အဲလ္ဗက္စ္နဲ႔ ျပန္လည္လက္တြဲလိုတယ္လို႔ ဂြာဒီယိုလာအရိပ္အျမြက္ေျပာ

မန္စီးတီးအသင္းနည္းျပ ဂြာဒီယိုလာက ဘာစီလိုနာမွာတုန္းကသူ႔အႀကိဳက္ကစားသမားေတြထဲမွာ တစ္ဦးအပါအ၀င္ျဖစ္ခဲ့တဲ႔ ေနာက္ခံလူ ဒန္နီအဲလ္ဗက္စ္နဲ႔ျပန္လည္လက္တြဲ လိုတယ္လို႔အရိပ္အျမြက္ေျပာၾကားလိုက္ပါတယ္။

အသက္ ၃၆ ႏွစ္ရွိၿပီျဖစ္တဲ႔ အဲလ္ဗက္စ္ဟာပီအက္စ္ဂ်ီနဲ႔လမ္းခြဲၿပီးတဲ႔ေနာက္ ကလပ္လက္မဲ႔ျဖစ္ေနၿပီး ပရီးမီးယားလိဂ္မွာသူကစားႏိုင္စြမ္းရွိတယ္ဆိုတာ ျပသလိုတယ္လို႔ေျပာထားလို႔ အဂၤလိပ္ကလပ္တစ္ခုကသူ႔ကိုေခၚယူႏိုင္တယ္လို႔ခန္႔မွန္းေနၾကပါတယ္။ ညာေနာက္ခံလူျဖစ္တဲ႔ အဲလ္ဗက္စ္ဟာဘရာဇီးအသင္းကို ၂၀၁၉ ကိုပါအေမရိကဖလားမွာ ဗိုလ္စြဲေစဖို႔လည္းဦးေဆာင္ခဲ့သူျဖစ္ပါတယ္။

လက္ရွိမွာ အဲလ္ဗက္စ္ရဲ႕ေနရာမွာ ကီလီေ၀ၚလ္ကာနဲ႔ ဒန္နီလိုတို႔ရွိေနေပမယ္႔ ဒန္နီလိုကအသင္းကေနထြက္ခြာဖို႔ရွိေနလို႔ သူ႔ကိုသာဆုံးရႈံးရမယ္ဆိုရင္ အဲလ္ဗက္စ္ ကမန္စီးတီးအတြက္ေရတိုအစားထိုးရမယ္႔သူအျဖစ္ ဂြာဒီယိုလာကရႈ႕ျမင္ထားတာျဖစ္ပါတယ္။ အဲလ္ဗက္စ္ဟာ ၂၀၁၇ ကဂ်ဴ ဗင္တပ္နဲ႔လမ္းခြဲၿပီးတဲ႔ေနာက္ မန္စီးတီးကိုေရာက္ဖို႔နီးစပ္ခဲ့ေသးေပမယ္႔ ျငင္းပယ္ၿပီး ပီအက္စ္ဂ်ီကိုေရာက္ရွိသြားသူျဖစ္ပါတယ္။

Dani Alves, Barcelona

ဂြာဒီယိုလာက”ကမၻာမွာအေရးပါတဲ႔ကလပ္ေတြမွန္သမွ် အဲလ္ဗက္စ္ရဲ႕အေျခအေနကိုသိၾကၿပီး သူဟာမယံုႏိုင္စရာေကာင္းတဲ႔သူဆိုတာကိုလည္း လက္ခံထားၾကပါတယ္။ သူဟာကိုယ္ေရကိုယ္ေသြးမွာလည္း တကယ္႔ကို ေလးစားစရာေကာင္းတဲ႔သူပါ။ဒါေပမယ္႔ က်ြန္ေတာ္တို႔မွာက ညာေနာက္ခံလူေနရာအတြက္ ကစားသမား ၂ ေယာက္ေတာင္ရွိထားၿပီးသားပါ။

တစ္ေယာက္ကထြက္သြားမယ္ဆိုရင္ေတာ႔ တစ္မ်ဳိးေပါ့” လို႔ေျပာသြားပါတယ္။ဂြာဒီယိုလာဟာ ၂၀၀၈ မွာဘာစီလိုနာကိုစတင္ကိုင္တြယ္ေတာ႔ အဲဒီတုန္းက ဆီဗီလာေနာက္ခံလူျဖစ္တဲ႔ ဘရာဇီးသား အဲလ္ဗက္စ္ ကိုေျပာင္းေရႊ႕ေၾကးေပါင္ ၂၃ သန္းနဲ႔ေခၚယူခဲ့တာျဖစ္ၿပီး သူတို႔ႏွစ္ဦးဟာအမ်ားႀကီးလက္တြဲညီခဲ့ၾကသူေတြလည္းျဖစ္ပါတယ္။

Unicode

အဲလ်ဗက်စ်နဲ့ ပြန်လည်လက်တွဲလိုတယ်လို့ ဂွာဒီယိုလာအရိပ်အမြွက်ပြော
မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက ဘာစီလိုနာမှာတုန်းကသူ့အကြိုက်ကစားသမားတွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်ခဲ့တဲ့ နောက်ခံလူ ဒန်နီအဲလ်ဗက်စ်နဲ့ပြန်လည်လက်တွဲ လိုတယ်လို့အရိပ်အမြွက်ပြောကြားလိုက်ပါတယ်။

အသက် ၃၆ နှစ်ရှိပြီဖြစ်တဲ့ အဲလ်ဗက်စ်ဟာပီအက်စ်ဂျီနဲ့လမ်းခွဲပြီးတဲ့နောက် ကလပ်လက်မဲ့ဖြစ်နေပြီး ပရီးမီးယားလိဂ်မှာသူကစားနိုင်စွမ်းရှိတယ်ဆိုတာ ပြသလိုတယ်လို့ပြောထားလို့ အင်္ဂလိပ်ကလပ်တစ်ခုကသူ့ကိုခေါ်ယူနိုင်တယ်လို့ခန့်မှန်းနေကြပါတယ်။ ညာနောက်ခံလူဖြစ်တဲ့ အဲလ်ဗက်စ်ဟာဘရာဇီးအသင်းကို ၂၀၁၉ ကိုပါအမေရိကဖလားမှာ ဗိုလ်စွဲစေဖို့လည်းဦးဆောင်ခဲ့သူဖြစ်ပါတယ်။

လက်ရှိမှာ အဲလ်ဗက်စ်ရဲ့နေရာမှာ ကီလီဝေါ်လ်ကာနဲ့ ဒန်နီလိုတို့ရှိနေပေမယ့် ဒန်နီလိုကအသင်းကနေထွက်ခွာဖို့ရှိနေလို့ သူ့ကိုသာဆုံးရှုံးရမယ်ဆိုရင် အဲလ်ဗက်စ် ကမန်စီးတီးအတွက်ရေတိုအစားထိုးရမယ့်သူအဖြစ် ဂွာဒီယိုလာကရှု့မြင်ထားတာဖြစ်ပါတယ်။ အဲလ်ဗက်စ်ဟာ ၂၀၁၇ ကဂျူ ဗင်တပ်နဲ့လမ်းခွဲပြီးတဲ့နောက် မန်စီးတီးကိုရောက်ဖို့နီးစပ်ခဲ့သေးပေမယ့် ငြင်းပယ်ပြီး ပီအက်စ်ဂျီကိုရောက်ရှိသွားသူဖြစ်ပါတယ်။

ဂွာဒီယိုလာက”ကမ္ဘာမှာအရေးပါတဲ့ကလပ်တွေမှန်သမျှ အဲလ်ဗက်စ်ရဲ့အခြေအနေကိုသိကြပြီး သူဟာမယုံနိုင်စရာကောင်းတဲ့သူဆိုတာကိုလည်း လက်ခံထားကြပါတယ်။ သူဟာကိုယ်ရေကိုယ်သွေးမှာလည်း တကယ့်ကို လေးစားစရာကောင်းတဲ့သူပါ။ဒါပေမယ့် ကျွန်တော်တို့မှာက ညာနောက်ခံလူနေရာအတွက် ကစားသမား ၂ ယောက်တောင်ရှိထားပြီးသားပါ။

တစ်ယောက်ကထွက်သွားမယ်ဆိုရင်တော့ တစ်မျိုးပေါ့” လို့ပြောသွားပါတယ်။ဂွာဒီယိုလာဟာ ၂၀၀၈ မှာဘာစီလိုနာကိုစတင်ကိုင်တွယ်တော့ အဲဒီတုန်းက ဆီဗီလာနောက်ခံလူဖြစ်တဲ့ ဘရာဇီးသား အဲလ်ဗက်စ် ကိုပြောင်းရွှေ့ကြေးပေါင် ၂၃ သန်းနဲ့ခေါ်ယူခဲ့တာဖြစ်ပြီး သူတို့နှစ်ဦးဟာအများကြီးလက်တွဲညီခဲ့ကြသူတွေလည်းဖြစ်ပါတယ်။