ေကာ္တြိဳက္စ္ကိုဆက္ထိန္းၿပီး နာဗက္စ္ကိုေရာင္းခဲ့လုိ႔ ရီးရဲလ္ပရိသတ္ေတြစိတ္ပ်က္

photo-foxsportasia

photo-psg

ဂိုးသမားေကလာနာဗက္စ္ကို ပီအက္စ္ဂ်ီထံေရာင္းခ်ခဲ့တာနဲ႔ပတ္သက္လို႔ ရီးရဲလ္မက္ဒရစ္ပရိသတ္ေတြဟာ မေပ်ာ္ရႊင္ျဖစ္ေနၾကၿပီး အဲဒီအတြက္ ဆုိရွယ္မီဒီယာေပၚမွာ သူတို႔ရဲ႕စိတ္ပ်က္ရမႈကို ဖြင့္ဟလာခဲ့ၾကပါတယ္။ နာဗက္စ္ဟာ ဥေရာပအေျပာင္းအေရႊ႕ေနာက္ဆုံးရက္မွာပဲ ေျပာင္းေရႊ႕ေၾကးယူရို ၁၅ သန္း၀န္းက်င္နဲ႔ ပီအက္္စ္ဂ်ီကိုေရာက္သြားခဲ့ၿပီး ရီးရဲလ္နဲ႔ ၅ ႏွစ္ၾကာကစားသမားဘ၀ကုိ အဆုံးသတ္ခဲ့တာပါ။ သူ႔အေျပာင္းအေရႊ႕ရဲ႕တစ္စိတ္တစ္ပိုင္းအျဖစ္ ပီအက္စ္ဂ်ီဂိုးသမားေအရီယုိလာဟာ ရီးရဲလ္ကို တစ္ရာသီအငွားနဲ႔ ေရာက္လာခဲ့ပါတယ္။

photo-gettyimages

နာဗက္စ္ဟာ ၅ ႏွစ္ၾကာရီးရဲလ္ကစားသမားဘ၀မွာ ခ်န္ပီယံလိဂ္ေအာင္ျမင္မႈ ၃ ႀကိမ္အပါအ၀င္ ဆုဖလားေပါင္း ၁၄ ခုရရွိခဲ့ကာ အသင္းပရိသတ္ေတြရဲ႕ေဖးဘရိတ္ကစားသမားတစ္ေယာက္လည္း ျဖစ္ပါတယ္။ ဒါေပမဲ့ ၂၀၁၈ မွာ ခ်ဲလ္ဆီးကေန ေကာ္တြိဳက္စ္ေရာက္လာၿပီးေနာက္ပိုင္း အသင္းမွာ နံပါတ္ ၁ ဂိုးသမားေနရာဆုံးရႈံးလိုက္ရပါတယ္။ ဒါေပမဲ့ ေနာက္ေရာက္လာတဲ့ေကာ္တြိဳက္စ္ဟာ သူ႔ရဲ႕ပထမဆုံးပြဲအနည္းငယ္မွာ အမွားအယြင္းေတြရွိခဲ့ၿပီး အေျခခ်ဖုိ႔အတြက္ အခ်ိန္ယူခဲ့ရပါတယ္။ လက္ရွိမွာလည္း ေကာ္တြိဳက္စ္ဟာ ရီးရဲလ္မွာ ရုန္းကန္ေနရဆဲျဖစ္ၿပီး သူ႔ရဲ႕ေနာက္ဆုံးလာလီဂါ ၁၁ ပြဲစလုံးမွာ ဂိုးေပးခဲ့ရတာပါ။

photo-gettyimages

ဒါေၾကာင့္လည္း ရီးရဲလ္ပရိသတ္ေတြဟာ ေကာ္တြိဳက္စ္ထက္စာရင္ နာဗက္စ္ကိုပဲ အသင္းမွာ ဆက္ရွိေစခ်င္ခဲ့ၾကတာပါ။ နာဗက္စ္မရွိေတာ့လုိ႔ ရီးရဲလ္မွာ သူ႔ရဲ႕ေက်ာနံပါတ္ ၁ ဂ်ာစီက လစ္လပ္သြားပါတယ္။ ဒါေပမဲ့ ေကာ္တြိဳက္စ္ဟာ အဲဒီနံပါတ္ ရယူႏိုင္မွာမဟုတ္ဘဲ အငွားေရာက္လာတဲ့ေအရီယုိလာသာ ၀တ္ဆင္ရမွာပါ။ ဘာေၾကာင့္လဲဆုိေတာ့ ရာသီၾကားကာလအတြင္း အက်ၤီနံပါတ္မလဲရဆိုတဲ့စည္းမ်ဥ္းကို စပိန္ေဘာလုံးအဖြဲ႕ခ်ဳပ္က သတ္မွတ္ျပဌာန္းထားလုိ႔ပါ။

[Unicode]

ဂိုးသမားကေလာနာဗက်စ်ကို ပီအက်စ်ဂျီထံရောင်းချခဲ့တာနဲ့ပတ်သက်လို့ ရီးရဲလ်မက်ဒရစ်ပရိသတ်တွေဟာ မပျော်ရွှင်ဖြစ်နေကြပြီး အဲဒီအတွက် ဆိုရှယ်မီဒီယာပေါ်မှာ သူတို့ရဲ့စိတ်ပျက်ရမှုကို ဖွင့်ဟလာခဲ့ကြပါတယ်။ နာဗက်စ်ဟာ ဥရောပအပြောင်းအရွှေ့နောက်ဆုံးရက်မှာပဲ ပြောင်းရွှေ့ကြေးယူရို ၁၅ သန်းဝန်းကျင်နဲ့ ပီအက်စ်ဂျီကိုရောက်သွားခဲ့ပြီး ရီးရဲလ်နဲ့ ၅ နှစ်ကြာကစားသမားဘဝကို အဆုံးသတ်ခဲ့တာပါ။ သူ့အပြောင်းအရွှေ့ရဲ့တစ်စိတ်တစ်ပိုင်းအဖြစ် ပီအက်စ်ဂျီဂိုးသမားအေရီယိုလာဟာ ရီးရဲလ်ကို တစ်ရာသီအငှားနဲ့ ရောက်လာခဲ့ပါတယ်။

နာဗက်စ်ဟာ ၅ နှစ်ကြာရီးရဲလ်ကစားသမားဘဝမှာ ချန်ပီယံလိဂ်အောင်မြင်မှု ၃ ကြိမ်အပါအဝင် ဆုဖလားပေါင်း ၁၄ ခုရရှိခဲ့ကာ အသင်းပရိသတ်တွေရဲ့ဖေးဘရိတ်ကစားသမားတစ်ယောက်လည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ၂၀၁၈ မှာ ချဲလ်ဆီးကနေ ကော်တွိုက်စ်ရောက်လာပြီးနောက်ပိုင်း အသင်းမှာ နံပါတ် ၁ ဂိုးသမားနေရာဆုံးရှုံးလိုက်ရပါတယ်။ ဒါပေမဲ့ နောက်ရောက်လာတဲ့ကော်တွိုက်စ်ဟာ သူ့ရဲ့ပထမဆုံးပွဲအနည်းငယ်မှာ အမှားအယွင်းတွေရှိခဲ့ပြီး အခြေချဖို့အတွက် အချိန်ယူခဲ့ရပါတယ်။ လက်ရှိမှာလည်း ကော်တွိုက်စ်ဟာ ရီးရဲလ်မှာ ရုန်းကန်နေရဆဲဖြစ်ပြီး သူ့ရဲ့နောက်ဆုံးလာလီဂါ ၁၁ ပွဲစလုံးမှာ ဂိုးပေးခဲ့ရတာပါ။

ဒါကြောင့်လည်း ရီးရဲလ်ပရိသတ်တွေဟာ ကော်တွိုက်စ်ထက်စာရင် နာဗက်စ်ကိုပဲ အသင်းမှာ ဆက်ရှိစေချင်ခဲ့ကြတာပါ။ နာဗက်စ်မရှိတော့လို့ ရီးရဲလ်မှာ သူ့ရဲ့ကျောနံပါတ် ၁ ဂျာစီက လစ်လပ်သွားပါတယ်။ ဒါပေမဲ့ ကော်တွိုက်စ်ဟာ အဲဒီနံပါတ် ရယူနိုင်မှာမဟုတ်ဘဲ အငှားရောက်လာတဲ့အေရီယိုလာသာ ဝတ်ဆင်ရမှာပါ။ ဘာကြောင့်လဲဆိုတော့ ရာသီကြားကာလအတွင်း အင်္ကျီနံပါတ်မလဲရဆိုတဲ့စည်းမျဉ်းကို စပိန်ဘောလုံးအဖွဲ့ချုပ်က သတ်မှတ်ပြဌာန်းထားလို့ပါ။