ဦးဆိုးလ်ရဲ့ လူစားလဲဗျူဟာကို မကြိုက်ကြောင်း အမူအရာတွေနဲ့ ဆန့်ကျင်ခဲ့ကြတဲ့ သရဲနီနှစ်ဦး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ယူအသင်းဟာ ချန်ပီယံလိဂ် အုပ်စုအဆင့် ဒုတိယမြောက်ပွဲစဉ်မှာ ဗီလာရီးရဲလ်အသင်းကို (၂−၁) ဂိုးနဲ့ အနိုင်ယူနိုင်ခဲ့ပြီး အရေးပါတဲ့ အနိုင် (၃) မှတ်ကို စုဆောင်းနိုင်ပါတယ်။

ဒီပွဲမှာ နည်းပြဆိုးလ်ရှားဟာ အသင်း ချေပဂိုး ရထားပြီးချိန်မှာ ကစားသမား (၄) ယောက်အထိ အပြောင်းအလဲပြုလုပ်ခဲ့ပြီး အနိုင်ဂိုးထပ်မံရရှိဖို့ ကြိုးပမ်းခဲ့ပါတယ်။

ဒါပေမယ့် နည်းပြဆိုးလ်ရှားရဲ့ လူစားလဲမှုအပေါ်မှာ မကျေနပ်ခဲ့ကြတဲ့ ကစားသမား နှစ်ယောက်လည်းရှိခဲ့ကြပါတယ်။

ဆိုးလ်ရှားဟာ ပွဲချိန် (၇၄) မိနစ်မှာ ကွင်းလယ်လူပေါ့ဘာကို ထုတ်ပြီး ကာဗာနီကို ဝင်ရောက်ကစားစေခဲ့ပေမယ့် လူစားလဲခံလိုက်ရတဲ့ ပေါ့ဘာဟာ မျက်နှာမသာယာဖြစ်နေခဲ့ပြီး ကွင်းထဲက ထွက်လာချိန်မှာလည်း နည်းပြ ဆိုးလ်ရှားကို ဖက်လှဲတကင်း နှုတ်ဆက်ခဲ့ခြင်းမရှိပါဘူး။

ဒါ့အပြင် ပွဲအပြီး ခရာမှုတ်ပြီးလို့ အသင်းသားတွေ အောင်ပွဲခံနေချိန်မှာလည်း ဆိုးလ်ရှားဟာ ပေါ့ဘာကို စကားအနည်းငယ်ပြောဆိုပြီး သွားရောက်ဖျောင်းဖျနေခဲ့တာကို မြင်တွေ့ရပါတယ်။

နည်းပြဆိုးလ်ရှားကို နောက်ထပ် မကျေမနပ် ဖြစ်ခဲ့တဲ့ ကစားသမားကတော့ ကွင်းလယ်လူ ဗန်ဒီဘိခ်ပါ။

မန်ယူအသင်းမှာ ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရတဲ့ ဗန်ဒီဘိခ်ဟာ မနေ့ကပွဲစဉ်မှာလည်း ပါဝင် ကစားခွင့်ရရှိပါတယ်။

ဆိုးလ်ရှားအနေနဲ့ ကွင်းလယ်မှာ လူစားဝင်ကစားစေဖို့ ဗန်ဒီဘိခ်ကို ရွေးချယ်လို့ ရနိုင်ပေမယ့် သူ့ရဲ့ ပုံမှန်အသုံးပြုနေကျ ကွင်းလယ်လူ ဖရက်ဒ်ကိုပဲ ရွေးချယ်ခဲ့ပြီး ပွဲချိန် (၈၉) မိနစ်မှာ တဲလက်စ်နဲ့ လူစားလဲပြီး ဝင်ရောက် ကစားစေခဲ့ပါတယ်။

အရန်ခုံမှာထိုင်နေတဲ့ ဗန်ဒီဘိခ်ဟာ လူစားဝင် ကစားခွင့်မရတဲ့အပေါ် ဒေါသထွက်ခဲ့ပြီး ဝါးနေတဲ့ ပီကေကို နည်းပြဆိုးလ်ရှား ရပ်နေတဲ့ အနောက်နားကို ပစ်ပေါက်ခဲ့သလို ဘေးမှာရှိနေတဲ့ ကစားဖော် ဘိုင်လီ နဲ့ ဟန်ဒါဆင်တို့က ၎င်းကို ဖျောင်းဖျပေးနေခဲ့တာတွေကို ရုပ်သံပြကွက်တွေမှာ မြင်တွေ့ခဲ့ရပါတယ်။

ဒါပေမယ့် နောက်ဆုံးမိနစ်မှာ အနိုင်ဂိုးသွင်းယူလိုက်နိုင်ပြီးချိန်မှာတော့ ဗန်ဒီဘိခ်ဟာ အရန်ခုံကနေ ပြေးထ သွားခဲ့ပြီး ကစားဖော်တွေနဲ့ အတူ အားမာန်အပြည့် အောင်ပွဲခံသလို လုံခြုံရေးက တားယူရတဲ့အထိကို ဖြစ်ခဲ့တာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဦးဆုိးလ္ရဲ႕ လူစားလဲဗ်ဴဟာကုိ မႀကိဳက္ေၾကာင္း အမူအရာေတြနဲ႔ ဆန္႔က်င္ခဲ့ၾကတဲ့ သရဲနီႏွစ္ဦး

မန္ယူအသင္းဟာ ခ်န္ပီယံလိဂ္ အုပ္စုအဆင့္ ဒုတိယေျမာက္ပြဲစဥ္မွာ ဗီလာရီးရဲလ္အသင္းကို (၂−၁) ဂိုးနဲ႔ အႏိုင္ယူႏိုင္ခဲ့ၿပီး အေရးပါတဲ့ အႏိုင္ (၃) မွတ္ကို စုေဆာင္းႏိုင္ပါတယ္။

ဒီပြဲမွာ နည္းျပဆိုးလ္ရွားဟာ အသင္း ေခ်ပဂိုး ရထားၿပီးခ်ိန္မွာ ကစားသမား (၄) ေယာက္အထိ အေျပာင္းအလဲျပဳလုပ္ခဲ့ၿပီး အႏိုင္ဂိုးထပ္မံရရွိဖို႔ ႀကိဳးပမ္းခဲ့ပါတယ္။ ဒါေပမယ့္ နည္းျပဆိုးလ္ရွားရဲ႕ လူစားလဲမႈအေပၚမွာ မေက်နပ္ခဲ့ၾကတဲ့ ကစားသမား ႏွစ္ေယာက္လည္းရွိခဲ့ၾကပါတယ္။

ဆိုးလ္ရွားဟာ ပြဲခ်ိန္ (၇၄) မိနစ္မွာ ကြင္းလယ္လူေပါ့ဘာကို ထုတ္ၿပီး ကာဗာနီကို ဝင္ေရာက္ကစားေစခဲ့ေပမယ့္ လူစားလဲခံလိုက္ရတဲ့ ေပါ့ဘာဟာ မ်က္ႏွာမသာယာျဖစ္ေနခဲ့ၿပီး ကြင္းထဲက ထြက္လာခ်ိန္မွာလည္း နည္းျပ ဆိုးလ္ရွားကို ဖက္လွဲတကင္း ႏႈတ္ဆက္ခဲ့ျခင္းမရွိပါဘူး။

ဒါ့အျပင္ ပြဲအၿပီး ခရာမႈတ္ၿပီးလို႔ အသင္းသားေတြ ေအာင္ပြဲခံေနခ်ိန္မွာလည္း ဆိုးလ္ရွားဟာ ေပါ့ဘာကို စကားအနည္းငယ္ေျပာဆိုၿပီး သြားေရာက္ေဖ်ာင္းဖ်ေနခဲ့တာကို ျမင္ေတြ႕ရပါတယ္။ နည္းျပဆိုးလ္ရွားကို ေနာက္ထပ္ မေက်မနပ္ ျဖစ္ခဲ့တဲ့ ကစားသမားကေတာ့ ကြင္းလယ္လူ ဗန္ဒီဘိခ္ပါ။ မန္ယူအသင္းမွာ ပြဲထြက္ခြင့္ရဖို႔

႐ုန္းကန္ေနရတဲ့ ဗန္ဒီဘိခ္ဟာ မေန႔ကပြဲစဥ္မွာလည္း ပါဝင္ ကစားခြင့္ရရွိပါတယ္။ ဆိုးလ္ရွားအေနနဲ႔ ကြင္းလယ္မွာ လူစားဝင္ကစားေစဖို႔ ဗန္ဒီဘိခ္ကို ေ႐ြးခ်ယ္လို႔ ရႏိုင္ေပမယ့္ သူ႔ရဲ႕ ပုံမွန္အသုံးျပဳေနက် ကြင္းလယ္လူ ဖရက္ဒ္ကိုပဲ ေ႐ြးခ်ယ္ခဲ့ၿပီး ပြဲခ်ိန္ (၈၉) မိနစ္မွာ တဲလက္စ္နဲ႔ လူစားလဲၿပီး ဝင္ေရာက္ ကစားေစခဲ့ပါတယ္။

အရန္ခုံမွာထိုင္ေနတဲ့ ဗန္ဒီဘိခ္ဟာ လူစားဝင္ ကစားခြင့္မရတဲ့အေပၚ ေဒါသထြက္ခဲ့ၿပီး ဝါးေနတဲ့ ပီေကကို နည္းျပဆိုးလ္ရွား ရပ္ေနတဲ့ အေနာက္နားကို ပစ္ေပါက္ခဲ့သလို ေဘးမွာရွိေနတဲ့ ကစားေဖာ္ ဘိုင္လီ နဲ႔ ဟန္ဒါဆင္တို႔က ၎ကို ေဖ်ာင္းဖ်ေပးေနခဲ့တာေတြကို ႐ုပ္သံျပကြက္ေတြမွာ ျမင္ေတြ႕ခဲ့ရပါတယ္။

ဒါေပမယ့္ ေနာက္ဆုံးမိနစ္မွာ အႏိုင္ဂိုးသြင္းယူလိုက္ႏိုင္ၿပီးခ်ိန္မွာေတာ့ ဗန္ဒီဘိခ္ဟာ အရန္ခုံကေန ေျပးထ သြားခဲ့ၿပီး ကစားေဖာ္ေတြနဲ႔ အတူ အားမာန္အျပည့္ ေအာင္ပြဲခံသလို လုံၿခဳံေရးက တားယူရတဲ့အထိကို ျဖစ္ခဲ့တာကိုလည္း ျမင္ေတြ႕ခဲ့ရပါတယ္။