ေစာေစာစီးစီး ပြတ္ရွ္ကပ္စ္ဆုဆန္ခါတင္စာရင္း၀င္သြားႏုိင္တဲ့ ဘယ္ေနာက္ခံလူတစ္ဦးရဲ႕ေျမမက်ကန္သြင္းခ်က္

Photo Credit

Photo Credit

ဘာဆာစေပါအသင္းဘယ္ေနာက္ခံလူ အစၥမင္းလာေတာ့ဗ္လီဗီခ်ီဟာ ၿပီးခဲ့တဲ့တနဂၤေႏြေန႔က တကယ့္ကို႐ူးသြပ္စရာေကာင္းတဲ့ဂိုးနဲ႔အတူ သူ႕အသင္းကို အမွတ္ျပည့္ရဖို႔ စိတ္ေအးေစခဲ့ၿပီး အခုမွ ၂၀၁၈-၁၉ ရာသီ အေကာင္းဆုံးသြင္းဂိုးဆုအတြက္ ဆန္ခါတင္စာရင္းပဲ ထြက္ေပၚေသးတာျဖစ္ေပမယ့္ သူ႕သြင္းဂုိးက ေနာင္ႏွစ္ ပြတ္ရွ္ကပ္စ္ဆုအတြက္ ဆန္ခါတင္စာရင္းတန္း၀င္သြားႏိုင္တဲ့အေနအထားမ်ိဳးျဖစ္ပါတယ္။

Photo Credit

ၿပီးေတာ့ လာေတာ့ဗ္လီဗီခ်ီဟာ ယခုရာသီမတုိင္ခင္ သူ႕ကစားသမားဘ၀တစ္ေလွ်ာက္ ၂၉၉ပြဲကစားခဲ့ရာမွာ ၁၅ဂိုးပဲသြင္းယူထားႏိုင္ခဲ့တာျဖစ္ေပမယ့္ တနဂၤေႏြေန႔ကေတာ့ အနည္းဆုံး ပြဲစဥ္အလုိက္အေကာင္းဆုံးသြင္းဂိုးသတ္မွတ္ရမယ့္ လွပတ့ဲဂိုးနဲ႔အတူ အားလုံးကို အံ့အားသင့္ေစခဲ့ပါတယ္။

Photo Credit

ဘာဆာစေပါနဲ႔ အက္စ္ကီးရွီးယားစေပါအသင္းတုိ႔ ယွဥ္ၿပိဳင္ကစားေနတုန္း နာက်င္အခ်ိန္ပိုအေရာက္ ကြင္းလယ္ညာဘက္အျခမ္းနားမွာ ျပစ္ဒဏ္ေဘာရရွိတာကေန ကန္တင္ေပးလုိက္တာကို ႐ိုေမးနီးယားေနာက္ခံလူ လာေတာ့ဗ္လီဗီခ်ီက ဂိုးဧရိယာဘယ္ဘက္ထိပ္ကေန ဘယ္ေျခနဲ႔ မနားတမ္းကန္သြင္းခဲ့တာျဖစ္ပါတယ္။

Photo Credit

အေ၀းကေန က်လာတဲ့ေဘာလံုးကို ေျမေတာင္အက်မခံဘဲ ဂိုးသမားရဲ႕ညာဘက္အေပၚေထာင့္ထဲ ဘယ္ေျခနဲ႔ တိက်စြာကန္သြင္းသြားတာျဖစ္ပါတယ္။ အဲဒီဂိုးကလည္း ၿပီးခဲ့တဲ့ရာသီက တူရကီစူပါလိဂ္ကေန တန္းဆင္းခဲ့ရတဲ့ ဘာဆာစေပါအသင္းအတြက္ အမွတ္ျပည့္ရဖို႔ ပုိမိုေသခ်ာေစတဲ့ဂိုးျဖစ္ခဲ့ၿပီး ပဲြခ်ိန္ ၇၃မိနစ္မွာလည္း ဦးေဆာင္ႏိုင္ခဲ့တာျဖစ္ပါတယ္။

Photo Credit

ဘာဆာၿမိဳ႕အေျခစိုက္ ဘာဆာစေပါအသင္းဟာ ပြဲစဥ္ ၃အၿပီး ဒုတိယေျမာက္ႏိုင္ပြဲရရွိခဲ့တာျဖစ္ၿပီး အမွတ္ေပးဇယားရဲ႕ အဆင့္ ၄ေနရာ တက္လွမ္းႏိုင္ခဲ့သလို တူရကီစူပါလိဂ္ကို ျပန္လည္တက္လွမ္းႏိုင္ဖုိ႔ ႀကိဳးစားေနပါတယ္။

Photo Credit

ယခုႏွစ္ ပြတ္ရွ္ကပ္စ္ဆုကိုေတာ့ စက္တင္ဘာလ ၂၃ရက္ေန႔မွာ ေရြးခ်ယ္ခ်ီးျမႇင့္မွာျဖစ္ၿပီၚ လာေတာ့ဗ္လီဗီခ်ီရဲဲ႕သြင္းဂိုးက ယခုႏွစ္ဆုအတြက္ စာရင္း၀င္ဖုိ႔ အေတာ္ေလးေနာက္က်ခဲ့ရေပမယ့္ ေနာင္ႏွစ္အေကာင္းဆုံးသြင္းဂိုးဆုအတြက္ အနည္းဆုံး ဆန္ခါတင္စာရင္းကေန ပါ၀င္ဖို႔ ရွိေနပါတယ္။

Photo Credit

Unicode

စောစောစီးစီး ပွတ်ရှ်ကပ်စ်ဆုဆန်ခါတင်စာရင်းဝင်သွားနိုင်တဲ့ ဘယ်နောက်ခံလူတစ်ဦးရဲ့မြေမကျကန်သွင်းချက်

ဘာဆာစပေါအသင်းဘယ်နောက်ခံလူ အစ္စမင်းလာတော့ဗ်လီဗီချီဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က တကယ့်ကိုရူးသွပ်စရာကောင်းတဲ့ဂိုးနဲ့အတူ သူ့အသင်းကို အမှတ်ပြည့်ရဖို့ စိတ်အေးစေခဲ့ပြီး အခုမှ ၂၀၁၈-၁၉ ရာသီ အကောင်းဆုံးသွင်းဂိုးဆုအတွက် ဆန်ခါတင်စာရင်းပဲ ထွက်ပေါ်သေးတာဖြစ်ပေမယ့် သူ့သွင်းဂိုးက နောင်နှစ် ပွတ်ရှ်ကပ်စ်ဆုအတွက် ဆန်ခါတင်စာရင်းတန်းဝင်သွားနိုင်တဲ့အနေအထားမျိုးဖြစ်ပါတယ်။
ပြီးတော့ လာတော့ဗ်လီဗီချီဟာ ယခုရာသီမတိုင်ခင် သူ့ကစားသမားဘဝတစ်လျှောက် ၂၉၉ပွဲကစားခဲ့ရာမှာ ၁၅ဂိုးပဲသွင်းယူထားနိုင်ခဲ့တာဖြစ်ပေမယ့် တနင်္ဂနွေနေ့ကတော့ အနည်းဆုံး ပွဲစဉ်အလိုက်အကောင်းဆုံးသွင်းဂိုးသတ်မှတ်ရမယ့် လှပတဲ့ဂိုးနဲ့အတူ အားလုံးကို အံ့အားသင့်စေခဲ့ပါတယ်။
ဘာဆာစပေါနဲ့ အက်စ်ကီးရှီးယားစပေါအသင်းတို့ ယှဉ်ပြိုင်ကစားနေတုန်း နာကျင်အချိန်ပိုအရောက် ကွင်းလယ်ညာဘက်အခြမ်းနားမှာ ပြစ်ဒဏ်ဘောရရှိတာကနေ ကန်တင်ပေးလိုက်တာကို ရိုမေးနီးယားနောက်ခံလူ လာတော့ဗ်လီဗီချီက ဂိုးဧရိယာဘယ်ဘက်ထိပ်ကနေ ဘယ်ခြေနဲ့ မနားတမ်းကန်သွင်းခဲ့တာဖြစ်ပါတယ်။
အဝေးကနေ ကျလာတဲ့ဘောလုံးကို မြေတောင်အကျမခံဘဲ ဂိုးသမားရဲ့ညာဘက်အပေါ်ထောင့်ထဲ ဘယ်ခြေနဲ့ တိကျစွာကန်သွင်းသွားတာဖြစ်ပါတယ်။ အဲဒီဂိုးကလည်း ပြီးခဲ့တဲ့ရာသီက တူရကီစူပါလိဂ်ကနေ တန်းဆင်းခဲ့ရတဲ့ ဘာဆာစပေါအသင်းအတွက် အမှတ်ပြည့်ရဖို့ ပိုမိုသေချာစေတဲ့ဂိုးဖြစ်ခဲ့ပြီး ပွဲချိန် ၇၃မိနစ်မှာလည်း ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။
ဘာဆာမြို့အခြေစိုက် ဘာဆာစပေါအသင်းဟာ ပွဲစဉ် ၃အပြီး ဒုတိယမြောက်နိုင်ပွဲရရှိခဲ့တာဖြစ်ပြီး အမှတ်ပေးဇယားရဲ့ အဆင့် ၄နေရာ တက်လှမ်းနိုင်ခဲ့သလို တူရကီစူပါလိဂ်ကို ပြန်လည်တက်လှမ်းနိုင်ဖို့ ကြိုးစားနေပါတယ်။
ယခုနှစ် ပွတ်ရှ်ကပ်စ်ဆုကိုတော့ စက်တင်ဘာလ ၂၃ရက်နေ့မှာ ရွေးချယ်ချီးမြှင့်မှာဖြစ်ပြီါ် လာတော့ဗ်လီဗီချီရဲ့သွင်းဂိုးက ယခုနှစ်ဆုအတွက် စာရင်းဝင်ဖို့ အတော်လေးနောက်ကျခဲ့ရပေမယ့် နောင်နှစ်အကောင်းဆုံးသွင်းဂိုးဆုအတွက် အနည်းဆုံး ဆန်ခါတင်စာရင်းကနေ ပါဝင်ဖို့ ရှိနေပါတယ်။