Photo Credit ; Getty Images
Photo Credit ; Getty Images
သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ ယူႏိုက္တက္ဟာ ေဆာက္သမ္တန္အသင္းနဲ႔အဆင္မေျပျဖစ္ေနတဲ့ ကြင္းလယ္လူလီမီနာကို ေခၚယူေရးႀကိဳးစားေနတဲ့အသင္းေတြထဲမွာ ပါ၀င္လာေၾကာင္း သိရပါတယ္။ အသက္ ၂၅ႏွစ္အရြယ္ရွိ လီမီနာဟာ ရာသီႀကိဳျပင္ဆင္မႈအျဖစ္ ၾသစႀတီးယားႏိုင္ငံကို ထြက္ခြာသြားတဲ့ ေဆာက္သမ္တန္အသင္းလူစာရင္းကေန ခ်န္လွပ္ခံခဲ့ရၿပီးေနာက္ အနာဂတ္မေသမခ်ာျဖစ္ေနတဲ့လီမီနာကို ေခၚယူဖုိ႔ ႀကိဳးစားလာတာျဖစ္ပါတယ္။
Photo Credit
သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ အာဆင္နယ္အသင္းကလည္း လီမီနာကို ေခၚယူဖုိ႔ စိတ္၀င္စားေနတယ္လုိ႔ သိရပါတယ္။ သူဟာ တနလၤာေန႔နံနက္က ၾသစႀတီးယားကို ထြက္ခြာသြားတဲ့ေဆာက္သမ္တန္အသင္းမွာ အံ့အားသင့္ဖြယ္ခ်န္လွပ္ခံခဲ့ရပါတယ္။ ေဆာက္သမ္တန္ဟာ ၂၀၁၇ ေႏြရာသီက လီမီနာကို ဂ်ဴဗင္တပ္စ္ကေန ေပါင္ ၁၈သန္းနဲ႔ ေခၚယူခဲ့ေပမယ့္ အဲဒီကစားသမားဟာ ေဆာက္သမ္တန္အသင္းမွာ အခုခ်ိန္အထိ ခိုင္မာတဲ့ေနရာရဖုိ႔ ႐ုန္းကန္ေနရဆဲပါပဲ။
Photo Credit ; Getty Images
ေဆာက္သမ္တန္ကလည္း ဂါဘြန္လက္ေရြးစင္ လီမီနာကို ေရာင္းခ်ဖြယ္ရွိေနၿပီး စာခ်ဳပ္သက္တမ္းက ၃ႏွစ္က်န္ရွိေနေသးလုိ႔ သူ႕အတြက္ကုန္က်ခဲ့ရတဲ့ေျပာင္းေရႊ႕ေၾကး ျပန္ရဖို႔ ေမွ်ာ္လင့္ေနပါတယ္။ ”ကၽြန္ေတာ့္အေနနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးဖို႔ ၃ႏွစ္က်န္ေနေသးေပမယ့္ အသင္းေျပာင္းမွာမဟုတ္ဘူးလုိ႔လည္း ေျပာလုိ႔မရပါဘူး။ ဒဏ္ရာျပႆနာေၾကာင့္ ၿပီးခဲ့တဲ့ ၄လတာကာလက ကၽြန္ေတာ့္အတြက္ မလြယ္ကူခဲ့ပါဘူး။ အသင္းနဲ႔လည္း ေကာင္းမြန္တဲ့ေဆြးေႏြးမႈေတြျပဳလုပ္ထားၿပီး ကၽြန္ေတာ့္အေနနဲ႔လည္း အဆင္မေျပရင္ ထြက္ခြာလုိ႔ရပါတယ္”လုိ႔ လီမီနာက ေျပာၾကားထားပါတယ္။
Photo Credit ; Getty Images
Unicode
ဆောက်သမ်တန်ကွင်းလယ်လူ လီမီနာကို အာဆင်နယ်နဲ့ယူနိုက်တက် အပြိုင်လိုက်နေ
သတင်းတွေရဲ့ဖော်ပြချက်အရ ယူနိုက်တက်ဟာ ဆောက်သမ်တန်အသင်းနဲ့အဆင်မပြေဖြစ်နေတဲ့ ကွင်းလယ်လူလီမီနာကို ခေါ်ယူရေးကြိုးစားနေတဲ့အသင်းတွေထဲမှာ ပါဝင်လာကြောင်း သိရပါတယ်။ အသက် ၂၅နှစ်အရွယ်ရှိ လီမီနာဟာ ရာသီကြိုပြင်ဆင်မှုအဖြစ် သြစတြီးယားနိုင်ငံကို ထွက်ခွာသွားတဲ့ ဆောက်သမ်တန်အသင်းလူစာရင်းကနေ ချန်လှပ်ခံခဲ့ရပြီးနောက် အနာဂတ်မသေမချာဖြစ်နေတဲ့လီမီနာကို ခေါ်ယူဖို့ ကြိုးစားလာတာဖြစ်ပါတယ်။
သတင်းတွေရဲ့ဖော်ပြချက်အရ အာဆင်နယ်အသင်းကလည်း လီမီနာကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ သူဟာ တနင်္လာနေ့နံနက်က သြစတြီးယားကို ထွက်ခွာသွားတဲ့ဆောက်သမ်တန်အသင်းမှာ အံ့အားသင့်ဖွယ်ချန်လှပ်ခံခဲ့ရပါတယ်။ ဆောက်သမ်တန်ဟာ ၂၀၁၇ နွေရာသီက လီမီနာကို ဂျူဗင်တပ်စ်ကနေ ပေါင် ၁၈သန်းနဲ့ ခေါ်ယူခဲ့ပေမယ့် အဲဒီကစားသမားဟာ ဆောက်သမ်တန်အသင်းမှာ အခုချိန်အထိ ခိုင်မာတဲ့နေရာရဖို့ ရုန်းကန်နေရဆဲပါပဲ။
ဆောက်သမ်တန်ကလည်း ဂါဘွန်လက်ရွေးစင် လီမီနာကို ရောင်းချဖွယ်ရှိနေပြီး စာချုပ်သက်တမ်းက ၃နှစ်ကျန်ရှိနေသေးလို့ သူ့အတွက်ကုန်ကျခဲ့ရတဲ့ပြောင်းရွှေ့ကြေး ပြန်ရဖို့ မျှော်လင့်နေပါတယ်။ ”ကျွန်တော့်အနေနဲ့ စာချုပ်သက်တမ်းကုန်ဆုံးဖို့ ၃နှစ်ကျန်နေသေးပေမယ့် အသင်းပြောင်းမှာမဟုတ်ဘူးလို့လည်း ပြောလို့မရပါဘူး။ ဒဏ်ရာပြဿနာကြောင့် ပြီးခဲ့တဲ့ ၄လတာကာလက ကျွန်တော့်အတွက် မလွယ်ကူခဲ့ပါဘူး။ အသင်းနဲ့လည်း ကောင်းမွန်တဲ့ဆွေးနွေးမှုတွေပြုလုပ်ထားပြီး ကျွန်တော့်အနေနဲ့လည်း အဆင်မပြေရင် ထွက်ခွာလို့ရပါတယ်”လို့ လီမီနာက ပြောကြားထားပါတယ်။