

မန္စီးတီးက အဲဗာတန္ကို ၃-၁ နဲ႔အႏိုင္ရတဲ႔ ပြဲမွာ မန္စီးတီးကစားသမားေတြျဖစ္တဲ႔ ေဒးဗစ္ေဆးလ္ဗားနဲ႔ စတာလင္းတို႔ဟာ မွတ္တမ္းေကာင္းေတြ ကိုယ္စီရရွိခဲ့ၾကတယ္လို႔ သိရပါတယ္။ ဒီပြဲမွာ ေဆးလ္ဗားက ပရီးမီးယားလိဂ္မွာ အျမန္ဆုံးပြဲ ၂၀၀ ျပည့္ခဲ့တဲ႔ သူအျဖစ္မွတ္တမ္း၀င္ခဲ့သလို စတာလင္းဟာလည္း ကလပ္အဆင့္မွာၿပိဳင္ပြဲအရပ္ရပ္ဂိုး ၁၀၀ ျပည့္ခဲ့တာျဖစ္ပါတယ္။
အသက္ ၃၃ ႏွစ္ရွိၿပီျဖစ္တဲ႔ ေဆးလ္ဗားဟာ ဒီပြဲမွာ ၈၆ မိနစ္ေရာက္မွလူစား၀င္လာလို႔ ႏိုင္ပြဲအေပၚသူ႔ရဲ႕အက်ဳိးျပဳမႈက ဘာမွမရွိခဲ့ေပမယ္႔လည္း ပရီးမီးယားလိဂ္သမိုင္းမွာ ပြဲအနည္းဆုံးနဲ႔ ႏိုင္ပြဲ ၂၀၀ ျပည့္ခဲ့သူျဖစ္ခဲ့တာပါ။ ေဆးလ္ဗားဟာ ပရီးမီးယားလိဂ္ ၂၈၉ ပြဲကစားၿပီး ႏိုင္ပြဲ ၂၀၀ ျပည့္ေျမာက္ခဲ့တာျဖစ္ပါတယ္။

ေဆးလ္ဗားဟာ အရင္စံခ်ိန္ရွင္ျဖစ္တဲ႔ ခ်ဲလ္ဆီးေနာက္ခံလူေဟာင္း ဂ်ြန္တယ္ရီကို ၁၆ ပြဲအသာစီးရၿပီး ႏိုင္ပြဲ ၂၀၀ ျပည့္ခဲ႔တာပါ။ အဂၤလန္လက္ေရြးစင္ေဟာင္းလည္းျဖစ္တဲ႔ တယ္ရီဟာ ႏိုင္ပြဲ ၂၀၀ ျပည့္ဖို႔အတြက္ ၃၀၅ ပြဲေတာင္ကစားခဲ့ရတာပါ။ သူတို႔ေနာက္မွာ ပီတာခ်က္က ၃၁၀ ပြဲ၊ ရြိဳင္ယန္ဂစ္က ၃၁၅ ပြဲ၊ အက္ရွ္ေလကိုးလ္က ၃၁၈ ပြဲ အျမန္ဆုံးႏိုင္ပြဲ ၂၀၀ ျပည့္သူထိပ္ဆုံး ၅ ဦးအျဖစ္ရပ္တည္ေနၾကပါတယ္။

၂၀၁၀ ကဗလင္စီယာကေနေျပာင္းလာတဲ႔ ေဆးလ္ဗားဟာ မန္စီးတီးရဲ႕သမိုင္းမွာအေကာင္းဆုံးေခၚယူမႈေတြထဲက တစ္ဦးျဖစ္ခဲ့ၿပီး အခုေနာက္ပိုင္း မန္စီးတီးရဲ႕ေအာင္ျမင္မႈေတြမွာအဓိက က်သူျဖစ္ကာ ပရီးမီးယားလိဂ္ ၄ ႀကိမ္၊ လိဂ္ဖလား ၄ ႀကိမ္နဲ႔ အက္ဖ္ေအဖလား ၂ ႀကိမ္ဆြတ္ခူးထားသူျဖစ္ပါတယ္။

ဒီပြဲမွာ မန္စီးတီးအတြက္ေနာက္ဆုံးအႏိုင္ဂိုးသြင္းခဲ့တဲ႔ စတာလင္းဟာကလပ္အဆင့္မွာၿပိဳင္ပြဲအရပ္ရပ္ သြင္းဂိုး ၁၀၀ ျပည့္ခဲ့ပါတယ္။ စတာလင္းဟာ ဒီပြဲမွာေျခစြမ္းျပခဲ့ေပမယ္႔ ၈၄ မိနစ္ေရာက္မွဂိုးသြင္းႏိုင္ခဲ့တာျဖစ္ပါတယ္။ သူဟာ အသင္းေဟာင္း လီဗာပူးအတြက္ ၂၃ ဂိုး၊ မန္စီးအတြက္ ၇၇ ဂိုးသြင္းယူေပးခဲ့တာပါ။

Unicode
အမြန်ဆုံးနိုင်ပွဲ ၂၀၀ ပြည့်ခဲ့တဲ့ ဒေးဗစ်ဆေးလ်ဗားနဲ့ ကလပ်အဆင့်ဂိုး ၁၀၀ ပြည့်ခဲ့တဲ့ စတာလင်း
မန်စီးတီးက အဲဗာတန်ကို ၃-၁ နဲ့အနိုင်ရတဲ့ ပွဲမှာ မန်စီးတီးကစားသမားတွေဖြစ်တဲ့ ဒေးဗစ်ဆေးလ်ဗားနဲ့ စတာလင်းတို့ဟာ မှတ်တမ်းကောင်းတွေ ကိုယ်စီရရှိခဲ့ကြတယ်လို့ သိရပါတယ်။ ဒီပွဲမှာ ဆေးလ်ဗားက ပရီးမီးယားလိဂ်မှာ အမြန်ဆုံးပွဲ ၂၀၀ ပြည့်ခဲ့တဲ့ သူအဖြစ်မှတ်တမ်းဝင်ခဲ့သလို စတာလင်းဟာလည်း ကလပ်အဆင့်မှာပြိုင်ပွဲအရပ်ရပ်ဂိုး ၁၀၀ ပြည့်ခဲ့တာဖြစ်ပါတယ်။
အသက် ၃၃ နှစ်ရှိပြီဖြစ်တဲ့ ဆေးလ်ဗားဟာ ဒီပွဲမှာ ၈၆ မိနစ်ရောက်မှလူစားဝင်လာလို့ နိုင်ပွဲအပေါ်သူ့ရဲ့အကျိုးပြုမှုက ဘာမှမရှိခဲ့ပေမယ့်လည်း ပရီးမီးယားလိဂ်သမိုင်းမှာ ပွဲအနည်းဆုံးနဲ့ နိုင်ပွဲ ၂၀၀ ပြည့်ခဲ့သူဖြစ်ခဲ့တာပါ။ ဆေးလ်ဗားဟာ ပရီးမီးယားလိဂ် ၂၈၉ ပွဲကစားပြီး နိုင်ပွဲ ၂၀၀ ပြည့်မြောက်ခဲ့တာဖြစ်ပါတယ်။
ဆေးလ်ဗားဟာ အရင်စံချိန်ရှင်ဖြစ်တဲ့ ချဲလ်ဆီးနောက်ခံလူဟောင်း ဂျွန်တယ်ရီကို ၁၆ ပွဲအသာစီးရပြီး နိုင်ပွဲ ၂၀၀ ပြည့်ခဲ့တာပါ။ အင်္ဂလန်လက်ရွေးစင်ဟောင်းလည်းဖြစ်တဲ့ တယ်ရီဟာ နိုင်ပွဲ ၂၀၀ ပြည့်ဖို့အတွက် ၃၀၅ ပွဲတောင်ကစားခဲ့ရတာပါ။ သူတို့နောက်မှာ ပီတာချက်က ၃၁၀ ပွဲ၊ ရွိုင်ယန်ဂစ်က ၃၁၅ ပွဲ၊ အက်ရှ်လေကိုးလ်က ၃၁၈ ပွဲ အမြန်ဆုံးနိုင်ပွဲ ၂၀၀ ပြည့်သူထိပ်ဆုံး ၅ ဦးအဖြစ်ရပ်တည်နေကြပါတယ်။
၂၀၁၀ ကဗလင်စီယာကနေပြောင်းလာတဲ့ ဆေးလ်ဗားဟာ မန်စီးတီးရဲ့သမိုင်းမှာအကောင်းဆုံးခေါ်ယူမှုတွေထဲက တစ်ဦးဖြစ်ခဲ့ပြီး အခုနောက်ပိုင်း မန်စီးတီးရဲ့အောင်မြင်မှုတွေမှာအဓိက ကျသူဖြစ်ကာ ပရီးမီးယားလိဂ် ၄ ကြိမ်၊ လိဂ်ဖလား ၄ ကြိမ်နဲ့ အက်ဖ်အေဖလား ၂ ကြိမ်ဆွတ်ခူးထားသူဖြစ်ပါတယ်။
ဒီပွဲမှာ မန်စီးတီးအတွက်နောက်ဆုံးအနိုင်ဂိုးသွင်းခဲ့တဲ့ စတာလင်းဟာကလပ်အဆင့်မှာပြိုင်ပွဲအရပ်ရပ် သွင်းဂိုး ၁၀၀ ပြည့်ခဲ့ပါတယ်။ စတာလင်းဟာ ဒီပွဲမှာခြေစွမ်းပြခဲ့ပေမယ့် ၈၄ မိနစ်ရောက်မှဂိုးသွင်းနိုင်ခဲ့တာဖြစ်ပါတယ်။ သူဟာ အသင်းဟောင်း လီဗာပူးအတွက် ၂၃ ဂိုး၊ မန်စီးအတွက် ၇၇ ဂိုးသွင်းယူပေးခဲ့တာပါ။