
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ဥရုဂွေးအသင်းနည်းပြတာဘာရက်ဇ်ဟာ လာမယ့်၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေအတွက် အသင်းလူစာရင်းကို ထုတ်ပြန်ကြေညာခဲ့ပြီး ၀ါရင့်တိုက်စစ်မှူးကာဗာနီကို ချန်လှပ်ဖို့ဆုံးဖြတ်ခဲ့တာကြောင့် ကာဗာနီဟာ မန်ချက်စတာယူနိုက်တက်အသင်းမှာပဲ ဆက်ရှိနေမှာဖြစ်ပါတယ်။
အခုတစ်ပတ်မှာ နိုင်ငံတကာပွဲတွေ ပြန်လည်စတင်မှာဖြစ်ပေမယ့် ဗြိတိန်အစိုးရက ခရီးသွားလာခွင့်ပိတ်ပင်ထားတဲ့ Red List စာရင်းဝင် နိုင်ငံတွေမှာ သွားရောက်ကစားရမှာဖြစ်လို့
ပရီးမီးယားလိဂ်ကလပ်အသင်း(၂၀)က တာဝန်ရှိသူတွေဟာ သူတို့ရဲ့အဓိက,ကစားသမားတွေကို လက်ရွေးစင်အသင်းအတွက်စေလွှတ်ဖို့ ငြင်းဆန်ခဲ့ကြပါတယ်။
ဗြိတိန်အစိုးရရဲ့ Red List စာရင်းမှာ ကိုဗစ်ရောဂါဆိုးအဖြစ်များနေတဲ့ တောင်အမေရိကနိုင်ငံအများစုပါဝင်နေပြီး အဲဒီနိုင်ငံတွေမှာ သွားရောက်ကစားမယ်ဆိုရင် ကစားသမားတွေအနေနဲ့
ကလပ်အသင်းဆီပြန်ရောက်တဲ့အခါ Quarantine (၁၀)ရက်ကြာဝင်ရမှာဖြစ်တာကြောင့် ပရီးမီးယားလိဂ်ပွဲစဉ်(၂)ပွဲအပါအဝင် အသင်းရဲ့ပွဲစဉ်(၅)ပွဲလောက်ကို လွဲချော်မယ့်အနေအထားရှိနေပါတယ်။
ဥရုဂွေးအသင်းဟာ လာမယ့်စက်တင်ဘာလအစောပိုင်းမှာ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေအဖြစ် ပီရူး၊ ဘိုလစ်ဗီးယား၊ အီကွေဒေါတို့နဲ့ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး နည်းပြတာဘာရက်ဇ်က ပဏာမလူစာရင်းမှာ ကာဗာနီကို ရွေးချယ်ခဲ့ပေမယ့် အခုအချိန်မှာတော့ လူစာရင်းကနေချန်လှပ်ဖို့ ဆုံးဖြတ်ခဲ့တာလည်းဖြစ်ပါတယ်။
တကယ်လို့ ကာဗာနီသာ ဥရုဂွေးအသင်းနဲ့အတူ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေမှာပါဝင်ကစားမယ်ဆိုရင် ယူနိုက်တက်အသင်းကစားဖို့ရှိနေတဲ့ ပရီးမီးယားလိဂ်(၂)ပွဲ၊ ဝက်စ်ဟမ်းအသင်းနဲ့ကစားမယ့် လိဂ်ဖလားတတိယအဆင့်ပွဲစဉ်၊ ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲအဖြစ် ယန်းဘွိုင်းနဲ့ကစားမယ့်ပွဲတွေကို သေချာပေါက်လွဲချော်မှာပါ။
ဥရုဂွေးအသင်းဟာ ကာဗာနီကို လူစာရင်းကနေချန်လှပ်ခဲ့သလိုပဲ ဘရာဇီးလ်အသင်းနည်းပြထိထီကလည်း ပရီးမီးယားလိဂ်အခြေစိုက်ကစားသမားတွေဖြစ်တဲ့ ဖရက်ဒ်၊ အယ်လစ်ဆင်၊ အီဒါဆင်၊ ဖာဘင်ဟို၊ ဖေမီနို၊ ဂျေးဆု၊ ရီချာလီဆင်စတဲ့ကစားသမားတွေကို တစ်ယောက်မှမရွေးချယ်ခဲ့ပါဘူး။
တခြားပရီးမီးယားလိဂ်ကလပ်အသင်းတွေက စပါးအသင်းရဲ့အာဂျင်တီးနားကစားသမားနှစ်ဦးဖြစ်တဲ့ လိုဆယ်ဆို၊ ခရစ္စရှန်ရိုမဲရိုးတို့က နိုင်ငံအသင်းအတွက်ပါဝင်ကစားဖို့ရှိနေပြီး
ဗီလာအသင်းက အာဂျင်တီးနားဂိုးသမားမာတီနက်ဇ်၊ အခုနွေရာသီမှခေါ်ယူထားတဲ့ ကွင်းလယ်လူဘွန်ဒီယာတို့ဟာလည်း လက်ရွေးစင်အသင်းနဲ့အတူ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ပါဝင်ကစားမယ့်အနေအထားရှိပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
ဥ႐ုေဂြးအသင္းလူစာရင္းမွာ ခ်န္လွပ္ခံခဲ့ရလို႔ ယူႏိုက္တက္အသင္းမွာပဲ ဆက္ရွိေနမယ့္ကာဗာနီ
ဥ႐ုေဂြးအသင္းနည္းျပတာဘာရက္ဇ္ဟာ လာမယ့္၂၀၂၂ ကမာၻ႔ဖလားေျခစစ္ပြဲေတြအတြက္ အသင္းလူစာရင္းကို ထုတ္ျပန္ေၾကညာခဲ့ၿပီး ၀ါရင့္တိုက္စစ္မႉးကာဗာနီကို ခ်န္လွပ္ဖို႔ဆုံးျဖတ္ခဲ့တာေၾကာင့္ ကာဗာနီဟာ မန္ခ်က္စတာယူႏိုက္တက္အသင္းမွာပဲ ဆက္ရွိေနမွာျဖစ္ပါတယ္။ အခုတစ္ပတ္မွာ ႏိုင္ငံတကာပြဲေတြ ျပန္လည္စတင္မွာျဖစ္ေပမယ့္ ၿဗိတိန္အစိုးရက ခရီးသြားလာခြင့္ပိတ္ပင္ထားတဲ့ Red List စာရင္းဝင္ ႏိုင္ငံေတြမွာ သြားေရာက္ကစားရမွာျဖစ္လို႔ ပရီးမီးယားလိဂ္ကလပ္အသင္း(၂၀)က တာဝန္ရွိသူေတြဟာ သူတို႔ရဲ႕အဓိက,ကစားသမားေတြကို လက္ေ႐ြးစင္အသင္းအတြက္ေစလႊတ္ဖို႔ ျငင္းဆန္ခဲ့ၾကပါတယ္။
ၿဗိတိန္အစိုးရရဲ႕ Red List စာရင္းမွာ ကိုဗစ္ေရာဂါဆိုးအျဖစ္မ်ားေနတဲ့ ေတာင္အေမရိကႏိုင္ငံအမ်ားစုပါဝင္ေနၿပီး အဲဒီႏိုင္ငံေတြမွာ သြားေရာက္ကစားမယ္ဆိုရင္ ကစားသမားေတြအေနနဲ႔ ကလပ္အသင္းဆီျပန္ေရာက္တဲ့အခါ Quarantine (၁၀)ရက္ၾကာဝင္ရမွာျဖစ္တာေၾကာင့္ ပရီးမီးယားလိဂ္ပြဲစဥ္(၂)ပြဲအပါအဝင္ အသင္းရဲ႕ပြဲစဥ္(၅)ပြဲေလာက္ကို လြဲေခ်ာ္မယ့္အေနအထားရွိေနပါတယ္။ ဥ႐ုေဂြးအသင္းဟာ လာမယ့္စက္တင္ဘာလအေစာပိုင္းမွာ ၂၀၂၂ ကမာၻ႔ဖလားေျခစစ္ပြဲေတြအျဖစ္ ပီ႐ူး၊ ဘိုလစ္ဗီးယား၊ အီေကြေဒါတို႔နဲ႔ယွဥ္ၿပိဳင္ကစားရမွာျဖစ္ၿပီး နည္းျပတာဘာရက္ဇ္က ပဏာမလူစာရင္းမွာ ကာဗာနီကို ေ႐ြးခ်ယ္ခဲ့ေပမယ့္ အခုအခ်ိန္မွာေတာ့ လူစာရင္းကေနခ်န္လွပ္ဖို႔ ဆုံးျဖတ္ခဲ့တာလည္းျဖစ္ပါတယ္။
တကယ္လို႔ ကာဗာနီသာ ဥ႐ုေဂြးအသင္းနဲ႔အတူ ကမာၻ႔ဖလားေျခစစ္ပြဲေတြမွာပါဝင္ကစားမယ္ဆိုရင္ ယူႏိုက္တက္အသင္းကစားဖို႔ရွိေနတဲ့ ပရီးမီးယားလိဂ္(၂)ပြဲ၊ ဝက္စ္ဟမ္းအသင္းနဲ႔ကစားမယ့္ လိဂ္ဖလားတတိယအဆင့္ပြဲစဥ္၊ ခ်န္ပီယံလိဂ္အုပ္စုအဖြင့္ပြဲအျဖစ္ ယန္းဘြိဳင္းနဲ႔ကစားမယ့္ပြဲေတြကို ေသခ်ာေပါက္လြဲေခ်ာ္မွာပါ။ ဥ႐ုေဂြးအသင္းဟာ ကာဗာနီကို လူစာရင္းကေနခ်န္လွပ္ခဲ့သလိုပဲ ဘရာဇီးလ္အသင္းနည္းျပထိထီကလည္း ပရီးမီးယားလိဂ္အေျခစိုက္ကစားသမားေတြျဖစ္တဲ့ ဖရက္ဒ္၊ အယ္လစ္ဆင္၊ အီဒါဆင္၊ ဖာဘင္ဟို၊ ေဖမီႏို၊ ေဂ်းဆု၊ ရီခ်ာလီဆင္စတဲ့ကစားသမားေတြကို တစ္ေယာက္မွမေ႐ြးခ်ယ္ခဲ့ပါဘူး။
တျခားပရီးမီးယားလိဂ္ကလပ္အသင္းေတြက စပါးအသင္းရဲ႕အာဂ်င္တီးနားကစားသမားႏွစ္ဦးျဖစ္တဲ့ လိုဆယ္ဆို၊ ခရစၥရွန္႐ိုမဲ႐ိုးတို႔က ႏိုင္ငံအသင္းအတြက္ပါဝင္ကစားဖို႔ရွိေနၿပီး ဗီလာအသင္းက အာဂ်င္တီးနားဂိုးသမားမာတီနက္ဇ္၊ အခုေႏြရာသီမွေခၚယူထားတဲ့ ကြင္းလယ္လူဘြန္ဒီယာတို႔ဟာလည္း လက္ေ႐ြးစင္အသင္းနဲ႔အတူ ကမာၻ႔ဖလားေျခစစ္ပြဲမွာ ပါဝင္ကစားမယ့္အေနအထားရွိပါတယ္။