ဥရောပထိပ်တန်းလိဂ် ၅ ခုရဲ့ ချန်ပီယံဆုအတွက် အကြိတ်အနယ်အဖြစ်ဆုံး ရာသီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဥရောပဘောလုံးလိဂ်တွေမှာ အင်အားကြီးအသင်းတွေကပဲ သူတို့ရဲ့သက်ဆိုင်ရာ အမှတ်ပေးလိဂ်ပြိုင်ပွဲတွေမှာ အမြဲတမ်းဦးဆောင်ထားနိုင်လေ့ရှိတာပါ။ အထူး သဖြင့် ဥရောပထိပ်တန်းလိဂ် ၅ ခုမှာဆိုရင် အသင်းကြီးတွေပဲ ဗိုလ်စွဲလေ့ရှိပါတယ်။

ဒီနှစ်ဘောလုံးရာသီမှာတော့ ကိုဗစ်ကပ်ရောဂါကြောင့် ဘောလုံးကွင်းတွေ ထဲမှာ ပရိသတ်တွေမပါဝင်သလို အသင်းကြီးတွေရဲ့ခြေစွမ်းနဲ့ ရလဒ်တွေကလည်း ရုန်းကန်နေရတာကို ထူးထူးခြားခြားတွေ့နေရပါတယ်။

 

ပရီးမီးယားလိဂ်၊ စီးရီးအေ၊ လာလီဂါ၊ ဘွန်ဒက်စ်လီဂါနဲ့ ပြင်သစ်လီဂူးပြိုင်ပွဲတို့မှာ မထင်မှတ်ဘဲ အစဉ်အလာ ကြီးမားတဲ့အသင်းတွေ ရုန်းကန်နေရတာမျိုးနဲ့ ပြိုင်ဘက်တွေရဲ့ ပခုံးချင်းယှဉ်တာမျိုးတွေ ဖြစ်နေတာကို တွေ့ရတယ်။

(လာလီဂါ) လာလီဂါကတော့ ရုပ်အပေါက်ဆုံးဖြစ်ပြီး လက်ရှိထိပ်ဆုံးမှာ ဆိုစီဒက်ရှိနေပါ တယ်။ သူတို့ရဲ့နောက်မှာ တီကိုက ၃ မှတ်အကွာမှာရှိနေပြီး ရီးရဲလ်မက်ဒရစ်က အဆင့် ၄၊ ဘာစီလိုနာက အဆင့် ၁၃ မှာ ရှိနေပါတယ်။

လာလီဂါဆိုရင် ရီးရဲလ်နဲ့ ဘာကာ ၂ သင်းထဲက တစ်သင်း ဖလားရတဲ့ ၂ ကောင်တည်းပြေးတဲ့မြင်းပြိုင်ပွဲ ဖြစ်ခဲ့တာ အတော်ကြာခဲ့ပါပြီ။

အခုတော့ မထင်မှတ်ဘဲ ဆိုစီဒက်က ဦးဆောင်နေ သလို ဂိုးအများဆုံးသွင်းသူအဖြစ်လည်း အသင်းခေါင်းဆောင် အိုယာဇာဘယ်က ၆ ဂိုးနဲ့ ထိပ်ဆုံးမှာရှိနေပါတယ်။ ဒုတိယနေရာက တီကိုဟာ လာလီဂါမှာ ဘာစီလို နာနဲ့ ရီးရဲလ်ပြီးရင် တတိယအကောင်းဆုံးအသင်းအဖြစ် သတ်မှတ်ခံထားရပြီး အနီးစပ်ဆုံးဖိအားလိုက်ပေးနေတာလည်း ဖြစ်ပါတယ်။

(စီးရီးအေ) အသက် ၃၉ နှစ် ဆွီဒင်နတ်ဘုရားကြီးရဲ့ခြေစွမ်းတွေ၊ သွင်းဂိုးတွေနဲ့အတူ မီလန် ဟာ ထိပ်ဆုံးမှာရှိနေပြီး ဒုတိယနေရာမှာ ဆက်ဆူအိုလိုက ရှိနေပါတယ်။

စီးရီးအေ ချန်ပီယံဆုကို ၈ ကြိမ်ဆက်တိုက်ရထားတဲ့ ဂျူဗင်တပ်ကတော့ အဆင့် ၄ နေရာ ရောက်နေတယ်။

တစ်ကျော့ပြန်အောင်မြင်မှုရဖို့ မီလန် ကြိုးစားနေသလို ဆက်ဆူ အိုလိုအသင်းမျိုးကလည်း ထိပ်ပိုင်းမှာ အချိန်ဘယ်လောက်ကြာကြာ နေနိုင်မလဲ ဆိုတာ စောင့်ကြည့်ရမှာပါ။

(လီဂူး) ပီအက်စ်ဂျီလို နေမာ၊ အမ်ဘတ်ပီ၊ ဒီမာရီယာတို့ကိုပိုင်ဆိုင်ထားတဲ့ အသင်းတစ် သင်းအနေနဲ့ လီဂူးရဲ့ထိပ်ဆုံးနေရာမှာရှိနေတာ အံ့သြစရာတော့မဟုတ်ပါဘူး။

ဒါပေမဲ့ ဒုတိယနေရာက လိုင်လီနဲ့ ၂ မှတ်ပဲကွာသလို နောက်က လိုင်ယွန်၊ မွန့် ပယ်လီယာ၊ မိုနာကိုတို့နဲ့လည်း ၄ မှတ်သာ အသာစီးရထားပြီး ပီအက်စ်ဂျီ နားလို့ မရအောင် အားလုံးကဝိုင်းဖိအားပေးနေသလို ဖြစ်နေပါတယ်။ အရင်တုန်းကလို လီဂူးမှာ အမှတ်ဖြတ်၊ ခြေပြတ်ဗိုလ်စွဲတဲ့လုပ်တိုင်းဖြစ် ပီအက်စ်ဂျီအတွက် ခက်ခဲ တဲ့ ဘောလုံးရာသီဖြစ်လာနိုင်ပါတယ်။

(ဘွန်ဒက်စ်လီဂါ) ထိပ်ဆုံးက ဘိုင်ယန်က ဥရောပမှာ ခြေစွမ်းအတည်ငြိမ်ဆုံးနဲ့ အကောင်းဆုံးဖြစ် ပေမယ့်

သူ့နောက်ကိုကြည့်လိုက်ရင် ဒေါ့မန်၊ လေဗာကူဆင်တို့က တစ်မှတ်အ ကွာနဲ့ကပ်လိုက်နေပြီး လိုက်ဇစ်နဲ့လည်း ၂ မှတ်ပဲကွာပါတယ်။ ဘိုင်ယန်အတွက် တော့ သက်လုံကောင်းမှရမယ့် ဘောလုံးရာသီပါပဲ။

(ပရီးမီးယားလိဂ်) လက်ရှိချန်ပီယံ လီဗာပူးနဲ့ စပါးက ရမှတ်တူနဲ့ ထိပ်ဆုံးမှာရှိနေပြီး ချဲလ်ဆီး၊ လက်စတာ၊ ဆောက်သမ်တန်တို့က အစဉ်လိုက်ကပ်လိုက်နေပါတယ်။

အင်အား ကြီးအသင်းတွေဖြစ်တဲ့ မန်ယူ၊ မန်စီးတီး၊ အာဆင်နယ်တို့ဟာ ထိပ်ဆုံး ၅ သင်းထဲ တောင်မပဝင်နိုင်သေးဘူးဖြစ်နေတယ်။

ကြီး ၆ ကြီးကြားမှာ လက်စတာက တစ်ကြိမ်ဖောက်ထွက်ဗိုလ်စွဲခဲ့သလိုမျိုး မော်ရင်ဟိုရဲ့ ဒုတိယရာသီနဲ့လည်း တိုက်ဆိုင်နေတဲ့ စပါးအသင်းကိုတော့ အားလုံးက ချန်ပီယံစိန်ခေါ်တဲ့အသင်း အဖြစ် သတ်မှတ်လာကြပြီလည်း ဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဥေရာပထိပ္တန္းလိဂ္ ၅ ခုရဲ႕ ခ်န္ပီယံဆုအတြက္ အႀကိတ္အနယ္အျဖစ္ဆံုး ရာသီ

ဥေရာပေဘာလံုးလိဂ္ေတြမွာ အင္အားႀကီးအသင္းေတြကပဲ သူတို႔ရဲ႕သက္ဆိုင္ရာ အမွတ္ေပးလိဂ္ၿပိဳင္ပြဲေတြမွာ အၿမဲတမ္းဦးေဆာင္ထားႏိုင္ေလ့ရွိတာပါ။ အထူး သျဖင့္ ဥေရာပထိပ္တန္းလိဂ္ ၅ ခုမွာဆိုရင္ အသင္းႀကီးေတြပဲ ဗိုလ္စြဲေလ့ရွိပါတယ္။

ဒီႏွစ္ေဘာလံုးရာသီမွာေတာ့ ကိုဗစ္ကပ္ေရာဂါေၾကာင့္ ေဘာလံုးကြင္းေတြ ထဲမွာ ပရိသတ္ေတြမပါ၀င္သလို အသင္းႀကီးေတြရဲ႕ေျခစြမ္းနဲ႔ ရလဒ္ေတြကလည္း ရုန္းကန္ေနရတာကို ထူးထူးျခားျခားေတြ႕ေနရပါတယ္။

ပရီးမီးယားလိဂ္၊ စီးရီးေအ၊ လာလီဂါ၊ ဘြန္ဒက္စ္လီဂါနဲ႔ ျပင္သစ္လီဂူးၿပိဳင္ပြဲတို႔မွာ မထင္မွတ္ဘဲ အစဥ္အလာ ႀကီးမားတဲ့အသင္းေတြ ရုန္းကန္ေနရတာမ်ဳိးနဲ႔ ၿပိဳင္ဘက္ေတြရဲ႕ ပခုံးခ်င္းယွဥ္တာမ်ဳိးေတြ ျဖစ္ေနတာကို ေတြ႕ရတယ္။

လာလီဂါ – လာလီဂါကေတာ့ ရုပ္အေပါက္ဆံုးျဖစ္ၿပီး လက္ရွိထိပ္ဆံုးမွာ ဆုိစီဒက္ရွိေနပါ တယ္။ သူတို႔ရဲ႕ေနာက္မွာ တီကိုက ၃ မွတ္အကြာမွာရွိေနၿပီး ရီးရဲလ္မက္ဒရစ္က အဆင့္ ၄၊ ဘာစီလိုနာက အဆင့္ ၁၃ မွာ ရွိေနပါတယ္။

လာလီဂါဆိုရင္ ရီးရဲလ္နဲ႔ ဘာကာ ၂ သင္းထဲက တစ္သင္း ဖလားရတဲ့ ၂ ေကာင္တည္းေျပးတဲ့ျမင္းၿပိဳင္ပြဲ ျဖစ္ခဲ့တာ အေတာ္ၾကာခဲ့ပါၿပီ။ အခုေတာ့ မထင္မွတ္ဘဲ ဆိုစီဒက္က ဦးေဆာင္ေန သလို ဂိုးအမ်ားဆံုးသြင္းသူအျဖစ္လည္း အသင္းေခါင္းေဆာင္ အိုယာဇာဘယ္က ၆ ဂိုးနဲ႔ ထိပ္ဆံုးမွာရွိေနပါတယ္။ ဒုတိယေနရာက တီကိုဟာ လာလီဂါမွာ ဘာစီလို နာနဲ႔ ရီးရဲလ္ၿပီးရင္ တတိယအေကာင္းဆံုးအသင္းအျဖစ္ သတ္မွတ္ခံထားရၿပီး အနီးစပ္ဆံုးဖိအားလိုက္ေပးေနတာလည္း ျဖစ္ပါတယ္။

စီးရီးေအ – အသက္ ၃၉ ႏွစ္ ဆီြဒင္နတ္ဘုရားႀကီးရဲ႕ေျခစြမ္းေတြ၊ သြင္းဂိုးေတြနဲ႔အတူ မီလန္ ဟာ ထိပ္ဆံုးမွာရွိေနၿပီး ဒုတိယေနရာမွာ ဆက္ဆူအိုလိုက ရွိေနပါတယ္။ စီးရီးေအ ခ်န္ပီယံဆုကို ၈ ႀကိမ္ဆက္တိုက္ရထားတဲ့ ဂ်ဴဗင္တပ္ကေတာ့ အဆင့္ ၄ ေနရာ ေရာက္ေနတယ္။ တစ္ေက်ာ့ျပန္ေအာင္ျမင္မႈရဖို႔ မီလန္ ႀကိဳးစားေနသလို ဆက္ဆူ အိုလိုအသင္းမ်ဳိးကလည္း ထိပ္ပိုင္းမွာ အခ်ိန္ဘယ္ေလာက္ၾကာၾကာ ေနႏိုင္မလဲ ဆိုတာ ေစာင့္ၾကည့္ရမွာပါ။

လီဂူး – ပီအက္စ္ဂ်ီလို ေနမာ၊ အမ္ဘတ္ပီ၊ ဒီမာရီယာတို႔ကိုပိုင္ဆိုင္ထားတဲ့ အသင္းတစ္ သင္းအေနနဲ႔ လီဂူးရဲ႕ထိပ္ဆံုးေနရာမွာရွိေနတာ အံ့ၾသစရာေတာ့မဟုတ္ပါဘူး။ ဒါေပမဲ့ ဒုတိယေနရာက လိုင္လီနဲ႔ ၂ မွတ္ပဲကြာသလို ေနာက္က လိုင္ယြန္၊ မြန္႔ ပယ္လီယာ၊ မိုနာကိုတို႔နဲ႔လည္း ၄ မွတ္သာ အသာစီးရထားၿပီး ပီအက္စ္ဂ်ီ နားလို႔ မရေအာင္ အားလံုးက၀ိုင္းဖိအားေပးေနသလို ျဖစ္ေနပါတယ္။ အရင္တုန္းကလို လီဂူးမွာ အမွတ္ျဖတ္၊ ေျချပတ္ဗိုလ္စြဲတဲ့လုပ္တိုင္းျဖစ္ ပီအက္စ္ဂ်ီအတြက္ ခက္ခဲ တဲ့ ေဘာလံုးရာသီျဖစ္လာႏိုင္ပါတယ္။

ဘြန္ဒက္စ္လီဂါ – ထိပ္ဆံုးက ဘိုင္ယန္က ဥေရာပမွာ ေျခစြမ္းအတည္ၿငိမ္ဆံုးနဲ႔ အေကာင္းဆံုးျဖစ္ ေပမယ့္ သူ႕ေနာက္ကိုၾကည့္လိုက္ရင္ ေဒါ့မန္၊ ေလဗာကူဆင္တို႔က တစ္မွတ္အ ကြာနဲ႔ကပ္လိုက္ေနၿပီး လိုက္ဇစ္နဲ႔လည္း ၂ မွတ္ပဲကြာပါတယ္။ ဘုိင္ယန္အတြက္ ေတာ့ သက္လံုေကာင္းမွရမယ့္ ေဘာလံုးရာသီပါပဲ။

ပရီးမီးယားလိဂ္ – လက္ရွိခ်န္ပီယံ လီဗာပူးနဲ႔ စပါးက ရမွတ္တူနဲ႔ ထိပ္ဆံုးမွာရွိေနၿပီး ခ်ဲလ္ဆီး၊ လက္စတာ၊ ေဆာက္သမ္တန္တို႔က အစဥ္လိုက္ကပ္လိုက္ေနပါတယ္။ အင္အား ႀကီးအသင္းေတြျဖစ္တဲ့ မန္ယူ၊ မန္စီးတီး၊ အာဆင္နယ္တို႔ဟာ ထိပ္ဆံုး ၅ သင္းထဲ ေတာင္မပ၀င္ႏိုင္ေသးဘူးျဖစ္ေနတယ္။ ႀကီး ၆ ႀကီးၾကားမွာ လက္စတာက တစ္ႀကိမ္ေဖာက္ထြက္ဗိုလ္စြဲခဲ့သလိုမ်ဳိး ေမာ္ရင္ဟိုရဲ႕ ဒုတိယရာသီနဲ႔လည္း တိုက္ဆိုင္ေနတဲ့ စပါးအသင္းကိုေတာ့ အားလံုးက ခ်န္ပီယံစိန္ေခၚတဲ့အသင္း အျဖစ္ သတ္မွတ္လာၾကၿပီလည္း ျဖစ္ပါတယ္။