ဥရောပပြိုင်ပွဲတွေမှာ ရီးယဲလ်နဲ့ ဆုံတွေ့ခဲ့တဲ့အကြိမ်တိုင်း ရှုံးပွဲမရှိသေးတဲ့ ချယ်လ်ဆီး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

၂၀၁၁-၁၂ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်ခဲ့တဲ့ ချယ်လ်ဆီးအသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့အောင်မြင်မှုအများဆုံး ရီးယဲလ်အသင်းနဲ့ အခုအဆင့်မှာ ဆုံတွေ့နေပါပြီ။ ဒီနှစ်သင်းရဲ့လက်ရှိအနေအထားကို နှိုင်းယှဉ်ကြည့်ရင် ရီးယဲလ်အသင်းက သာနေပေမယ့် ချယ်လ်ဆီးအသင်းကလည်း ဗိုလ်လုပွဲတက်ရောက်နိုင်ဖို့ ကံကြမ္မာကောင်းတွေပိုင်ဆိုင်ထားတာပါ။

ချယ်လ်ဆီးအသင်းဟာ ဥရောပပြိုင်ပွဲတွေမှာ ရီးယဲလ်နဲ့ဆုံတွေ့ခဲ့တဲ့ပွဲတိုင်း မရှုံးခဲ့သလို ၂၀၁၁-၁၂ ရာသီကလို ချန်ပီယံလိဂ်မှာမထင်မှတ်ဘဲ ဗိုလ်စွဲနိုင်ဖို့ အခြေအနေကောင်းတွေထပ်တူပိုင်ဆိုင်နေတာဖြစ်ပါတယ်။ ချယ်လ်ဆီးနဲ့ ရီးယဲလ်တို့ဟာ ဥရောပပြိုင်ပွဲတွေမှာ (၃)ကြိမ်ဆုံတွေ့ခဲ့ဖူးပြီး ချယ်လ်ဆီးအသင်းက (၂)ပွဲနိုင်၊ (၁)ပွဲသရေနဲ့ ရှုံးပွဲမရှိခဲ့ပါဘူး။

ဒီနှစ်သင်းပထမဆုံးအကြိမ်ဆုံတွေ့ခဲ့တာက ၁၉၇၀-၇၁ ရာသီ Cup Winners’ Cup ဗိုလ်လုပွဲမှာဖြစ်ပြီး ပထမပွဲမှာ တစ်ဂိုးစီသရေကျခဲ့တာကြောင့် ဒုတိယပွဲအဖြစ်ယှဉ်ပြိုင်ကစားခဲ့ချိန်မှာ ချယ်လ်ဆီးအသင်းက (၂-၁)ဂိုးနဲ့အနိုင်ရခဲ့တာဖြစ်ပါတယ်။ ချယ်လ်ဆီးနဲ့ ရီးယဲလ်အသင်းတို့ဟာ ၁၉၉၈ ဥရောပစူပါဖလားပွဲမှာလည်း ထပ်မံဆုံတွေ့ခဲ့ပြီး ချယ်လ်ဆီးအသင်းက နာမည်ကျော်ကွင်းလယ်လူ(ဟောင်း)ပိုယက်ရဲ့ တစ်လုံးတည်းသောဂိုးနဲ့ အနိုင်ရခဲ့တာလည်းဖြစ်ပါတယ်။

အဲဒါကြောင့် အခု ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အဆင့်မှာလည်း ရီးယဲလ်အသင်းကို ကျော်ဖြတ်ဖို့အတွက် ချယ်လ်ဆီးအသင်းဘက်မှ ကံကြမ္မာကောင်းတွေရှိနေသလို ပထမဆုံးအကြိမ် ချန်ပီယံဖြစ်ခဲ့တဲ့ ၂၀၁၁-၁၂ ရာသီကလိုအနေအထားနဲ့ အံ့အားသင့်စရာကောင်းအောင် တစ်ထပ်တည်းတူညီနေပြန်ပါတယ်။

ချယ်လ်ဆီးအသင်းဟာ ၂၀၁၁-၁၂ ရာသီတုန်းက ရာသီမကုန်ခင်မှာပဲ နည်းပြဘိုအက်ရှ်ရဲ့နေရာမှာ နာမည်ကျော်ကစားသမားဟောင်း ဒီမတ်တီယိုကို နည်းပြအဖြစ် ခန့်အပ်ခဲ့သလို၊ အဲဒီရာသီပရီးမီးယားလိဂ်မှာ ဝက်စ်ဘရွန်းကို ရှုံးနိမ့်ခဲ့တာ၊ ၂၀၁၁-၁၂ ရာသီ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှာ ပေါ်တူဂီကလပ် ဘင်ဖီကာကို ကျော်ဖြတ်နိုင်ခဲ့တာ၊ ဆီမီးဖိုင်နယ်မှာလည်း စပိန်ကလပ် ဘာစီလိုနာနဲ့ ဆုံတွေ့ခဲ့ချိန်မှာ မထင်မှတ်ဘဲအနိုင်ယူပြခဲ့ပြီး ဗိုလ်လုပွဲမှာတော့ ဘိုင်ယန်ကို အနိုင်ယူဗိုလ်စွဲခဲ့တာဖြစ်ပါတယ်။

ဒီရာသီမှာလည်း ချယ်လ်ဆီးအသင်းဟာ ၂၀၁၁-၁၂ ရာသီကလိုအနေအထားနဲ့ တစ်ထပ်တည်းပြန်တူနေပြီး အံ့အားသင့်စရာကောင်းတာက ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှာ ပေါ်တူဂီကလပ် ပေါ်တိုကို အနိုင်ယူခဲ့တာနဲ့ ဆီမီးဖိုင်နယ်မှာ လာလီဂါကလပ်ပဲဖြစ်တဲ့ ရီးယဲလ်နဲ့ဆုံတွေ့နေတာပဲဖြစ်ပါတယ်။ အဲဒါကြောင့် တစ်ကျော့ပြန်ကံကြမ္မာကောင်းတွေပိုင်ဆိုင်ထားတဲ့ ချယ်လ်ဆီးအသင်းအနေနဲ့ တစ်ခါမှမရှုံးဖူးသေးတဲ့ ရီးယဲလ်ကို ကျော်ဖြတ်နိုင်မလား၊ ၂၀၁၁-၁၂ ရာသီတုန်းကလို မထင်မှတ်ဘဲ ချန်ပီယံဖြစ်မလားဆိုတာ စောင့်ကြည့်ရမှာပါ . . .

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဥေရာပၿပိဳင္ပြဲေတြမွာ ရီးယဲလ္နဲ႔ ဆုံေတြ႕ခဲ့တဲ့အႀကိမ္တိုင္း ရႈံးပြဲမရွိေသးတဲ့ ခ်ယ္လ္ဆီး

၂၀၁၁-၁၂ ရာသီေနာက္ပိုင္း ပထမဆုံးအႀကိမ္အျဖစ္ ခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္အဆင့္ကို တက္ေရာက္ခဲ့တဲ့ ခ်ယ္လ္ဆီးအသင္းဟာ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲရဲ႕ေအာင္ျမင္မႈအမ်ားဆုံး ရီးယဲလ္အသင္းနဲ႔ အခုအဆင့္မွာ ဆုံေတြ႕ေနပါၿပီ။ ဒီႏွစ္သင္းရဲ႕လက္ရွိအေနအထားကို ႏႈိင္းယွဥ္ၾကည့္ရင္ ရီးယဲလ္အသင္းက သာေနေပမယ့္ ခ်ယ္လ္ဆီးအသင္းကလည္း ဗိုလ္လုပြဲတက္ေရာက္ႏိုင္ဖို႔ ကံၾကမၼာေကာင္းေတြပိုင္ဆိုင္ထားတာပါ။ ခ်ယ္လ္ဆီးအသင္းဟာ ဥေရာပၿပိဳင္ပြဲေတြမွာ ရီးယဲလ္နဲ႔ဆုံေတြ႕ခဲ့တဲ့ပြဲတိုင္း မရႈံးခဲ့သလို ၂၀၁၁-၁၂ ရာသီကလို ခ်န္ပီယံလိဂ္မွာမထင္မွတ္ဘဲ ဗိုလ္စြဲႏိုင္ဖို႔ အေျခအေနေကာင္းေတြထပ္တူပိုင္ဆိုင္ေနတာျဖစ္ပါတယ္။ ခ်ယ္လ္ဆီးနဲ႔ ရီးယဲလ္တို႔ဟာ ဥေရာပၿပိဳင္ပြဲေတြမွာ (၃)ႀကိမ္ဆုံေတြ႕ခဲ့ဖူးၿပီး ခ်ယ္လ္ဆီးအသင္းက (၂)ပြဲႏိုင္၊ (၁)ပြဲသေရနဲ႔ ရႈံးပြဲမရွိခဲ့ပါဘူး။

ဒီႏွစ္သင္းပထမဆုံးအႀကိမ္ဆုံေတြ႕ခဲ့တာက ၁၉၇၀-၇၁ ရာသီ Cup Winners’ Cup ဗိုလ္လုပြဲမွာျဖစ္ၿပီး ပထမပြဲမွာ တစ္ဂိုးစီသေရက်ခဲ့တာေၾကာင့္ ဒုတိယပြဲအျဖစ္ယွဥ္ၿပိဳင္ကစားခဲ့ခ်ိန္မွာ ခ်ယ္လ္ဆီးအသင္းက (၂-၁)ဂိုးနဲ႔အႏိုင္ရခဲ့တာျဖစ္ပါတယ္။ ခ်ယ္လ္ဆီးနဲ႔ ရီးယဲလ္အသင္းတို႔ဟာ ၁၉၉၈ ဥေရာပစူပါဖလားပြဲမွာလည္း ထပ္မံဆုံေတြ႕ခဲ့ၿပီး ခ်ယ္လ္ဆီးအသင္းက နာမည္ေက်ာ္ကြင္းလယ္လူ(ေဟာင္း)ပိုယက္ရဲ႕ တစ္လုံးတည္းေသာဂိုးနဲ႔ အႏိုင္ရခဲ့တာလည္းျဖစ္ပါတယ္။ အဲဒါေၾကာင့္ အခု ရင္ဆိုင္ရမယ့္ ခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္အဆင့္မွာလည္း ရီးယဲလ္အသင္းကို ေက်ာ္ျဖတ္ဖို႔အတြက္ ခ်ယ္လ္ဆီးအသင္းဘက္မွ ကံၾကမၼာေကာင္းေတြရွိေနသလို ပထမဆုံးအႀကိမ္ ခ်န္ပီယံျဖစ္ခဲ့တဲ့ ၂၀၁၁-၁၂ ရာသီကလိုအေနအထားနဲ႔ အံ့အားသင့္စရာေကာင္းေအာင္ တစ္ထပ္တည္းတူညီေနျပန္ပါတယ္။

ခ်ယ္လ္ဆီးအသင္းဟာ ၂၀၁၁-၁၂ ရာသီတုန္းက ရာသီမကုန္ခင္မွာပဲ နည္းျပဘိုအက္ရွ္ရဲ႕ေနရာမွာ နာမည္ေက်ာ္ကစားသမားေဟာင္း ဒီမတ္တီယိုကို နည္းျပအျဖစ္ ခန႔္အပ္ခဲ့သလို၊ အဲဒီရာသီပရီးမီးယားလိဂ္မွာ ဝက္စ္ဘ႐ြန္းကို ရႈံးနိမ့္ခဲ့တာ၊ ၂၀၁၁-၁၂ ရာသီ ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္မွာ ေပၚတူဂီကလပ္ ဘင္ဖီကာကို ေက်ာ္ျဖတ္ႏိုင္ခဲ့တာ၊ ဆီမီးဖိုင္နယ္မွာလည္း စပိန္ကလပ္ ဘာစီလိုနာနဲ႔ ဆုံေတြ႕ခဲ့ခ်ိန္မွာ မထင္မွတ္ဘဲအႏိုင္ယူျပခဲ့ၿပီး ဗိုလ္လုပြဲမွာေတာ့ ဘိုင္ယန္ကို အႏိုင္ယူဗိုလ္စြဲခဲ့တာျဖစ္ပါတယ္။ ဒီရာသီမွာလည္း ခ်ယ္လ္ဆီးအသင္းဟာ ၂၀၁၁-၁၂ ရာသီကလိုအေနအထားနဲ႔ တစ္ထပ္တည္းျပန္တူေနၿပီး အံ့အားသင့္စရာေကာင္းတာက ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္မွာ ေပၚတူဂီကလပ္ ေပၚတိုကို အႏိုင္ယူခဲ့တာနဲ႔ ဆီမီးဖိုင္နယ္မွာ လာလီဂါကလပ္ပဲျဖစ္တဲ့ ရီးယဲလ္နဲ႔ဆုံေတြ႕ေနတာပဲျဖစ္ပါတယ္။ အဲဒါေၾကာင့္ တစ္ေက်ာ့ျပန္ကံၾကမၼာေကာင္းေတြပိုင္ဆိုင္ထားတဲ့ ခ်ယ္လ္ဆီးအသင္းအေနနဲ႔ တစ္ခါမွမရႈံးဖူးေသးတဲ့ ရီးယဲလ္ကို ေက်ာ္ျဖတ္ႏိုင္မလား၊ ၂၀၁၁-၁၂ ရာသီတုန္းကလို မထင္မွတ္ဘဲ ခ်န္ပီယံျဖစ္မလားဆိုတာ ေစာင့္ၾကည့္ရမွာပါ . . .