ဥရုဂွေးနဲ့ပွဲမှာ ကာဗာနီက စိန်ခေါ်တာကို အချိန်မရွေးပဲလို့ ပြန်တုံ့ပြန်ခဲ့တဲ့ မက်ဆီ

photo-trome

photo-social media

ဥရုဂွေးနဲ့ ၂-၂ သရေကျခဲ့တဲ့ ခြေစမ်းပွဲစဉ်မှာ ပြိုင်ဘက်တိုက်စစ်မှုးကာဗာနီက မက်ဆီကို သူနဲ့ချမလားလို့ စိန်ခေါ်စကားပြောခဲ့ကြောင်း သတင်းထွက်ပေါ်လာပါတယ်။ အာဂျင်တီးနားသတင်းစာတစ်စောင်က အဲဒီလိုဖော်ပြခဲ့တာဖြစ်ပြီး ရုပ်သံက ပါးစပ်လှုပ်တာကိုကြည့်ကာ ကာဗာနီစိန်ခေါ်မှုလုပ်ခဲ့တာလို့ ဆိုခဲ့တာပါ။ မက်ဆီကလည်း အချိန်မရွေးပဲလို့ ပြန်တုံ့ပြန်ခဲ့ကြောင်း အဲဒီအာဂျင်တီးနားသတင်းစာက ဖော်ပြခဲ့ပါတယ်။

photo-social media

ဘာစီလိုနာတိုက်စစ်မှုးမက်ဆီနဲ့ပီအက်စ်ဂျီတိုက်စစ်မှုးကာဗာနီတို့ဟာ အစ္စရေးမှာ ကစားခဲ့တဲ့ အဲဒီခြေစမ်းပွဲမှာ အချေအတင်ဖြစ်ခဲ့ကြတာပါ။ ဥရုဂွေးနောက်ခံလူဂိုဒင်က ပြသနာမကြီးအောင် မက်ဆီကိုဖြောင်းဖျခဲ့တာလည်း တွေ့ရပါတယ်။ ပွဲပြီးတော့ ကာဗာနီကလည်း မက်ဆီနဲ့ကြားက အဖြစ်အပျက်ဟာ ဘာမှ ကြီးကြီးမားမားမဟုတ်ခဲ့ကြောင်း ပြောသွားခဲ့ပါတယ်။

photo-gettyimages

အာဂျင်တီးနားအတွက် ပြန်ပါလာပြီးနောက် ၄ ရက်အတွင်းမှာပဲ မက်ဆီအတွက် ဒုတိယအကြိမ်မြောက် အငြင်းပွားဖွယ်ဖြစ်ရပ်လို့ ဆိုရမှာပါ။ သူဟာ ပြီးခဲ့တဲ့အပတ် ဆော်ဒီမှာ ကစားခဲ့တဲ့ခြေစမ်းပွဲတုန်းကလည်း ဘရာဇီးနည်းပြတစ်တီနဲ့စကားများခဲ့ပြီး ပါးစပ်ပိတ်နေဖို့ အမူအယာနဲ့ပြောခဲ့ပါတယ်။ အဲဒီအဖြစ်အပျက်ကြောင့် ပွဲအပြီးမှာ ဘရာဇီးအသင်းခေါင်းဆောင်သီယာဂိုဆေးလ်ဗားဟာ မက်ဆီကို ပြင်းပြင်းထန်ထန်ဝေဖန်ပြစ်တင်ခဲ့ပါတယ်။

[Zawgyi]

ဥရုေဂြးနဲ႔ပြဲမွာ ကာဗာနီက စိန္ေခၚတာကို အခ်ိန္မေရြးပဲလို႔ ျပန္တုံ႔ျပန္ခဲ့တဲ့ မက္ဆီ

ဥရုေဂြးနဲ႔ ၂-၂ သေရက်ခဲ့တဲ့ ေျခစမ္းပြဲစဥ္မွာ ၿပိဳင္ဘက္တိုက္စစ္မႈးကာဗာနီက မက္ဆီကို သူနဲ႔ခ်မလားလို႔ စိန္ေခၚစကားေျပာခဲ့ေၾကာင္း သတင္းထြက္ေပၚလာပါတယ္။ အာဂ်င္တီးနားသတင္းစာတစ္ေစာင္က အဲဒီလိုေဖာ္ျပခဲ့တာျဖစ္ၿပီး ရုပ္သံက ပါးစပ္လႈပ္တာကိုၾကည့္ကာ ကာဗာနီစိန္ေခၚမႈလုပ္ခဲ့တာလို႔ ဆုိခဲ့တာပါ။ မက္ဆီကလည္း အခ်ိန္မေရြးပဲလို႔ ျပန္တုံ႔ျပန္ခဲ့ေၾကာင္း အဲဒီအာဂ်င္တီးနားသတင္းစာက ေဖာ္ျပခဲ့ပါတယ္။

ဘာစီလိုနာတုိက္စစ္မႈးမက္ဆီနဲ႔ပီအက္စ္ဂ်ီတုိက္စစ္မႈးကာဗာနီတုိ႔ဟာ အစၥေရးမွာ ကစားခဲ့တဲ့ အဲဒီေျခစမ္းပြဲမွာ အေခ်အတင္ျဖစ္ခဲ့ၾကတာပါ။ ဥရုေဂြးေနာက္ခံလူဂိုဒင္က ျပသနာမႀကီးေအာင္ မက္ဆီကိုေျဖာင္းဖ်ခဲ့တာလည္း ေတြ႕ရပါတယ္။ ပြဲၿပီးေတာ့ ကာဗာနီကလည္း မက္ဆီနဲ႔ၾကားက အျဖစ္အပ်က္ဟာ ဘာမွ ႀကီးႀကီးမားမားမဟုတ္ခ့ဲေၾကာင္း ေျပာသြားခဲ့ပါတယ္။

အာဂ်င္တီးနားအတြက္ ျပန္ပါလာၿပီးေနာက္ ၄ ရက္အတြင္းမွာပဲ မက္ဆီအတြက္ ဒုတိယအႀကိမ္ေျမာက္ အျငင္းပြားဖြယ္ျဖစ္ရပ္လို႔ ဆုိရမွာပါ။ သူဟာ ၿပီးခဲ့တဲ့အပတ္ ေဆာ္ဒီမွာ ကစားခဲ့တဲ့ေျခစမ္းပြဲတုနး္ကလည္း ဘရာဇီးနည္းျပတစ္တီနဲ႔စကားမ်ားခဲ့ၿပီး ပါးစပ္ပိတ္ေနဖို႔ အမူအယာနဲ႔ေျပာခဲ့ပါတယ္။ အဲဒီအျဖစ္အပ်က္ေၾကာင့္ ပြဲအၿပီးမွာ ဘရာဇီးအသင္းေခါင္းေဆာင္သီယာဂိုေဆးလ္ဗားဟာ မက္ဆီကို ျပင္းျပင္းထန္ထန္ေ၀ဖန္ျပစ္တင္ခဲ့ပါတယ္။