ေဆးစစ္ဖို႔ေရာက္လာတဲ့ဆန္းခ်က္ဇ္ကို အင္တာပရိသတ္ေတြ သူရဲေကာင္းလိုႀကိဳဆို

photo-shutterstock

photo-foxsportasia

အင္တာနဲ႔မန္ယူတို႔အၾကား အငွားစာခ်ဳပ္အတြက္ သေဘာတူညီမႈရခဲ့ၿပီးေနာက္ အလက္ဆစ္ဆန္းခ်က္ဇ္ဟာ ေဆးစစ္မႈခံယူဖို႔အတြက္ မီလန္ၿမိဳ႕ကိုေရာက္ရွိေနပါၿပီ။ မီလန္ကိုေရာက္လာတဲ့ဆန္းခ်က္ဇ္ကိုလည္း အင္တာမီလန္ပရိသတ္ေတြက သူရဲေကာင္းလုိ ႀကိဳဆိုခဲ့ၾကပါတယ္။ အင္တာမီလန္ပရိသတ္အုပ္စုႀကီးတစ္ခုဟာ အဲဒီခ်ီလီသားကို လာေရာက္ေစာင့္ဆုိင္းေနခဲ့ၾကၿပီး သူေရာက္လာၿပီးေနာက္ သူ႔နာမည္ဟစ္ေၾကြးၿပီး ႀကိဳဆိုခဲ့ၾကကာ ဆန္းခ်က္ဇ္ကလည္း ျပန္လည္လက္ျပႏႈတ္ဆက္ခဲ့ပါတယ္။

photo-shutterstock

အသက္ ၃၀ အရြယ္ဆန္းခ်က္ဇ္ဟာ ၁၈ လၾကာမန္ယူကစားသမားဘ၀မွာ ၿပိဳင္ပြဲအရပ္ရပ္ ၅ ဂိုးသာသြင္းႏုိင္ခဲ့တာေၾကာင့္ ကစားသမားဘ၀ျပန္လည္ရုန္းထႏိုင္ေရးအတြက္ စိတ္ပ်က္ဖြယ္အိုးလ္ထရက္ဖုိ႔ဒ္ေန႔ရက္ေတြကို အဆုံးသတ္လုိေနၿပီး အင္တာမီလန္ကိုေျပာင္းေရႊ႕ခ်င္ေနတာပါ။ အင္တာက ဆန္းခ်က္ဇ္ကို တစ္ရာသီအငွားသာေခၚမွာျဖစ္ၿပီး အၿပီးသတ္ေခၚယူမယ့္အခ်က္ကိုေတာ့ စာခ်ဳပ္ထဲမွာ ထည့္သြင္းခ်ဳပ္ဆိုမွာ မဟုတ္ပါဘူး။ ဆန္းခ်က္ဇ္က အင္တာကိုေျပာင္းသြားလည္း မန္ယူဟာ သူ႔ရဲ႕တစ္ပတ္လစာ ေပါင္ ၄ သိန္းထဲက ၃ သိန္းကို ဆက္လက္ေပးေခ်ရမွာျဖစ္ကာ အင္တာကေတာ့ တစ္ပတ္လစာအျဖစ္ က်န္ ၁ သိန္းကိုသာေပးဖုိ႔ သေဘာတူထားပါတယ္။

photo-gettyimages

ဆန္းခ်က္ဇ္ဟာ အင္တာမွာ မန္ယူအသင္းေဖာ္ေဟာင္း လူကာကူနဲ႔ျပန္လည္ေတြ႕ဆုံရမွာ ျဖစ္ပါတယ္။ လူကာကူဟာ အင္တာမီလန္နဲ႔စီးရီးေအပြဲဦးထြက္မွာပဲ ဂိုးသြင္းႏိုင္ထားတာပါ။ အသက္ ၃၀ အရြယ္ ဆန္းခ်က္ဇ္အတြက္ကလည္း စီးရီးေအဟာ အစိမး္သက္သက္မဟုတ္ဘဲ အူဒီးနိစ္နဲ႔အတူ အဲဒီမွာ ေျခစြမ္းျပကစားႏိုင္ခဲ့လို႔ ဘာစီလိုနာကိုေရာက္ခဲ့ရတာပါ။

[Unicode]

အင်တာနဲ့မန်ယူတို့အကြား အငှားစာချုပ်အတွက် သဘောတူညီမှုရခဲ့ပြီးနောက် အလက်ဆစ်ဆန်းချက်ဇ်ဟာ ဆေးစစ်မှုခံယူဖို့အတွက် မီလန်မြို့ကိုရောက်ရှိနေပါပြီ။ မီလန်ကိုရောက်လာတဲ့ဆန်းချက်ဇ်ကိုလည်း အင်တာမီလန်ပရိသတ်တွေက သူရဲကောင်းလို ကြိုဆိုခဲ့ကြပါတယ်။ အင်တာမီလန်ပရိသတ်အုပ်စုကြီးတစ်ခုဟာ အဲဒီချီလီသားကို လာရောက်စောင့်ဆိုင်းနေခဲ့ကြပြီး သူရောက်လာပြီးနောက် သူ့နာမည်ဟစ်ကြွေးပြီး ကြိုဆိုခဲ့ကြကာ ဆန်းချက်ဇ်ကလည်း ပြန်လည်လက်ပြနှုတ်ဆက်ခဲ့ပါတယ်။

အသက် ၃၀ အရွယ်ဆန်းချက်ဇ်ဟာ ၁၈ လကြာမန်ယူကစားသမားဘဝမှာ ပြိုင်ပွဲအရပ်ရပ် ၅ ဂိုးသာသွင်းနိုင်ခဲ့တာကြောင့် ကစားသမားဘဝပြန်လည်ရုန်းထနိုင်ရေးအတွက် စိတ်ပျက်ဖွယ်အိုးလ်ထရက်ဖို့ဒ်နေ့ရက်တွေကို အဆုံးသတ်လိုနေပြီး အင်တာမီလန်ကိုပြောင်းရွှေ့ချင်နေတာပါ။ အင်တာက ဆန်းချက်ဇ်ကို တစ်ရာသီအငှားသာခေါ်မှာဖြစ်ပြီး အပြီးသတ်ခေါ်ယူမယ့်အချက်ကိုတော့ စာချုပ်ထဲမှာ ထည့်သွင်းချုပ်ဆိုမှာ မဟုတ်ပါဘူး။ ဆန်းချက်ဇ်က အင်တာကိုပြောင်းသွားလည်း မန်ယူဟာ သူ့ရဲ့တစ်ပတ်လစာ ပေါင် ၄ သိန်းထဲက ၃ သိန်းကို ဆက်လက်ပေးချေရမှာဖြစ်ကာ အင်တာကတော့ တစ်ပတ်လစာအဖြစ် ကျန် ၁ သိန်းကိုသာပေးဖို့ သဘောတူထားပါတယ်။

ဆန်းချက်ဇ်ဟာ အင်တာမှာ မန်ယူအသင်းဖော်ဟောင်း လူကာကူနဲ့ပြန်လည်တွေ့ဆုံရမှာ ဖြစ်ပါတယ်။ လူကာကူဟာ အင်တာမီလန်နဲ့စီးရီးအေပွဲဦးထွက်မှာပဲ ဂိုးသွင်းနိုင်ထားတာပါ။ အသက် ၃၀ အရွယ် ဆန်းချက်ဇ်အတွက်ကလည်း စီးရီးအေဟာ အစိမ်းသက်သက်မဟုတ်ဘဲ အူဒီးနိစ်နဲ့အတူ အဲဒီမှာ ခြေစွမ်းပြကစားနိုင်ခဲ့လို့ ဘာစီလိုနာကိုရောက်ခဲ့ရတာပါ။