ေဆးစစ္မႈခံယူဖို႔အတြက္ ဂ်ဴ ဗင္တပ္ကိုေရာက္လာတဲ႔ ဒီလစ္

နယ္သာလန္လက္ေရြးစင္ေနာက္ခံလူ မက္သီးယက္စ္ဒီလစ္ဟာ ဂ်ဴ ဗင္တပ္အသင္းမွာေဆးစစ္မႈခံယူဖို႔အတြက္ ဒီကေန႔မနက္ပိုင္းမွာဘဲ တူရင္ၿမိဳ႕ကိုေရာက္လာလို႔ သူ႔အေျပာင္းအေရႊ႕ဟာ ပိုၿပီးနီးစပ္လာခဲ့ၿပီလို႔ သိရပါတယ္။

အသက္ ၁၉ ႏွစ္သာရွိေသးတဲ႔ ဒီလစ္ဟာ ေအဂ်က္ကေနဂ်ဴ ဗင္တပ္ကိုေပါင္ ၆၃ သန္းနဲ႔ေျပာင္းေရႊ႕ဖို႔သေဘာတူထားတာျဖစ္ၿပီး ဒီကေန႔မွေဆးစစ္ဖို႔ေရာက္လာခဲ့တာပါ။ သီးသန္႔ေလယာဥ္နဲ႔ တူရင္ၿမိဳ႕ကိုေရာက္ရွိလာတဲ႔ ဒီလစ္ကို ဂ်ဴ ဗင္တပ္ပရိသတ္အမ်ားအျပားကႀကိဳဆိုႏႈတ္ဆက္ခဲ့ၾကပါတယ္။

သူဟာေဆးစစ္မႈမခံယူခင္မွာ ပရိသတ္အမ်ားအျပားကိုအမွတ္တရလက္မွတ္ေရးထိုးေပးခဲ့ရပါေသးတယ္။ ၿပီးခဲ့တဲ႔ ရာသီတုန္းက ေအဂ်က္အတြက္ေျခစြမ္းျပႏိုင္ခဲ့တဲ႔ ဒီလစ္ကို မန္ယူနဲ႔ပီအက္စ္ဂ်ီတို႔ကပါေခၚယူဖို႔ စိတ္၀င္စားခဲ့ၾကေပမယ္႔ ဂ်ဴ ဗင္တပ္အသင္းကိုေရာက္ရွိလာခဲ့တာျဖစ္ပါတယ္။ ဂ်ဴ ဗင္တပ္ဟာ ဒီလစ္ကိုစီေရာ္နယ္ဒိုရဲ႕စည္းရုံးမႈနဲ႔ေခၚယူႏိုင္ခဲ့တာလို႔လည္း သတင္းေတြမွာေဖာ္ျပၾကပါတယ္။

သူဟာဂ်ဴ ဗင္တပ္နဲ႔ ၅ ႏွစ္စာခ်ဳပ္လက္မွတ္ေရးထိုးမွာျဖစ္ၿပီး တစ္ပတ္လစာေပါင္ ၂၀၆၀၀၀ ရရွိမွာျဖစ္လို႔ဂ်ဴ ဗင္တပ္သမိုင္းမွာ လစာအမ်ားဆုံးရတဲ႔ ေနာက္ခံလူအျဖစ္မွတ္တမ္း၀င္မယ္႔အျပင္ စီေရာ္နယ္ဒိုၿပီးရင္ ဂ်ဴ ဗင္တပ္ရဲ႕ဒုတိယေျမာက္လစာအမ်ားဆုံးရရွိသူလည္း ျဖစ္လာပါလိမ့္မယ္။

ဒီလစ္ဟာ ေဆးစစ္မႈေအာင္ျမင္ၿပီးရင္ မနက္ျဖန္မွာဂ်ဴ ဗင္တပ္တရား၀င္ကစားသမားအျဖစ္ မိတ္ဆက္မွာျဖစ္ၿပီး အရင္ကကလပ္ဂႏၳ၀င္ေတြျဖစ္တဲ႔ ဂူဆက္ပီဖူရီႏိုနဲ႔ ေပၚလိုမြန္တယ္ရို တို႔၀တ္ဆင္သြားခဲ့တဲ႔ ေက်ာနံပါတ္ ၄ ကိုရယူမယ္လို႔လည္း သိရပါတယ္။သူ႔ရဲ႕စာခ်ဳပ္ပါတန္ေၾကးကို ေပါင္ ၁၃၅ သန္းသတ္မွတ္မယ္လို႔လည္း အီတလီမီဒီယာေတြကေဖာ္ျပခဲ့ၾကပါတယ္။

Unicode

ဆေးစစ်မှုခံယူဖို့အတွက် ဂျူ ဗင်တပ်ကိုရောက်လာတဲ့ ဒီလစ်
နယ်သာလန်လက်ရွေးစင်နောက်ခံလူ မက်သီးယက်စ်ဒီလစ်ဟာ ဂျူ ဗင်တပ်အသင်းမှာဆေးစစ်မှုခံယူဖို့အတွက် ဒီကနေ့မနက်ပိုင်းမှာဘဲ တူရင်မြို့ကိုရောက်လာလို့ သူ့အပြောင်းအရွှေ့ဟာ ပိုပြီးနီးစပ်လာခဲ့ပြီလို့ သိရပါတယ်။

အသက် ၁၉ နှစ်သာရှိသေးတဲ့ ဒီလစ်ဟာ အေဂျက်ကနေဂျူ ဗင်တပ်ကိုပေါင် ၆၃ သန်းနဲ့ပြောင်းရွှေ့ဖို့သဘောတူထားတာဖြစ်ပြီး ဒီကနေ့မှဆေးစစ်ဖို့ရောက်လာခဲ့တာပါ။ သီးသန့်လေယာဉ်နဲ့ တူရင်မြို့ကိုရောက်ရှိလာတဲ့ ဒီလစ်ကို ဂျူ ဗင်တပ်ပရိသတ်အများအပြားကကြိုဆိုနှုတ်ဆက်ခဲ့ကြပါတယ်။

သူဟာဆေးစစ်မှုမခံယူခင်မှာ ပရိသတ်အများအပြားကိုအမှတ်တရလက်မှတ်ရေးထိုးပေးခဲ့ရပါသေးတယ်။ ပြီးခဲ့တဲ့ ရာသီတုန်းက အေဂျက်အတွက်ခြေစွမ်းပြနိုင်ခဲ့တဲ့ ဒီလစ်ကို မန်ယူနဲ့ပီအက်စ်ဂျီတို့ကပါခေါ်ယူဖို့ စိတ်ဝင်စားခဲ့ကြပေမယ့် ဂျူ ဗင်တပ်အသင်းကိုရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ ဂျူ ဗင်တပ်ဟာ ဒီလစ်ကိုစီရော်နယ်ဒိုရဲ့စည်းရုံးမှုနဲ့ခေါ်ယူနိုင်ခဲ့တာလို့လည်း သတင်းတွေမှာဖော်ပြကြပါတယ်။

သူဟာဂျူ ဗင်တပ်နဲ့ ၅ နှစ်စာချုပ်လက်မှတ်ရေးထိုးမှာဖြစ်ပြီး တစ်ပတ်လစာပေါင် ၂၀၆၀၀၀ ရရှိမှာဖြစ်လို့ ဘောလုံးသမိုင်းမှာ လစာအများဆုံးရတဲ့ နောက်ခံလူအဖြစ်မှတ်တမ်းဝင်မယ့်အပြင် စီရော်နယ်ဒိုပြီးရင် ဂျူ ဗင်တပ်ရဲ့ဒုတိယမြောက်လစာအများဆုံးရရှိသူလည်း ဖြစ်လာပါလိမ့်မယ်။

ဒီလစ်ဟာ ဆေးစစ်မှုအောင်မြင်ပြီးရင် မနက်ဖြန်မှာဂျူ ဗင်တပ်တရားဝင်ကစားသမားအဖြစ် မိတ်ဆက်မှာဖြစ်ပြီး အရင်ကကလပ်ဂန္ထဝင်တွေဖြစ်တဲ့ ဂူဆက်ပီဖူရီနိုနဲ့ ပေါ်လိုမွန်တယ်ရို တို့ဝတ်ဆင်သွားခဲ့တဲ့ ကျောနံပါတ် ၄ ကိုရယူမယ်လို့လည်း သိရပါတယ်။သူ့ရဲ့စာချုပ်ပါတန်ကြေးကို ပေါင် ၁၃၅ သန်းသတ်မှတ်မယ်လို့လည်း အီတလီမီဒီယာတွေကဖော်ပြခဲ့ကြပါတယ်။