ဥရောပမှာ နာမည်ကျော်တဲ့ ဘယ်အသင်းကိုမဆို နည်းပြ အဖြစ် ကိုင်ချင်နေတဲ့ ပိုချက်တီနိုက အခုအခါမှာလဲ နည်းပြခုံလှုပ်လာတဲ့ ဇီဒန်းနေရာကိုအစားဝင်ဖို့ ရာအူးလ်ထက် ပိုရေပန်းစားနေပြန်ပါပြီ
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
စပါးနည်းပြဟောင်းပိုချက်တီနိုဟာ ရီးရဲလ်နည်းပြအဖြစ် ဇီဒန်းနေရာအစားဝင်ဖို့ ရေပန်းအစားဆုံးဖြစ်လာကြောင်း စပိန်ကလာတဲ့ သတင်းတွေအရ သိရပါတယ်။
ချန်ပီယံလိဂ်မှာ စိတ်ပျက်စရာနောက်ထပ်ရှုံးပွဲနဲ့ ကြုံခဲ့ရပြီးနောက် ရီးရဲလ်နည်းပြဇီဒန်းအပေါ် ဖိအားတွေက ပိုမိုကျရောက်လာပါတယ်။
အင်္ဂါညက ရှက်တာဒိုးနက်အရှုံးကြောင့်လည်း ရီးရဲလ်ဟာ ၁၆ သင်းအဆင့်ကိုတက်လှမ်းနိုင်ရေးအတွက် မသေချာမရေရာ ဖြစ်နေပါတယ်။ နာမည်ကြီးစပိန်သတင်းစာဖြစ်တဲ့ မာကာရဲ့အဆိုအရတော့ ရီးရဲလ်ဟာ ဇီဒန်းနဲ့လမ်းခွဲဖို့ ဆုံးဖြတ်မယ်ဆိုရင် ပိုချက်တီနိုကို အရင်ဆုံးကြိုးပမ်းမှာလု့ိ သိရပါတယ်။
ရလဒ်ပိုင်းအရ ရုန်းကန်နေရပေမယ့်လည်း သူ့အနေနဲ့ ရာထူးက နုတ်ထွက်မှာမဟုတ်ဘူးလို့ ဇီဒန်းကတော့ ရှက်တာနဲ့ပွဲအပြီးမှာ ပြောထားပါတယ်။ ပိုချက်တီနိုနဲ့ဘာဆက်သွယ်မှုမှ မရှိသေးပေမယ့် အဲဒီစပါးနည်းပြဟောင်းနဲ့ သဘောတူညီမှုရဖို့က ပြသနာမဟုတ်ဘူးဆိုတာ ရီးရဲလ်က သိပြီး ပိုချက်တီနိုကလည်း တစ်နေ့မှာ ရီးရဲလ်ကိုကိုင်တွယ်လိုကြောင်း ပြောထားဖူးပါတယ်။
ဒါ့အပြင် မာကာသတင်းစာက အသင်းဂန္ထဝင်တိုက်စစ်မှုးဟောင်းဖြစ်တဲ့ရာအူးလ်ဟာလည်း ရီးရဲလ်နည်းပြသစ်ဖြစ်လာနိုင်ကြောင်း ဖော်ပြခဲ့ပါတယ်။
ရာအူးလ်ဟာ လက်ရှိမှာ ရီးရဲလ်အရန်အသင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်ကက်စတီလာကိုကိုင်တွယ်နေတာဖြစ်ပြီး သူ့ကို အနာဂါတ်ရဲ့ရီးရဲလ်နည်းပြအဖြစ် ရှုမြင်ထားကြပါတယ်။
ပြိုင်ပွဲအရပ်ရပ်နောက်ဆုံး ၅ ပွဲမှာ ၃ ပွဲရှုံးထားတဲ့ရီးရဲလ်ဟာ ပွဲကျပ်ကာလတစ်ခုကို စတင်ဖြတ်သန်းရတော့မှာဖြစ်ပြီး အခုတစ်ပတ်လာလီဂါမှာ ဆီဗီလာနဲ့အဝေးကွင်းကန်ရမှာဖြစ်ကာ အဲဒီပြီးရင် နောက်တစ်ပတ်မှာ ဂလက်ဘတ်၊ အက်သလက်တီကိုတို့နဲ့ ဆက်တိုက်ကစားရဖို့ ရှိပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi