အံအားသင့်စရာကောင်းလောက်အောင် ပင်နယ်တီ ၉ လုံးဆက်လွဲခဲ့တဲ့ ဂျပန်စူပါဖလားပွဲ

Photo- Internet
Photo- Internet

ဒီကနေ့ကျင်းပခဲ့တဲ့ ယိုကိုဟားမားနဲ့ ဗစ်ဆယ်ကိုဘေးအသင်းတို့ရဲ့ ဂျပန်စူပါဖလားပွဲစဉ်မှာ သာမန်ပွဲကစားချိန်အတွင်း ၃-၃ သရေကျနေလို့ ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရာမှာ အံအားသင့်စရာကေင်းလောက်အောင်ကို နှစ်သင်းပေါင်း ပင်နယ်တီ ၉ လုံးဆက်လွဲချော်မှုရှိခဲ့တယ်လို့ သိရပါတယ်။

ဒီပွဲကို ဆိုင်တမ ကွင်းမှာကျင်းပခဲ့ရာမှာ အင်နီယေစတာနဲ့ အာဆင်နယ်နောက်ခံလူဟောင်း ဗာမေလန်တို့ပါဝင်တဲ့ ဗစ်ဆယ်ကိုဘေးအသင်းက ပင်နယ်တီအဆုံးအဖြတ်မှာ ၃-၂ နဲ့အနိုင်ရရှိသွားပါတယ်။ ပင်နယ်တီစကန်ကြရာမှာ နှစ်သင်းစလုံးဟာ တစ်သင်းကို ၂ ဂိုးစီသွင်းယူနိုင်ခဲ့ပေမယ့် အဲဒီနောက်ပိုင်းလွဲချော်မှုကတော့ တကယ့်ကိုအံအားသင့်စရာဖြစ်ခဲ့တာပါ။

၂ ဂိုးစီသွင်းပြီးချိန်မှာ ယိုကိုဟားမားဘက် ပင်နယ်တီစလွဲခဲ့တာဖြစ်ပြီး ကိုဘေးကလည်း လိုက်လွဲခဲ့ပါတယ်။ ယိုကိုဟားမားဟာ ပင်နယ်တီ ၅ လုံးဆက်လွဲခဲ့ပြီး ကိုဘေးအသင်းကတော့ ၄ လုံးဆက်လွဲချော်ခဲ့ပါတယ်။ ဒါပေမယ့် နောက်ဆုံးကန်သွင်းမှုမှာ ယာမာဂူချီက ဝင်အောင်ကန်နိုင်ခဲ့တဲ့အတွက် ၃-၂ နဲကိုဘေးအသင်းကအနိုင်ရသွားတာပါ။

Photo- Internet

ဒီနှစ်သင်းဟာ တစ်သင်းကိုပင်နယ်တီ ၇ လုံးစီကန်ခဲ့ရတာဖြစ်ပါတယ်။ ကိုဘေးအတွက် အင်နီယေစတာက ပင်နယ်တီဝင်အောင်ကန်နိုင်ခဲ့ပေမယ့် ဗာမေလန်ကကတော့ လွဲချော်သူစာရင်းထဲပါဝင်ခဲ့ပါတယ်။ အခုလိုမျိုး ပင်နယ်တီအရည်အသွေးအရမ်းကိုနိမ့်ကျခဲ့တာကြောင့် ပရိသတ်တွေကလည်း အံအားသင့်နေကြတယ်လို့ သိရပါတယ်။

Photo- Internet

ဗစ်ဆယ်ကိုဘေးအသင်းနည်းပြ တောစတင်ဖရင်းက အရေးပါတဲ့သူတို့ရဲ့ပထမဆုံးပင်နယ်တီကို အင်နီယေစတာ အားကန်သွင်းစေခဲ့ရာမှာ ဒီစပိန်လက်ရွေးစင်ဟောင်းက ဝင်အောင်ကန်နိုင်ခဲ့ပေမယ့် နောက်ပိုင်းလွဲချော်မှုတွေကြောင့် အားလုံးကိုစိတ်ပျက်စရာ ဖြစ်စေခဲ့ရပါတယ်။

Photo- Internet

Zawgyi

အံအားသင့္စရာေကာင္းေလာက္ေအာင္ ပင္နယ္တီ ၉ လုံးဆက္လြဲခဲ့တဲ႔ ဂ်ပန္စူပါဖလားပြဲ

ဒီကေန႔က်င္းပခဲ့တဲ႔ ယိုကိုဟားမားနဲ႔ ဗစ္ဆယ္ကိုေဘးအသင္းတို႔ရဲ႕ ဂ်ပန္စူပါဖလားပြဲစဥ္မွာ သာမန္ပြဲကစားခ်ိန္အတြင္း ၃-၃ သေရက်ေနလို႔ ပင္နယ္တီအဆုံးအျဖတ္ခံယူခဲ့ရာမွာ အံအားသင့္စရာေကင္းေလာက္ေအာင္ကို ႏွစ္သင္းေပါင္း ပင္နယ္တီ ၉ လုံးဆက္လြဲေခ်ာ္မႈရွိခဲ့တယ္လို႔ သိရပါတယ္။

ဒီပြဲကို ဆိုင္တမ ကြင္းမွာက်င္းပခဲ့ရာမွာ အင္နီေယစတာနဲ႔ အာဆင္နယ္ေနာက္ခံလူေဟာင္း ဗာေမလန္တို႔ပါ၀င္တဲ႔ ဗစ္ဆယ္ကိုေဘးအသင္းက ပင္နယ္တီအဆုံးအျဖတ္မွာ ၃-၂ နဲ႔အႏိုင္ရရွိသြားပါတယ္။ ပင္နယ္တီစကန္ၾကရာမွာ ႏွစ္သင္းစလုံးဟာ တစ္သင္းကို ၂ ဂိုးစီသြင္းယူႏိုင္ခဲ့ေပမယ္႔ အဲဒီေနာက္ပိုင္းလြဲေခ်ာ္မႈကေတာ႔ တကယ္႔ကိုအံအားသင့္စရာျဖစ္ခဲ့တာပါ။

၂ ဂိုးစီသြင္းၿပီးခ်ိန္မွာ ယိုကိုဟားမားဘက္ ပင္နယ္တီစလြဲခဲ့တာျဖစ္ၿပီး ကိုေဘးကလည္း လိုက္လြဲခဲ့ပါတယ္။ ယိုကိုဟားမားဟာ ပင္နယ္တီ ၅ လုံးဆက္လြဲခဲ့ၿပီး ကိုေဘးအသင္းကေတာ႔ ၄ လုံးဆက္လြဲေခ်ာ္ခဲ့ပါတယ္။ ဒါေပမယ္႔ ေနာက္ဆုံးကန္သြင္းမႈမွာ ယာမာဂူခ်ီက ၀င္ေအာင္ကန္ႏိုင္ခဲ့တဲ႔အတြက္ ၃-၂ နဲကိုေဘးအသင္းကအႏိုင္ရသြားတာပါ။

ဒီႏွစ္သင္းဟာ တစ္သင္းကိုပင္နယ္တီ ၇ လုံးစီကန္ခဲ့ရတာျဖစ္ပါတယ္။ ကိုေဘးအတြက္ အင္နီေယစတာက ပင္နယ္တီ၀င္ေအာင္ကန္ႏိုင္ခဲ့ေပမယ္႔ ဗာေမလန္ကကေတာ႔ လြဲေခ်ာ္သူစာရင္းထဲပါ၀င္ခဲ့ပါတယ္။ အခုလိုမ်ဳိး ပင္နယ္တီအရည္အေသြးအရမ္းကိုနိမ့္က်ခဲ့တာေၾကာင့္ ပရိသတ္ေတြကလည္း အံအားသင့္ေနၾကတယ္လို႔ သိရပါတယ္။

ဗစ္ဆယ္ကိုေဘးအသင္းနည္းျပ ေတာစတင္ဖရင္းက အေရးပါတဲ႔သူတို႔ရဲ႕ပထမဆုံးပင္နယ္တီကို အင္နီေယစတာ အားကန္သြင္းေစခဲ့ရာမွာ ဒီစပိန္လက္ေရြးစင္ေဟာင္းက ၀င္ေအာင္ကန္ႏိုင္ခဲ့ေပမယ္႔ ေနာက္ပိုင္းလြဲေခ်ာ္မႈေတြေၾကာင့္ အားလုံးကိုစိတ္ပ်က္စရာ ျဖစ္ေစခဲ့ရပါတယ္။