ေကာ္တင္ညိဳအသင္းေျပာင္းသြားေပမယ့္ ဂရစ္ဇ္မန္း ေက်ာနံပါတ္ ၇ ဝတ္ဆင္ခြင့္မရတဲ့အေၾကာင္းရင္း

Photo Credit

Photo Credit ; Getty Images

ဘာစီလိုနာအသင္းတိုက္စစ္မႉးသစ္ ဂရစ္ဇ္မန္းဟာ ေသာၾကာညက ဘီလ္ဘာအိုကို ၁-၀ ဂိုးနဲ႔အေရးနိမ့္ခဲ့တဲ့ပြဲမွာ ေက်ာနံပါတ္ ၁၇အက်ႌဝတ္ဆင္ၿပီး အသင္းသစ္အတြက္ ပထမဆုံးလိဂ္ပြဲဦးထြက္အျဖစ္ ပါဝင္ကစားသြားခဲ့ၿပီး အဲဒီေက်ာနံပါတ္ကိုပဲ တစ္ရာသီလုံးဝတ္ဆင္ကစားရေတာ့မွာျဖစ္ပါတယ္။

Photo Credit ; EPA

ဂရစ္ဇ္မန္းရဲ႕စိတ္ႀကိဳက္ေက်ာနံပါတ္က ၇ျဖစ္ၿပီး လက္ရွိဘာစီလိုနာအသင္းမွာ အဲဒီေက်ာနံပါတ္ဝတ္ဆင္ကစားတဲ့ဘရာဇီးကြင္းလယ္လူ ေကာ္တင္ညိဳက ဘိုင္ယန္ျမဴးနစ္အသင္းဆီ တစ္ရာသီအငွားနဲ႔ ေရာက္ရွိသြားေပမယ့္ ျပင္သစ္လက္ေ႐ြးစင္ ဂရစ္ဇ္မန္းကေတာ့ အဲဒီေက်ာနံပါတ္ ၇အက်ႌဝတ္ဆင္ကစားခြင့္ရရွိမွာမဟုတ္ပါဘူး။

Photo Credit ; Getty Images

လာလီဂါၿပိဳင္ပြဲရဲ႕စည္းမ်ဥ္းေတြအရ ကစားသမားတစ္ဦးဟာ ေဘာလုံးရာသီတစ္ခုမွာ ေက်ာနံပါတ္တစ္ခု စတင္ဝတ္ဆင္ကစားလိုက္ၿပီဆိုတာနဲ႔ အဲဒီေက်ာနံပါတ္ကိုပဲ တစ္ရာသီလုံးဝတ္ဆင္ကစားရမွာျဖစ္ပါတယ္။ တကယ္လို႔မ်ား ေကာ္တင္ညိဳရဲ႕အငွားစာခ်ဳပ္သာ ရက္အနည္းငယ္ေစာၿပီး ျပည့္စုံသြားခဲ့ရင္ ဂရစ္ဇ္မန္းလည္း သူ႔ဆႏၵအတိုင္း ေက်ာနံပါတ္ ၇အက်ႌဝတ္ဆင္ကစားႏိုင္မွာျဖစ္ပါတယ္။

Photo Credit

ဘိုင္ယန္ျမဴးနစ္ဟာ ေကာ္တင္ညိဳကို တစ္ရာသီအငွားေခၚယူမႈအတြက္ သူ႔ရဲ႕လုပ္ခလစာနဲ႔ ေပါင္ ၈သန္းပဲ ေပးေခ်ခဲ့ရၿပီး အငွားစာခ်ဳပ္မွာ ယူ႐ိုသန္း ၁၂၀ ဘယ္အခ်ိန္ေပးေပး ေကာ္တင္ညိဳကို အၿပီးသတ္ေခၚယူခြင့္ရရွိမွာျဖစ္ပါတယ္။ ဂရစ္ဇ္မန္းလည္း အေစာဆုံးအေနနဲ႔ ေနာက္ရာသီသစ္ေရာက္မွသာ ေက်ာနံပါတ္ ၇ကို ဝတ္ဆင္ကစားခြင့္ရရွိႏိုင္ပါတယ္။

Photo Credit ; Getty Images

ဂရစ္ဇ္မန္းအတြက္ ဘာစီလိုနာကစားသမားဘ၀ ပထမဆုံးလာလီဂါပြဲကေတာ့ မလွမပနဲ႔ အဆုံးသတ္ခဲ့ရၿပီး အိမ္ရွင္အသင္းရဲ႕ဝါရင့္တိုက္စစ္မႉး အဒူရစ္ဇ္က ပြဲၿပီးခါနီးမွာ လွပတဲ့ေနာက္ျပန္ကန္ခ်က္နဲ႔ လက္ရွိခ်န္ပီယံအသင္းကို အႏိုင္ယူခဲ့ပါတယ္။

Photo Credit ; Getty Images

အသင္းေခါင္းေဆာင္ မက္ဆီက ဒဏ္ရာေၾကာင့္ လူစာရင္းမွာေတာင္ မပါဝင္ႏိုင္ခ်ိန္ တြဲဘက္တိုက္စစ္မႉး ဆြာရက္ဇ္ကလည္း ဒဏ္ရာေၾကာင့္ လူစားလဲခံခဲ့ရလို႔ ဂရစ္ဇ္မန္းအတြက္ ေျခစြမ္းျပႏိုင္ဖို႔ ဖိအားပိုမ်ားလာခဲ့ပါတယ္။ ေကာ္တင္ညိဳရဲ႕အသင္းသစ္ ဘိုင္ယန္ျမဴးနစ္လည္း ဘန္ဒက္စ္လီဂါမွာ အဖြင့္မလွခဲ့ဘဲ အိမ္ကြင္းမွာ ဟာသာဘာလင္နဲ႔ ၂-၂ ဂိုးသေရက်ခဲ့ပါတယ္။

Photo Credit ; Getty Images

Unicode

ကော်တင်ညိုအသင်းပြောင်းသွားပေမယ့် ဂရစ်ဇ်မန်း ကျောနံပါတ် ၇ ဝတ်ဆင်ခွင့်မရတဲ့အကြောင်းရင်း

ဘာစီလိုနာအသင်းတိုက်စစ်မှူးသစ် ဂရစ်ဇ်မန်းဟာ သောကြာညက ဘီလ်ဘာအိုကို ၁-၀ ဂိုးနဲ့အရေးနိမ့်ခဲ့တဲ့ပွဲမှာ ကျောနံပါတ် ၁၇အင်္ကျီဝတ်ဆင်ပြီး အသင်းသစ်အတွက် ပထမဆုံးလိဂ်ပွဲဦးထွက်အဖြစ် ပါဝင်ကစားသွားခဲ့ပြီး အဲဒီကျောနံပါတ်ကိုပဲ တစ်ရာသီလုံးဝတ်ဆင်ကစားရတော့မှာဖြစ်ပါတယ်။
ဂရစ်ဇ်မန်းရဲ့စိတ်ကြိုက်ကျောနံပါတ်က ၇ဖြစ်ပြီး လက်ရှိဘာစီလိုနာအသင်းမှာ အဲဒီကျောနံပါတ်ဝတ်ဆင်ကစားတဲ့ဘရာဇီးကွင်းလယ်လူ ကော်တင်ညိုက ဘိုင်ယန်မြူးနစ်အသင်းဆီ တစ်ရာသီအငှားနဲ့ ရောက်ရှိသွားပေမယ့် ပြင်သစ်လက်ရွေးစင် ဂရစ်ဇ်မန်းကတော့ အဲဒီကျောနံပါတ် ၇အင်္ကျီဝတ်ဆင်ကစားခွင့်ရရှိမှာမဟုတ်ပါဘူး။
လာလီဂါပြိုင်ပွဲရဲ့စည်းမျဉ်းတွေအရ ကစားသမားတစ်ဦးဟာ ဘောလုံးရာသီတစ်ခုမှာ ကျောနံပါတ်တစ်ခု စတင်ဝတ်ဆင်ကစားလိုက်ပြီဆိုတာနဲ့ အဲဒီကျောနံပါတ်ကိုပဲ တစ်ရာသီလုံးဝတ်ဆင်ကစားရမှာဖြစ်ပါတယ်။ တကယ်လို့များ ကော်တင်ညိုရဲ့အငှားစာချုပ်သာ ရက်အနည်းငယ်စောပြီး ပြည့်စုံသွားခဲ့ရင် ဂရစ်ဇ်မန်းလည်း သူ့ဆန္ဒအတိုင်း ကျောနံပါတ် ၇အင်္ကျီဝတ်ဆင်ကစားနိုင်မှာဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ်ဟာ ကော်တင်ညိုကို တစ်ရာသီအငှားခေါ်ယူမှုအတွက် သူ့ရဲ့လုပ်ခလစာနဲ့ ပေါင် ၈သန်းပဲ ပေးချေခဲ့ရပြီး အငှားစာချုပ်မှာ ယူရိုသန်း ၁၂၀ ဘယ်အချိန်ပေးပေး ကော်တင်ညိုကို အပြီးသတ်ခေါ်ယူခွင့်ရရှိမှာဖြစ်ပါတယ်။ ဂရစ်ဇ်မန်းလည်း အစောဆုံးအနေနဲ့ နောက်ရာသီသစ်ရောက်မှသာ ကျောနံပါတ် ၇ကို ဝတ်ဆင်ကစားခွင့်ရရှိနိုင်ပါတယ်။
ဂရစ်ဇ်မန်းအတွက် ဘာစီလိုနာကစားသမားဘ၀ ပထမဆုံးလာလီဂါပွဲကတော့ မလှမပနဲ့ အဆုံးသတ်ခဲ့ရပြီး အိမ်ရှင်အသင်းရဲ့ဝါရင့်တိုက်စစ်မှူး အဒူရစ်ဇ်က ပွဲပြီးခါနီးမှာ လှပတဲ့နောက်ပြန်ကန်ချက်နဲ့ လက်ရှိချန်ပီယံအသင်းကို အနိုင်ယူခဲ့ပါတယ်။
အသင်းခေါင်းဆောင် မက်ဆီက ဒဏ်ရာကြောင့် လူစာရင်းမှာတောင် မပါဝင်နိုင်ချိန် တွဲဘက်တိုက်စစ်မှူး ဆွာရက်ဇ်ကလည်း ဒဏ်ရာကြောင့် လူစားလဲခံခဲ့ရလို့ ဂရစ်ဇ်မန်းအတွက် ခြေစွမ်းပြနိုင်ဖို့ ဖိအားပိုများလာခဲ့ပါတယ်။ ကော်တင်ညိုရဲ့အသင်းသစ် ဘိုင်ယန်မြူးနစ်လည်း ဘန်ဒက်စ်လီဂါမှာ အဖွင့်မလှခဲ့ဘဲ အိမ်ကွင်းမှာ ဟာသာဘာလင်နဲ့ ၂-၂ ဂိုးသရေကျခဲ့ပါတယ်။