ဥေရာပခ်န္ပီယံ နယ္သာလန္ကိုဂိုးျပတ္အႏိုင္ယူၿပီး ခ်န္ပီယံဆုကုိ အေမရိကန္ဆက္ထိန္း (အေမရိကန္ ၂-၀ နယ္သာလန္ပဲြၿပီးသုံးသပ္ခ်က္)

Photo Credit

Photo Credit ; AP

အမ်ိဳးသမီးကမၻာ့ဖလားၿပိဳင္ပြဲ ေနာက္ဆုံး ၃ႀကိမ္ဆက္ ဗိုလ္လုပဲြတက္ေရာက္ႏိုင္ခဲ့တဲ့ အေမရိကန္အသင္းဟာ ယခုႏွစ္ၿပိဳင္ပြဲရဲ႕ဗိုလ္လုပြဲမွာ ဥေရာပခ်န္ပီယံ နယ္သာလန္အသင္းကို ဒုတိယပိုင္းသြင္းဂိုးေတြေၾကာင့္ ၂-၀ ဂိုးနဲ႔အႏိုင္ယူကာ ခ်န္ပီယံဆုကို ၂ႀကိမ္ဆက္ရရွိသြားခဲ့ပါတယ္။ နယ္သာလန္အသင္းဟာ အသင္းသမုိင္းတစ္ေလွ်ာက္ ဒုတိယအႀကိမ္ေျမာက္အျဖစ္ ၀င္ေရာက္ယွဥ္ၿပိဳင္ခဲ့တာျဖစ္ၿပီး ၂၀၁၅ ၿပိဳင္ပြဲတုန္းက ဂ်ပန္အသင္းကို ၁၆အသင္းအဆင့္မွာ ႐ံႈးနိမ့္ခဲ့ပါတယ္။

Photo Credit

လက္ရွိကမၻာ့အဆင့္ ၁ရွိ အေမရိကန္အသင္းဟာ ယခုႏွစ္ကမၻာ့ဖလားၿပိဳင္ပြဲတစ္ေလွ်ာက္ ပထမပို္င္းအၿပီးမွာ ၿပိဳင္ဘက္ကို ပြဲတုိင္းဦးေဆာင္ႏိုင္ခဲ့ေပမယ့္ ဒီပြဲမွာေတာ့ ပထမပိုင္းအၿပီး ဂိုးမရွိသေရနဲ႔သာ ေက်နပ္ခဲ့ရၿပီး ပြဲခ်ိန္ ၆၁မိနစ္ေရာက္မွ တိုက္စစ္မွဴးရာပီႏိုးက ပင္နယ္တီကေန ဦးေဆာင္ဂိုးသြင္းယူႏိုင္ခ့ဲတာျဖစ္သလို ေနာက္ ၈မိနစ္အၾကာမွာ လာဗယ္လီက အသင္းအတြက္ အဆုံးသတ္ဂိုးသြင္းယူႏုိင္ခဲ့ပါတယ္။ ဒီပြဲကို ပရိသတ္ ၅၇၉၀၀ ဦးအထိ လာေရာက္ၾကည့္႐ႈခဲ့ၿပီး ဒီပြဲမွာ ဦးေဆာင္ဂိုးသြင္းယူႏုိင္ခဲ့တဲ့ ရာပီႏိုးက ဂိုးသြင္းဘုရင္ဆုပါ ရရွိသြားခဲ့ပါတယ္။

Photo Credit

သူဟာ အသင္းေဖာ္အဲလက္စ္ေမာ္ဂန္၊ အဂၤလန္တုိက္စစ္မွဴး အယ္လန္၀ိႈက္တုိ႔နဲ႔အတူ သြင္းဂိုး ၆ဂိုးစီတူညီခဲ့ၿပီး ဂိုးဖန္တီးမႈ ၃ႀကိမ္ျပဳလုပ္ေပးႏိုင္ခဲ့လုိ႔ ေမာ္ဂန္နဲ႔ပါ သြားတူေနပါတယ္။ ဒါေၾကာင့္ ပြဲကစားခ်ိန္နဲ႔တြက္ရာမွာ ရာပီႏိုးက ေမာ္ဂန္ထက္ ပြဲကစားခ်ိန္ မိနစ္ ၆၀ ေက်ာ္ပိုနည္းခဲ့လုိ႔ ရာပီႏိုးက ေရႊဖိနပ္ဆု ရရွိခဲ့တာျဖစ္ပါတယ္။ အေမရိကန္အသင္းဟာ ၁၉၉၁၊ ၁၉၉၉၊ ၂၀၁၅နဲ႔ ၂၀၁၉ ကမၻာ့ဖလားၿပိဳင္ပြဲေတြမွာ ခ်န္ပီယံျဖစ္ခဲ့ၿပီး ယခုႏွစ္ၿပိဳင္ပြဲမွာ ပြဲတိုင္းအႏိုင္ရခဲ့သလို အုပ္စုတြင္းပြဲစဥ္အျဖစ္ ထုိင္းအသင္းကို ၁၃-၀ ဂိုးနဲ႔အႏိုင္ရခဲ့တုန္းကလည္း ကမၻာ့ဖလားၿပိဳင္ပြဲ(အမ်ိဳးသားေရာ အမ်ိဳးသမီးပါ)မွာ အႀကီးမားဆုံးႏိုင္ပဲြအျဖစ္ စံခ်ိန္သစ္တင္ႏိုင္ခဲ့ပါတယ္။

Photo Credit ; EPA

Unicode

ဥရောပချန်ပီယံ နယ်သာလန်ကိုဂိုးပြတ်အနိုင်ယူပြီး ချန်ပီယံဆုကို အမေရိကန်ဆက်ထိန်း (အမေရိကန် ၂-၀ နယ်သာလန်ပွဲပြီးသုံးသပ်ချက်)

အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲ နောက်ဆုံး ၃ကြိမ်ဆက် ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့တဲ့ အမေရိကန်အသင်းဟာ ယခုနှစ်ပြိုင်ပွဲရဲ့ဗိုလ်လုပွဲမှာ ဥရောပချန်ပီယံ နယ်သာလန်အသင်းကို ဒုတိယပိုင်းသွင်းဂိုးတွေကြောင့် ၂-၀ ဂိုးနဲ့အနိုင်ယူကာ ချန်ပီယံဆုကို ၂ကြိမ်ဆက်ရရှိသွားခဲ့ပါတယ်။ နယ်သာလန်အသင်းဟာ အသင်းသမိုင်းတစ်လျှောက် ဒုတိယအကြိမ်မြောက်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး ၂၀၁၅ ပြိုင်ပွဲတုန်းက ဂျပန်အသင်းကို ၁၆အသင်းအဆင့်မှာ ရှုံးနိမ့်ခဲ့ပါတယ်။
လက်ရှိကမ္ဘာ့အဆင့် ၁ရှိ အမေရိကန်အသင်းဟာ ယခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲတစ်လျှောက် ပထမပိုင်းအပြီးမှာ ပြိုင်ဘက်ကို ပွဲတိုင်းဦးဆောင်နိုင်ခဲ့ပေမယ့် ဒီပွဲမှာတော့ ပထမပိုင်းအပြီး ဂိုးမရှိသရေနဲ့သာ ကျေနပ်ခဲ့ရပြီး ပွဲချိန် ၆၁မိနစ်ရောက်မှ တိုက်စစ်မှူးရာပီနိုးက ပင်နယ်တီကနေ ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်သလို နောက် ၈မိနစ်အကြာမှာ လာဗယ်လီက အသင်းအတွက် အဆုံးသတ်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဒီပွဲကို ပရိသတ် ၅၇၉၀၀ ဦးအထိ လာရောက်ကြည့်ရှုခဲ့ပြီး ဒီပွဲမှာ ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့တဲ့ ရာပီနိုးက ဂိုးသွင်းဘုရင်ဆုပါ ရရှိသွားခဲ့ပါတယ်။
သူဟာ အသင်းဖော်အဲလက်စ်မော်ဂန်၊ အင်္ဂလန်တိုက်စစ်မှူး အယ်လန်ဝှိုက်တို့နဲ့အတူ သွင်းဂိုး ၆ဂိုးစီတူညီခဲ့ပြီး ဂိုးဖန်တီးမှု ၃ကြိမ်ပြုလုပ်ပေးနိုင်ခဲ့လို့ မော်ဂန်နဲ့ပါ သွားတူနေပါတယ်။ ဒါကြောင့် ပွဲကစားချိန်နဲ့တွက်ရာမှာ ရာပီနိုးက မော်ဂန်ထက် ပွဲကစားချိန် မိနစ် ၆၀ ကျော်ပိုနည်းခဲ့လို့ ရာပီနိုးက ရွှေဖိနပ်ဆု ရရှိခဲ့တာဖြစ်ပါတယ်။ အမေရိကန်အသင်းဟာ ၁၉၉၁၊ ၁၉၉၉၊ ၂၀၁၅နဲ့ ၂၀၁၉ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ ချန်ပီယံဖြစ်ခဲ့ပြီး ယခုနှစ်ပြိုင်ပွဲမှာ ပွဲတိုင်းအနိုင်ရခဲ့သလို အုပ်စုတွင်းပွဲစဉ်အဖြစ် ထိုင်းအသင်းကို ၁၃-၀ ဂိုးနဲ့အနိုင်ရခဲ့တုန်းကလည်း ကမ္ဘာ့ဖလားပြိုင်ပွဲ(အမျိုးသားရော အမျိုးသမီးပါ)မှာ အကြီးမားဆုံးနိုင်ပွဲအဖြစ် စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။