အဲလ်ဗတ်စ်ရဲ့ စာချုပ်လျော်ကြေးကို ယူရိုသန်း(၁၀၀)အထိ ထူးထူးခြားခြားသတ်မှတ်ခဲ့တဲ့ ဘာစီလိုနာ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘာစီလိုနာအသင်းဟာ မကြာသေးခင်က အသင်းရဲ့နာမည်ကျော်ကစားသမားဟောင်းဒန်နီအဲလ်ဗတ်စ်ကို ရာသီကုန်အထိပြန်လည်ခေါ်ယူခဲ့ပြီး

ထူးခြားတာက စာချုပ်ထဲမှာ လျော်ကြေးအဖြစ် ယူရိုသန်း(၁၀၀)(ပေါင် ၈၄ သန်း)အထိ တန်ဖိုးသတ်မှတ်ထားတာဖြစ်ပါတယ်။

အသက်(၃၈)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဘရာဇီးလ်ညာနောက်ခံလူအဲလ်ဗတ်စ်ဟာ ဘာစီလိုနာအသင်းမှာ ၂၀၀၈ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အထိပထမအကြိမ်ကစားခဲ့တုန်းက ကြီးမားတဲ့အောင်မြင်မှုတွေရယူနိုင်ခဲ့ပြီး

လာလီဂါ(၆)ကြိမ်၊ စပိန်ဘုရင့်ဖလား(၄)ကြိမ်၊ စပိန်စူပါဖလား(၄)ကြိမ်၊ ချန်ပီယံလိဂ်(၃)ကြိမ်၊ ဥရောပစူပါဖလား(၃)ကြိမ်၊ ဖီဖာကလပ်ကမ္ဘာ့ဖလား(၃)ကြိမ်ဆွတ်ခူးခဲ့ပါတယ်။

ဘာစီလိုနာအသင်းနဲ့လမ်းခွဲခဲ့ပြီးတဲ့နောက်ပိုင်း ဂျူဗင်တပ်စ်၊ PSG ၊ ဆော်ပေါ်လိုအသင်းတို့ဆီပြောင်းရွှေ့ကစားခဲ့ချိန်မှာ ဆုဖလားအောင်မြင်မှုတွေဆက်လက်ရယူနိုင်ခဲ့ပြီး

စီးရီးအေ၊ ကိုပါအီတာလီယာ၊ ပြင်သစ်လီဂူး၊ ပြင်သစ်ဖလား၊ ပြင်သစ်လိဂ်ဖလား၊ ဘရာဇီးလ်အမှတ်ပေးဖလားစတဲ့ ဆုဖလားတွေ ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်၊ စက်တင်ဘာလတုန်းက ဆော်ပေါ်လိုအသင်းနဲ့လမ်းခွဲခဲ့ပြီးတဲ့နောက် အသင်းလက်မဲ့ဖြစ်နေတဲ့ အဲလ်ဗတ်စ်ကို

ဘာစီလိုနာနည်းပြသစ်ဇာဗီက ပြန်လည်ခေါ်ယူခဲ့တာကြောင့် အဲလ်ဗတ်စ်အနေနဲ့ (၅)နှစ်ကြာလမ်းခွဲခဲ့ရတဲ့ အသင်းဟောင်း ဘာစီလိုနာဆီ ပြန်လည်ရောက်ရှိခဲ့တာပါ။

အဲလ်ဗတ်စ်ဟာ ဘာစီလိုနာအသင်းရဲ့ဘဏ္ဍာရေးအခက်အခဲကြောင့် သူ့လစာကို (၁)ယူရိုသာယူသွားမှာဖြစ်ပေမယ့် ဘာစီလိုနာအသင်းကတော့ ထူးထူးခြားခြားဆိုသလို စာချုပ်လျော်ကြေးကို ယူရိုသန်း(၁၀၀)အထိသတ်မှတ်ခဲ့တာဖြစ်ပါတယ်။

အဲလ်ဗတ်စ်ဟာ ရာသီကုန်အထိ လပိုင်းလောက်သာကစားရမှာဖြစ်ပေမယ့် ဘာစီလိုနာအသင်းကတော့ မြင့်မားတဲ့စာချုပ်လျော်ကြေးသတ်မှတ်ခဲ့ပြီး သူ့ကိုခေါ်ယူလိုတဲ့အသင်းတွေဟာ

ယူရိုသန်း(၁၀၀)အထိပေးရမှာဖြစ်သလို တကယ်လို့ စာချုပ်သက်တမ်းမကုန်ခင် အကြောင်းအမျိုးမျိုးကြောင့် စာချုပ်ဖျက်သိမ်းရမယ်ဆိုရင် အဲလ်ဗတ်စ်က ဘာစီလိုနာအသင်းကို အဲဒီလျော်ကြေးပမာဏပေးချေရမှာဖြစ်တယ်လို့ စပိန်အားကစားသတင်းစာ AS က ဖော်ပြခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

အဲလ္ဗတ္စ္ရဲ႕ စာခ်ဳပ္ေလ်ာ္ေၾကးကို ယူ႐ိုသန္း(၁၀၀)အထိ ထူးထူးျခားျခားသတ္မွတ္ခဲ့တဲ့ ဘာစီလိုနာ

ဘာစီလိုနာအသင္းဟာ မၾကာေသးခင္က အသင္းရဲ႕နာမည္ေက်ာ္ကစားသမားေဟာင္းဒန္နီအဲလ္ဗတ္စ္ကို ရာသီကုန္အထိျပန္လည္ေခၚယူခဲ့ၿပီး ထူးျခားတာက စာခ်ဳပ္ထဲမွာ ေလ်ာ္ေၾကးအျဖစ္ ယူ႐ိုသန္း(၁၀၀)(ေပါင္ ၈၄ သန္း)အထိ တန္ဖိုးသတ္မွတ္ထားတာျဖစ္ပါတယ္။ အသက္(၃၈)ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ဘရာဇီးလ္ညာေနာက္ခံလူအဲလ္ဗတ္စ္ဟာ ဘာစီလိုနာအသင္းမွာ ၂၀၀၈ ခုႏွစ္ကေန ၂၀၁၆ ခုႏွစ္အထိပထမအႀကိမ္ကစားခဲ့တုန္းက ႀကီးမားတဲ့ေအာင္ျမင္မႈေတြရယူႏိုင္ခဲ့ၿပီး လာလီဂါ(၆)ႀကိမ္၊ စပိန္ဘုရင့္ဖလား(၄)ႀကိမ္၊ စပိန္စူပါဖလား(၄)ႀကိမ္၊ ခ်န္ပီယံလိဂ္(၃)ႀကိမ္၊ ဥေရာပစူပါဖလား(၃)ႀကိမ္၊ ဖီဖာကလပ္ကမာၻ႔ဖလား(၃)ႀကိမ္ဆြတ္ခူးခဲ့ပါတယ္။

ဘာစီလိုနာအသင္းနဲ႔လမ္းခြဲခဲ့ၿပီးတဲ့ေနာက္ပိုင္း ဂ်ဴဗင္တပ္စ္၊ PSG ၊ ေဆာ္ေပၚလိုအသင္းတို႔ဆီေျပာင္းေ႐ႊ႕ကစားခဲ့ခ်ိန္မွာ ဆုဖလားေအာင္ျမင္မႈေတြဆက္လက္ရယူႏိုင္ခဲ့ၿပီး စီးရီးေအ၊ ကိုပါအီတာလီယာ၊ ျပင္သစ္လီဂူး၊ ျပင္သစ္ဖလား၊ ျပင္သစ္လိဂ္ဖလား၊ ဘရာဇီးလ္အမွတ္ေပးဖလားစတဲ့ ဆုဖလားေတြ ရယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ႏွစ္၊ စက္တင္ဘာလတုန္းက ေဆာ္ေပၚလိုအသင္းနဲ႔လမ္းခြဲခဲ့ၿပီးတဲ့ေနာက္ အသင္းလက္မဲ့ျဖစ္ေနတဲ့ အဲလ္ဗတ္စ္ကို ဘာစီလိုနာနည္းျပသစ္ဇာဗီက ျပန္လည္ေခၚယူခဲ့တာေၾကာင့္ အဲလ္ဗတ္စ္အေနနဲ႔ (၅)ႏွစ္ၾကာလမ္းခြဲခဲ့ရတဲ့ အသင္းေဟာင္း ဘာစီလိုနာဆီ ျပန္လည္ေရာက္ရွိခဲ့တာပါ။ အဲလ္ဗတ္စ္ဟာ ဘာစီလိုနာအသင္းရဲ႕ဘ႑ာေရးအခက္အခဲေၾကာင့္ သူ႔လစာကို (၁)ယူ႐ိုသာယူသြားမွာျဖစ္ေပမယ့္ ဘာစီလိုနာအသင္းကေတာ့ ထူးထူးျခားျခားဆိုသလို စာခ်ဳပ္ေလ်ာ္ေၾကးကို ယူ႐ိုသန္း(၁၀၀)အထိသတ္မွတ္ခဲ့တာျဖစ္ပါတယ္။

အဲလ္ဗတ္စ္ဟာ ရာသီကုန္အထိ လပိုင္းေလာက္သာကစားရမွာျဖစ္ေပမယ့္ ဘာစီလိုနာအသင္းကေတာ့ ျမင့္မားတဲ့စာခ်ဳပ္ေလ်ာ္ေၾကးသတ္မွတ္ခဲ့ၿပီး သူ႔ကိုေခၚယူလိုတဲ့အသင္းေတြဟာ ယူ႐ိုသန္း(၁၀၀)အထိေပးရမွာျဖစ္သလို တကယ္လို႔ စာခ်ဳပ္သက္တမ္းမကုန္ခင္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ စာခ်ဳပ္ဖ်က္သိမ္းရမယ္ဆိုရင္ အဲလ္ဗတ္စ္က ဘာစီလိုနာအသင္းကို အဲဒီေလ်ာ္ေၾကးပမာဏေပးေခ်ရမွာျဖစ္တယ္လို႔ စပိန္အားကစားသတင္းစာ AS က ေဖာ္ျပခဲ့ပါတယ္။