အဲရစ်ဆန်အတွက် စီရော်နယ်ဒို၊ ဆန်ချို၊ ဟယ်ရီကိန်းတို့ ရေးတဲ့စာ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

လူသားဆန်တဲ့ ပတ်ဝန်းကျင်မှာတော့ ရိုင်းပင်းကူညီ မေတ္တာထားမျှဝေတဲ့ စိတ်ဓါတ်ကို တွေ့ရပါတယ်။

ဘောလုံးလောကမှာ အနိုင်ယူဖို့ အတွက် အားလုံးက စိတ်အားထက်သန်ပေမယ့် မျှတငြိမ်းချမ်းတဲ့ အနိုင်ယူမှုကသာ စစ်မှန်တဲ့တရားဆိုတာ အဲရစ်ဆန်ရဲ့ ဖြစ်ရပ်မှာ မြင်တွေ့နိုင်ပါတယ်။

အဲရစ်ဆန်တစ်ယောက် ကွင်းအတွင်းလဲကျချိန်မှာ အသင်းဖော်တွေက မြန်မြန်ဆန်ဆန် တတ်နိုင်တာတွေ ကူညီခဲ့သလို၊ ကွင်း အတွင်းရှိ ပြိုင်ဘက်ကစားသမားတွေနဲ့ ပရိသတ်တွေကလည်း ဆုတောင်းတာတွေ လုပ်ဆောင်ခဲ့ကြပါတယ်။

ကမ္ဘာပေါ်မှာရှိတဲ့ ကစားသမားတွေသာမကဘဲ ပရိသတ်တွေကပါ စိုးရိမ်ထိတ်လန့်ခဲ့ကြပြီး အားပေးစကားတွေဆိုခဲ့ကြပါသေးတယ်။

ပေါ်တူဂီ အသင်းခေါင်းဆောင် ရော်နယ်ဒို ကလည်း အဲရစ်ဆန် အတွက် အပေါင်းလက္ခဏာဆောင်တဲ့ စာသားကို သူ့ရဲ့အင်စတာဂရမ်မှာ ရေးသားခဲ့ပါတယ်။

“အဲရစ်ဆန်၊ သူ့မိသားစုနဲ့အတူ ကျွန်တော်တို့ ထပ်တူဆုတောင်းပေးနေပါတယ်။

တစ်ကမ္ဘာလုံးရှိ ဘောလုံးအသိုင်းအဝိုင်းအားလုံးက သတင်းကောင်းကို အတူတကွ စောင့်မျှော်နေကြပါတယ်။

အဲရစ်ဆန်ရေ မကြာခင် ကွင်းထဲမှာ သင့်ကို ကျွန်ုပ် ပြန်တွေ့နိုင်မယ်လို့ မျှော်လင့်ထားပါရစေ stay strongပါ”ဆိုပြီးဒိုလေးကရေးသားထားတာပါ။

ဒေါ့မွန်ကြယ်ပွင့် ဆန်ချိုက အဲရစ်ဆန်အတွက် သူ့ရဲ့ မေတ္တာတရားတွေ၊ ဆုတောင်းစကားတွေ ပို့လွှတ်ကြောင်း ပို့စ်တင်သလို၊ လူကာမိုဒစ် ကလည်း အဲရစ်ဆန်အတွက် ဆုတောင်းတာတွေ လုပ်ဆောင်ခဲ့ပါတယ်။

ဟယ်ရီကိန်းကလည်း ခရစ်ရေ ငါ့ရဲ့ ချစ်ခြင်းမေတ္တာတရားအားလုံးကို မင်းနဲ့ မင်းမိသားစုဆီပို့လွှတ်ထားပါတယ်။

ကျန်းကျန်းမာမာ ဖြစ်ပါစေ သူငယ်ချင်းရေ ဆိုပြီး စာရေးထားပါတယ်။

အဲရစ်ဆန်ရဲ့ မိသားစုအတွက် အင်္ဂလန်နိုင်ငံရဲ့ ကိန်းဘရစ်ချ်မြို့စားမင်းသား ဝီလီယမ်စ်ကလည်း ဆုတောင်းပေးသွားခဲ့ပြီး သူ့အတွက် ပွဲကို အမြန်ဆုံး ရပ်နားပေးခဲ့တဲ့ ဒိုင်လူကြီး အန်ထော်နီ တေလာနဲ့ ပြုစုကုသပေးခဲ့တဲ့ ဆေးအဖွဲ့ကိုလည်း ချီးကျူးစကား ပြောကြားသွားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

အဲရစ္ဆန္အတြက္ စီေရာ္နယ္ဒို၊ ဆန္ခ်ိဳ၊ ဟယ္ရီကိန္းတို႔ ေရးတဲ့စာ

လူသားဆန္တဲ့ ပတ္ဝန္းက်င္မွာေတာ့ ႐ိုင္းပင္းကူညီ ေမတၱာထားမွ်ေဝတဲ့ စိတ္ဓါတ္ကို ေတြ႕ရပါတယ္။ ေဘာလုံးေလာကမွာ အႏိုင္ယူဖို႔ အတြက္ အားလုံးက စိတ္အားထက္သန္ေပမယ့္ မွ်တၿငိမ္းခ်မ္းတဲ့ အႏိုင္ယူမႈကသာ စစ္မွန္တဲ့တရားဆိုတာ အဲရစ္ဆန္ရဲ႕ ျဖစ္ရပ္မွာ ျမင္ေတြ႕ႏိုင္ပါတယ္။

အဲရစ္ဆန္တစ္ေယာက္ ကြင္းအတြင္းလဲက်ခ်ိန္မွာ အသင္းေဖာ္ေတြက ျမန္ျမန္ဆန္ဆန္ တတ္ႏိုင္တာေတြ ကူညီခဲ့သလို၊ ကြင္း အတြင္းရွိ ၿပိဳင္ဘက္ကစားသမားေတြနဲ႔ ပရိသတ္ေတြကလည္း ဆုေတာင္းတာေတြ လုပ္ေဆာင္ခဲ့ၾကပါတယ္။

ကမာၻေပၚမွာရွိတဲ့ ကစားသမားေတြသာမကဘဲ ပရိသတ္ေတြကပါ စိုးရိမ္ထိတ္လန႔္ခဲ့ၾကၿပီး အားေပးစကားေတြဆိုခဲ့ၾကပါေသးတယ္။ ေပၚတူဂီ အသင္းေခါင္းေဆာင္ ေရာ္နယ္ဒို ကလည္း အဲရစ္ဆန္ အတြက္ အေပါင္းလကၡဏာေဆာင္တဲ့ စာသားကို သူ႔ရဲ႕အင္စတာဂရမ္မွာ ေရးသားခဲ့ပါတယ္။

“အဲရစ္ဆန္၊ သူ႔မိသားစုနဲ႔အတူ ကြၽန္ေတာ္တို႔ ထပ္တူဆုေတာင္းေပးေနပါတယ္။ တစ္ကမာၻလုံးရွိ ေဘာလုံးအသိုင္းအဝိုင္းအားလုံးက သတင္းေကာင္းကို အတူတကြ ေစာင့္ေမွ်ာ္ေနၾကပါတယ္။ အဲရစ္ဆန္ေရ မၾကာခင္ ကြင္းထဲမွာ သင့္ကို ကြၽႏ္ုပ္ ျပန္ေတြ႕ႏိုင္မယ္လို႔ ေမွ်ာ္လင့္ထားပါရေစ stay strongပါ”ဆိုၿပီးဒို​ေလးကေရးသားထားတာပါ။

ေဒါ့မြန္ၾကယ္ပြင့္ ဆန္ခ်ိဳက အဲရစ္ဆန္အတြက္ သူ႔ရဲ႕ ေမတၱာတရားေတြ၊ ဆုေတာင္းစကားေတြ ပို႔လႊတ္ေၾကာင္း ပို႔စ္တင္သလို၊ လူကာမိုဒစ္ ကလည္း အဲရစ္ဆန္အတြက္ ဆုေတာင္းတာေတြ လုပ္ေဆာင္ခဲ့ပါတယ္။

ဟယ္ရီကိန္းကလည္း ခရစ္ေရ ငါ့ရဲ႕ ခ်စ္ျခင္းေမတၱာတရားအားလုံးကို မင္းနဲ႔ မင္းမိသားစုဆီပို႔လႊတ္ထားပါတယ္။ က်န္းက်န္းမာမာ ျဖစ္ပါေစ သူငယ္ခ်င္းေရ ဆိုၿပီး စာေရးထားပါတယ္။ အဲရစ္ဆန္ရဲ႕ မိသားစုအတြက္ အဂၤလန္ႏိုင္ငံရဲ႕ ကိန္းဘရစ္ခ်္ၿမိဳ႕စားမင္းသား ဝီလီယမ္စ္ကလည္း ဆုေတာင္းေပးသြားခဲ့ၿပီး သူ႔အတြက္ ပြဲကို အျမန္ဆုံး ရပ္နားေပးခဲ့တဲ့ ဒိုင္လူႀကီး အန္ေထာ္နီ ေတလာနဲ႔ ျပဳစုကုသေပးခဲ့တဲ့ ေဆးအဖြဲ႕ကိုလည္း ခ်ီးက်ဴးစကား ေျပာၾကားသြားခဲ့ပါတယ္။