ဥရောပစူပါလိဂ်ပြိုင်ပွဲ မဖြစ်မြောက်ရေးအတွက် အားတက်သရောကြိုးပမ်းခဲ့သူ ဂယ်ရီနဗီးလ် အထူးဂုဏ်ပြုဆုချီးမြှင့်ခံရ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ချက်စတာယူနိုက်တက်ဂန္ထဝင်နောက်ခံလူတစ်ဦးဖြစ်တဲ့ ဂယ်ရီနဗီးဟာ ဥရောပစူပါလိဂ်ပြိုင်ပွဲ အကောင်အထည်မပေါ်နိုင်အောင်လို့ အားတက်သရောကြိုးပမ်းခဲ့မှုကြောင့် Global Football Ambassador ဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။

အဲဒီအထူးဂုဏ်ပြုဆုကို အရင်က မန်ချက်စတာယူနိုက်တက်ဂန္ထဝင်ကြီးဆာဘော်ဘီချာလ်တန်က ဆွတ်ခူးခဲ့ဖူးသလို အခု ဂယ်ရီနဗီးလ်ကလည်း ဥရောပအင်အားကြီးကလပ်တွေသာ ယှဉ်ပြိုင်ကြမယ့်

ဥရောပစူပါလိဂ်ပြိုင်ပွဲအထမမြောက်စေဖို့ ဆန့်ကျင်ခဲ့တဲ့အပြင် ဘောလုံးကဏ္ဍနဲ့ပတ်သက်ပြီး ကွင်းပြင်ပလုပ်ဆောင်မှုတွေကြောင့် အထူးဂုဏ်ပြုဆုရရှိခဲ့တာပဲဖြစ်ပါတယ်။

ဆုချီးမြှင့်ရေးအဖွဲ့ဖြစ်တဲ့ Football Business Awards တာဝန်ရှိသူတွေက ဂယ်ရီနဗီးလ်ဟာ ဘောလုံးကဏ္ဍနဲ့ပတ်သက်တဲ့ကိစ္စရပ်တွေမှာ ပရိသတ်တွေပိုမိုစိတ်ဝင်စားလာအောင်

ကြိုးစားဆောင်ရွက်ခဲ့တဲ့အပြင် ပရိသတ်တွေနဲ့လည်း ဆက်ဆံရေးကောင်းတွေရှိအောင်ဆောင်ရွက်နိုင်ခဲ့တာကြောင့် အခုလိုဆုချီးမြှင့်ခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဗြိတိန်နာမည်ကျော် Sky Sports ရုပ်သံလိုင်းမှာ ဘောလုံးပွဲဝေဖန်သုံးသပ်သူအဖြစ်ဆောင်ရွက်နေသူ ဂယ်ရီနီဗီးလ်က Followers (၄.၇)သန်းရှိတဲ့ သူ့ Twitter မှာ ဆုရရှိတဲ့ဓာတ်ပုံနဲ့အတူ ‘အခုလိုဂုဏ်ပြုဆုရရှိခဲ့တဲ့အတွက် ဂုဏ်ယူမိတယ်’လို့ စာရေးသားပြီးတော့ Post တင်ခဲ့ပါတယ်။

အသက်(၄၆)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂယ်ရီနဗီးလ်ဟာ ဥရောပစူပါလိဂ်ပြိုင်ပွဲမှာ ပရီးမီးယားလိဂ်ကြီး(၆)ကြီး ပါဝင်ယှဉ်ပြိုင်မယ့်ကိစ္စနဲ့ပတ်သက်လို့ အကြီးအကျယ်ဝေဖန်ခဲ့သူဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ထိပ်သီးအသင်းတွေဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်၊ မန်စီးတီး၊ အာဆင်နယ်၊ လီဗာပူးလ်၊ ချယ်လ်ဆီး၊ စပါးအသင်းတို့ဟာ ဥရောပစူပါလိဂ်ပြိုင်ပွဲမှာပါဝင်ယှဉ်ပြိုင်ဖို့ သဘောတူညီခဲ့ပေမယ့်

ပရိသတ်တွေ၊ ဘောလုံးလောကရဲ့ဂန္ထဝင်တွေသာမက UEFA တာဝန်ရှိသူတွေကပါ ဝေဖန်ကန့်ကွက်မှုတွေပြုလုပ်ခဲ့တာကြောင့် နောက်ပိုင်းမှာ ပြိုင်ပွဲကနေနုတ်ထွက်ခဲ့ကြပါတယ်။

ဒါပေမဲ့ ဂယ်ရီနဗီးလ်က ဥရောပစူပါလိဂ်ပြိုင်ပွဲဖြစ်ပေါ်လာအောင် လျှို့ဝှက်ဆောင်ရွက်တာမျိုးမဖြစ်အောင်လို့ လွတ်လပ်တဲ့အဖွဲ့တစ်ခု့ဖွဲ့စည်းပြီးတော့ စောင့်ကြည့်သွားဖို့အတွက် တောင်းဆိုခဲ့ပြီး

အဲဒီအစီအစဉ်အပေါ် ပရိသတ်(၁၄၂,၈၀၀)ကျော်က ထောက်ခံခဲ့ကြသလို အင်္ဂလန်တိုက်စစ်မှူးဟောင်းလိုင်နီကာအပါအဝင် နာမည်ကျော်ဘောလုံးသမားဟောင်းတွေကလည်း အားပေးထောက်ခံခဲ့ကြပါတယ်။

Football Business Awards အတွက်ဆုချီးမြှင့်ရေးအဖွဲ့ကို ပရီးမီးယားလိဂ်၊ စကော့တလန်ပရီးမီးယားလိဂ်နဲ့ EFL က တာဝန်ရှိသူတွေနဲ့ဖွဲ့စည်းထားတာဖြစ်ပြီး ဘောလုံးကဏ္ဍဖွံ့ဖြိုးတိုးတက်လာအောင် ကူညီဆောင်ရွက်တဲ့သူတွေကို ရွေးချယ်ဆုချီးမြှင့်တာဖြစ်ပြီးတော့

ပြီးခဲ့တဲ့နှစ်တွေက ဝက််စ်ဟမ်းအသင်းဂန္ထဝင် ဆာထရီဗာဘရွတ်ကင်း၊ အာဆင်နယ်ဂန္ထဝင်အသင်းခေါင်းဆောင်တိုနီအဒမ်တို့က ဆွတ်ခူးရရှိခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဥေရာပစူပါလိဂ္ၿပိဳင္ပြဲ မျဖစ္ေျမာက္ေရးအတြက္ အားတက္သေရာႀကိဳးပမ္းခဲ့သူ ဂယ္ရီနဗီးလ္ အထူးဂုဏ္ျပဳဆုခ်ီးျမႇင့္ခံရ

မန္ခ်က္စတာယူႏိုက္တက္ဂႏၴဝင္ေနာက္ခံလူတစ္ဦးျဖစ္တဲ့ ဂယ္ရီနဗီးဟာ ဥေရာပစူပါလိဂ္ၿပိဳင္ပြဲ အေကာင္အထည္မေပၚႏိုင္ေအာင္လို႔ အားတက္သေရာႀကိဳးပမ္းခဲ့မႈေၾကာင့္ Global Football Ambassador ဆုကို ဆြတ္ခူးရရွိခဲ့ပါတယ္။ အဲဒီအထူးဂုဏ္ျပဳဆုကို အရင္က မန္ခ်က္စတာယူႏိုက္တက္ဂႏၴဝင္ႀကီးဆာေဘာ္ဘီခ်ာလ္တန္က ဆြတ္ခူးခဲ့ဖူးသလို အခု ဂယ္ရီနဗီးလ္ကလည္း ဥေရာပအင္အားႀကီးကလပ္ေတြသာ ယွဥ္ၿပိဳင္ၾကမယ့္ ဥေရာပစူပါလိဂ္ၿပိဳင္ပြဲအထမေျမာက္ေစဖို႔ ဆန႔္က်င္ခဲ့တဲ့အျပင္ ေဘာလုံးက႑နဲ႔ပတ္သက္ၿပီး ကြင္းျပင္ပလုပ္ေဆာင္မႈေတြေၾကာင့္ အထူးဂုဏ္ျပဳဆုရရွိခဲ့တာပဲျဖစ္ပါတယ္။

ဆုခ်ီးျမႇင့္ေရးအဖြဲ႕ျဖစ္တဲ့ Football Business Awards တာဝန္ရွိသူေတြက ဂယ္ရီနဗီးလ္ဟာ ေဘာလုံးက႑နဲ႔ပတ္သက္တဲ့ကိစၥရပ္ေတြမွာ ပရိသတ္ေတြပိုမိုစိတ္ဝင္စားလာေအာင္ ႀကိဳးစားေဆာင္႐ြက္ခဲ့တဲ့အျပင္ ပရိသတ္ေတြနဲ႔လည္း ဆက္ဆံေရးေကာင္းေတြရွိေအာင္ေဆာင္႐ြက္ႏိုင္ခဲ့တာေၾကာင့္ အခုလိုဆုခ်ီးျမႇင့္ခဲ့တာျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။ ၿဗိတိန္နာမည္ေက်ာ္ Sky Sports ႐ုပ္သံလိုင္းမွာ ေဘာလုံးပြဲေဝဖန္သုံးသပ္သူအျဖစ္ေဆာင္႐ြက္ေနသူ ဂယ္ရီနီဗီးလ္က Followers (၄.၇)သန္းရွိတဲ့ သူ႔ Twitter မွာ ဆုရရွိတဲ့ဓာတ္ပုံနဲ႔အတူ ‘အခုလိုဂုဏ္ျပဳဆုရရွိခဲ့တဲ့အတြက္ ဂုဏ္ယူမိတယ္’လို႔ စာေရးသားၿပီးေတာ့ Post တင္ခဲ့ပါတယ္။

အသက္(၄၆)ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ဂယ္ရီနဗီးလ္ဟာ ဥေရာပစူပါလိဂ္ၿပိဳင္ပြဲမွာ ပရီးမီးယားလိဂ္ႀကီး(၆)ႀကီး ပါဝင္ယွဥ္ၿပိဳင္မယ့္ကိစၥနဲ႔ပတ္သက္လို႔ အႀကီးအက်ယ္ေဝဖန္ခဲ့သူျဖစ္ပါတယ္။ ပရီးမီးယားလိဂ္ထိပ္သီးအသင္းေတြျဖစ္တဲ့ မန္ခ်က္စတာယူႏိုက္တက္၊ မန္စီးတီး၊ အာဆင္နယ္၊ လီဗာပူးလ္၊ ခ်ယ္လ္ဆီး၊ စပါးအသင္းတို႔ဟာ ဥေရာပစူပါလိဂ္ၿပိဳင္ပြဲမွာပါဝင္ယွဥ္ၿပိဳင္ဖို႔ သေဘာတူညီခဲ့ေပမယ့္ ပရိသတ္ေတြ၊ ေဘာလုံးေလာကရဲ႕ဂႏၴဝင္ေတြသာမက UEFA တာဝန္ရွိသူေတြကပါ ေဝဖန္ကန႔္ကြက္မႈေတြျပဳလုပ္ခဲ့တာေၾကာင့္ ေနာက္ပိုင္းမွာ ၿပိဳင္ပြဲကေနႏုတ္ထြက္ခဲ့ၾကပါတယ္။

ဒါေပမဲ့ ဂယ္ရီနဗီးလ္က ဥေရာပစူပါလိဂ္ၿပိဳင္ပြဲျဖစ္ေပၚလာေအာင္ လွ်ိဳ႕ဝွက္ေဆာင္႐ြက္တာမ်ိဳးမျဖစ္ေအာင္လို႔ လြတ္လပ္တဲ့အဖြဲ႕တစ္ခု႔ဖြဲ႕စည္းၿပီးေတာ့ ေစာင့္ၾကည့္သြားဖို႔အတြက္ ေတာင္းဆိုခဲ့ၿပီး အဲဒီအစီအစဥ္အေပၚ ပရိသတ္(၁၄၂,၈၀၀)ေက်ာ္က ေထာက္ခံခဲ့ၾကသလို အဂၤလန္တိုက္စစ္မႉးေဟာင္းလိုင္နီကာအပါအဝင္ နာမည္ေက်ာ္ေဘာလုံးသမားေဟာင္းေတြကလည္း အားေပးေထာက္ခံခဲ့ၾကပါတယ္။ Football Business Awards အတြက္ဆုခ်ီးျမႇင့္ေရးအဖြဲ႕ကို ပရီးမီးယားလိဂ္၊ စေကာ့တလန္ပရီးမီးယားလိဂ္နဲ႔ EFL က တာဝန္ရွိသူေတြနဲ႔ဖြဲ႕စည္းထားတာျဖစ္ၿပီး ေဘာလုံးက႑ဖြံ႕ၿဖိဳးတိုးတက္လာေအာင္ ကူညီေဆာင္႐ြက္တဲ့သူေတြကို ေ႐ြးခ်ယ္ဆုခ်ီးျမႇင့္တာျဖစ္ၿပီးေတာ့ ၿပီးခဲ့တဲ့ႏွစ္ေတြက ဝက္္စ္ဟမ္းအသင္းဂႏၴဝင္ ဆာထရီဗာဘ႐ြတ္ကင္း၊ အာဆင္နယ္ဂႏၴဝင္အသင္းေခါင္းေဆာင္တိုနီအဒမ္တို႔က ဆြတ္ခူးရရွိခဲ့ပါတယ္။