ဦးဆောင်ဂိုးပေးလိုက်ရပေမယ့် ဂိုးပြတ်အနိုင်ရခဲ့တဲ့ ယူနိုက်တက် (ယူနိုက်တက် ၄-၁ နယူးကာဆယ် ပွဲပြီးမြင်ကွင်းကျယ်)

Photo Credit

Photo Credit

ယူနိုက်တက်ဟာ ပွဲချိန် ၁၇ မိနစ်မှာပဲ မက်တီလောင်းစတပ်ဖ်ရဲ့ဂိုးကြောင့် နောက်ကနေ လိုက်ကစားခဲ့ရပေမယ့် ချေပဂိုးနဲ့ ဦးဆောင်ဂိုးတွေ လျင်လျင်မြန်မြန်ပြန်ရခဲ့လို့ ဂိုးပြတ်အနိုင်ရခဲ့တာဖြစ်ပါတယ်။

Photo Credit

ယူနိုက်တက်ပေးလိုက်ရတဲ့ဂိုးက ပေါင်သန်း ၈၀ တန် မက်ဂွိုင်းယားရဲ့လူကျွံဖမ်းကစားပုံ မသေသပ်မှုကြောင့်ဖြစ်ပြီး ပင်နယ်တီဧရိယာအတွင်း လူကပ်မခံထားရတဲ့ လောင်းစတပ်ဖ်က ဒီဂီယာရဲ့ညာဘက်အောက်ထောင့်ထဲ အနိမ့်ဘောကန်သွင်းခဲ့တာပါ။

Photo Credit

ဒါပေမဲ့ ချက်ချင်းဆိုသလို ယူနိုက်တက်က တိုက်စစ်ဆင်နိုင်ခဲ့ပြီး ပွဲချိန် ၂၄ မိနစ်မှာ ပါရဲရား အသာချပေးတာကို မာရှယ် အပြင်းကန်သွင်းတာ နယူးကာဆယ်ဂိုးသမား ဒူဘရာကာ ပုတ်ထုတ်ခဲ့သေးပေမယ့် ဂိုးထဲ ဝင်သွားခဲ့လို့ ယူနိုက်တက်အသင်း ချေပဂိုးရရှိခဲ့ပါတယ်။

Photo Credit

ဒါ့အပြင် ပွဲချိန် ၃၆ မိနစ်မှာ နယူးကာဆယ်ခံစစ် လူပေးမှားရာကနေ လူငယ်တိုက်စစ်မှူး ဂရင်းဝုဒ်က ဘယ်ခြေနဲ့ အပြင်းကန်သွင်းတာ ဘားထိဝင်သွားလို့ အိမ်ရှင်တို့ ဦးဆောင်ဂိုးရရှိခဲ့ပါတယ်။ နယူးကာဆယ်ခံစစ်ရဲ့အမှားကြောင့်ဆိုနိုင်ပေမယ့် ဂရင်းဝုဒ်ရဲ့ကစ်ပါဝါ အတော်လေးပြင်းခဲ့ပါတယ်။

Photo Credit

ပထမပိုင်းပြီးခါနီးမှာ ညာနောက်ခံလူ ဝမ်ဘစ်ဆာကာ အသာခုတ်တင်ပေးလိုက်တာကို တိုက်စစ်မှူး ရက်ရှ်ဖို့ဒ် ခေါင်းတိုက်သွင်းယူနိုင်ခဲ့လို့ ယူနိုက်တက်အသင်း တတိယမြောက်ဂိုးရရှိခဲ့ပါတယ်။ တိုက်စစ်လိုက်ပါရာမှာ အားနည်းတယ်လို့ ဝေဖန်ခံနေရတဲ့ ဝမ်ဘစ်ဆာကာအတွက်တော့ ယူနိုက်တက်ကစားသမားဘ၀ ပထမဆုံးဂိုးဖန်တီးမှုဖြစ်ခဲ့ပါတယ်။

Photo Credit

ဒုတိယပိုင်းမှာ မက်တိုမီနေးအစား ပေါ့ဂ်ဘာဝင်လာပြီးနောက် ယူနိုက်တက်ကွင်းလယ်တိုက်စစ် ပိုအားကောင်းလာပြီး နယူးကာဆယ်ကို ပထမပိုင်းကထက် ပိုမိုဖိအားပေးကစားနိုင်ခဲ့ပါတယ်။ ပွဲချိန် ၅၁ မိနစ်မှာ ရှောင်လောင်းစတပ်ဖ်ရဲ့အမှားကနေ မာရှယ်ရသွားပြီး ဂိုးသမားနဲ့တစ်ယောက်ချင်းအတွေ့မှာ အသာလေး မတင်သွင်းယူနိုင်ခဲ့လို့ ယူနိုက်တက်အသင်း အဆုံးသတ်ဂိုးရရှိခဲ့ပါတယ်။

Photo Credit

အဲဒီနောက် ယူနိုက်တက်ကပဲ ဖိအားပေးကစားနိုင်ခဲ့ပြီး မက်ဂွိုင်းယား၊ ပေါ့ဂ်ဘာတို့ ထိုးဖောက်ကန်သွင်းချက်တွေ ဂိုးမဝင်ခဲ့လို့ ၄-၁ ဂိုးနဲ့ ပွဲပြီးသွားတာဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ဒီပွဲအနိုင်ကြောင့်အဆင့် ၇နေရာ ရောက်လာပြီး အဆင့် ၄နေရာက ချဲလ်ဆီးနဲ့ ၄မှတ်အကွာ ပြန်ရောက်လာပါတယ်။

Photo Credit

နယူးကာဆယ်အသင်းဟာ ယခုရာသီမှာ ပွဲတစ်ပွဲအတွင်း အမှားကနေ ၃ဂိုးအထိ ပေးရတဲ့ပထမဆုံးအသင်းဖြစ်လာပါတယ်။ ဒီပွဲမှာ ၂ဂိုးသွင်းယူနိုင်ခဲ့တဲ့ တိုက်စစ်မှူး မာရှယ်ကတော့ အိုးထရက်ဖို့ဒ်မှာ လိဂ်ပွဲတစ်ပွဲအတွင်း ပထမဆုံးအကြိမ်အဖြစ် ၂ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပြီး ၆၂ ပွဲမြောက်မှာ တစ်ပွဲတည်း ၂ဂိုးသွင်းယူနိုင်ခဲ့တာပါ။

Photo Credit

Zawgyi

ဦးေဆာင္ဂိုးေပးလုိက္ရေပမယ့္ ဂိုးျပတ္အႏိုင္ရခဲ့တ့ဲ ယူႏိုက္တက္ (ယူႏုိက္တက္ ၄-၁ နယူးကာဆယ္ ပြဲၿပီးျမင္ကြင္းက်ယ္)

ယူႏုိက္တက္ဟာ ပဲြခ်ိန္ ၁၇ မိနစ္မွာပဲ မက္တီေလာင္းစတပ္ဖ္ရဲ႕ဂိုးေၾကာင့္ ေနာက္ကေန လိုက္ကစားခ့ဲရေပမယ့္ ေခ်ပဂိုးနဲ႔ ဦးေဆာင္ဂိုးေတြ လ်င္လ်င္ျမန္ျမန္ျပန္ရခ့ဲလုိ႔ ဂိုးျပတ္အႏိုင္ရခဲ့တာျဖစ္ပါတယ္။
ယူႏိုက္တက္ေပးလုိက္ရတဲ့ဂိုးက ေပါင္သန္း ၈၀ တန္ မက္ဂြိဳင္းယားရဲ႕လူကၽြံဖမ္းကစားပုံ မေသသပ္မႈေၾကာင့္ျဖစ္ၿပီး ပင္နယ္တီဧရိယာအတြင္း လူကပ္မခံထားရတဲ့ ေလာင္းစတပ္ဖ္က ဒီဂီယာရဲ႕ညာဘက္ေအာက္ေထာင့္ထဲ အနိမ့္ေဘာကန္သြင္းခဲ့တာပါ။
ဒါေပမဲ့ ခ်က္ခ်င္းဆုိသလုိ ယူႏုိက္တက္က တုိက္စစ္ဆင္ႏိုင္ခဲ့ၿပီး ပြဲခ်ိန္ ၂၄ မိနစ္မွာ ပါရဲရား အသာခ်ေပးတာကို မာရွယ္ အျပင္းကန္သြင္းတာ နယူးကာဆယ္ဂိုးသမား ဒူဘရာကာ ပုတ္ထုတ္ခဲ့ေသးေပမယ့္ ဂိုးထဲ ၀င္သြားခဲ့လုိ႔ ယူႏုိက္တက္အသင္း ေခ်ပဂိုးရရွိခဲ့ပါတယ္။
ဒါ့အျပင္ ပြဲခ်ိန္ ၃၆ မိနစ္မွာ နယူးကာဆယ္ခံစစ္ လူေပးမွားရာကေန လူငယ္တုိက္စစ္မွဴး ဂရင္း၀ုဒ္က ဘယ္ေျခနဲ႔ အျပင္းကန္သြင္းတာ ဘားထိ၀င္သြားလုိ႔ အိမ္ရွင္တုိ႔ ဦးေဆာင္ဂိုးရရွိခဲ့ပါတယ္။ နယူးကာဆယ္ခံစစ္ရဲ႕အမွားေၾကာင့္ဆုိႏိုင္ေပမယ့္ ဂရင္း၀ုဒ္ရဲ႕ကစ္ပါ၀ါ အေတာ္ေလးျပင္းခဲ့ပါတယ္။
ပထမပိုင္းၿပီးခါနီးမွာ ညာေနာက္ခံလူ ၀မ္ဘစ္ဆာကာ အသာခုတ္တင္ေပးလုိက္တာကို တုိက္စစ္မွဴး ရက္ရွ္ဖို႔ဒ္ ေခါင္းတုိက္သြင္းယူႏုိင္ခဲ့လုိ႔ ယူႏုိက္တက္အသင္း တတိယေျမာက္ဂိုးရရွိခဲ့ပါတယ္။ တုိက္စစ္လုိက္ပါရာမွာ အားနည္းတယ္လုိ႔ ေ၀ဖန္ခံေနရတဲ့ ၀မ္ဘစ္ဆာကာအတြက္ေတာ့ ယူႏုိက္တက္ကစားသမားဘ၀ ပထမဆုံးဂုိးဖန္တီးမႈျဖစ္ခဲ့ပါတယ္။
ဒုတိယပိုင္းမွာ မက္တိုမီေနးအစား ေပါ့ဂ္ဘာ၀င္လာၿပီးေနာက္ ယူႏုိက္တက္ကြင္းလယ္တုိက္စစ္ ပိုအားေကာင္းလာၿပီး နယူးကာဆယ္ကို ပထမပိုင္းကထက္ ပိုမိုဖိအားေပးကစားႏိုင္ခဲ့ပါတယ္။ ပဲြခ်ိန္ ၅၁ မိနစ္မွာ ေရွာင္ေလာင္းစတပ္ဖ္ရဲ႕အမွားကေန မာရွယ္ရသြားၿပီး ဂိုးသမားနဲ႔တစ္ေယာက္ခ်င္းအေတြ႕မွာ အသာေလး မတင္သြင္းယူႏုိင္ခဲ့လုိ႔ ယူႏုိက္တက္အသင္း အဆုံးသတ္ဂိုးရရွိခဲ့ပါတယ္။
အဲဒီေနာက္ ယူႏုိက္တက္ကပဲ ဖိအားေပးကစားႏုိင္ခဲ့ၿပီး မက္ဂြိဳင္းယား၊ ေပါ့ဂ္ဘာတို႔ ထိုးေဖာက္ကန္သြင္းခ်က္ေတြ ဂိုးမ၀င္ခဲ့လုိ႔ ၄-၁ ဂိုးနဲ႔ ပဲြၿပီးသြားတာျဖစ္ပါတယ္။ ယူႏိုက္တက္ဟာ ဒီပြဲအႏိုင္ေၾကာင္ ့အဆင့္ ၇ေနရာ ေရာက္လာၿပီး အဆင့္ ၄ေနရာက ခ်ဲလ္ဆီးနဲ႔ ၄မွတ္အကြာ ျပန္ေရာက္လာပါတယ္။
နယူးကာဆယ္အသင္းဟာ ယခုရာသီမွာ ပြဲတစ္ပြဲအတြင္း အမွားကေန ၃ဂိုးအထိ ေပးရတဲ့ပထမဆုံးအသင္းျဖစ္လာပါတယ္။ ဒီပြဲမွာ ၂ဂိုးသြင္းယူႏုိင္ခဲ့တ့ဲ တိုက္စစ္မွဴး မာရွယ္ကေတာ့ အိုးထရက္ဖုိ႔ဒ္မွာ လိဂ္ပြဲတစ္ပဲြအတြင္း ပထမဆုံးအႀကိမ္အျဖစ္ ၂ဂိုးသြင္းယူႏုိင္ခဲ့တာျဖစ္ၿပီး ၆၂ ပြဲေျမာက္မွာ တစ္ပြဲတည္း ၂ဂုိးသြင္းယူႏုိင္ခဲ့တာပါ။