ဦးဆိုးလ် လက်စတာကို အခွင့်အရေးပေးနိုင်တဲ့ ပွဲနဲ့ပတ်သက်တဲ့ အချက်အလက်များ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဒီနေ့ ည 11 ခွဲအချိန်မှာတော့ ယူနိုက်တက်အသင်းနဲ့ လက်စတာအသင်းတို့ ရင်ဆိုင်ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ပွဲဆက်တွေများနေပြီး၊ ချန်ပီယံလိဂ်ဝင်ခွင့်သေချာနေပြီဖြစ်တာကြောင့် ဒီနေ့ညပွဲကို အင်အားဖြုန်းပြီး ကစားဖွယ် မရှိပါဘူး။

ဒါ့အပြင်ယူနိုက်တက်က ယူရိုပါလိဂ်ဗိုလ်လုပွဲ ကစားရမယ့်အသင်းဖြစ်ပြီး လက်စတာကတော့ ပရီးမီးယားလိဂ် လက်ကျန်ပွဲစဉ်တိုင်းက ဗိုလ်လုပွဲဖြစ်သလို၊ FA ဖလား ဗိုလ်လုပွဲကိုလည်း ကစားရဦးမှာဖြစ်ပါတယ်။

ယူနိုက်တက် အာရုံသိပ်မစိုက်မယ့်ပွဲဖြစ်တာကြောင့် လက်စတာတို့ အခွင့်အရေးရသွားနိုင်ပါတယ်။

ဒီနေ့ညတော့ လက်စတာနိုင်ရင်နိုင် ၊ မနိုင်ရင် သရေရလဒ်ဖြစ်သွားနိုင်ပါတယ်။

နည်းပြဆိုးလ်ရှား အသုံးပြုနိုင်တဲ့ ခန့်မှန်းပွဲထွက် ပုံစံကတော့ 4-2-3-1 ဖြစ်နိုင်ပါတယ်။

ခန့်မှန်း လူစာရင်းကတော့ တဲလက်စ်၊ တွမ်ဇမ်ဘီ၊ ဘိုင်လီ၊ ဝီလီယမ်၊ မာတစ်၊ တော်မီနေး၊ ပေါ့ဘာ၊ ဘန်ဒီဘိခ်၊ မာတာ၊ အာမက်ဒီယာလို၊ ဒီဂီယာတို့ဖြစ်နိုင်ပါတယ်။

ယူနိုက်တက်အသင်းဟာ လူးဝစ်ဗန့်ဟားလက်ထက် (2014)ခုနှစ် ၊စက်တင်ဘာလ က လက်စတာကို (5-3) ရလဒ်နဲ့ ရှုံးနိမ့်ပြီးနောက်ပိုင်း

လက်စတာနှင့်နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ်(12)ပွဲတွင်ရှုံးနိမ့်ခဲ့ခြင်း မရှိပါဘူး။ (8)ပွဲနိုင်ပြီး(4)ပွဲသရေကျခဲ့ပါတယ်။

လက်စတာအသင်းဟာ ယူနိုက်တက်ကို ပရီးမီးယားလိဂ်အဝေးကွင်းပွဲစဉ်တွင် သမိုင်းတစ်လျှောက်တစ်ပွဲသာအနိုင်ရယူဖူးပါတယ်။

အိုးထရပ်ဖို့ ကွင်းတွင် နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်(22)ပွဲတွင် (5)ပွဲသရေကျ ပြီး (16)ပွဲအထိရှုံးနိမ့်ခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi






