိုးေတြအသီးသီးသြင္းယူေပးႏိုင္ခဲ့လုိ႔ ေျမာက္လန္ဒန္ဒါဘီပြဲစဥ္က ၂-၂ဂိုး၊သေရရလဒ္နဲ႔သာၿပီးဆံုးသြားခဲ့ပါတယ္။

Photo Credit

အဆုိပါပြဲစဥ္မွာ အသင္းေဖာ္ေတြရဲ႕စြမ္းေဆာင္ရည္ေကာင္းမြန္ခဲ့ေပမယ့္ စိတ္ပ်က္စရာျဖစ္ခဲ့တာကေတာ့ ေပါင္၇၂သန္းတန္ နီကိုလပ္စ္ပီပီပဲျဖစ္ပါတယ္။ အိုင္ဗရီကို႔စ္သားဟာ ဂိုးေပါက္ကန္သြင္းခြင့္ ၇ႀကိမ္ရရွိခဲ့ေပမယ့္ ေတာ့တင္ဟမ္အသင္းဂိုးသမား ဟူဂိုလိုရစ္ကို ေက်ာ္ျဖတ္ကာ ဂိုးအျဖစ္ ေျပာင္းလဲႏိုင္ျခင္း မရွိခဲ့ပါဘူး။

Photo Credit

အဆိုပါ၂၄ႏွစ္သားရဲ႕အခြင့္အေရးေတြ အသံုးမခ်ႏိုင္ခဲ့တာေတြအျပင္ ဗီဒီယိုတစ္ခု ထပ္မံ ထြက္ေပၚလာခဲ့ပါတယ္။ ထိုဗီဒီယိုမွာေတာ့ အာဆင္နယ္ပရိသတ္ေတြဟာ အမ္းမရိတ္စ္ကြင္းအျပင္ဘက္မွာ ကစားသမားေတြကို ေစာင့္ေနခဲ့ၾကပါတယ္။
ပရိသတ္ေတြဟာ ပြဲၿပီးဆံုးလို႔ ကစားသမားေတြ ကားေမာင္းထြက္မသြားခင္အထိ ေစာင့္ေနခဲ့ၾကတာပါ။ ပီပီက လာကာဇက္ရဲ႕ေနာက္က လိုက္လာခဲ့ၿပီးေနာက္ ဓာတ္ပံု႐ိုက္ေနတဲ့ ပရိသတ္ေတြနဲ႔ လက္မွတ္ထိုးေပးေစလိုတဲ့ပရိသတ္ေတြကို လ်စ္လ်ဴ႐ႈကာ ကားတံခါးမွန္ေတြဖြင့္မေပးခဲ့ပါဘူး။

Photo Credit

ပရိသတ္ေတြကေတာ့ စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးနဲ႔ ေျပာင္းေရႊ႕လာတဲ့ကစားသမားရွိေနတဲ့ကားနားကို ဝုိင္းအံုေနၾကပါတယ္။ ဒါေပမဲ့ ပီပီက မွန္တံခါးမခ်ခဲ့ဘဲ ကားကိုတည့္တည့္ေမာင္းထြက္သြားခဲ့တာပါ။ သူ႕ေနာက္က လိုက္လာခဲ့တဲ့လူးကပ္စ္ေတာ္ရဲရားကေတာ့ လူငယ္အာဆင္နယ္ပရိသတ္တစ္ဦးနဲ႔ဆယ္လ္ဖီရိုက္ေနခဲ့ပါတယ္။

Photo Credit

တနဂၤေႏြေန႔ကတည္းက တင္ခဲ့တဲ့အဆိုပါဗီဒီယိုကို ၾကည့္႐ႈသူ၅၀၀၀၀ေက်ာ္အထိ ရွိခဲ့ၿပီး အာဆင္နယ္အသင္းအမာခံပရိသတ္ေတြကေတာ့ ပီပီရဲ႕အျပဳအမူေၾကာင့္မေပ်ာ္မရႊင္ျဖစ္ေနၾကပါတယ္။

Photo Credit

ပရိသတ္ေတြက ”ပီပီက သူ႕ကိုယ္သူ ေပၚျပဴလာ ျဖစ္ေအာင္လုပ္ေနတာ၊ အနည္းဆံုးမွန္တံခါးေလးေတာ့ ခ်သင့္တယ္”လို႔ထင္ေၾကးေပးၾကၿပီး အခ်ိဳ႕ေသာပရိသတ္ေတြကေတာ့ ”သူအဂၤလိပ္စကားမေျပာတတ္တာလား နားမလည္တာမ်ားလား၊ ပီပီက အဂၤလိပ္စကားေတြ မသိဘူးျဖစ္မယ္”လို႔ မွတ္ခ်က္ေပးသြားခဲ့ပါတယ္။

Photo Credit

Unicode

တော့တင်ဟမ်နဲ့ပွဲအပြီး အာဆင်နယ်ပရိသတ်တွေကို ဂရုမစိုက်သလို ပြုလုပ်ခဲ့တဲ့ပီပီ

တနင်္ဂနွေနေ့က တော့တင်ဟမ်နဲ့ ၂-၂ ဂိုးသရေကျခဲ့တဲ့ပွဲစဉ်အပြီးမှာ အာဆင်နယ်တိုက်စစ်မှူးနီကိုလပ်စ်ပီပီဟာ ကစားသမားတွေကို စောင့်ကြိုနေတဲ့ပရိသတ်တွေကို ဂရုမစိုက်ဘဲ ကားကိုတည့်တည့်မောင်းထွက်သွားခဲ့ပါတယ်။
အဆိုပါပွဲစဉ်မှာ အာဆင်နယ်အသင်းဟာ အဲရစ်ဆန်၊ ဟယ်ရီကိန်းတို့ရဲ့ ဦးဆောင်ဂိုးတွေကြောင့် ဝ-၂ ဂိုးနဲ့ တော့တင်ဟမ်အသင်းရဲ့ ဦးဆောင်ခြင်း ခံခဲ့ရပေမယ့် ပွဲမပြီးဆုံးခင် လာကာဇက်နဲ့ အူဘာမီယန်းတို့က ချေပဂိုးတွေအသီးသီးသွင်းယူပေးနိုင်ခဲ့လို့ မြောက်လန်ဒန်ဒါဘီပွဲစဉ်က ၂-၂ဂိုး၊သရေရလဒ်နဲ့သာပြီးဆုံးသွားခဲ့ပါတယ်။
အဆိုပါပွဲစဉ်မှာ အသင်းဖော်တွေရဲ့စွမ်းဆောင်ရည်ကောင်းမွန်ခဲ့ပေမယ့် စိတ်ပျက်စရာဖြစ်ခဲ့တာကတော့ ပေါင်၇၂သန်းတန် နီကိုလပ်စ်ပီပီပဲဖြစ်ပါတယ်။ အိုင်ဗရီကို့စ်သားဟာ ဂိုးပေါက်ကန်သွင်းခွင့် ၇ကြိမ်ရရှိခဲ့ပေမယ့် တော့တင်ဟမ်အသင်းဂိုးသမား ဟူဂိုလိုရစ်ကို ကျော်ဖြတ်ကာ ဂိုးအဖြစ် ပြောင်းလဲနိုင်ခြင်း မရှိခဲ့ပါဘူး။
အဆိုပါ၂၄နှစ်သားရဲ့အခွင့်အရေးတွေ အသုံးမချနိုင်ခဲ့တာတွေအပြင် ဗီဒီယိုတစ်ခု ထပ်မံ ထွက်ပေါ်လာခဲ့ပါတယ်။ ထိုဗီဒီယိုမှာတော့ အာဆင်နယ်ပရိသတ်တွေဟာ အမ်းမရိတ်စ်ကွင်းအပြင်ဘက်မှာ ကစားသမားတွေကို စောင့်နေခဲ့ကြပါတယ်။
ပရိသတ်တွေဟာ ပွဲပြီးဆုံးလို့ ကစားသမားတွေ ကားမောင်းထွက်မသွားခင်အထိ စောင့်နေခဲ့ကြတာပါ။ ပီပီက လာကာဇက်ရဲ့နောက်က လိုက်လာခဲ့ပြီးနောက် ဓာတ်ပုံရိုက်နေတဲ့ ပရိသတ်တွေနဲ့ လက်မှတ်ထိုးပေးစေလိုတဲ့ပရိသတ်တွေကို လျစ်လျူရှုကာ ကားတံခါးမှန်တွေဖွင့်မပေးခဲ့ပါဘူး။
ပရိသတ်တွေကတော့ စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာတဲ့ကစားသမားရှိနေတဲ့ကားနားကို ဝိုင်းအုံနေကြပါတယ်။ ဒါပေမဲ့ ပီပီက မှန်တံခါးမချခဲ့ဘဲ ကားကိုတည့်တည့်မောင်းထွက်သွားခဲ့တာပါ။ သူ့နောက်က လိုက်လာခဲ့တဲ့လူးကပ်စ်တော်ရဲရားကတော့ လူငယ်အာဆင်နယ်ပရိသတ်တစ်ဦးနဲ့ဆယ်လ်ဖီရိုက်နေခဲ့ပါတယ်။
တနင်္ဂနွေနေ့ကတည်းက တင်ခဲ့တဲ့အဆိုပါဗီဒီယိုကို ကြည့်ရှုသူ၅၀၀၀၀ကျော်အထိ ရှိခဲ့ပြီး အာဆင်နယ်အသင်းအမာခံပရိသတ်တွေကတော့ ပီပီရဲ့အပြုအမူကြောင့်မပျော်မရွှင်ဖြစ်နေကြပါတယ်။
ပရိသတ်တွေက ”ပီပီက သူ့ကိုယ်သူ ပေါ်ပြူလာ ဖြစ်အောင်လုပ်နေတာ၊ အနည်းဆုံးမှန်တံခါးလေးတော့ ချသင့်တယ်”လို့ထင်ကြေးပေးကြပြီး အချို့သောပရိသတ်တွေကတော့ ”သူအင်္ဂလိပ်စကားမပြောတတ်တာလား နားမလည်တာများလား၊ ပီပီက အင်္ဂလိပ်စကားတွေ မသိဘူးဖြစ်မယ်”လို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။