အဲရစ်ဆင်ရဲ့ ဖြစ်ရပ်ကြောင့် ဘောလုံးကန်ရမှာ လန့်နေတဲ့ နယ်သာလန်ကစားသမား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ကိုယ့်ရှေ့က ဖြစ်ပျက် သဘောတရားတွေမြင်ပြီး၊ အချို့ဘောလုံးသမားတွေကတော့ လန့်နေကြပါပြီ။

ကွင်းထဲကို ဝင်တုန်းက အကောင်း၊ ကွင်းထဲက ထွက်မှ ထမ်းစင်နဲ့ ဖြစ်မှာကို တချို့တွေက ကြောက်ကြတာပါ။

အဲရစ်ဆင် ဟာ နယ်သာလန် ကလပ် အိုင်ယက်စ် အသင်းရဲ့ လူငယ် အသင်းကနေ စီနီယာ အသင်းထိ တက်ကာ ကစားခဲ့ဖူးသူ ဖြစ်ပြီး လက်ရှိ ယူရို ပြိုင်ပွဲဝင် နယ်သာလန် အသင်းသား အချို့ ဟာ အဲရစ်ဆင် ရဲ့ အသင်းဖော်တွေ ဖြစ်ခဲ့ကြဖူး ပါတယ်။

အဲရစ်ဆင် နဲ့ ၂၀၁၀ ကနေ ၂၀၁၃ အထိ အတူ ကစားပြီး အမှတ်ပေး ချန်ပီယံဆုတွေ ရယူ ခဲ့ဖူးတဲ့ ဘလင်းဟာ အဲရစ်ဆင် ရဲ့ သတင်းကြောင့် အလွန်တုန်လှုပ် ခြောက်ခြား ခဲ့ပြီး ပြိုင်ပွဲကနေနှုတ်ထွက် အိမ်ပြန်ဖို့ အထိ စဉ်းစား ခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။

ယူနိုက်တက် နောက်ခံလူဟောင်းဘလင်းဟာနှလုံးကြွက်သားရောင်ရမ်းမှုဖြစ်ပွားပြီးနောက်နှလုံးခုန်စက်တပ်ဆင်နေထိုင်ရသူဖြစ်ပါတယ်။

သူဟာ ၁ နှစ်လောက် ဘောလုံး မကစားဘဲ ကုသ ခဲ့ရသူ ဖြစ်ပါတယ်။

ဘလင်းက“အဲရစ်ဆင်ရဲ့ အဖြစ်အပျက်ကကျွန်တော့်အပေါ်အများကြီးရိုက်ခတ်ပါတယ်။

သူ့အတွက်အဲဒီအခြေအနေကအရမ်းဆိုးတယ်။

ကျွန်တော့်မှာလည်းသူ့လိုမျိုးပြဿနာတွေကြုံခဲ့ဖူးပါတယ်။

ယူကရိန်းပွဲမှာ မကစားဖို့စဉ်းစားခဲ့ပါတယ်။

ကျွန်တော်ကြောက်လန့်ပြီး ကောင်းကောင်းတောင်အိပ်လို့မရပါဘူး”လို့ပြောကြားခဲ့ပါတယ်။

အိုင်ယက်စ် မှာ အဲရစ်ဆင် ရဲ့ နည်းပြ ဖြစ်ခဲ့ဖူးတဲ့ လက်ရှိ နယ်သာလန် လက်ရွေးစင် နည်းပြ ဖရန့် ဒီဘိုးဝါး ကလည်း အဲရစ်ဆင် ရဲ့ အဖြစ်အပျက် ကို မြင်တွေ့ ရချိန်မှာ သွေးပျက် မတက်ခြောက်ခြား ခဲ့တယ်လို့ ထုတ်ဖော် ပြောဆို ထားပါတယ်။

“သူလဲကျသွားတာ ကို မြင်လိုက် ရတာ တကယ်ခြောက်ခြား စရာပါပဲ။

ကျွန်တော်ဆို ဆက်တောင် မကြည့်ရဲတော့လို့ အခန်းထဲကနေ ထွက်လာခဲ့ရတာပါ။

တကယ် ထိတ်လန့် စရာပါပဲ။ အဲရစ်ဆင်နဲ့ ကျွန်တော် ၅ နှစ် အလုပ်အတူတူလုပ်ခဲ့ ဖူးပါတယ်”

“သူ့ရဲ့ ဖြစ်ရပ်က တစ်သင်းလုံးကို တုန်လှုပ်စေခဲ့ ပါတယ်။

အဲဒီနေ့က လူတိုင်း သူ့ခံစားချက်နဲ့သူ ရှိနေ ခဲ့ကြတာပါ။

အဲရစ်ဆင် အမြန်ဆုံး နေပြန် ကောင်းလာဖို့ ကျွန်တော်တို့ ဆုတောင်းပေးပါတယ်” ဆိုပြီး နည်းပြဒီဘိုးဝါး ကပြောဆိုထားတာပါ။

ဘယ်နေ့ဘာဖြစ်မယ် ဘယ်သူမှ မသိပါဘူး။ ပရိသတ်တွေကတော့ နှမျော စရာရှိရင် နှမျောပါမယ်။ ဝမ်းသာစရာရှိရင် ဝမ်းသာကြပါလိမ့်မယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

အဲရစ္ဆင္ရဲ႕ ျဖစ္ရပ္ေၾကာင့္ ေဘာလုံးကန္ရမွာ လန႔္ေနတဲ့ နယ္သာလန္ကစားသမား

ကိုယ့္ေရွ႕က ျဖစ္ပ်က္ သေဘာတရားေတြျမင္ၿပီး၊ အခ်ိဳ႕ေဘာလုံးသမားေတြကေတာ့ လန႔္ေနၾကပါၿပီ။ ကြင္းထဲကို ဝင္တုန္းက အေကာင္း၊ ကြင္းထဲက ထြက္မွ ထမ္းစင္နဲ႔ ျဖစ္မွာကို တခ်ိဳ႕ေတြက ေၾကာက္ၾကတာပါ။ အဲရစ္ဆင္ ဟာ နယ္သာလန္ ကလပ္ အိုင္ယက္စ္ အသင္းရဲ႕ လူငယ္ အသင္းကေန စီနီယာ အသင္းထိ တက္ကာ ကစားခဲ့ဖူးသူ ျဖစ္ၿပီး လက္ရွိ ယူ႐ို ၿပိဳင္ပြဲဝင္ နယ္သာလန္ အသင္းသား အခ်ိဳ႕ ဟာ အဲရစ္ဆင္ ရဲ႕ အသင္းေဖာ္ေတြ ျဖစ္ခဲ့ၾကဖူး ပါတယ္။

အဲရစ္ဆင္ နဲ႔ ၂၀၁၀ ကေန ၂၀၁၃ အထိ အတူ ကစားၿပီး အမွတ္ေပး ခ်န္ပီယံဆုေတြ ရယူ ခဲ့ဖူးတဲ့ ဘလင္းဟာ အဲရစ္ဆင္ ရဲ႕ သတင္းေၾကာင့္ အလြန္တုန္လႈပ္ ေျခာက္ျခား ခဲ့ၿပီး ၿပိဳင္ပြဲကေနႏႈတ္ထြက္ အိမ္ျပန္ဖို႔ အထိ စဥ္းစား ခဲ့တယ္လို႔ ထုတ္ေဖာ္ေျပာဆိုထားပါတယ္။ ယူႏိုက္တက္ ေနာက္ခံလူေဟာင္းဘလင္းဟာႏွလုံးႂကြက္သားေရာင္ရမ္းမႈျဖစ္ပြားၿပီးေနာက္ႏွလုံးခုန္စက္တပ္ဆင္ေနထိုင္ရသူျဖစ္ပါတယ္။သူဟာ ၁ ႏွစ္ေလာက္ ေဘာလုံး မကစားဘဲ ကုသ ခဲ့ရသူ ျဖစ္ပါတယ္။

ဘလင္းက“အဲရစ္ဆင္ရဲ႕ အျဖစ္အပ်က္ကကြၽန္ေတာ့္အေပၚအမ်ားႀကီး႐ိုက္ခတ္ပါတယ္။ သူ႔အတြက္အဲဒီအေျခအေနကအရမ္းဆိုးတယ္။ ကြၽန္ေတာ့္မွာလည္းသူ႔လိုမ်ိဳးျပႆနာေတြႀကဳံခဲ့ဖူးပါတယ္။ ယူကရိန္းပြဲမွာ မကစားဖို႔စဥ္းစားခဲ့ပါတယ္။ ကြၽန္​ေတာ္​ေၾကာက္လန္႔ၿပီး ေကာင္းေကာင္းေတာင္အိပ္လို႔မရပါဘူး”လို႔ေျပာၾကားခဲ့ပါတယ္။

အိုင္ယက္စ္ မွာ အဲရစ္ဆင္ ရဲ႕ နည္းျပ ျဖစ္ခဲ့ဖူးတဲ့ လက္ရွိ နယ္သာလန္ လက္ေ႐ြးစင္ နည္းျပ ဖရန႔္ ဒီဘိုးဝါး ကလည္း အဲရစ္ဆင္ ရဲ႕ အျဖစ္အပ်က္ ကို ျမင္ေတြ႕ ရခ်ိန္မွာ ေသြးပ်က္ မတက္ေျခာက္ျခား ခဲ့တယ္လို႔ ထုတ္ေဖာ္ ေျပာဆိုထားပါတယ္။

“သူလဲက်သြားတာ ကို ျမင္လိုက္ ရတာ တကယ္ေျခာက္ျခားစရာပါပဲ။ ကြၽန္ေတာ္ဆို ဆက္ေတာင္ မၾကည့္ရဲေတာ့လို႔ အခန္းထဲက ေန ထြက္လာခဲ့ရ တာပါ ။ တကယ္ ထိတ္လန႔္ စရာပါပဲ။ အဲရစ္ဆင္နဲ႔ ကြၽန္ေတာ္ ၅ ႏွစ္ အလုပ္အတူတူလုပ္ခဲ့ဖူးပါတယ္”

“သူ႔ရဲ႕ ျဖစ္ရပ္က တစ္သင္းလုံးကို တုန္လႈပ္ေစခဲ့ ပါတယ္။ အဲဒီေန႔က လူတိုင္း သူ႔ခံစားခ်က္နဲ႔သူ ရွိေန ခဲ့ၾကတာပါ။ အဲရစ္ဆင္ အျမန္ဆုံး ေနျပန္ ေကာင္းလာဖို႔ ကြၽန္ေတာ္တို႔ ဆုေတာင္းေပးပါတယ္” ဆိုၿပီး နည္းျပဒီဘိုးဝါး က​ေျပာဆိုထားတာပါ။ ဘယ္​ေန႔ဘာျဖစ္မယ္ ဘယ္သူမွ မသိပါဘူး။ ​​ပရိသတ္​ေတြက​ေတာ့ ႏွ​ေမ်ာစရာရွိရင္ ႏွ​ေမ်ာပါမယ္။ ၀မ္းသာစရာရွိရင္ ၀မ္းသာၾကပါလိမ့္မယ္။