အဲရစ်ရမ်ဆေးကြောင့် သရဲနီတွေ ဒီရာသီမှာ set-piece တွေကနေ ဂိုးမပေးရသေး . . .

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့မှာ ကစားသမားသစ်တွေကို ခေါ်ယူခဲ့သလို အသင်းရဲ့ နည်းပြအဖွဲ့ထဲကိုလည်း နည်းပြသစ်တစ်ယောက် ခေါ်ယူ အားဖြည့်ခဲ့တာကို မှတ်မိကြမယ်ထင်ပါတယ်။

အဲ့ဒါကတော့ ချယ်လ်ဆီး U-23 အသင်း နည်းပြဟောင်း အဲရစ်ရမ်ဆေး ဖြစ်ပြီး ယူနိုက်တက်ဟာ အသင်းရဲ့ အားနည်းနေတဲ့ set-piece ပိုင်းကို ပြင်ဆင်ဖို့အတွက် အဆိုပါ လူငယ် နည်းပြကို ခေါ်ယူခဲ့တာပါ။

ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ရာသီမှာတုန်း set-piece တွေကနေ ဂိုးပေးခဲ့ရတာက အဓိက အားနည်းချက်ဖြစ်ခဲ့ပြီး ပွဲချိန် (၂၄၄) မိနစ်တိုင်းမှာ set-piece ကနေ တစ်ဂိုးပေးနေရတဲ့အထိ အခြေအနေဆိုးရွားခဲ့တာဖြစ်ပါတယ်။

ဒီရာသီမှာတော့ ယူနိုက်တက်ရဲ့ ခေါ်ယူထားတဲ့ ခံစစ်ကစားသမားသစ် ဗာရန်းရဲ့ စွမ်းဆောင်ရည်ကြောင့်ရော ၊ set-piece ပိုင်း ကျွမ်းကျင်တဲ့ နည်းပြ အဲရစ်ရမ်ဆေးရဲ့ သင်ပြမှုတွေကြောင့်ပါ ယူနိုက်တက်ဟာ ယခုရာသီ ပွဲချိန် မိနစ် (၅၄၀) မိနစ်ကစားပြီးတဲ့အထိ set-piece ကနေ ဂိုးပေးထားရခြင်းမရှိသေးပါဘူး။

ဒါပေမယ့် တိုက်ဆိုင်စွာပဲ ယူနိုက်တက်ဟာ ဒီရာသီမှာ set-piece တွေကနေ ဂိုးသွင်းယူထားနိုင်ခြင်းလည်း မရှိသေးတာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

အဲရစ္ရမ္ေဆးေၾကာင့္ သရဲနီေတြ ဒီရာသီမွာ set-piece ေတြကေန ဂုိးမေပးရေသး . . .

ယူႏိုက္တက္အသင္းဟာ ၿပီးခဲ့တဲ့ ေႏြရာသီအေျပာင္းအေ႐ႊ႕မွာ ကစားသမားသစ္ေတြကို ေခၚယူခဲ့သလို အသင္းရဲ႕ နည္းျပအဖြဲ႕ထဲကိုလည္း နည္းျပသစ္တစ္ေယာက္ ေခၚယူ အားျဖည့္ခဲ့တာကို မွတ္မိၾကမယ္ထင္ပါတယ္။

အဲ့ဒါကေတာ့ ခ်ယ္လ္ဆီး U-23 အသင္း နည္းျပေဟာင္း အဲရစ္ရမ္ေဆး ျဖစ္ၿပီး ယူႏိုက္တက္ဟာ အသင္းရဲ႕ အားနည္းေနတဲ့ set-piece ပိုင္းကို ျပင္ဆင္ဖို႔အတြက္ အဆိုပါ လူငယ္ နည္းျပကို ေခၚယူခဲ့တာပါ။

ယူႏိုက္တက္ဟာ ၿပီးခဲ့တဲ့ရာသီမွာတုန္း set-piece ေတြကေန ဂိုးေပးခဲ့ရတာက အဓိက အားနည္းခ်က္ျဖစ္ခဲ့ၿပီး ပြဲခ်ိန္ (၂၄၄) မိနစ္တိုင္းမွာ set-piece ကေန တစ္ဂိုးေပးေနရတဲ့အထိ အေျခအေနဆိုး႐ြားခဲ့တာျဖစ္ပါတယ္။

ဒီရာသီမွာေတာ့ ယူႏိုက္တက္ရဲ႕ ေခၚယူထားတဲ့ ခံစစ္ကစားသမားသစ္ ဗာရန္းရဲ႕ စြမ္းေဆာင္ရည္ေၾကာင့္ေရာ ၊ set-piece ပိုင္း ကြၽမ္းက်င္တဲ့ နည္းျပ အဲရစ္ရမ္ေဆးရဲ႕ သင္ျပမႈေတြေၾကာင့္ပါ ယူႏိုက္တက္ဟာ ယခုရာသီ ပြဲခ်ိန္ မိနစ္ (၅၄၀) မိနစ္ကစားၿပီးတဲ့အထိ set-piece ကေန ဂိုးေပးထားရျခင္းမရွိေသးပါဘူး။

ဒါေပမယ့္ တိုက္ဆိုင္စြာပဲ ယူႏိုက္တက္ဟာ ဒီရာသီမွာ set-piece ေတြကေန ဂိုးသြင္းယူထားႏိုင္ျခင္းလည္း မရွိေသးတာျဖစ္ပါတယ္။