အံ့သြဖွယ် ဒုန်းပျံကန်ချက်နဲ့ သွင်းဂိုးရယူနိုင်ခဲ့တဲ့ မက်ဆီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

လီယွန်နယ် မက်ဆီဟာ ပီအက်စ်ဂျီအသင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ( ၁၆ ) သင်းအဆင့် ဒုတိယအကျော့ ပွဲစဥ်မှာ လှပတဲ့ ဒုံးပြန်ကန်ချက်နဲ့အတူ ဘာစီလိုနာအတွက် သွင်းဂိုးတစ်ဂိုး ရယူပေးခဲ့ပါတယ်။ အာဂျင်တီးနား တိုက်စစ်မှူးဟာ အတော်ဝေးကွာတဲ့ အနေအထားကနေ ပြင်းထန်တဲ့ ကန်ချက်နဲ့ ဂိုးပေါက်ရဲ့ ညာဘက်အပေါ်ထောင့်ကို သွင်းယူခဲ့ပြီး ပီအက်စ်ဂျီ ဂိုးသမား ကေလာ နားဗတ်ကလည်း ကာကွယ်ဖို့ မစွမ်းသာခဲ့ပါဘူး။

ဒါက ယခုလို အားပါလှတဲ့ ကန်ချက်ထက် မျက်လှည့်ဆန်ဆန် ကျော်ဖြတ်မှုတွေကိုသာ အဓိကထား ပြုလုပ်လေ့ရှိတဲ့ ကစားသမားတစ်ဦးရဲ့ ထူးခြားတဲ့ စွမ်းဆောင်ရည် ဖြစ်ပါတယ်။ အဆိုပါ ပွဲစဥ်အစောပိုင်းမှာ ကိုင်လီယန် အမ်ဘာပေက ပင်နယ်တီကနေ ဦးဆောင်ဂိုး သွင်းယူထားခဲ့တဲ့အတွက် မက်ဆီရဲ့ ချေပဂိုးက ( ၂ ) ကျော့ပေါင်း ဂိုးရလာဒ် ( ၅ – ၂ ) အနေအထား ဖြစ်ပေါ်စေခဲ့ပါတယ်။

ပထမပိုင်းပြီးဆုံးခါနီးမှာ ဘာစီလိုနာ ဒုတိယသွင်းဂိုးရရှိဖို့ နီးစပ်ခဲ့ပေမယ့် လီယွန်နယ် မက်ဆီရဲ့ ပင်နယ်တီ ကန်သွင်းချက်က လွဲချော်ခဲ့လို့ နစ်နာခဲ့ရပါတယ်။ ဘာစီလိုနာအသင်းက ပထမပိုင်းမှာ ပိုကောင်းခဲ့ပြီး ပြင်သစ်တိုက်စစ်မှူး ဒမ်ဘီလီက အခွင့်အရေးများစွာ လွဲချော်ခဲ့တာကြောင့် ( ၁ – ၁ ) ရလာဒ်နဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ ယခုပွဲစဥ်ရလာဒ်ကြောင့် ( ၂၀၀၆ – ၀၇ ) ဘောလုံးရာသီ လီဗာပူးအသင်းနဲ့ တွေ့ဆုံမှုနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ် ( ၁၆ ) သင်းအဆင့်မှာ ပြိုင်ပွဲကနေ ထွက်ခဲ့ရပြီး ကတ်တလန်တာတို့ရဲ့ ( ၁၃ ) ရာသီဆက် ကွာတားဖိုင်နယ် တက်ရောက်နိုင်မှု မှတ်တမ်းဟာလည်း အဆုံးသတ်သွားခဲ့ရပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

အံ့ၾသဖြယ္ ဒုန္းပ်ံကန္ခ်က္နဲ႔ သြင္းဂိုးရယူႏိုင္ခဲ့တဲ့ မက္ဆီ

လီယြန္နယ္ မက္ဆီဟာ ပီအက္စ္ဂ်ီအသင္းနဲ႔ ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ ( ၁၆ ) သင္းအဆင့္ ဒုတိယအေက်ာ့ ပြဲစဥ္မွာ လွပတဲ့ ဒုံးျပန္ကန္ခ်က္နဲ႔အတူ ဘာစီလိုနာအတြက္ သြင္းဂိုးတစ္ဂိုး ရယူေပးခဲ့ပါတယ္။ အာဂ်င္တီးနား တိုက္စစ္မႉးဟာ အေတာ္ေဝးကြာတဲ့ အေနအထားကေန ျပင္းထန္တဲ့ ကန္ခ်က္နဲ႔ ဂိုးေပါက္ရဲ႕ ညာဘက္အေပၚေထာင့္ကို သြင္းယူခဲ့ၿပီး ပီအက္စ္ဂ်ီ ဂိုးသမား ေကလာ နားဗတ္ကလည္း ကာကြယ္ဖို႔ မစြမ္းသာခဲ့ပါဘူး။

ဒါက ယခုလို အားပါလွတဲ့ ကန္ခ်က္ထက္ မ်က္လွည့္ဆန္ဆန္ ေက်ာ္ျဖတ္မႈေတြကိုသာ အဓိကထား ျပဳလုပ္ေလ့ရွိတဲ့ ကစားသမားတစ္ဦးရဲ႕ ထူးျခားတဲ့ စြမ္းေဆာင္ရည္ ျဖစ္ပါတယ္။ အဆိုပါ ပြဲစဥ္အေစာပိုင္းမွာ ကိုင္လီယန္ အမ္ဘာေပက ပင္နယ္တီကေန ဦးေဆာင္ဂိုး သြင္းယူထားခဲ့တဲ့အတြက္ မက္ဆီရဲ႕ ေခ်ပဂိုးက ( ၂ ) ေက်ာ့ေပါင္း ဂိုးရလာဒ္ ( ၅ – ၂ ) အေနအထား ျဖစ္ေပၚေစခဲ့ပါတယ္။

ပထမပိုင္းၿပီးဆုံးခါနီးမွာ ဘာစီလိုနာ ဒုတိယသြင္းဂိုးရရွိဖို႔ နီးစပ္ခဲ့ေပမယ့္ လီယြန္နယ္ မက္ဆီရဲ႕ ပင္နယ္တီ ကန္သြင္းခ်က္က လြဲေခ်ာ္ခဲ့လို႔ နစ္နာခဲ့ရပါတယ္။ ဘာစီလိုနာအသင္းက ပထမပိုင္းမွာ ပိုေကာင္းခဲ့ၿပီး ျပင္သစ္တိုက္စစ္မႉး ဒမ္ဘီလီက အခြင့္အေရးမ်ားစြာ လြဲေခ်ာ္ခဲ့တာေၾကာင့္ ( ၁ – ၁ ) ရလာဒ္နဲ႔ ပြဲၿပီးဆုံးခဲ့ပါတယ္။

ဘာစီလိုနာအသင္းဟာ ယခုပြဲစဥ္ရလာဒ္ေၾကာင့္ ( ၂၀၀၆ – ၀၇ ) ေဘာလုံးရာသီ လီဗာပူးအသင္းနဲ႔ ေတြ႕ဆုံမႈေနာက္ပိုင္း ပထမဆုံးအႀကိမ္အျဖစ္ ခ်န္ပီယံလိဂ္ ( ၁၆ ) သင္းအဆင့္မွာ ၿပိဳင္ပြဲကေန ထြက္ခဲ့ရၿပီး ကတ္တလန္တာတို႔ရဲ႕ ( ၁၃ ) ရာသီဆက္ ကြာတားဖိုင္နယ္ တက္ေရာက္ႏိုင္မႈ မွတ္တမ္းဟာလည္း အဆုံးသတ္သြားခဲ့ရပါတယ္။