ကော်ဖီလေးသောက်၊ ကိတ်မုန့်လေးစားရင်းနဲ့ပဲ စီးတီးနိုင်ပွဲကို အောင်ပွဲခံမယ့် နောဝစ်ခ်ျနည်းပြ

Photo Credit ; Getty Images

Photo Credit

နောဝစ်ခ်ျအသင်းနည်းပြ ဒန်နီရယ်ဖာကီဟာ ယနေ့ပြုလုပ်မယ့် လေ့ကျင့်ခန်းအစီအစဉ်တွေပြီးဆုံးချိန်မှသာ ၂နှစ်ဆက်ချန်ပီယံ စီးတီးကို အံ့အားသင့်ဖွယ်အနိုင်ရရှိမှုအတွက် ကော်ဖီတစ်ခွက်၊ ကိတ်မုန့်အနည်းငယ်နဲ့ အောင်ပွဲခံသွားမယ်လို့ သိရပါတယ်။

Photo Credit

တန်းတက်နောဝစ်ခ်ျဟာ ကာရိုးလ်ရုဒ်မှာ စီးတီးကို ၃-၂ ဂိုးနဲ့အနိုင်ရခဲ့တာဖြစ်ပြီး ယခုရာသီ ဒုတိယမြောက်နိုင်ပွဲရယူနိုင်ခဲ့သလို လီဗာပူးနဲ့ ချဲလ်ဆီးတို့ကို အရေးနိမ့်ခဲ့ရာမှာလည်း တိုက်စစ်ပိုင်းက အလုပ်ဖြစ်ခဲ့ပါတယ်။ အဲဒီပွဲမှာ နောဝစ်ခ်ျအတွက် မက္ကလင်းနဲ့ ကန့်ဝဲလ်တို့က ဦးဆောင်ဂိုးတွေ ဆက်တိုက်သွင်းယူနိုင်ခဲ့ပြီး ပထမပိုင်းမပြီးခင် စီးတီးတိုက်စစ်မှူး အဂွဲရိုးက ချေပဂိုးတစ်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

Photo Credit

အဲဒီနောက်ဒုတိယပိုင်းမှာ အော်တာမန်ဒီရဲ့အမှားကနေ ဘူယန်ဒီယာ ပေးပို့တာကို ပူကီက နောဝစ်ခ်ျအတွက် အဆုံးသတ်ဂိုးသွင်းယူနိုင်ခဲ့ပြီး ပွဲပြီးခါနီးမှာ ရိုဒရီက စီးတီးအတွက် ဒုတိယမြောက်ချေပဂိုးသွင်းယူနိုင်ခဲ့ပေမယ့် အဆုံးသတ်မှာတော့ စီးတီးလည်း ဇန်န၀ါရီလနောက်ပိုင်း ပထမဆုံးလိဂ်အရှုံးနဲ့ရင်ဆိုင်ခဲ့ရပါတယ်။

Photo Credit


Photo Credit


Photo Credit


Photo Credit

Unicode

ကော်ဖီလေးသောက်၊ ကိတ်မုန့်လေးစားရင်းနဲ့ပဲ စီးတီးနိုင်ပွဲကို အောင်ပွဲခံမယ့် နောဝစ်ချ်နည်းပြ

နောဝစ်ချ်အသင်းနည်းပြ ဒန်နီရယ်ဖာကီဟာ ယနေ့ပြုလုပ်မယ့် လေ့ကျင့်ခန်းအစီအစဉ်တွေပြီးဆုံးချိန်မှသာ ၂နှစ်ဆက်ချန်ပီယံ စီးတီးကို အံ့အားသင့်ဖွယ်အနိုင်ရရှိမှုအတွက် ကော်ဖီတစ်ခွက်၊ ကိတ်မုန့်အနည်းငယ်နဲ့ အောင်ပွဲခံသွားမယ်လို့ သိရပါတယ်။
တန်းတက်နောဝစ်ချ်ဟာ ကာရိုးလ်ရုဒ်မှာ စီးတီးကို ၃-၂ ဂိုးနဲ့အနိုင်ရခဲ့တာဖြစ်ပြီး ယခုရာသီ ဒုတိယမြောက်နိုင်ပွဲရယူနိုင်ခဲ့သလို လီဗာပူးနဲ့ ချဲလ်ဆီးတု့ိကို အရေးနိမ့်ခဲ့ရာမှာလည်း တိုက်စစ်ပိုင်းက အလုပ်ဖြစ်ခဲ့ပါတယ်။ အဲဒီပွဲမှာ နောဝစ်ချ်အတွက် မက္ကလင်းနဲ့ ကန့်ဝဲလ်တို့က ဦးဆောင်ဂိုးတွေ ဆက်တိုက်သွင်းယူနိုင်ခဲ့ပြီး ပထမပိုင်းမပြီးခင် စီးတီးတိုက်စစ်မှူး အဂွဲရိုးက ချေပဂိုးတစ်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
အဲဒီနောက်ဒုတိယပိုင်းမှာ အော်တာမန်ဒီရဲ့အမှားကနေ ဘူယန်ဒီယာ ပေးပို့တာကို ပူကီက နောဝစ်ချ်အတွက် အဆုံးသတ်ဂိုးသွင်းယူနိုင်ခဲ့ပြီး ပွဲပြီးခါနီးမှာ ရိုဒရီက စီးတီးအတွက် ဒုတိယမြောက်ချေပဂိုးသွင်းယူနိုင်ခဲ့ပေမယ့် အဆုံးသတ်မှာတော့ စီးတီးလည်း ဇန်နဝါရီလနောက်ပိုင်း ပထမဆုံးလိဂ်အရှုံးနဲ့ရင်ဆိုင်ခဲ့ရပါတယ်။
ဒီလိုနာမည်ကျော်နိုင်ပွဲအတွက် ဘယ်လိုအောင်ပွဲခံမလဲဆိုတဲ့မေးခွန်းကို ဖာကီက ”အရိုးသားဆုံးပြောရရင် ဒီရက်သတ္တပတ်က ကျွန်တော်တို့အသင်းအတွက် အတော်လေးကိုရှုပ်ထွေးတဲ့ရက်သတ္တပတ်ပါ။ ကျွန်တော့်အနေနဲ့ အောင်ပွဲခံဖို့ အသက်က အရမ်းကြီးနေပြီဖြစ်လို့ ဒီညနေ အိမ်ပြန်ရောက်လို့ ဆိုဖာပေါ်ရောက်မှ ပျော်ရွှင်မှုကို ခံစားရမှာပါ”
”ကျွန်တော်တို့ဟာ တနင်္ဂနွေနေ့မနက်ခင်းမှာ လေ့ကျင့်ခန်းဆင်းရမှာဖြစ်ပြီး စီးတီးနဲ့ပွဲကိုလည်း အသင်းသားတွေနဲ့အတူ ပြန်လည်လေ့လာသုံးသပ်ရဦးမှာပါ။ ဒီတော့ အိမ်အပြန်က နောက်ကျမှာသေချာပါတယ်။ ဒါပေမဲ့ အိမ်ပြန်ရောက်ချိန် ဆိုဖာပေါ်မှာ အငြိမ့်သားထိုင်ပြီး ကော်ဖီတစ်ခွက်၊ ကိတ်မုန့်အနည်းငယ်နဲ့ အောင်ပွဲခံနိုင်ဖို့တော့ မျှော်လင့်ပါတယ်”
”ပရိသတ်တွေအားလုံးကတော့ စနေနေ့ကို အောင်ပွဲခံနေ့အဖြစ် အောင်ပွဲခံကြမှာသေချာပါတယ်။ ကျွန်တော်တို့အသင်းအတွက် အမှတ်ရစရာကာလမို့လို့ ပရိသတ်တွေ တန်ဖိုးထားကြပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ကတော့ အရမ်းကြီးအောင်ပွဲမခံပါဘူး”လို့ ပြောပါတယ်။